
ကလေးတွေဟာ ကြီးကောင်ဝင်ချိန်ရောက်လာရင် ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ အများကြီး ဖြစ်လာပါတယ်။ မိဘတွေအနေနဲ့ ဒီပြောင်းလဲမှုတွေနဲ့အတူ ကောင်းစွာကိုင်တွယ်ရမယ့် အခြေအနေအတော်များများ ရှိပါတယ်။ sensitive အဖြစ်ဆုံးကိစ္စများထဲက တစ်ခုကတော့ ဆယ်ကျော်သက်တွေမှာ Self-esteem (ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု) ပြဿနာပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ဒါမှမဟုတ် ကိုယ့်ရဲ့လုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ကျေနပ်တာ၊ အားရတာ၊ ဂုဏ်ယူတာဟာ ကလေးတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု( self-esteem) လို့သတ်မှတ်ထားပါတယ်။
မိမိကိုယ်ကို တန်ဖိုးထားမှု (Self-esteem) က self-identity ဖွဲ့စည်းတဲ့အဆင့်တစ်ခုဖြစ်သော မြီးကောင်ပေါက်အရွယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုမှာ ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ သူတွေဟာ ဘဝမှာအောင်မြင်မှုတွေ ရတတ်ပါတယ်။ ကျောင်းစာမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရာမှာဖြစ်ဖြစ် ကိုယ့်ကိုကိုယ် လက်ခံယုံကြည်မှုရှိတဲ့ကလေးဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွားဖို့ ဝန်မလေးသလို၊ လုပ်ဆောင်မှုအသစ်တွေကို စမ်းသပ်ကြည့်ဖို့လဲ ဝန်မလေးကြပါဘူး။ အမှားတွေကြုံလာရင် စိတ်ဓါတ်မကျတတ်ကြပါဘူး။ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူကြတာကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ကြပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပုံက အခြားသူတွေနှင့်အတူ သူတို့ရဲ့ ဆက်ဆံရေး၊ သူတို့ရဲ့ဘဝနှင့် ရင်ဆိုင်ရပုံတွေကို များစွာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။
ဆယ်ကျော်သက်တွေမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ပြဿနာများ
၁။ အခြားသူတွေနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲခြင်း – ကိုယ့်ကိုယ်ကို တန်ဖိုးမထားခြင်း၊ လက်မခံခြင်းဟာ တခြားသူတွေနှင့်အတူ ဆက်ဆံရေးကောင်း ထိန်းသိမ်းဖို့ ခက်ခဲပါတယ်။
၂။ စိတ်ကျဝေဒနာ – Self-esteem နိမ့်တဲ့လူငယ်တွေဟာ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ သူတို့ဟာ သူတို့ကိုယ့်သူတို့ လက်မခံပါဘူး။ ရလဒ်အနေနဲ့ သူ့ကိုယ်သူ လက်မခံသလို တခြားသူတွေလည်း သူတို့ကို လက်မခံဘူးလို့ ထင်ကြပါတယ်။

၃။ ပညာရေးဆိုင်ရာ ပြဿနာများ – ပညာရေးဆိုင်ရာ စွမ်းဆောင်ရည် အားနည်းခြင်းက တခါတရံမှာ ဆယ်ကျော်သက်တွေအတွ် Self-esteem လျော့နည်းမှု ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ သူတို့မှာ သင်ယူနိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုက အတားအဆီးတစ်ခု ဖြစ်လာပါတယ်။
၄။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း – Self-esteem နည်းတဲ့ကလေးတွေဟာ တခြားကလေးတွေနဲ့ယှဉ်ပြီး ငါ သူတို့လောက် မတော်ဘူး၊ မတတ်ဘူး လို့ခံစားရလေ့ရှိပါတယ်။ တစ်ခုခုလုပ်မယ်ဆို ငါလုပ်နိုင်ပါ့မလားဆိုပြီး အမြဲတမ်းတွေဝေလေ့ရှိပါတယ်။

၅။ စားသောက်မှု ပုံစံမမှန်ခြင်း – သူများကြိုက်နှစ်သက် လက်ခံစေလိုတဲ့ဆန္ဒက စံပြပုံပန်းသဏ္ဍာန် ရရှိဖို့လိုတာကို ဦးတည်စေနိုင်ပါတယ်။ Anorexia ဆိုတာ အချို့သောအသွင်အပြင်ရရှိဖို့ စိတ်စွဲလမ်းခြင်းဖြင့် ဖြစ်ပေါ်နို်ငတဲ့ ပြင်းထန်သော အကျိုးဆက်တစ်ခုဖြစ်ပါတယ်။
၆။ motivation နိမ့်ခြင်း – ကိုယ့်ကိုယ်ကို လေးစားမှုပြဿနာရှိတဲ့ ဆယ်ကျော်သက်တွေဟာ motivation လုပ်ဖို့ စိတ်မပါကြသလို ဘယ်အရာမှ လုပ်ဆောင်ဖို့ စိတ်မဝင်စားကြပါဘူး။ သူတို့ဟာ တခြားသူတွေ မျှော်လင့်ချက်နှင့် မကိုက်ညီမှာကြောက်တဲ့စိတ်ကြောင့် မကြိုးစားကြတာပါ။

၇။ Abuse – self-esteem နိမ့်ကျတဲ့ ဆယ်ကျော်သက်အများစုဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အနိုင်ကျင့်စော်ကားခံရဖူးတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့အနေအထားကို ဖော်ပြခံရမှာကြောက်တာ၊ ငြင်းပယ်ခံရမှာ ကြောက်တာကြောင့် တခြားသူတွေ ညှဉ်းဆဲမှုကို ခံနေရတာဖြစ်ပါတယ်။

၈။ အထိန်းအကွပ်ကို မနာခံခြင်း – အုပ်စုတစ်ခုက လက်ခံစေလိုတဲ့အတွက် သူတို့လုပ်နေတာတွေ မမှန်ဘူးဆိုတာလည်း သိနေရင်တောင်ဆယ်ကျော်သက်တွေဟာ အကြမ်းဖက်မှု၊ တရားမဝင်သော လုပ်ရပ်များကို ပြုလုပ်နိုင်ပါတယ်။
၉။ သူတစ်ပါးကို အားကိုးခြင်း – ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင် ချို့တဲ့သော ဆယ်ကျော်သက်တွေဟာ အမှီအခိုကင်းသူဖြစ်လာစေဖို့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတစ်ပါးရဲ့ အကူအညီမပါဘဲ ဘာမှမလုပ်နိုင်ဘူးလို့ သူတို့ကိုယ်သူတို့ စည်းရုံးသိမ်းသွင်းထားလို့ပါပဲ။
၁၀။ အနာဂတ်အစီအစဉ် မရှိခြင်း – ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ စွမ်းရည်ကို မယုံတဲ့အခါ အနာဂတ်မှာ ကိုယ်ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ စဉ်းစားဖို့ အလားအလာ နည်းပါလိမ့်မယ်။ သူတို့ရဲ့ အဓိကအတားအဆီးကတော့ ကျရှုံးမှာကို ကြောက်လို့ပါပဲ။
ဆယ်ကျော်သက်တွေမှာ self-esteem ပြဿနာတွေက ဘယ်အရာကို ဖြစ်စေသလဲ?
- မိသားစုပတ်ဝန်းကျင်တစ်ခုကလည်း လူငယ်တွေရဲ့ self-esteem ကို ထိခိုက်စေတဲ့ အချက်တစ်ချက်ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆယ်ကျော်သက်တွေမှာ မိသားစုနားလည်မှု၊ လက်ခံမှုကို ခံစားရသော မိသားစုပတ်ဝန်းကျင် ရှိသင့်ပါတယ်။ အာဟာရနှင့် အကျိုးသက်ရောက်မှုရှိတဲ့ ပတ်ဝန်းကျင်ဟာ self-esteem တည်ဆောက်ရာမှာ အပြုသဘော သက်ရောက်မှုရှိနိုင်ပါတယ်။
- ကျောင်းမှာ အနိုင်ကျင့်ခံရခြင်းက self-esteem နိမ့်ကျစေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အမြဲတမ်းလှောင်ပြောင်သရော်ခံရတာ၊ ဝေဖန်ခံရတာတွေက အချိန်ကြာလာတာနှင့်အမျှ အထူးသဖြင့် အရမ်းထိခိုက်လွယ်တဲ့ ဆယ်ကျော်သက်တွေမှာ ဆိုးကျိုးသက်ရောက်စေပါတယ်။
- အလားတူ မီဒီယာတွေက ပြသတဲ့ မှားယွင်းသော ပုံရိပ်တွေကလည်း လူငယ်တွေကို ဆိုးကျိုးသက်ရောက်စေပါတယ်။ သူတို့ရဲ့ ပုံရိပ်တွေကို အတုခိုးခြင်းနှင့် အောင်မြင်မှုမရှိခြင်းက ဆယ်ကျော်သက်အများစုအတွက် self-esteem နည်းပါးစေပါတယ်။

မိသားစုဟာ self-esteem ပြဿနာရှိတဲ့ ဆယ်ကျော်သက်တွေအတွက် အဓိကအထောက်အပံ့ဖြစ်သင့်ပါတယ်။ အမြဲတမ်းပြောဆိုဆက်ဆံပေးဖို့နှင့် ကြီးကြပ်ပေးဖို့က မိသားစုအတွင်းသူတို့ကို ကူညီနိင်မယ့် အချက်တွေဖြစ်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုကို ပေါ်လွင်အောင်ပြခြင်း၊ သူတို့ရဲ့ အောင်မြင်မှုကို ချီးကျူးပေးခြင်း၊ သူတို့ရဲ့ စိန်ခေါ်မှုတွေေကို နားလည်ခြင်း၊ ယုံကြည်စိတ်ချပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်းက ဒီအသက်အရွယ်မှာ အရမ်းအရေးကြီးတဲ့ လုပ်ရပ်များ ဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source- youaremom