ဆယ်ကျော်သက်တွေအပေါ်မှာ စွမ်းအားဖြည့်အချိုရည် သောက်သုံးမှုရဲ့ ဘေးထွက်ဆိုးကျိုး (၇)ခု

0
147
- Advertisement -

လေ့လာမှုတစ်ခုအရ (၁၂-၁၇နှစ်) ဆယ်ကျော်သက် သုံးပုံတစ်ပုံဟာ အားဖြည့်အချိုရည် (Energy drink) ကိုပုံမှန်သောက်သုံးကြပါတယ်။ အားဖြည့်အချိုရည်တွေမှာ သကြား၊ ကဖိန်းဓါတ်၊ ဖြည့်စွက်ပစ္စည်းများနှင့် L-carnitine, taurine, နှင့် guarana ကဲ့သို့သော လန်းဆန်းတတ်ကြွစေသောဆေးတွေလည်း ပါဝင်ပါတယ်။ ဒီလှုံ့ဆော်ဆေးတွေက အာရုံစိုက်မှု၊ နိုးကြားမှုနှင့် စွမ်းအင်ကို တိုးစေတယ် ဆိုသော်လည်း ဒီပါဝင်ပစ္စည်းတွေအပေါ် လေ့လာမှုများက စည်းကမ်းသတ်မှတ်ထားတာ မရှိပါဘူး။

ဆယ်ကျော်သက်အချို့ဟာ ခံနိုင်ရည်ချက်ချင်းရှိစေဖို့ အားဖြည့်အချိုရည်တွေ သောက်သုံးကြပါတယ။ များသောအားဖြင့် ညလုံးပေါက် စာကျက်တဲ့အခါ၊ အားကစားပြိုင်ပွဲတွေရှိတဲ့အခါ စိတ်အားထက်သန်မှုရှိအောင် အမြဲတမ်းသောက်သုံးကြပါတယ်။ သို့သော် ဒီအချိုရည်တွေက ဘယ်အတိုင်းအတာထိ လုံခြုံမှုရှိမှာလဲ? ဒါ့ကြောင့် ယနေ့ဆောင်းပါးမှတဆင့် ဆယ်ကျော်သက်တွေရဲ့ ခန္ဓာကိုယ်အပေါ် energy drink တွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေနှင့် အန္တရာယ်ကင်းမှုတွေအကြောင်းကို ပြောပြချင်ပါတယ်။

Energy drink မှာ ၂မျိုးရှိပါတယ်။ (၁) ရိုးရိုးအချိုရည်နှင့် ဆင်တူတဲ့ ဘူးတွေလာပါတယ်၊ (၂) အားဖြည့်အချိုရည်ဆိုပြီး ပုလင်းသေးတွေနဲ့ လာပါတယ်။ အမျိုးအစား ၂ခုလုံးမှာ ကဖိန််းဓါတ်အဓိကပါဝင်ပါတယ်။ အမေရိကန် ကလေးအထူးကုအကယ်ဒမီရဲ့ အဆိုအရ အားဖြည့်အချိုရည်မှာ ဆယ်ကျော်သက်တွေ ပုံမှန်မစားသောက်သင့်တဲ့ စိတ်ကြွစေတဲ့ အရာဝတ္တုများနှင့် ကဖိန်းဓါတ်ပမာဏ မြင့််မားစွာ ပါဝင်ပါတယ်။

- Advertisement -

ဆယ်ကျော်သက်တွေဟာ ဘာကြောင့် အားဖြည့်အချိုရည် သောက်လိုကြတာလဲ?

အားဖြည့်အချိုရည်တွေဟာ ချက်ချင်းအကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ ဟားဗက် T.H. Chan ပြည့်သူ့ကျန်းမာရေးကျောင်းရဲ့ အဆိုအရ ထိန်းချုပ်ထားတဲ့ စမ်းသပ်မှုများမှာ energy drink တွေကြောင့် လူငယ်အားကစားသမားတွေရဲ့ စွမ်းဆောင်ရည် တိုးတတ်မှုကို ပြသခဲ့ပါတယ်။ energy drink များဟာ အချိန်တိုတိုနဲ့ နိုးကြားမှု၊ စွမ်းအင်ကို ရရှိစေပါတယ်။ လေ့လာမှုအများစုဟာ ကျန်းမာရေးဆိုးကျိုးတွေနှင့် ဆက်စပ်မှုရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

ယူကေမှာပြုလုပ်တဲ့ စွမ်းအားဖြည့်အချိုရည်သောက်သုံးမှုနှင့် ပတ်သတ်သော လေ့လာမှုတစ်ခုအရ အရသာ၊ ပရိုမိုးရှင်း၊ စျေးနှုန်း၊အလွယ်တကူ ရရှိနိုင်မှုနှင့် သက်တူရွယ်တူတွေရဲ့ လွှမ်းမိုးမှုက ကလေးတွေနဲ့ လူငယ်တွေအကြား စွမ်းအားဖြည့်အချိုရည် သုံးစွဲမှုကို လွှမ်းမိုးစေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။ လွယ်ကူစွာ ရရှိခြင်းက ဆယ်ကျော်သက်တွေ အားဖြည့်အချိုသောက်သုံးခြင်းကို စွဲလမ်းရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ မိဘတွေအနေနဲ့ စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်ထားဖို့ ပိုအရေးကြီးပါတယ်။

ဆယ်ကျော်သက်တွေအပေါ် စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

၁။ အစီရင်ခံစာတစ်ခုအရ စွမ်းအားဖြည့်အချိုရည် ပုံမှန်သောက်သုံးတဲ့ ဆယ်ကျော်သက်တွေဟာ သင်ယူမှုအားနည်းခြင်း၊ စွမ်းဆောင်ရည် နိမ့်ခြင်း၊ အိပ်စက်မှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အယ်ကိုဟော၊ စီးကရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုလို အန္တရာယ် ရှိနိုင်ပါတယ်။

၂။ စိန့်လူးဝစ် ကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန်တစ်ဦးဖြစ်သူ Shobha Bhaskar က စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းက ကဖိန်း၊ သကြား ပါဝင်မှု မြင့်မားပြီး အာဟာရနည်းပါးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဖျော်ရည်တွေကို ပုံမှန်သောက်သုံးခြင်းက ဆယ်ကျော်သက်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၃။ ချပ်မန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းက (၁၃-၁၉ နှစ်)အရွယ် ဆယ်ကျော်သက် ၄၀ရာခိုင်နှုန်းမှာ အိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ခေါင််းကိုက်ခြင်း ကတုန်ကယင်ဖြစ်ခြင်းနှင့် ဗိုက်နာခြင်းတို့ကို ဖြစ်စေပါတယ်။ တချို့ပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာ လေသင်တုန်းဖြတ်တာတွေပါ ဖြစ်နိုင်ပါတယ်။

၄။ အမျိုးသားကျန်းမာရေးအင်စတီကျု့က စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းဟာ အိပ်စက်မှုကို အနှောက်အယှက်ဖြစ်နိုင်ပြီး အန္တရာယ်များတဲ့ အပြုအမှုတွေ (မူးယစ်ဆေး သုံးစွဲမှု ၊ ဆေးရွက်ကြီးသုံးစွဲမှု၊ တိုက်ခိုက်ခြင်း) ကိုလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

၅။ စွမ်းအားဖြည့်အချိုရည်တွေမှာ guarana, caffeine, creatine, ginseng, taurine နှင့် ဗီတာမင်၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ သတ္တုဓါတ်တွေ ပမာဏ အသီးသီးပါဝင်ပါတယ်။ ကဖိန်းနှင့်အတူ ဒီဒြပ်ပေါင်းတွေ ရောနှောပါက ကဖိန်းက ဆီးရွှင်စေတာကြောင့် ရေဓါတ်ခန်းခြောက်စေနိုင်ပါတယ်။

၆။ ယူတာတက္ကသိုလ်ရဲ့ အဆိုအရ စွမ်းအားဖြည့်အချိုရည်တွေမှာ ကဖိန်းဓါတ်ပါဝင်တဲ့ soft drink အချိုရည် ၁၄ ဘူးနှင့် ညီမျှသော ကဖိန်း ၅၀၀ မီလီဂရမ်ကျော်ပါဝင်ပါတယ်။ ထိုသို့သော ပမာဏက ကဖိန်းဓါတ် အဆိပ်ဖြစ်စေမှုနှင့် ဆက်စပ်နိုင်ပါတယ်။

၇။ အချို့သော စွမ်းအားဖြည့်အချိုရည်တွေမှာ အယ်ကိုဟော ပါဝင်နိုင်ပါတယ်၊ အမေရိကန် စားနပ်ရိက္ခာနှင့် ဆေးဝါးစီမံခန့်ခွဲမှု မှ တားမြစ်ထားတာကြောင့် စွမ်းအားဖြည့်အချိုရည် ထုတ်လုပ်မှုများမှာ ကဖိန်းနှင့် အခြားစိတ်ကျဆေးတွေ မပါဝင်တော့ပါဘူး။ သို့သော် ဒီအချိုရည်တွေကို energy drink ဆိုပြီး ဆက်လက်ရောင်းချနေဆဲဖြစ်ပြီး အချိုရည်ကို တတ်ကြွစေသော ဆေးတွေမထည့်ဘဲ ပြန်လည်ပြုပြင်ထားတာကြောင့် ဖြစ်ပါတယ်။

စွမ်းအားဖြည့်အချိုရည် (Energy drink) တွေကို ပုံမှန်သောက်သုံးမှသာလျှင် ဒီဆိုးကျိုးအန္တရာယ်တွေ ဖြစ်လာနိုင်ကြောင်း သတိပြုပါ။ တခါတရံသောက်တာတော့ ဆိုးရွားတဲ့ ဘာပြဿနာမှ ဖြစ်စေမှာ မဟုတ်ပါဘူး။

Chit_MayMay

LM_Nandar

Source-momjunction

ဆယ္ေက်ာ္သက္ေတြအေပၚမွာ စြမ္းအားျဖည့္အခ်ိဳရည္ ေသာက္သုံးမႈရဲ႕ ေဘးထြက္ဆိုးက်ိဳး (၇)ခု
ေလ့လာမႈတစ္ခုအရ (၁၂-၁၇ႏွစ္) ဆယ္ေက်ာ္သက္ သုံးပုံတစ္ပုံဟာ အားျဖည့္အခ်ိဳရည္ (Energy drink) ကိုပုံမွန္ေသာက္သုံးၾကပါတယ္။ အားျဖည့္အခ်ိဳရည္ေတြမွာ သၾကား၊ ကဖိန္းဓါတ္၊ ျဖည့္စြက္ပစၥည္းမ်ားႏွင့္ L-carnitine, taurine, ႏွင့္ guarana ကဲ့သို႔ေသာ လန္းဆန္းတတ္ႂကြေစေသာေဆးေတြလည္း ပါဝင္ပါတယ္။ ဒီလႈံ႕ေဆာ္ေဆးေတြက အာ႐ုံစိုက္မႈ၊ ႏိုးၾကားမႈႏွင့္ စြမ္းအင္ကို တိုးေစတယ္ ဆိုေသာ္လည္း ဒီပါဝင္ပစၥည္းေတြအေပၚ ေလ့လာမႈမ်ားက စည္းကမ္းသတ္မွတ္ထားတာ မရွိပါဘူး။

ဆယ္ေက်ာ္သက္အခ်ိဳ႕ဟာ ခံႏိုင္ရည္ခ်က္ခ်င္းရွိေစဖို႔ အားျဖည့္အခ်ိဳရည္ေတြ ေသာက္သုံးၾကပါတယ။ မ်ားေသာအားျဖင့္ ညလုံးေပါက္ စာက်က္တဲ့အခါ၊ အားကစားၿပိဳင္ပြဲေတြရွိတဲ့အခါ စိတ္အားထက္သန္မႈရွိေအာင္ အၿမဲတမ္းေသာက္သုံးၾကပါတယ္။ သို႔ေသာ္ ဒီအခ်ိဳရည္ေတြက ဘယ္အတိုင္းအတာထိ လုံၿခဳံမႈရွိမွာလဲ? ဒါ့ေၾကာင့္ ယေန႔ေဆာင္းပါးမွတဆင့္ ဆယ္ေက်ာ္သက္ေတြရဲ႕ ခႏၶာကိုယ္အေပၚ energy drink ေတြရဲ႕ ဆိုးက်ိဳးသက္ေရာက္မႈေတြႏွင့္ အႏၲရာယ္ကင္းမႈေတြအေၾကာင္းကို ေျပာျပခ်င္ပါတယ္။

Energy drink မွာ ၂မ်ိဳးရွိပါတယ္။ (၁) ႐ိုး႐ိုးအခ်ိဳရည္ႏွင့္ ဆင္တူတဲ့ ဘူးေတြလာပါတယ္၊ (၂) အားျဖည့္အခ်ိဳရည္ဆိုၿပီး ပုလင္းေသးေတြနဲ႔ လာပါတယ္။ အမ်ိဳးအစား ၂ခုလုံးမွာ ကဖိန္္းဓါတ္အဓိကပါဝင္ပါတယ္။ အေမရိကန္ ကေလးအထူးကုအကယ္ဒမီရဲ႕ အဆိုအရ အားျဖည့္အခ်ိဳရည္မွာ ဆယ္ေက်ာ္သက္ေတြ ပုံမွန္မစားေသာက္သင့္တဲ့ စိတ္ႂကြေစတဲ့ အရာဝတၱဳမ်ားႏွင့္ ကဖိန္းဓါတ္ပမာဏ ျမင့္္မားစြာ ပါဝင္ပါတယ္။

ဆယ္ေက်ာ္သက္ေတြဟာ ဘာေၾကာင့္ အားျဖည့္အခ်ိဳရည္ ေသာက္လိုၾကတာလဲ?

အားျဖည့္အခ်ိဳရည္ေတြဟာ ခ်က္ခ်င္းအက်ိဳးေက်းဇူး ရရွိႏိုင္ပါတယ္။ ဟားဗက္ T.H. Chan ျပည့္သူ႔က်န္းမာေရးေက်ာင္းရဲ႕ အဆိုအရ ထိန္းခ်ဳပ္ထားတဲ့ စမ္းသပ္မႈမ်ားမွာ energy drink ေတြေၾကာင့္ လူငယ္အားကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ တိုးတတ္မႈကို ျပသခဲ့ပါတယ္။ energy drink မ်ားဟာ အခ်ိန္တိုတိုနဲ႔ ႏိုးၾကားမႈ၊ စြမ္းအင္ကို ရရွိေစပါတယ္။ ေလ့လာမႈအမ်ားစုဟာ က်န္းမာေရးဆိုးက်ိဳးေတြႏွင့္ ဆက္စပ္မႈရွိေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ယူေကမွာျပဳလုပ္တဲ့ စြမ္းအားျဖည့္အခ်ိဳရည္ေသာက္သုံးမႈႏွင့္ ပတ္သတ္ေသာ ေလ့လာမႈတစ္ခုအရ အရသာ၊ ပ႐ိုမိုးရွင္း၊ ေစ်းႏႈန္း၊အလြယ္တကူ ရရွိႏိုင္မႈႏွင့္ သက္တူ႐ြယ္တူေတြရဲ႕ လႊမ္းမိုးမႈက ကေလးေတြနဲ႔ လူငယ္ေတြအၾကား စြမ္းအားျဖည့္အခ်ိဳရည္ သုံးစြဲမႈကို လႊမ္းမိုးေစတဲ့ အဓိကအခ်က္ေတြ ျဖစ္ပါတယ္။ လြယ္ကူစြာ ရရွိျခင္းက ဆယ္ေက်ာ္သက္ေတြ အားျဖည့္အခ်ိဳေသာက္သုံးျခင္းကို စြဲလမ္းရတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေတြနဲ႔ မိဘေတြအေနနဲ႔ စြမ္းအားျဖည့္အခ်ိဳရည္ ေသာက္သုံးျခင္းရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို နားလည္ထားဖို႔ ပိုအေရးႀကီးပါတယ္။

ဆယ္ေက်ာ္သက္ေတြအေပၚ စြမ္းအားျဖည့္အခ်ိဳရည္ ေသာက္သုံးျခင္းရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား

၁။ အစီရင္ခံစာတစ္ခုအရ စြမ္းအားျဖည့္အခ်ိဳရည္ ပုံမွန္ေသာက္သုံးတဲ့ ဆယ္ေက်ာ္သက္ေတြဟာ သင္ယူမႈအားနည္းျခင္း၊ စြမ္းေဆာင္ရည္ နိမ့္ျခင္း၊ အိပ္စက္မႈျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ အယ္ကိုေဟာ၊ စီးကရက္ႏွင့္ မူးယစ္ေဆးဝါး သုံးစြဲမႈလို အႏၲရာယ္ ရွိႏိုင္ပါတယ္။

၂။ စိန္႔လူးဝစ္ ကေလးေဆး႐ုံမွ ကေလးအထူးကုဆရာဝန္တစ္ဦးျဖစ္သူ Shobha Bhaskar က စြမ္းအားျဖည့္အခ်ိဳရည္ ေသာက္သုံးျခင္းက ကဖိန္း၊ သၾကား ပါဝင္မႈ ျမင့္မားၿပီး အာဟာရနည္းပါးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီေဖ်ာ္ရည္ေတြကို ပုံမွန္ေသာက္သုံးျခင္းက ဆယ္ေက်ာ္သက္ေတြကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

၃။ ခ်ပ္မန္းတကၠသိုလ္ရဲ႕ ေလ့လာခ်က္အရ စြမ္းအားျဖည့္အခ်ိဳရည္ ေသာက္သုံးျခင္းက (၁၃-၁၉ ႏွစ္)အ႐ြယ္ ဆယ္ေက်ာ္သက္ ၄၀ရာခိုင္ႏႈန္းမွာ အိပ္မေပ်ာ္ျခင္း၊ ပ်ိဳ႕ျခင္း၊ ေအာ့အန္ျခင္း၊ ေခါင္္းကိုက္ျခင္း ကတုန္ကယင္ျဖစ္ျခင္းႏွင့္ ဗိုက္နာျခင္းတို႔ကို ျဖစ္ေစပါတယ္။ တခ်ိဳ႕ျပင္းထန္တဲ့ ျဖစ္ရပ္ေတြမွာ ေလသင္တုန္းျဖတ္တာေတြပါ ျဖစ္ႏိုင္ပါတယ္။

၄။ အမ်ိဳးသားက်န္းမာေရးအင္စတီက်ဳ႕က စြမ္းအားျဖည့္အခ်ိဳရည္ ေသာက္သုံးျခင္းဟာ အိပ္စက္မႈကို အေႏွာက္အယွက္ျဖစ္ႏိုင္ၿပီး အႏၲရာယ္မ်ားတဲ့ အျပဳအမႈေတြ (မူးယစ္ေဆး သုံးစြဲမႈ ၊ ေဆး႐ြက္ႀကီးသုံးစြဲမႈ၊ တိုက္ခိုက္ျခင္း) ကိုလည္း ျဖစ္ေပၚေစႏိုင္တယ္လို႔ ဆိုပါတယ္။

၅။ စြမ္းအားျဖည့္အခ်ိဳရည္ေတြမွာ guarana, caffeine, creatine, ginseng, taurine ႏွင့္ ဗီတာမင္၊ ပ႐ိုတိန္း၊ ကာဗိုဟိုက္ဒရိတ္၊ အမိုင္ႏိုအက္ဆစ္၊ သတၱဳဓါတ္ေတြ ပမာဏ အသီးသီးပါဝင္ပါတယ္။ ကဖိန္းႏွင့္အတူ ဒီျဒပ္ေပါင္းေတြ ေရာေႏွာပါက ကဖိန္းက ဆီး႐ႊင္ေစတာေၾကာင့္ ေရဓါတ္ခန္းေျခာက္ေစႏိုင္ပါတယ္။

၆။ ယူတာတကၠသိုလ္ရဲ႕ အဆိုအရ စြမ္းအားျဖည့္အခ်ိဳရည္ေတြမွာ ကဖိန္းဓါတ္ပါဝင္တဲ့ soft drink အခ်ိဳရည္ ၁၄ ဘူးႏွင့္ ညီမွ်ေသာ ကဖိန္း ၅၀၀ မီလီဂရမ္ေက်ာ္ပါဝင္ပါတယ္။ ထိုသို႔ေသာ ပမာဏက ကဖိန္းဓါတ္ အဆိပ္ျဖစ္ေစမႈႏွင့္ ဆက္စပ္ႏိုင္ပါတယ္။

၇။ အခ်ိဳ႕ေသာ စြမ္းအားျဖည့္အခ်ိဳရည္ေတြမွာ အယ္ကိုေဟာ ပါဝင္ႏိုင္ပါတယ္၊ အေမရိကန္ စားနပ္ရိကၡာႏွင့္ ေဆးဝါးစီမံခန္႔ခြဲမႈ မွ တားျမစ္ထားတာေၾကာင့္ စြမ္းအားျဖည့္အခ်ိဳရည္ ထုတ္လုပ္မႈမ်ားမွာ ကဖိန္းႏွင့္ အျခားစိတ္က်ေဆးေတြ မပါဝင္ေတာ့ပါဘူး။ သို႔ေသာ္ ဒီအခ်ိဳရည္ေတြကို energy drink ဆိုၿပီး ဆက္လက္ေရာင္းခ်ေနဆဲျဖစ္ၿပီး အခ်ိဳရည္ကို တတ္ႂကြေစေသာ ေဆးေတြမထည့္ဘဲ ျပန္လည္ျပဳျပင္ထားတာေၾကာင့္ ျဖစ္ပါတယ္။

စြမ္းအားျဖည့္အခ်ိဳရည္ (Energy drink) ေတြကို ပုံမွန္ေသာက္သုံးမွသာလွ်င္ ဒီဆိုးက်ိဳးအႏၲရာယ္ေတြ ျဖစ္လာႏိုင္ေၾကာင္း သတိျပဳပါ။ တခါတရံေသာက္တာေတာ့ ဆိုး႐ြားတဲ့ ဘာျပႆနာမွ ျဖစ္ေစမွာ မဟုတ္ပါဘူး။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here