ဆယ်ကျော်သက်မိန်းကလေးတိုင်း မိခင်တွေဆီကကြားလိုတဲ့ ရိုးသားတဲ့အကြံ ၇ ခု

0
3242
- Advertisement -

သုတေသနတွေအရ မိခင်တွေနဲ့သမီး အကြားမှာရှိတဲ့နှောင်ကြိုးက အရာအားလုံးထက်ခိုင်မြဲတယ်လို့ဆိုကြပါတယ်။ မိခင်တွေက သူတို့ကိုယ်တိုင် ငယ်ရာကကြီးပြင်းလာတာဖြစ်တဲ့အတွက် သမီးဖြစ်သူရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာ သိနိုင်ပါတယ်တဲ့။

ဒါကြောင့်မို့ မိန်းကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ သူမမိခင်နဲ့၀ေး၀ေးကိုသွားပြီး လွတ်လွတ်လပ်လပ်နေချင်တတ်ကြပါတယ်။ ဒီလိုအခြေအနေမှာသူတို့ကို တတ်နိုင်သလောက် ရိုးသားစွာပြောပြပေးဖို့လိုပါတယ်။ ဒီအရွယ်မှာ သူတို့က ဘာမှမသိနိုင်သေးဘူးလေ။

ဒီလိုနှစ်တွေမှာ သင့်ရဲ့ လမ်းညွှန်မှုတွေ သူတို့ အများဆုံးလိုအပ်ပါတယ်။ ဒါကြောင့် မိခင်တွေက သမီးတွေကို ရိုးရိုးသားသားပြောပြသင့်တဲ့ အကြောင်းရင်း ၇ ချက်ကို အကြံပြုထားပါတယ်။

- Advertisement -

အိမ်ပေါ်ကနှင်ချဖို့အခွင့်အာဏာရှိတာသိထားလို့ပြောပါ

မိန်းကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ သူမမိခင်နဲ့၀ေး၀ေးကိုသွားပြီး လွတ်လွတ်လပ်လပ်နေချင်တတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ် ခပ်မြောက်မြောက်ကလေးတွေဖြစ်နေတဲ့အတွက်မိခင်တွေအနေနဲ့သူတို့ကို ဘယ်လိုစကားအသုံးအနှုန်းတွေနဲ့ သိမ်းသွင်းမလဲဆိုတာ အရေးကြီးပါတယ်။ ဒီတော့ သင့်သမီးကို ခုလိုမျိုးပြောပြပါ၊

“သမီးရဲ့ဘ၀ဟာ သမီးရဲ့ဆုံးဖြတ်ချက်တွေပဲ။ ဒါကြောင့် သမီး၁၈နှစ်မပြည့်ခင် တချို့အရာတွေကို စူးစမ်းလေ့လာဖို့အတွက် အမေကူညီပေးနိုင်တယ်။ ဒီလိုမှမဟုတ်ပဲ အခုချက်ချင်း ကျောင်းထွက်မယ်၊ အလုပ်လုပ်မယ်လို့ဆုံးဖြတ်ထားရင် အိမ်ပေါ်ကသမီးကို နှင်ချဖို့အမေဆုံးဖြတ်ရလိမ့်မယ်။ ပညာရေးက သမီးဘ၀အတွက် လိုအပ်နေတယ်၊ ဒါမှသမီးဘ၀ကို အေးအေးချမ်းချမ်းဖြ တ်သန်းနိုင်မယ်”လို့ပြောပါ။

နတ်သမီးပုံပြင်တွေကအလိမ်အညာတွေလို့ပြောပြပါ

ဆယ်ကျော်သက်ဆိုတာက စိတ်ကူးယဉ်အချစ်နွံထဲတိုးချင်နေတဲ့သူတွေပါ။ ဒီတော့ သူတို့ကို ခုလို နားလည်အောင်ပြောပြေပေးပါ။

“သမီးကြည့်နေတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်ကားတွေ နဲ့မြင့်မြတ်တဲ့အချစ်အကြောင်းရေးထားတဲ့ အပေါစား၀တ္တုတွေဟာ လိမ်လည်မှုတွေပဲ။ ရထားပေါ်မှာ မတော်တဆ၀င်တိုက်မိမယ်၊ ချစ်ကြမယ်၊ ကလေးတွေရမယ်၊ ရာသက်ပန်ပျော်ပျော်ရွှင်ရွှင်နေသွားရမယ် အဲ့ဒီလိုထင်နေတာလား?။

“ဒါကအလိမ်အညာတွေပါ၊ ကမ္ဘာကြီးကရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပြည့်နေတယ်၊ ဘယ်အရာမှမပြည့်စုံဘူးသမီး။ ဒါပေမယ့် သမီးလုပ်နိုင်တာက သမီးဘ၀၊ သမီးကမ္ဘာကို ကိုယ်ပိုင် အဓိပ္ပါယ်ရှိအောင် ပြည့်စုံအောင်တော့ သမီးလုပ်နိုင်တယ်။

“သမီးအသဲ ကွဲတာနဲ့ ကြုံရတဲ့အခါ သမီးသူငယ်ချင်းတွေ သမီးဘေးကထွက်သွားကြလိမ့်မယ်၊ လောကြီးမှာ လိမ်လည်လှည့်စားသူတွေအရမ်းများတယ်။ ဒါကြောင့် ခုအမေပြောနေတဲ့အရာကိုလက်ခံပြီးဘ၀ကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့လေ့လာသင်ယူပါဦးသမီးရေ”လို့ပြောပြပေးပါ။

အမေသမီးဆီကဘာမှမလိုချင်ပါဘူးလို့ပြောပေးပါ

ဆယ်ကျော်သက်အရွယ်တွေမှာ သူ့အတွက် ကိုယ့်အတွက် ဘယ်သူ့အတွက် ပြောနေလဲဆိုတာ မ၀ေခွဲနိုင်ပါဘူး။ ဒီတော့သူတို့နားလည်အောင် ခုလိုရိုးရိုးလေးပြောပြပါ။

“အမေသမီးဆီကတစ်ခုခုလိုချင်လို့ သမီးရဲ့အသက်မွေး၀မ်းကျောင်းမှုနဲ့ ကျန်းမာရေးကို ဦးစားပေးဖို့တောင်းဆိုနေတာမဟုတ်ပါဘူး။ ဒီလောကကြီးထဲကိုသမီးကို ခေါ်ဆောင်ခဲ့တာက အမေ့ကို ပေးဆပ်ဖို့မဟုတ်ပါဘူး။

“ဒီလိုမဟုတ်ပဲ မင်းက သိပ်လွတ်လပ်ချင်နေရင် ကိုယ်လုပ်ချင်တာကိုပဲကိုလုပ်နေရင် လုပ်သမျှအကျိုးဆက်ကို ကိုယ့်ဘာသာခံရမယ်ဆိုတာ စိတ်ထဲမှာမှတ်ထားပါ။ ကဲခုချိန်က စပြီးကိုယ့်ဘ၀ကိုတာ၀န်ယူဖို့ပြင်ထားတော့.”လို့ပြောပြပေးပါ။

အမေအပါအ၀င်ဘယ်သူ့ကိုမှမယုံနဲ့လို့ပြောပေးပါ

ဒီအရွယ်တွေဟာ လူတွေကိုသိပ်ယုံတတ်ကြပါတယ်။ သူတို့မှာ ဘ၀အတွေ့အကြုံနည်းပါးလွန်းတဲ့အတွက် သူတို့ကို လူတွေကိုမယုံဖို့ ခုလိုပြောပြပါ။

“အမေဟာအကောင်းဆုံးဆိုတာ အမြဲတော့မမှန်နိုင်ဘူး သမီး၊ တစ်ကယ်တော့ အမေကလည်း အခြားသူတစ်ဦးဖြစ်တဲ့အတွက် သမီးနဲ့အမေ့ရဲ့ အမြင်တွေက အမြဲတမ်းတူချင်မှတူမှာပေါ့။ ဒါကြောင့်သမီးလိုချင်တာကို သိအောင်လုပ်ပါ။

“အခြားသူတွေက သမီးကို ဘယ်လိုနည်းနဲ့မှ မလွမ်းမိုးစေနဲ့။ မင်းကိုမင်းပဲ ယုံကြည်စိတ်ချနိုင်တယ်၊ ကိုယ့်ကိုကိုပဲယုံကြည်ရမယ်လို့ စိတ်ထဲ ခေါင်းထဲမှာ အမြဲတွေးနေမှတ်နေပါသမီး”လို့ပြောပြပေးပါ။

၉ခါ၁၀ခါလောက် ကျရှုံးလိမ့်မယ်လို့ပြောပြပါ


ဒီလိုအရွယ်တွေရဲ့စိတ်ဟာ တက်လွယ်ကျလွယ်တွေပါ။ ကောက်ရိုးမီးလို ၀ုန်းခနဲလောင် ၀ုန်းခနဲငြိမ်းချင်ကြပါတယ်။ ဒီတော့ သူတို့အလွယ်မလဲကျအောင် ခုလိုပြောပါ။

“သမီးရဲ့ရှေ့ဆပ်ရမယ့် ဘ၀မှာအခက်အခဲတွေ ကျရှုံးမှုတွေ ခနခနကြုံရနိုင်တယ်။ ဒါဟာစမ်းသပ်ဖို့ အခမဲ့ရတာပါပဲ၊ဘ၀ရဲ့အတွေ့အကြုံတွေ ၀မ်းစာတွေပေါ့။ အမှားလုပ်တာဟာ ဘ၀ရဲ့အစိတ်အပိုင်းလေးတစ်ခုပဲသမီး၊ အမေတို့လည်းမှားခဲ့ကြတယ် မှားနေဦးမှာပါပဲ။

“လူတွေအားလုံးပါပဲ။ ဒီတော့သမီးလုပ်ရမှာက ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ပါပဲ၊အရာအားလုံးကိုလုပ်နိုင်တယ် အဲ့ဒီအရာတွေနဲ့လည်းထိုက်တန်တယ်ဆိုတာ ယုံကြည်ဖို့ပါပဲ”။လို့ပြောပြပေးပါ။

လူတိုင်းကိုစိတ်ကျေနပ်အောင်မလုပ်နိုင်ဘူးလို့ပြောပြပါ

ဆယ်ကျော်သက်အရွယ်မှ မဟုတ်ဘူး။ လူတော်တော်များများက အခြားလူတွေကျေနပ်နှစ်သိမ့်အောင် လိုက်လုပ်ပေးချင်ကြပါတယ်။ ဒီတော့ သင့်သမီးကို ပတ်၀န်းကျင်ကလူတွေအားလုံးကို ကျေနပ်နှစ်သိမ့်အောင်လုပ်မယ်ဆိုရင် စိတ်ပျက်ရခြင်းဆိုတဲ့အောင်မြင်မှုတစ်ခုပဲရလိမ့်မယ်ဆိုတာ ပြောပြပေးပါ။ ဘယ်အရာကိုမှပြန်မရပဲ ပေးဆပ်လိုက်ရမယ်ဆိုတာပြောပြပေးပါ။ ကိုယ့်စိတ်ကိုကျေနပ်နှစ်သိမ့်အောင်ပဲနေဖို့လိုအပ်ပါတယ်။

အမေသမီးအတွက်ရှိနေမယ် ဒါပေမယ့်မမှီခိုပါနဲ့အမေ့အပေါ်လို့ပြောပေးပါ

ကလေးဆိုတာ စိတ်တွင်းက မှတ်သားထားတာဆို လွယ်လွယ်မမေ့တတ်ပါဘူး။ ဒီတော့ သူ့ကို အားပေးစကားတွေပြောဖို့ သူကိုယ်တိုင်ရင်ဆိုင်ရဲဖို့လည်း အကြံညဏ်လေးကို ခုလိုပြောပေးပါ။

“သမီးရဲ့နာကျင်မှုတွေ ခံစားမှုတွေ အတွက်အကူအညီတောင်းလာရင် ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေပါစေ ဘာတွေပဲလုပ်နေပါစေ အမေ သမီးနားအပြေးလာမှာပါ။ သမီးနှလုံးသားနဲ့ထပ်တူလိုက်နာကျင်ခံစားပီး သမီးအတွက် အကောင်းဆုံးဆိုတဲ့အရာတွေကို တတ်နိင်သလောက် လုပ်ပေးမှာပါ။

“ဒါပေမယ့် ဒါက အရာအားလုံးအတွက် အမေ့ကို မှီခိုသင့်တယ်လို့တော့မဆိုလိုပါဘူး။ တာ၀န်ရှိတဲ့ဆုံးဖြတ်ချက်တွေကို သမီးကိုယ်တိုင်ချရမယ်၊ ရဲရင့်ရမယ် ရလာတဲ့အခြေအနေကို ရောင့်ရဲတတ်ရလိမ့်မယ်သမီး”လို့ပြောပြပေးပါ။

ကဲ…ဒီလောက်ဆိုရင် chitmaymayစာဖတ်ပရိတ်သတ်ကြီးလည်း ဆယ်ကျော်သက်သမီးတွေကို ဘယ်လိုအကြံညဏ်တွေပေးနိုင်လဲဆိုတာ သိလောက်ပါပြီ။ စာဖတ်သူတွေရာ ကိုယ့်သမီးမိန်းကလေးကို ဘယ်လိုအကြံညဏ်တွေပေးခဲ့ဖူးလဲ မျှ၀ေပေးသွားပါဦး။

#Chit_May_May

#Mg_Htet

REF_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here