
မိဘအုပ်ထိန်းခြင်းနည်းလမ်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်ရဲ့ သားသမီးတွေနဲ့ပတ်သက်ပြီး ဘယ်အရာမဆို အသိဆုံးလူက သင်ကိုယ်တိုင်ဖြစ်သင့်ပါတယ်။ မိဘတစ်ယောက် (သို့) လူသားတစ်ယောက်အနေနဲ့ အမှားယွင်းတွေလည်းဖြစ်နိုင်ပါတယ်။ ဤအချက်တွေက ပုံမှန်အားဖြင့် ကြုံတွေ့ရလေ့ရှိသော အမှားတစ်ချို့ရှိပြီး ဒီအမှားတွေကို ဘယ်လိုပြုပြင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေးမှာဖြစ်ပါတယ်။
၁။ သင့်ရဲ့ ဆယ်ကျော်သက်နဲ့ပတ်သက်ပြီး သင်ဟာ သူ့ရဲ့ ဘော့စ်ဖြစ်ရမယ်၊ သူတို့အတွက်အကောင်းဆုံးဆိုတာကို သင်သာ သိတယ်

ငါပြောတာပဲ လုပ်ရမယ်၊ အခုလုပ်လိုက်ဆိုတာက အာဏာဖြင့် အုပ်ထိန်းသော မိဘတွေရဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ ဆယ်ကျော်သက်ကို အမိန့်ပေးမယ့်အစား မေးခွန်းတွေ မေးပါ။ ဘယ်လိုမျိုးလဲ ဘာလဲဆိုတဲ့မေးခွန်းတွေနဲ့ စတင်ပြီး မေးမြန်းပါ။ သမီး ဘယ်လိုခံစားနေရလဲ (သို့) * ဒီအရာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ* ? အဲ့ဒါထက် ဒီလိုပုံစံမျိုးလုပ်ရင် ပိုကောင်းမယ် ၊ သမီးအတွက် ပိုကောင်းတဲ့ တစ်ခြားရွေးချယ်စရာမရှိတော့ဘူးလား? စသည်ဖြင့်ပေါ့။
ဆယ်ကျော်သက်ဆီကနေ တုန့်ပြန်မှုတစ်စုံတစ်ရာရရှိလာတဲ့အခါ *အိုး…သမီးပြောချင်တာကို အမေသဘောပေါက်တယ်၊ အဲ့ဒီ့အရာက အဓိပ္ပာယ်ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အမေသဘောတူတယ်စသော တုန့်ပြန်မှုတွေကို ပေးပါ။
အကယ်၍ သင့်အနေနဲ့ သဘောမတူဘူးဆိုရင် မတုံ့ပြန်ခင်မှာ ခေတ္တရပ်ပြီး စဉ်းစားပါ။ သင့်ဆယ်ကျော်သက်ပြောပြသော အကြောင်းအရာတွေထဲက ကောင်းမွန်တဲ့အရာတစ်ခုကို ဆွဲထုတ်ပါ။ *သမီးပြောတာ အဓိပ္ပာယ်ရှိပါတယ်၊ အမေလည်း သဘောကျတယ် ဒါပေမယ့် ….? ။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ ရှုထောင့်ကို ပြောပြပါ။
၂။ ဆယ်ကျော်သက်တွေရဲ့ ပြဿနာရှိသော စကားအပြောအဆိုနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုအမူအားလုံးကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး လက်ညိုးထိုးခြင်း

သင့်ရဲ့ ဆယ်ကျော်သက်တွေအပေါ် သင့်မျက်လုံးကို သတိထားပါ။ မြင်မြင်သမျှကို ထုတ်မပြောမိဖို့ ထိန်းသိမ်းပါ။
မကောင်းမြင်တဲ့အကြည့်နဲ့ ကြည့်မယ်ဆိုရင် သင့်ဆယ်ကျော်သက်ဆီမှာ မှားယွင်းနေတာလည်း မြင်ရပါလိမ့်မယ်။ ဒါပေမယ့် အကောင်းမြင်တတ်တဲ့ မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ သင့်ဆယ်ကျော်သက်ဆီမှာ အပြုသဘောဆောင်သော အချက်တွေကို ရှာတွေ့ပါလိမ့်မယ်။ သမီး သမီးမောင်လေးကို စာတွေရှင်းပြနေတာတွေ့တော့ အမေ သမီးကို ပိုသဘောကျသွားတယ်
အပြုသဘောဆောင်သော အကြည့်တွေက သင်ဂရုစိုက်သမျှ အရာရာကို ပိုကောင်းမွန်စေပါတယ်။ ဆယ်ကျော်သက်အမှားတွေကိုပဲ ကြည့်နေမယ်ဆိုရင် အမှားတွေပဲ တွေ့လာရပါလိမ့်မယ်။ မျက်လုံးတွေမှာ အကောင်းမြင်စိတ်တွေကို ထည့်သွင်းထားပါ။
သင့်မျက်လုံးက သင့်ဆယ်ကျော်သက်ရဲ့ ပြဿနာရှိသော အပြုအမူတွေကိုပဲ ဆက်လက်အာရုံစိုက်နေပါသလား? ဒီလိုဆိုရင် ဝေဖန်မှုအစား ပြဿနာဖြေရှင်းခြင်းကို စတင်ပါ။
၃။ သင့်ဆယ်ကျော်သက်ကို ဒီလိုလုပ်ပါ၊ ဒီလိုဖြစ်လာအောင် ကြိုးစားပါဟာ ဖိအားပေးခြင်း

သင့်အိပ်မက်သည် သင်ကိုယ်ပိုင်သာဖြစ်သည်။ ဒီအချက်က ဆယ်ကျော်သက်တွေနဲ့ ပတ်သက်လာရင် ကျွန်မတို့ရေးနေကျ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ သင်မဖြစ်ခဲ့ရတဲ့ အိပ်မက်တွေကို ကလေးတွေပေါ် ဖိအားမပေးပါနဲ့။ တစ်ဆက်တည်းမှာပဲ ငါသာ မင်းအရွယ်တုန်းကဆိုရင် ဆိုတဲ့ စကားမျိုးပြောပြီး ဖိအားမပေးပါနဲ့။
သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ကျရှုံးမှုတွေကြောင်း သင့်အတွေ့အကြုံတွေ၊ သင့်သင်ခန်းစာတွေကို သင့်ကလေးကို မျှဝေနိုင်ပါတယ်။
၄။ သင့်ရဲ့ ဆယ်ကျော်သက်တွေကို မိုက်မဲသော၊ တာဝန်မဲ့သော (သို့) သူလုပ်ခဲ့သော တစ်ခြားပြဿနာတွေအတွက် ကြိမ်းမောင်းအပြစ်တင်ခြင်း၊ မှားယွင်းစွာ အပြစ်ပေးခြင်း

အမှားတွေဆိုတာ သင်ယူဖို့ဖြစ်ပါတယ်။ သင့်ရဲ့ ဆယ်ကျော်သက်တွေက အရှုတ်တွေလုပ်လာတဲ့အခါ ဝေဖန်မှု၊ ဒေါသနဲ့ ဖြေရှင်းတာမျိုးကို ကျော်လိုက်ပါ။ အထူးသဖြင့် အပျက်သဘောဆောင်သော တံဆိပ်ကပ်ခြင်းမျိုးကို ရှောင်ပါ။ ယင်းအစား အမှားတွေက သင်ယူဖို့ ဖြစ်သည်ဟူသော သင်ကိုယ်တိုင်နှင့် သင့်ဆယ်ကျော်သက်တို့ကို ထပ်ခါထပ်ခါ သတိပေးပါ။ မှားခြင်းက လူသားတွေရဲ့ ရှင်သန်မှုတစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ကြောင်း ရှင်းပြပါ။ အဲ့ဒီ့အမှားတွေကနေ ဘာတွေသင်ယူနိုင်မလဲ? နောက်တစ်ခါ ဒီလိုကိစ္စမျိုး ကြုံတွေ့လာတဲ့အခါ ဘယ်လိုခြားနားအောင် လုပ်မလဲ?
၅။ သင့်ရဲ့ ဆယ်ကျော်သက်ကို ဒါကို မလုပ်နဲ့ဆိုတဲ့ အမိန့်ပေးမှုကို ရှောင်ပါ၊ ဥပမာ – အရမ်းမဆူညံနဲ့၊ မင်းအစ်ကိုကို မစော်ကားနဲ့၊ အဲ့လိုလုပ်လို့မရဘူး၊ ဒီဟာကို မလုပ်သင့်ဘူး စသဖြင့်
ဒီနေရာမှာ တောင်းဆိုမှုတွေ အစားထိုးပါ၊ ပြဿနာဖြေရှင်းနည်းကို သင်ပြပါ။ *အမေ တစ်ရေးလောက် အိပ်ချင်လို့ အခန်းထဲမှာ သီချင်းအကျယ်ကြီးတွေ ဖွင့်မယ့်အစား အပြင်မှာ ထွက်ကစားပေးပါလား? ဒါမှမဟုတ် နားကြပ်ဖြစ်ဖြစ် သုံးပါလား?
တစ်ဖက်မှာလည်း *သင့်ရဲ့ အစ်ကိုက သင့်ရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်နေရတယ်။ သား သူ့ကို ဘာလုပ်ခဲ့လဲ? ဒီအတွက် အကောင်းဆုံး သားဘယ်လိုဖြေရှင်းမလဲ?
Chit_May_May
Nyein_Thu
ref-themindsjournal