ဆယ်ကျော်သက်လေးများအတွက် နွေရာသီအစီအစဥ်များ

ဆယ်ကျော်သက်လေးများအတွက် နွေရာသီအစီအစဥ်များ

0
58
- Advertisement -

နွေရာသီမှာ ပျင်းစရာကောင်းလောက်အောင်အထိ လုပ်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒါတွေကို မိဘတွေနဲ့အတူ ပေါင်းသင်းပြီးတော့ အတူတကွ အချိန်ကုန်ခြင်းဖြင့် သူတို့လေးတွေကို အကူအညီပေးရာရောက်ပါတယ်။ ဒါ့အပြင် နွေရာသီအစီအစဥ်တွေက ဆယ်ကျော်သက်တွေအတွက် အစီအစဥ်ကောင်းတွေနဲ့ အတူ လူတိုင်းအတွက် အသုံး၀င်သော အတွေ့အကြုံတွေလည်း ဖြစ်နိုင်ပါတယ်။ စာသင်ချိန်ပြီးဆုံးသွားတဲ့ အခါ နွေရာသီအားလပ်ရက်ကို အစပြုပါတယ်။ အကယ်၍ သင့်အနေနဲ့ ပျော်စရာတွေနှင့် အကျိုးဖြစ်စေသော လှုပ်ရှားမှုများ မပြုလုပ်ဘူးဆိုရင် အားလပ်ရက်တွေဟာ ပျင်းစရာအတိနှင့် အခြောက်တိုက်ကုန်ဆုံးသွားရမှာပါ။ သူတို့အတွက် ပျော်စရာကောင်းပြီးတော့ အချိန်ကို အကောင်းဆုံးအသုံးချနိုင်ဖို့ အရေးကြီးပါတယ်။
ရွေးချယ်စရာများစွာရှိပေမယ့်လည်း ပေါ့ပေါ့တန်တန် ရွေးချယ်မှုတာမျိုး မဖြစ်သင့်ပါဘူး။ နွေရာသီအားလပ်ရက်အတွက် သူတို့လုပ်ဆောင်မယ့်အရာအတွက် မရွေးချယ်ရသေးခင် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးများနှင့် စကားပြောဆိုသင့်ပါတယ်။ သူတို့ရွေးချယ်မှုမှာ ပျော်မွေ့ဖို့နှင့် အတင်းအကျပ်ဖိအားပေးခံရတာမျိုး မခံစားရဖို့အတွက်က သူတို့ရည်ရွယ်ချက်ပန်းတိုင်ဖြစ်ပါတယ်။ များသောအားဖြင့် ဆယ်ကျော်သက်များက ဘာမှ မလုပ်လိုကြပါဘူး။ သူတို့တွေက ကွန်ပျူတာ (သို့) အခြားနည်းပညာပစ္စည်းတွေရဲ့ ရှေ့မှာ နာရီပေါင်းများစွာ အသုံးပြုလိုကြတယ်။ ဒါတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကို မတူညီတဲ့ အစီအစဥ်တွေမှာ ပါ၀င်စေဖို့ ဖြစ်ပါတယ်။ အဲ့ဒီ့အတွက် ဖေဖေ မေမေတို့ကို ကျွန်မတို့ Lifestyle Myanmarကနေပြီးတော့ ကူညီပေးချင်ပါတယ်။

၁။ မိသားစု ပျော်ရွှင်စရာလှုပ်ရှားများ

အရွယ်ရောက်သူတွေအနေနဲ့ ကလေးတွေ ဘာလုပ်ချင်တယ်ဆိုတာ သိတဲ့ အခါ သင်အတူတကွပျော်ရွှင်ဖို့ နည်းလမ်းရှာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ရတာ လွယ်ကူပါတယ်။ အားလပ်ရက်ခရီးကို ထွက်ဖို့ လည်း ကောင်းပါတယ်။ ခရီးစဥ်ကို လူတိုင်းက သဘောတူလျှင် မိသားစုခရီးစဥ် အလွန့်ကို နှစ်သက်ပြီးပျော်စရာကောင်းမှာ သေချာပါတယ်။ အကောင်းဆုံးရွေးချယ်ဖို့ ကတော့ သဘာ၀ပတ်၀န်းကျင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ်းခြေ၊ ကျေးလက်၊ တောင်ပေါ်ဒေသတွေကို သွားနိုင်ပါတယ်။ သင့်ရဲ့ စီးပွားရေးအခြေအနေအရ သင်နေထိုင်သော နေရာာပေါ်မူတည်ပြီးတော့ သင့်ရဲ့ ဦးတည်ရာကို ရွေးချယ်နိုင်ပါတယ်။ အိမ်နဲ့ နီးလေလေ စျေးချိုလေလေဖြစ်ပါတယ်။ သင့်ရဲ့ ဆယ်ကျော်သက်များက ဂီတကို နှစ်သက်မယ်ဆိုရင် တစ်ခြားစိတ်ကူးကောင်းတစ်ခုဖြစ်ပါတယ်။ တေးဂီတတွေမှာ ကွဲပြားခြားနားသော အရသာတွေရှိတဲ့အတွက် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်ပါတယ်။ သူတို့က အနုပညာကို နှစ်သက်မယ်ဆိုရင် ပြတိုက် ဒါမှမဟုတ် အနုပညာပွဲ တစ်ခုမှာ တစ်ရက်နေနိုင်ပါတယ်။

၂။ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ပါ

ဆယ်ကျော်သက်မှာ တာ၀န်ရှိတဲ့ အခါ သူငယ်ချင်းများနှင့် ထွက်သွားခြင်းဟာ စိုးရိမ်စရာမရှိပါဘူး။ ကလေးတွေနဲ့ ပေါင်းသင်းဖို့ အရေးကြီးပါတယ်။ ဆယ်ကျော်သက်များအတွက် နွေရာသီအစီအစဥ်တွေမှာ သူငယ်ချင်းတွေအတွက် အချိန်များများပေးသင့်ပါတယ်။ သင့်ရဲ့ ဆယ်ကျော်သက်တွေကို မြို့တော်တွေကို သွားရောက်လည်ပတ်ဖို့ တိုက်တွန်းပါ။ ရုပ်ရှင်ည၊ စင်တာတစ်ခုတွင် တစ်ရက်နှင့် ရေကူးကန်သို့ လည်ပတ်ခြင်းတို့တွေက သူတို့နှစ်သက်သော အတွေ့အကြုံတွေ ဖြစ်ပါတယ်။ အိမ်မှာပဲ တွေ့ဆုံပေးခြင်း၊ ပါတီပွဲကျင်းပခြင်းက အခြားကောင်းမွန်သော အကြံညဏ်တွေဖြစ်ပါတယ်။

၃။ ဒီဇိုင်းများ

ကွဲပြားခြားနားသော အပန်းဖြေစင်တာတွေမှာ ဆယ်ကျော်သက်အစီအစဥ်တွေ ရှိကြပါတယ်။ ဆယ်ကျော်သက်အားလုံးအနေနဲ့ ရရှိနိုင်တဲ့ ကွဲပြားခြားနားသော အစီအစဥ်များစွာ ရှိပါတယ်။ အပန်းဖြေလှုပ်ရှားမှုများ ပျော်စရာများ။ နွေရာသီစခန်းတွေမှာတော့ ဘော်ဒါစနစ်များကို ရက်အနည်းငယ်အကြာအချိန်အထိ ကမ်းလှမ်းထားပါတယ်။ မြို့ပြစခန်းများ၊ ကျေးလက်နှင့် တစ်ခြားနေရာများစွာလည်း ရှိပါတယ်။ အလားတူပါပဲ သူတို့ကမ်းလှမ်းသော လှုပ်ရှားမှုများ အမျိုးမျိုးရှိပါတယ်။ ချက်ပြုတ်စားသောက်လိုသော ဆယ်ကျော်သက်များ၊ အားကစားပရိသတ်များ၊ သဘာ၀ချစ်သူများ စသည်တို့အတွက် အစီအစဥ်များစွာရှိပါတယ်။ များပြားလှသော လူတွေက မတူကွဲပြားသောအကျိုးစီးပွားများကို ရှာဖွေဖို့ အမျိုးမျိုးသော လှုပ်ရှားမှုများ ရှိပါတယ်။ အဆုံးမဲ့ပါပဲ။ ဒါ့အပြင် တစ်ချို့ကျောင်းတွေမှာ နွေရာသီသင်တန်းတွေလည်း ပေးပါတယ်။ သင်ရဲ့ အကြိုက်ပေါ်မူတည်ပြီး ဥပမာအားဖြင့် အက၊ ဂီတ၊ ရေကူးခြင်း သင်သာ သင်ယူချင်ဖို့ အရေးကြီးပါတယ်။

၄။ အိမ်မှာ နေပြီးတော့ ဆယ်ကျော်သက်များအတွက် နွေရာသီအစီအစဥ်

သင်ရဲ့ အားလပ်ချိန်ကို ပျော်မွေ့ဖို့တစ်ခုအတွက် အိမ်ကနေ ထွက်စရာမလိုဘူး။ အိမ်မှာ အချို့သော ကောင်းတဲ့ လုပ်ဆောင်ချက်များစွာရှိပါတယ်။ သင်အမှန်တကယ်လုပ်ချင်တဲ့ အရာတစ်ခုဖြစ်ဖို့ လိုပါတယ်။ ဖန်တီးမှုဖြစ်ဖို့ အခမဲ့ခံစားဖို့ သင်အများဆုံးပျော်စရာရှိလိမ့်မှာ အခါခါပါပဲ။ ဥပမာအားဖြင့် လက်မှုပညာဟာအမြဲတမ်းအချိန်ကို ဖြတ်သန်းဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကြီးမြတ်သောအရာတွေလုပ်ဖို့အတွက်တော့ Youtube မှာ သင်ခန်းစာတွေ ရှာတွေ့နိုင်ပါတယ်။ သင့်ရဲ့ ဆယ်ကျော်သက်တွေက လက်မှုပညာကို မကြိုက်ဘူးဆိုရင် ဥယျာဥ်မှာ တေးဂီတနားထောင်ခြင်း၊ စာဖတ်ခြင်းနှင့် ကူညီခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သင်ရဲ့ နောက်ဖေးမှာ သင်ရှာဖွေတွေ့ရှိဖို့ ကမ္ဘာတစ်ခုလုံးရှိကြောင်း မကြာမီသင်တွေ့လာပါလိမ့်မယ်

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here