ဆယ်ကျော်သက်အရွယ်များကို သင်ကြားပေးသင့်တဲ့ သင်ခန်းစာ ၅ ခု

0
140
- Advertisement -

မိဘတစ်ဦးဖြစ်ရတာက ကမ္ဘာပေါ်မှာရှိတဲ့ အလုပ်တွေထဲက အခက်ခဲဆုံးအလုပ်တစ်ခုကို လုပ်ရတာနဲ့ အတူတူပါဘဲ။ မိဘတွေဟာ သူတို့ရဲ့ ဘဝကိုသာမက အခြားသောသူများရဲ့ ဘဝကိုပါ အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ဆုံးဖြတ်ချက်တွေကို ချရပါတယ်။ သားသမီးတွေရဲ့ ဘဝလမ်းသာယာဖြောင့်ဖြူးစေဖို့၊ တောက်ပတဲ့ အနာဂတ်ရှိစေဖို့ စတာတွေကို သင်ကြားပေးနိုင်ဖို့အတွက် မိဘတွေမှာ တာဝန်ရှိနေပါတယ်။ ဒါပေမယ့် မိဘတွေ မျှော်လင့်ထားတဲ့အရာတွေအကုန်လုံးကိုတော့ သားသမီးတွေကို သင်ကြားပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ အချို့သော သင်ခန်းစာတွေကို ဦးစားပေးသင်ကြားပေးရမှာဘဲဖြစ်ပါတယ်။ ဒါမှသာ သူတို့သိရှိထားတဲ့ အခြေခံအုတ်မြစ်တွေကို အမာခံထားပြီး အနာဂတ်ကို တည်ဆောက်နိုင်ပါဘဲဖြစ်ပါတယ်။

ကိုယ့်အားကိုယ့်ကိုးတတ်ဖို့ သင်ကြားပေးပါ

ကိုယ့်အားကိုယ်ကိုးတတ်ဖို့အတွက် မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်ကို အဓိကသင်ကြားပေးရပေးပါမယ်။ ကလေးတွေရဲ့ငယ်ဘဝတစ်လျှောက်လုံးမှာလည်း သူတို့ရဲ့ အသက်အရွယ်နဲ့အလိုက် တွေ့ကြုံခံစားရမယ့် အခက်အခဲတွေ၊ ဖိအားတွေရှိတတ်ပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို တွေ့ကြုံခံစားရတဲ့ အခက်အခဲတွေနဲ ဖိအားဒဏ်တွေကို နားလည်သဘောပေါက်စေဖို့နဲ့ ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ကို သင်ကြားပေးရပါမယ်။ ကလေးငယ်တွေကို သူများတွေရဲ့ ပြောဆိုလမ်းပြမှုများထက် သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကို စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး သူတို့ကိုသူတို့ ဦးစီးဦးဆောင်နိုင်ဖို့အတွက် သင်ကြားပေးသင့်ပါတယ်။ ဒါမှသာ ဘဝတစ်လျှောက်လုံးမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို သူတို့ဘာသာသူတို့ ရင်ဆိုင်ကျော်လွှားနိုင်မှာဘဲဖြစ်ပါတယ်။

ရိုးသားမှုရှိပါစေ

“ရိုးသားမှု” ဟူသော စကားစုသည် အမှန်တရားကို ကိုင်စွဲနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။ မိမိတို့ရဲ့ သားသမီးတွေကို ၁၀၀ ရာခိုင်နှုန်းအပြည့်အဝရိုးသားဖို့ သင်ကြားပေးရပါမယ်။ အမှန်တရားကို ဂုဏ်သိက္ခာရှိရှိ လေးစားလိုက်နာဖို့ကို နားလည်သိတတ်စေရပါမယ်။ ရိုးသားဖြောင့်မှန်တယ်ဆိုတဲ့ ဂုဏ်သိက္ခာဟာ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ တကယ့်ကို တန်ဖိုးရှိပါတယ်။ ရိုးသားဖြောင့်မှန်တဲ့ လူတစ်ယောက်ရဲ့စကားတစ်ခွန်းက မမှန်မကန်လိမ်ညာတတ်တဲ့ လူတွေရဲ့စကားအခွန်းတစ်ထောင်ထက်မက အရေးပါအရာရောက်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို ရိုးသားတတ်ဖို့ အလေးအနက်ထားသင်ကြားပေးရပါမယ်။

ကောင်းသောအကျင့်စရိုက်ကို မွေးမြူတတ်ပါစေ

ဖြူစင်ပွင့်လင်းတဲ့ နှလုံးသားနဲ့ ရိုးသားစွာ အသက်ရှင်နေထိုင်တတ်ဖို့က လူသားတွေအားလုံးအတွက် လိုအပ်ပါတယ်။ လူကောင်းတစ်ယောက်ဖြစ်ရတာက အကောင်းမွန်ဆုံးဆုလဒ်တစ်ခုကို ပိုင်ဆိုင်ရတာနဲ့ ထပ်တူညီပါတယ်။ လူတစ်ဘက်သားအပေါ် ပြည့်ဝဖြူစင်တဲ့ စိတ်နှလုံးသားမျိုးထားရှိတာက မိမိအပေါ်လည်း တူညီသော အကျိုးဖြစ်ထွန်းမှုရရှိပါလိမ့်မယ်။
ယနေ့ကမ္ဘာကြီးမှာ အမုန်းတရားနဲ့ မကျေနပ်မှုများစွာရှိနေပြီး ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာစေဖို့အတွက် ကောင်းမွန်တဲ့ရည်မှန်းချက်တွေထားရှိဖို့လိုအပ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ သားသမီးတွေကို ကောင်းသောအရာတွေကို လုပ်ဆောင်ဖို့အတွက်ဆို တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာ လုပ်ဆောင်တတ်ဖို့ ပြောကြားထားသင့်ပါတယ်။

မသိတာတွေကို ထုတ်ဖော်မေးမြန်းတတ်ပါစေ

မသိတာ၊ မတတ်တာတွေရှိတဲ့အခါ မေးခွန်းများမေးစေဖို့ သင်ကြားပေးပါ။ မေးခွန်းများမရှိရင် အဖြေဆိုတာလည်း ရှိမလာနိုင်ပါဘူး။ လူအများကြား စကားပြောဆိုရဲအောင်၊ စိန်ခေါ်မှုတွေကို စိတ်အားထက်သန်စွာရင်ဆိုင်နိုင်စွမ်းရှိအောင် မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို ပြင်ဆင်ထားပေးရပါမယ်။ မပြောရဲ၊ မဆိုရဲ၊ မိမိဖြစ်ချင်တာကို ထုတ်မပြောရဲတဲ့ စိတ်တွေက အောင်မြင်သူတစ်ယောက်ဖြစ်နိုင်ဖို့ ဝေးကွာစေပါတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆို မိမိလိုချင်တဲ့အရာကို ကျွမ်းကျင်လိမ္မာစွာ တောင်းဆိုတတ်တဲ့ စကားပြောဆိုမှုအတတ်လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက စကားပြောဆိုမှုအတတ်ပညာကိုလည်း လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။

မိမိတို့ရဲ့ ယုံကြည်မှုအတိုင်းခိုင်မာစွာ ရပ်တည်ဖို့ သင်ကြားပေးရပါမယ်

လူရယ်လို့ဖြစ်လာပြီဆိုကတည်းက အမျိုးမျိုးသော စကားသံတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေကို ကြုံတွေ့ရမှာဘဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ စကားသံတွေကို နားယောင်ပြီး မိမိရဲ့ ရည်မှန်းချက်တွေ လမ်းပျောက်မသွားစေဖို့လိုအပ်ပါတယ်။ မိမိရဲ့ ဆုံးဖြတ်ချက်တွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဲ့ဒီအကျိုးရလဒ်ကို မိမိတို့ဘာသာ ခံစားရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆုံးဖြတ်ချက်ချထားပြီးပြီဆိုရင် ယိုင်နဲ့မသွားစေဖို့နဲ့ ကောင်းမွန်မှန်ကန်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လမ်းညွှန်ပြသပေးသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-beliefnet

LEAVE A REPLY

Please enter your comment!
Please enter your name here