ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေရလေ့ရှိတဲ့ အိပ်စက်ခြင်းပြဿနာများ

0
252
- Advertisement -

ဆယ်ကျော်သက်အရွယ်တွင်းမှာ ကြုံရတဲ့ အိပ်စက်မှုပြဿနာတွေက ပင်ပန်းနွမ်းနယ်ခြင်း၊ ကျောင်းစွမ်းဆောင်ရည် လျော့နည်းခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါက ဆယ်ကျော်သက်ကလေးတွေကို နာရီအနည်းငယ်သာ အိပ်ပျော်စေတဲ့အချိန်ဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ ဇီဝကမ္မဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လုံလောက်စွာ ထိန်းသိမ်းဖို့ နေ့စဉ် အနည်းဆုံး ၉နာရီလောက် အနားယူဖို့ လိုအပ်ပါတယ်။
တကယ်တော့ ဆယ်ကျော်သက်အများစုဟာ သူတို့မှာ လိုအပ်နေတဲ့ အနားယူချိန် မရရှိကြပါဘူး။ ဒါတွေက သူတို့ဘဝမှာ ဆိုးကျိုး သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

အိပ်စက်ခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ ဇီဝကမ္မ ဖြစ််စဉ်တစ်ခု ဖြစ်ပါတယ်။ အိပ်စက်ခြင်းက ဦးနှောက်ရဲ့ အစောပိုင်းဖွံ့ဖြိုးတိုးတတ်မှု၊ သင်ယူမှုနှင့် မှတ်ဉာဏ်အတွက် အရမ်းအရေးကြီးပါတယ်။ ဆယ်ကျော်သက်အရွယ်ဟာ ဟော်မုန်း၊ ကြီးထွားမှုနှင့် ဆက်စပ်နေသော ဇီဝဗေဒဆိုင်ရာ ပြောင်းလဲမှုတွေ ပြည့်နေတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။ ၎င်းက စိတ်ပိုင်းဆိုင်ရာအဆင့်၊ လူမှုရေးနှင့် စိတ်ခံစားမှုတွေမှာ ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်တွေဟာ အိပ်စက်ချိန်လုံလောက်ဖို့ အရေးကြီးပါတယ်။

မြီးကောင်ပေါက်အရွယ်မှာ အိပ်စက်ခြင်း ပြဿနာများ

- Advertisement -

ဒီအဆင့်မှာ လူငယ်တွေဟာ တစ်နေ့ကို အနည်းဆုံး ၉နာရီအိပ်ဖို့ လိုအပ်သေးပါတယ်။ သို့သော် သူတို့ရဲ့ အတွင်းပိုင််း ဇီဝနာရီက သူတို့ကို စောစောအိပ်ပျော်ဖို့ ခွင့်မပြုပါဘူး။ ဒါ့အပြင် မနက် ၆ နာရီ၊ ၇နာရီမှာ ကျောင်းတတ်ဖို့ စောစောထရတဲ့အတွက် သူတို့ရဲ့ အိပ်စက်ချိန်ဟာ မလုံလောက်တော့ပါဘူး။

သူတို့ရဲ့ မက်လတိုနင် ထုတ်လုပ်မှုဟာ ကလေးနှင့် လူကြီးတွေမှာထက် နောက်ကျပြီး ဖြစ်ပေါ်တာကြောင့် ဒီစည်းချက်ပြောင်းလဲမှုတွေ ဖြစ်လာတာပါ။ မိုဘိုင်းဖုန်းကို အိပ်ရာထဲမှာ သုံးခြင်းကလည်း ဒီအခြေအနေကို ပိုဆိုးရွားစေနိုင်ပါတယ်။ ဖုန်း၊ ကွန်ပျူတာတွေမှ အလင်းဟာ သူတို့ရဲ့ circadian rhythm (ဇီဝနာရီ) ကိုလည်း ပြောင်းလဲနိုင်ပါတယ်။ အိပ်စက်ခြင်းနှင့် နိုးကြားခြင်း သံသရာဟာ ဆယ်ကျော်သက်တစ်ဦးရဲ့ နေ့စဉ်ဘဝကို စတင်အကျိုးသက်ရောက်ပါတယ်။ ဒါကို delayed sleep phase syndrome လို့ခေါ်ပါတယ်။

အိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းဟာ အိပ်ရာဝင်ချိန်ကို ထိခိုက်စေနိုင်ပါတယ်။ ဆယ်ကျော်သက်တွေဟာ ညသန်းခေါင်အချိန်မှာ နိုးလာပြီး နောက်တစ်ဖန် အိပ်မပျော်နိုင်တော့တာကို ဖြစ်စေပါတယ်။ အိပ်ရေးမဝခြင်းက ဆေးလိပ်သောက်ခြင်း၊ အရက်၊ ကဖင်းဓါတ် လွန်ကျွံခြင်းတို့နှင့် တိုက်ရိုက်ဆက်နွယ်နေပါတယ်။ မကောင်းတဲ့ မိသားစုပတ်ဝန်းကျင်ကလည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆယ်ကျော်သက်တွေဟာ ဘာပြဿနာမှ မရှိဘဲ တစ်ခါတရံမှာ အိပ်မပျော်နိုင်ပါဘူး။ အိပ်မပျော်တာ တစ်လကျော်ကြာလာရင် ဆရာဝန်တွေက နာတာရှည် အိပ်မပျော်ခြင််းလို့ သတ်မှတ်ကြပါတယ်။ ကျန်းမာရေးအခြေအနေ (သို့) ဖုန်း၊ ကွန်ပျူတာ အလွန်အကျွံသုံးစွဲခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေနှင့် ပြသဖို့ အကြံပြုပါတယ်။

ခြေထောက် ဂနာမငြိမ်တဲ့ ရောဂါ

၎င်းဟာ သက်တောင့်သက်သာမရှိတာကြောင့် ခြေထောက်အလိုလို လှုပ်နေတဲ့ ရောဂါဖြစ်ပြီး အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ညဘက်ရောက်လာတာနှင့်အမျှ ပိုဆိုးလာတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အာရုံစူးစိုက်မှုအားနည်းတာနှင့် hyperactivity များကို ဖြစ်ပေါ်စေတာကြောင့် ဒီရောဂါရဲ့ အကျိုးဆက်ဟာ လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို များစွာ အကျိုးသက်ရောက်စေပါတယ်။

အိပ်ပျော်စဉ် အသက်ရှုကျပ်ခြင်း

အိပ်ပျော်နေစဉ်မှာ စက္ကန့်အနည်းငယ်လောက် အသက်ရှုရပ်တန့်စေသော ရောဂါဖြစ်ပါတယ်။ ညအချိန်မှာ အမြဲတမ်း မနိုးစေသော်လည်း အိပ်ရေးမဝတာဖြစ်စေပါတယ်။ ပင်ပန်းနွမ်းနယ်၊ စိတ်တိုလွယ်ပြီး အိပ်ရာထကြရပါတယ်။

အိပ်စက်ခြင်းပြဿနာတွေက ဆယ်ကျော်သက်အရွယ်ကို ဘယ်လိုအကျိုးသက်ရောက်စေသလဲ?

နာတာရှည် မောပန်းခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း
စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို လေးစားမှု နိမ့်ကျခြင်း
စိတ်အလိုမကျခြင်းနှင့် အခြားသူတွေနဲ့ အဆင်မပြေတဲ့ ပြဿနာများ

ဆယ်ကျော်သက်လေးတွေကို ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ဘယ်လိုကူညီမလဲ?

အချိန်ဇယား သတ်မှတ်ပေးပါ။။
ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အသုံးပြုခြင်းကို ကန့်သတ်ပါ
အပန်းပြေစေတဲ့ လှုပ်ရှားမှုတွေ အားပေးပါ။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here