ဆိုရှယ်မီဒီယာပေါ်မှာ မတင်သင့်တဲ့ ကလေးဓါတ်ပုံအမျိုးအစား (၅)မျိုး

0
1209
- Advertisement -

မိဘအများစုက သားသားမီးမီးတွေရဲ့ ဓါတ်ပုံလေးတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ချစ်စရာကောင်းတဲ့ ပုံလေးတွေကို အမှတ်တရရှိစေချင်လို့ပဲဖြစ်ဖြစ်၊ အခြားသူတွေကို မြင်စေချင်လို့ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်း ရှိနိုင်သော်လည်း ကလေးတွေရဲ့ တချို့ပုံတွေကိုတင်ခြင်းက သူတို့ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မေမေတို့ သတိထားမိစေဖို့ ဆိုရှယ်မီဒီယာအကောင့်အမျိုးမျိုးပေါ်မှာ မတင်သင့်တဲ့ ကလေးဓါတ်ပုံအမျိုးအစား (၅)မျိုးအကြောင်းကို မျှဝေပေးလိုက်ပါတယ်။’

၁။ ကလေး ဘယ်နေရာမှာ ပညာသင်ကြားနေတယ်ဆိုတဲ့ အရိပ်အမြွက်ပေးနိုင်သော ကျောင်းနှင့် သက်ဆိုင်တဲ့ပုံများ

ကျောင်းကို နောက်ခံထားတဲ့ ဓါတ်ပုံတွေက အပြစ်မဲ့တယ်လို့ ထင်ရပေမယ့် မဟုတ်ပါဘူး။ ကျောင်းဝတ်စုံ ဝတ်ဆင်ထားကြောင်း ပြသနေတဲ့ ဓါတ်ပုံတွေဟာ ပုံကိုကြည့်ပြီး ကလေးတတ်ရောက်နေတဲ့ ကျောင်းကို ဖော်ထုတ်နိုင်မယ့် မသမာသူတွေကို ဆွဲဆောင်နိုင်ပါတယ်။ ကျောင်းဝတ်စုံတင်မကပါဘူး။ ဓါတ်ပုံနောက်ခံရှိ အသေးစိတ်အဆောက်အအုံတွေ၊ ကျောင်းအဆောက်အဦး (သိ့) အားကစားကလပ်ရဲ့ တံဆိပ်တစ်ခုလိုမျိုးက သင့်ကလေးရဲ့ တည်နေရာအချက်အလက်တွေကို လုံလောက်စွာ ထုတ်ဖော်နိုင်ပါတယ်။

- Advertisement -

၂။ နာမည်ကတ်ပြားပါတဲ့ ဓါတ်ပုံတွေ

နာမည်ကတ်ပြားပါတဲ့ ကလေးရဲ့ဓါတ်ပုံတွေဟာ သူတို့ကို ထုတ်ဖော်နိုင်တဲ့ ဓါတ်ပုံအမျိုးအစားတစ်မျိုးပါ။ ဒီလိုပုံတွေကို မတင်သင့်ပါဘူး။ တကယ်လို့ တင်ခဲ့ရင်လည်း နာမည်နေရာနှင့် ပုံထဲမှာ တခြားကလေးတွေပါခဲ့ရင် မှုန်ဝါးအောင် လုပ်သင့်ပါတယ်။

၃။ ကလေးရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို ပြတဲ့ရုပ်ပုံများ

အင်တာနက်ပေါ်ကို ဓါတ်ပုံတင်လိုက်ပြီဆိုတာနဲ့ အဲဒါကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီပုံကို ဘယ်သူမြင်နိုင်လဲ၊ ဘယ်သူကူးယူနိုင်လဲ၊ share သွားနိုင်တယ်ဆိုတာ ကျွန်မတို့ မသိကြပါဘူး၊ ကလေးရဲ့ အဝတ်မပါတဲ့ပုံတွေ၊ တစ်စိတ်တစ်ပိုင်းသာ ဖုံးထားတဲ့ ပုံတွေကို တင်ခြင်းက အွန်လိုင်းသားကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ ဒီဓါတ်ပုံတွေကို အင်တာနက်ပေါ်မှာ တွေ့မြင်ပြီး ရှက်ရွံ့မှုကို ဖြစ်စေနိုင်ပါတယ်။

၄။ ဝုန်းဒိုင်းကြဲခြင်း (သို့) မကောင်းတဲ့ အပြုအမှုတွေကို ပြသတဲ့ ရုပ်ပုံများ

သင့်ကလေးကို အွန်လိုင်းပေါ်မှာ မြင်တဲ့အခါ ရှက်ရွံစိတ်ပျက်ပြီး စိတ်ရှုပ်စေနိုင်တဲ့ နောက်ပုံတစ်ပုံက သူတို့ရဲ့ အမူအကျင့် မကောင်းတဲ့ (သို့) အားနည်းချက်တွေကို ဖော်ပြထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ကလေး စိတ်သောက ရောက်ရခြင်းရဲ့ အကြောင်းရင်းကို မျှဝေတာက ရယ်စရာကောင်းပုံရသော်လည်း သင့်ကလေးအတွက် အဲဒီချိန်ဟာ တကယ့် ကံဆိုးမိုးမှောင်အချိန်ဖြစ်နိုင်တယ်ဆိုတာ၊ သူတို့ရဲ့ ခံစားချက်တွေကို မရယ်သင့်ဘူးဆိုတာ သတိရပါ။

၅။ တခြားကလေးတွေပါတဲ့ ဓါတ်ပုံတွေ

ကလေးရဲ့ identity ကို အွန်လိုင်းပေါ်မှ ကာကွယ်ဖို့ ကြိုးစားနေစဉ်မှာ တခြားကလေးတွေရဲ့ လုံခြုံမှုကို မမေ့ပါနဲ့။ အခြားကလေးတွေပါဝင်တဲ့ ဓါတ်ပုံတွေကို မတင်ပါနဲ့။ တကယ်လို့ တင်မယ်ဆိုရင် သူတို့ရဲ့မျက်နှာနှင့် သူတို့ရဲ့ identity (သို့) location ကို ဖော်ပြနို်ငတဲ့ တခြားအသေးစိတ်အချက်အလက်တွေကို မှုန်ဝါးပစ်လိုက်ပါ။

  • ကျောင်းအဆောက်အဦးနှင့် ကစားကွင်းတွေကို ဖယ်ထုတ်ပစ်ပါ
  • သင့်ကလေးရဲ့နာမည်ကတ်တွေ၊ ကျောင်းလွယ်အိတ်တွေပေါ်က ကလေးနာမည်ကို ဖုံးထားပါ။
  • ဓါတ်ပုံထဲမှာ အခြားကလေးတွရဲ့ မျက်နှာတွေကို မပြပါနဲ့

Chit_MayMay

LM_Nandar

Source-brightside

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here