ကလေးဆိုတာမျိုးက အတုခိုးလွယ်တတ်ကြတာပဲမလား? ကောင်းတဲ့အတုတွေကို သင်ယူတာက ပြဿနာမရှိပေမယ့် မကောင်းတဲ့ ဆိုးဝါးတဲ့အကျင့်ဆိုးတွေကို ထပ်တူလိုက်လုပ်နေရင်တော့ နောင်တချိန်အတွက် ပြဿနာရှိလာနိုင်ပါတယ်။ အခုဆောင်းပါးမှာဖော်ပြချင်တာက သင့်ဆီကမကောင်းတဲ့အကျင့်တွေကို သင့်ကလေးခိုးယူနေပြီဆိုရင် ပထမဆုံးအနေနဲ့သင်ဘာလုပါရမလဲဆိုတာပါပဲ။ကဲ..ဖတ်ကြည့်လိုက်ကြရအောင်နော်.
မိဘတွေကအနီးစပ်ဆုံးအတုယူစရာ

ကလေးဆိုတာကတော့ ဖေဖေ မေမေတွေနဲ့ပဲအနီးကပ်နေရတော့ သူတို့ကိုပဲတွယ်တာချစ်ခင်ကြ အတုယူတတ်ကြတာပေါ့။ ညဏ်ရည်နိမ့်တဲ့ကလေးတွေရောမြင့်တဲ့ကလေးတွေရော ဘယ်သူမဆို သူတို့နဲ့နီးစပ်တဲ့ လူတွေလုပ်တတ်တဲ့ အပြောအဆိုအကျင့်စရိုက်တွေ Behaviour ကိုလိုက်လုပ်တတ်ကြတာဆန်းတော့မဆန်းပါဘူး။
ဒါပေမယ့်သင့်ဆီအကျင့်ဆိုး တွေအတုခိုးရင်တော့သတိထားဖို့လိုလာပါပြီ။ ဆိုကြပါစို့ ကလေးကငိုတယ် သင်ကစိတ်ဖိစီးနေတ ယ် စိတ်အလွယ်တကူဆိုးတတ်တဲ့သူဆို အဲ့ဒီအကျင့်တွေက ကလေးတွေကိုပါကူးစက်သွားစေတတ်တာပါပဲ။

ပထမတော့ မသိသာပေမယ့်ကလေးက သူ့အဖေအမေ လုပ်တဲ့အတိုင်းတွေလိုက်လုပ် လိုက်ပြောတော့တာပါပဲ။ တချို့ကလေးတွေဆို ငယ်ငယ်လေးနဲ့အဆဲပေါင်းစုံတတ်နေပြီလေ။ တချို့ကလေးတွေဆို တခြားကလေးတွေကိုရန်သွားစကြ လက်နဲ့ ဒါမှမ ဟုတ် တုတ်နဲ့ရိုက်တာမျိုးတွေတောင်လုပ်တတ်ကြပါတယ်။
ဒါတွေကသူ့ပတ်ဝန်းကျင်က သူသင်ယူလိုက်တဲ့အရာတွေပါပဲ။ ဒါကြောင့်ကလေးတွေကို အေးချမ်းပျော်ရွှင်စေချင်တယ် ယဉ် ကျေးစေချင်တယ်ဆိုရင် သင့် Behaviour တွေကိုယ်အမူအရာ နှုတ်အမူအရာကို အများကြီးထိန်းကျောင်းဖို့လိုအပ်ပါတယ်
လွယ်တယ် ဒါပေမယ့်ခက်တယ်

စောနကအကြံပြုချက်ကလွယ်တယ်ထင်ရပေမယ့် တကယ်တမ်းလိုက်လုပ်ဖို့ကျတော့ အရမ်းခက်နိုင်ပါတယ်။ မိဘတွေဆိုတာကလည်း လူသားဖြစ်တဲ့အတွက် Behaviourတွေကိုထိန်းချုပ်ဖို့လွယ်လွယ်နဲ့တော့ဘယ်ရနိင်မှာလဲ?
ဒါပေမယ့်ကလေးကိုတကယ်ချစ်တယ်ဆိုရင်တော့ သင့်ခွန်အားနဲ့အပြုအမူတွေကို ထိန်းညှိဖို့ကြိုးစားကြည့်ပါ။ ကလေးတွေက သူမိဘတွေကိုပဲအာရုံစိုက်နေကြတာဖြစ်တဲ့အတွက် ခက်ပေမယ့် အသုံးဝင်မယ့်ဒီနည်းလမ်းလေးကိုပဲ သုံးကြည့်ပါနော်..
ကလေးကိုနားဝင်အောင်ပြောပြ

လက်တွေ့ကျတဲ့အကြံပြုချက်တွေအရဆို သင့်ကလေးက သင့်ဆီက မကောင်းတဲ့အကျင့်တွေကိုပုံတူကူးနေပြီဆို သူ့ကိုအဲ့ဒီအကျင့်တွေမကောင်းကြောင်းနားဝင်အောင်ပြောပြပါ။ သင့်ဘဝတလျောက်လုံးအဲ့ဒီအရာတွေက ပြဿနာဖြစ်စေခဲ့တယ် ဆုံးရှုံးစေခဲ့တယ်ဆိုတာတွေပြောပြပါ။
ဒါအပြင် အဲ့ဒီ Behaviour အကျင့်တွေကို ပြောင်းလဲဖို့ သင်ဘယ်လောက်ကြိုးစားခဲ့တယ် ကိုယ့်ကိုကိုယ်ဘယ်လိုစီမံခန့်ခွဲခဲ့တယ်ဆိုတဲ့နည် းဗျူဟာတွေမျှဝေပေးပါ။ ဒီလိုတွေမှမလုပ်ခဲ့ရင် သင့်ကလေးဟာ သင်ရုန်းကန်ခဲ့ရသလို ဆုံးရှုံးခဲ့ရသလို ဆုံးရှုံးမှုတွေနဲ့ကြုံလာရနိုင်ပါတယ်။ သူတို့ရဲ့အပြုအမူတွေပိုကောင်းလာစေဖို့ သင်အကူအညီပေးနိုင်ပါတယ် သူတို့အပြုအမူတွေကိုခြယ်လှယ်နိုင်ပါတ ယ်နော်။ ကလေးတွေကို ပေါ့ပေါ့ဆဆ ဒီတိုင်းမလွှတ်ထားလိုက်ပါနဲ့..
#Chit_May_May
#Mg_Htet
REF_Insider