ဆွေမျိုးဖြစ်နေရင်တောင် ကလေးကို အတင်းဖက် (သို့) နမ်းခိုင်းတာက မှားပါတယ်

0
80
- Advertisement -

လေ့လာမှုတစ်ခုအရ လူ (၃)ယောက်မှာ (၁)ယောက်လောက်သာ သဘောတူခွင့်ပြုချက်ဆိုတဲ့ ဝေါဟာရကို နားလည်ပါတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက သင်ကြားပေးရပါမယ်။ မိဘအတော်များများဟာ ကိုယ့်ကလေး ကြိုက်လားမသိ/မကြိုက်လားမသိဘဲ ဆွေမျိုးသားချင်းတစ်ယောက်ကို အတင်းဖက်ခိုင်း၊ နမ်းခိုင်းလေ့ရှိကြပါတယ်။ ဒါဟာ အပြစ်မဲ့တဲ့ အမူအယာတစ်ခုလို့ ထင်ရပေမယ့် အမှန်တကယ်တော့ မဟုတ်ပါဘူး။ ဒီလိုပြုလုပ်ခြင်းဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို သက်ရောက်စေပါတယ်။ ကလေးကို ချစ်ခင်တွယ်တာမှု အတင်းပြခိုင်းဟာ မကောင်းတဲ့ အယူအဆဖြစ်ကြောင်း သင်ကိုယ်တိုင်ဆုံးဖြတ်ဖို့ အချက်အလက်လေးတွေ စုဆောင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ လူကြီးတွေဖြစ်တဲ့အတွက် သူတို့ကို တို့ထိလို့ရတယ်လို့ ထင်သွားစေပါတယ်

ကလေးတွေဟာ မိဘတွေဆီကသာမက သူတို့ရဲ့ ပတ်ဝန်းကျင်ကိုပါ လေ့လာသင်ယူကြပါတယ်။ မိဘက သူတို့ သိယုံသာသိတဲ့ ဆွေမျိုးသားချင်းတွေအား သူတို့ကို တွေ့တဲ့အခါတိုင်း ပွေ့ဖက်ခွင့်၊ သူတို့ပါးလေးတွေ နမ်ခွင့်ပေးတဲ့အခါ သူတို့ဟာ ဒီလုပ်ရပ်ကို ပုံမှန်လုပ်ရပ်လို့ စတွေးပါလိမ့်မယ်၊ ဒါက ကလေးကို ကောင်းတဲ့ ထိတွေ့ခြင်းနဲ့ မကောင်းတဲ့ ထိတွေ့ခြင်းအကြား ခြားနားမှုကို သင်ကြားဖို့ ဘာ့ကြောင့် အရေးကြီးလည်းဆိုတာ ဖြစ်ပါတယ်။

- Advertisement -

၂။ သူတို့ရဲ့ အဆင်ပြေမှု/မပြေမှု နှင့် ပတ်သတ်ပြီး မိဘက ဂရုမစိုက်ဘူးလို့ သူတို့ကို ယုံကြည်သွားစေပါတယ်

သင့်ရဲ့ ဝေးကွာနေတဲ့ မိသားစုကို တွေ့ဆုံတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာပြသခြင်းဟာ သာမန်အယူအဆဖြစ်ပေမယ့် မေမေတို့ ကလေးဟာ ဒါနဲ့ စိမ်းနေသေးကြောင်း သတိရပါ။ တကယ်လို့ ကလေးဟာ သူတို့ရဲ့ အဒေါ်၊ ဦးလးကို ပွေ့ဖက်ဖို့ ငြင်းဆန်နေပြီး မိဘတွေက သူတို့ကို အတင်းအကျပ်ဖိအားပေးနေပါက သူတို့ရဲ့ အဆင်မပြေမှုကို ဂရုမစိုက်ဘဲ သူစိမ်းတွေကိုသာ သင်တန်ဖိုးထားကြောင်း စတွေးသွားပါလိမ့်မယ်။

၃။ ဆွေမျိုးသားချင်းတွေက မတော်မတရားပြုမယ့်သူတွေ မဖြစ်နိုင်ဘူးလို့ သင်ပေးသလို ဖြစ်စေပါတယ်

အစီရင်ခံစာတစ်ခုအရ အမှု ၇၀ရာခိုင်နှုန်းနီးပါးလောက်မှာ ကလေးတွေဟာ သူတို့ မိသားစုဝင်တွေရဲ့ စော်ကားခြင်းကို ခံရတာဖြစ်ပါတယ်။ သူတို့သိယုံသာ သိတဲ့သူတွေဆီကနေ အနမ်းခံ၊ အပွေ့ဖက်ခံရတာနှင့် အတင်းအကျပ်ခိုင်းခံရခြင်းဖြင့် အတင်းအဓမ္မချစ်တာက မမှားကြောင်း၊ တဖက်သတ် လုပ်လို့ရတဲ့ ကိစ္စတွေဆိုပြီး ယူဆနိုင်ပါတယ်။ ဆွေမျိုးသားချင်းတွေက ဘယ်တော့မှ မတော်မတရားပြုမယ့်သူတွေ မဟုတ်နိုင်ကြောင်း ကလေးတွေကို ယုံကြည်သွားစေပါတယ်။

၄။ သူစိမ်းတွေကို ယုံရမှာလား/မယုံရဘူးလားဆိုတာ သူတို့လေးတွေအတွက် စိတ်ရှုပ်စေပါတယ်

တစ်ချိန်တုန်းက သင်ဟာ ကလေးတွေကို သူစိမ်းတွေနဲ့ စကားမပြောဖို့၊ သူတို့ဆီက ဘာမှမယူဖို့ ပြောထားပေမယ့် သင်ဟာ သူတို့မသိတဲ့သူကို အနမ်းပေးခိုင်းမယ်ဆိုရင် သေချာပါတယ်။ ဒီအပြုအမှုတွေက ကလေးကို စိတ်ရှုပ်ထွေးစေပါတယ်။

၅။ သူတို့မှာ ချစ်ခြင်းမေတ္တာနဲ့ ရင်းနှီးမှု ပြသခြင်းကို ခုခံတွန်းလှန်ရတဲ့ အကြောင်းရင်းတစ်ခု ရှိနိုင်ပါတယ်

ကလေးတွေဟာ ကောင်းတာ၊ ဆိုးတာကို ခွဲခြားသိမြင်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ကလေးဟာ အခြားသူတစ်ယောက်ယောက်ရဲ့ ပွေ့ဖက်မှုကို ငြင်းဆန်နေရင်၊ သူတို့ကို ချီထားတိုင်း ငိုနေတယ်ဆိုရင် အဲဒီအတွက် အကြောင်းပြချက်ရှိနိုင်ပါတယ်။ ဆွေမျိုးက သူတို့အပေါ်မှာ အရင်တုန်းက တစ်ခုခုပြောခဲ့၊ လုပ်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်၊ ကလေးတွေကို အတင်းအကျပ်ခိုင်းမယ့်အစား ဧည့်သည်ပြန်သွားတဲ့အထိ စောင့်ဆိုင်းပြီးမှ သူတို့ရဲ့ ဆွေမျိုးတွေကို မဖက်လိုတဲ့ အကြောင်းရင်းကို အေးအေးဆေးဆေး မေးမြန်းပါ။ ဆွေမျိုးအရင်းကြီးပဲ ဖြစ်နေပါစေ ကလေးကိုယ်တိုင်က အလိုမရှိတဲ့အခါ အတင်းဖက်နမ်းခိုင်းတာ၊ ပေါင်ပေါ်ထိုင်ခိုင်းတာတွေ မလုပ်ခိုင်းသင့်ပါဘူးနော်။

Lifestyle_Myanmar

LM_Nandar

Zawgyi

ေဆြမ်ိဳးျဖစ္ေနရင္ေတာင္ ကေလးကို အတင္းဖက္ (သို႔) နမ္းခိုင္းတာက မွားပါတယ္
ေလ့လာမႈတစ္ခုအရ လူ (၃)ေယာက္မွာ (၁)ေယာက္ေလာက္သာ သေဘာတူခြင့္ျပဳခ်က္ဆိုတဲ့ ေဝါဟာရကို နားလည္ပါတယ္။ ကေလးေတြကို ငယ္ငယ္ကတည္းက သင္ၾကားေပးရပါမယ္။ မိဘအေတာ္မ်ားမ်ားဟာ ကိုယ့္ကေလး ႀကိဳက္လားမသိ/မႀကိဳက္လားမသိဘဲ ေဆြမ်ိဳးသားခ်င္းတစ္ေယာက္ကို အတင္းဖက္ခိုင္း၊ နမ္းခိုင္းေလ့ရွိၾကပါတယ္။ ဒါဟာ အျပစ္မဲ့တဲ့ အမူအယာတစ္ခုလို႔ ထင္ရေပမယ့္ အမွန္တကယ္ေတာ့ မဟုတ္ပါဘူး။ ဒီလိုျပဳလုပ္ျခင္းဟာ ကေလးအတြက္ စိတ္ပိုင္းဆိုင္ရာ ဆိုးက်ိဳးေတြကို သက္ေရာက္ေစပါတယ္။ ကေလးကို ခ်စ္ခင္တြယ္တာမႈ အတင္းျပခိုင္းဟာ မေကာင္းတဲ့ အယူအဆျဖစ္ေၾကာင္း သင္ကိုယ္တိုင္ဆုံးျဖတ္ဖို႔ အခ်က္အလက္ေလးေတြ စုေဆာင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ လူႀကီးေတြျဖစ္တဲ့အတြက္ သူတို႔ကို တို႔ထိလို႔ရတယ္လို႔ ထင္သြားေစပါတယ္

ကေလးေတြဟာ မိဘေတြဆီကသာမက သူတို႔ရဲ႕ ပတ္ဝန္းက်င္ကိုပါ ေလ့လာသင္ယူၾကပါတယ္။ မိဘက သူတို႔ သိယုံသာသိတဲ့ ေဆြမ်ိဳးသားခ်င္းေတြအား သူတို႔ကို ေတြ႕တဲ့အခါတိုင္း ေပြ႕ဖက္ခြင့္၊ သူတို႔ပါးေလးေတြ နမ္ခြင့္ေပးတဲ့အခါ သူတို႔ဟာ ဒီလုပ္ရပ္ကို ပုံမွန္လုပ္ရပ္လို႔ စေတြးပါလိမ့္မယ္၊ ဒါက ကေလးကို ေကာင္းတဲ့ ထိေတြ႕ျခင္းနဲ႔ မေကာင္းတဲ့ ထိေတြ႕ျခင္းအၾကား ျခားနားမႈကို သင္ၾကားဖို႔ ဘာ့ေၾကာင့္ အေရးႀကီးလည္းဆိုတာ ျဖစ္ပါတယ္။

၂။ သူတို႔ရဲ႕ အဆင္ေျပမႈ/မေျပမႈ ႏွင့္ ပတ္သတ္ၿပီး မိဘက ဂ႐ုမစိုက္ဘူးလို႔ သူတို႔ကို ယုံၾကည္သြားေစပါတယ္

သင့္ရဲ႕ ေဝးကြာေနတဲ့ မိသားစုကို ေတြ႕ဆုံတဲ့အခ်ိန္မွာ ခ်စ္ျခင္းေမတၱာျပသျခင္းဟာ သာမန္အယူအဆျဖစ္ေပမယ့္ ေမေမတို႔ ကေလးဟာ ဒါနဲ႔ စိမ္းေနေသးေၾကာင္း သတိရပါ။ တကယ္လို႔ ကေလးဟာ သူတို႔ရဲ႕ အေဒၚ၊ ဦးလးကို ေပြ႕ဖက္ဖို႔ ျငင္းဆန္ေနၿပီး မိဘေတြက သူတို႔ကို အတင္းအက်ပ္ဖိအားေပးေနပါက သူတို႔ရဲ႕ အဆင္မေျပမႈကို ဂ႐ုမစိုက္ဘဲ သူစိမ္းေတြကိုသာ သင္တန္ဖိုးထားေၾကာင္း စေတြးသြားပါလိမ့္မယ္။

၃။ ေဆြမ်ိဳးသားခ်င္းေတြက မေတာ္မတရားျပဳမယ့္သူေတြ မျဖစ္ႏိုင္ဘူးလို႔ သင္ေပးသလို ျဖစ္ေစပါတယ္

အစီရင္ခံစာတစ္ခုအရ အမႈ ၇၀ရာခိုင္ႏႈန္းနီးပါးေလာက္မွာ ကေလးေတြဟာ သူတို႔ မိသားစုဝင္ေတြရဲ႕ ေစာ္ကားျခင္းကို ခံရတာျဖစ္ပါတယ္။ သူတို႔သိယုံသာ သိတဲ့သူေတြဆီကေန အနမ္းခံ၊ အေပြ႕ဖက္ခံရတာႏွင့္ အတင္းအက်ပ္ခိုင္းခံရျခင္းျဖင့္ အတင္းအဓမၼခ်စ္တာက မမွားေၾကာင္း၊ တဖက္သတ္ လုပ္လို႔ရတဲ့ ကိစၥေတြဆိုၿပီး ယူဆႏိုင္ပါတယ္။ ေဆြမ်ိဳးသားခ်င္းေတြက ဘယ္ေတာ့မွ မေတာ္မတရားျပဳမယ့္သူေတြ မဟုတ္ႏိုင္ေၾကာင္း ကေလးေတြကို ယုံၾကည္သြားေစပါတယ္။

၄။ သူစိမ္းေတြကို ယုံရမွာလား/မယုံရဘူးလားဆိုတာ သူတို႔ေလးေတြအတြက္ စိတ္ရႈပ္ေစပါတယ္

တစ္ခ်ိန္တုန္းက သင္ဟာ ကေလးေတြကို သူစိမ္းေတြနဲ႔ စကားမေျပာဖို႔၊ သူတို႔ဆီက ဘာမွမယူဖို႔ ေျပာထားေပမယ့္ သင္ဟာ သူတို႔မသိတဲ့သူကို အနမ္းေပးခိုင္းမယ္ဆိုရင္ ေသခ်ာပါတယ္။ ဒီအျပဳအမႈေတြက ကေလးကို စိတ္ရႈပ္ေထြးေစပါတယ္။

၅။ သူတို႔မွာ ခ်စ္ျခင္းေမတၱာနဲ႔ ရင္းႏွီးမႈ ျပသျခင္းကို ခုခံတြန္းလွန္ရတဲ့ အေၾကာင္းရင္းတစ္ခု ရွိႏိုင္ပါတယ္

ကေလးေတြဟာ ေကာင္းတာ၊ ဆိုးတာကို ခြဲျခားသိျမင္ႏိုင္တယ္လို႔ ဆိုပါတယ္။ တကယ္လို႔ ကေလးဟာ အျခားသူတစ္ေယာက္ေယာက္ရဲ႕ ေပြ႕ဖက္မႈကို ျငင္းဆန္ေနရင္၊ သူတို႔ကို ခ်ီထားတိုင္း ငိုေနတယ္ဆိုရင္ အဲဒီအတြက္ အေၾကာင္းျပခ်က္ရွိႏိုင္ပါတယ္။ ေဆြမ်ိဳးက သူတို႔အေပၚမွာ အရင္တုန္းက တစ္ခုခုေျပာခဲ့၊ လုပ္ခဲ့တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္၊ ကေလးေတြကို အတင္းအက်ပ္ခိုင္းမယ့္အစား ဧည့္သည္ျပန္သြားတဲ့အထိ ေစာင့္ဆိုင္းၿပီးမွ သူတို႔ရဲ႕ ေဆြမ်ိဳးေတြကို မဖက္လိုတဲ့ အေၾကာင္းရင္းကို ေအးေအးေဆးေဆး ေမးျမန္းပါ။ ေဆြမ်ိဳးအရင္းႀကီးပဲ ျဖစ္ေနပါေစ ကေလးကိုယ္တိုင္က အလိုမရွိတဲ့အခါ အတင္းဖက္နမ္းခိုင္းတာ၊ ေပါင္ေပၚထိုင္ခိုင္းတာေတြ မလုပ္ခိုင္းသင့္ပါဘူးေနာ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here