
အိမ်ထောင်သက်တမ်းတွေ ဆယ်စုနှစ်တစ်ခုကြာလာပေမယ့်လည်း သင့်ဇနီးက သင့်ထံက မျှော်လင့်နေတဲ့အရာတွေကို ရှာဖွေဖို့ ကြိုးစားနေရတုန်းပဲလား။ ဒါမှမဟုတ် သင့်အိမ်ထောင်ရေးက ကနဦးအဆင့်မှာရှိနေပြီးတော့ သင်တို့နှစ်ယောက်လုံးအနေနဲ့ တစ်ချို့သော အဆင်မပြေမှုတွေကို သတိပြုမိနိုင်ပါတယ်။ တစ်ချို့ကိစ္စတွေက ရှုပ်ထွေးပုံပေါ်နေတာကြောင့် သင်သတိမထားမိတာမျိုးတွေရှိနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ ။ ဒီကနေ့မှာ Lifestyle_Myanmarကနေပြီးတော့ သင့်ဇနီးပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် သင်သိထားသင့်တဲ့ အခြေခံအချက်တွေကို မျှ၀ေဖော်ပြပေးထားပါတယ်။

၁။ သူမက သင့်ရဲ့ ပွင့်လင်းမှုနှင့် သီးသန့်အာရုံစိုက်မှုကို နှစ်သက်တယ်
အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ အဓိကသော့ချက်က ဆက်သွယ်ရေးပါပဲ။ ပွင့်ပွင့်လင်းလင်းပြောဆိုမှုတွေဆိုတာ နားလည်မှုလွဲမှားခြင်းကြားက ကွာဟမှုကို ပေါင်းစည်းပေးတဲ့အပြင် လုံခြုံမှုကိုလည်း ခံစားရစေတယ်။ သူမက သင့်ကိုမယုံဘူးလို့ မဆိုလိုပါဘူး။ သူမဖြစ်စေချင်တာက သူမကိုဆက်ဆံရေးနှင့် ပတ်သက်ပြီးတော့ ပိုမိုလုံခြုံမှုရှိစေဖို့ ကူညီပေးဖို့ ဆိုလိုခြင်းပါ။ ဒါ့အပြင် သင့်အနေနဲ့ သူမကိုအချိန်ပေးဖို့၊ စကားပြောပေးပြီးတော့ သူမအတွက် သီးသန့်အာရုံစိုက်မှုကိုပေးတဲ့အခါ သူမ တကယ်နှစ်သက်ပျော်ရွှင်ပါတယ်။ တကယ်လို့ သင်တစ်နေ့လုံးမအားဘူးဆိုရင်တောင် သင့်နားချိန်မှာ သူမရဲ့တစ်နေ့တာ အကြောင်းမေးပါ။ သူမနဲ့ စကားကောင်းကောင်းပြောပါ။

၂။ သူမအတွက် ကလေးတွေနှင့် အိမ်မှုကိစ္စတွေအတွက် အကူအညီအချို့ပေးပါ
ဇနီးအချို့က ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ မယုံနိုင်လောက်အောင် ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုကြပေမယ့်လည်း အများစုက
ကလေးတွေကို ဂရုစိုက်ဖို့နှင့် အိမ်မှုကိစ္စအချို့ကို ပြီးအောင်လုပ်ဖို့ မိမိတို့ခင်ပွန်းတွေကို အကူအညီတောင်းဖို့ တွန့်ဆုတ်ကြတယ်။ တကယ်လို့ သင့်ဇနီးက ဒီအကြောင်းကိုတစ်ခါမှ မပြောဘူးဆိုရင်တောင် သူကသင့်ကို တာ၀န်တစ်ချို့ကို ကူညီပေးရမယ်ဆိုတာ သိစေချင်တယ်။ ကလေးတွေနှင့် တွေ့ဆုံဖို့၊ သူတို့အိမ်စာကိုကူညီပေးဖို့ (သို့) သူတို့နှင့် ကစားဖို့ တစ်ပတ်မှာ နာရီအနည်းငယ်တော့ ဖယ်ထားနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေ ကူလှီးပေးခြင်း၊ သူမပိုပျော်အောင် ထမင်းဟင်းချက်တာလည်း လုပ်နိုင်ပါတယ်။ သူမ ရရှိနိုင်တဲ့ အကူအညီအားလုံးကို အမှန်တကယ်သုံးနိုင်တာကို သတိရပါ။ ဒါ့ကြောင့် သင်ပြုသမျှသော အသေးငယ်ဆုံးအရာတွေကပင် သူမအတွက် အလွန်အရေးပါနေပါလိမ့်မယ်။

၃။ သူမအနားယူချင်တယ်
သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ဘာ့ကြောင့် အရေးကြီးတယ်ဆိုတာ သင့်ဇနီးနားလည်သလိုပဲ သူမလည်း သူမသူငယ်ချင်းတွေနှင့် အမှီလိုက်ရမယ်ဆိုတာ သင်သိစေပါတယ်။ ဟုတ်ပါတယ်။ သင့်ဇနီးအနေနဲ့ သူမသူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ သင့်ခွင့်ပြုချက်တော့ မလိုအပ်ပါဘူး။ ဒါပေမယ့် သင်အလိုက်သိပြီး အားပေးမယ်ဆိုရင်တော့ သူမက သင့်ကိုပိုချစ်ပါလိမ့်မယ်။ သူမကို တစ်ရက်နားခွင့်ပေးပြီး သူမလိုချင်သလောက် မိသားစုနှင့် ဝေးဝေးနေပါစေ။ သူမလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ။

၄။ လိင်ဆက်ဆံခြင်းမတိုင်မီ ရင်းနှီးမှုကို မျှော်လင့်တယ်
ဒီလိုမျှော်လင့်ချက်တွေက လူတစ်ဦးနှင့် တစ်ဦးမတူညီနိုင်ပါဘူး။ ဒါပေမယ့် သင်လိင်ဆက်ဆံပြီးနောက်မှာ သင့်ဇနီးက ပျော်ရွှင်နေပုံမပေါ်ဘူးဆိုရင် သူမဟာ ရင်းနှီးမှုကို မျှော်လင့်ထားခြင်းဖြစ်နိုင်ပါတယ်။ သူမက သင့်ကိုသိစေချင်တယ်။ သူမကို သင်က ပွေ့ဖက်ပါ။ ပြီးရင် ရုပ်ရှင်တစ်ကားကို အတူတကွကြည့်ရှုနိုင်ပါတယ်။

၅။ သစ္စာတရား၊ ရိုးသားမှု၊ အမှန်တရားတွေကို သူမနှင့်အတူရှိစေချင်တယ်
သင့်ဇနီးရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းကို ဖြေရှင်းဖို့မလိုအပ်ပါဘူး။ သူမက သူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့(သို့) သူမရဲ့ပြဿနာတွေအကြောင်း ပြောဆိုလိုတဲ့နေ့ရက်တွေရှိလာပါလိမ့်မယ်။ သူမက သင့်အကြံဉာဏ် (သို့) အကူအညီတွေကို တောင်းကောင်းတောင်းလာပါလိမ့်မယ်။ ဒါပေမယ့် မရဘူးဆိုရင်လည်း သူမကို ထုတ်ဖော်ပြောဆိုပြီး သူမရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပေးပါ။ ရိုးရှင်းတဲ့အရာတစ်ခုခုက သူမကိုပိုကောင်းအောင်ကူညီပေးနိုင်ပါတယ်။

၆။ သူမကို ယဥ်ကျေးစေလိုတယ်၊ တန်ဖိုးထားစေလိုတယ်
ဒီတစ်ခုမှာ အသိပညာ ဗဟုသုတမလိုအပ်ပါဘူး။ သင့်ဇနီးက သူမကိုယဥ်ကျေးသိမ်မွေ့စွာ ပေါင်းသင်းဆက်ဆံစေလိုပြီး သူမဆက်ဆံရေးမှာသူမကြိုးပမ်းမှုတွေကို တန်ဖိုးထားလေးမြတ်စေလိုတယ်။ ကော်ဖီတစ်ခွက်သောက်ပြီးတဲ့အခါတိုင်းနှင့် ညစာစားပြီးတဲ့တိုင်း ”ကျေးဇူးတင်ပါတယ်”လို့ ရိုးရိုးလေးပြောနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒီအမူအယာတွေဟာ သင့်ဇနီးအပေါ် သူတို့ရဲ့မှော်အတတ်ကို ကျိန်းသေအကျိုးသက်ရောက်စေမှာပါ။

၇။ သူမကို ချစ်ကြောင်း သေချာချင်တယ်
”မင်းကို ချစ်တယ်”လို့ ပြောတာကို သင့်ဇနီးက ဘယ်တော့မှ မငြီးငြူပါဘူး။ အကြိမ်အနည်းငယ်ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုနေပေမယ့်လည်း သူမမျှော်လင့်ထားတဲ့ အနည်းဆုံးအချိန်တွေမှာ သူမအား သင့်ချစ်ခြင်းမေတ္တာကို သေချာစေပါ။

၈။ သင့်ကို အရေးကြီးတဲ့နေ့ရက်တွေကို မှတ်မိစေလိုတယ်
သင်တို့ရဲ့ နှစ်ပတ်လည်နေ့ မျိုး၊ ကလေးမွေးနေ့လိုနေ့မျိုးတွေဟာ မေ့သင့်တဲ့နေ့ရက်တွေမဟုတ်ပါဘူး။ သင်မေ့သွားမယ်ဆိုရင်တောင် သင့်ဇနီးက ကျယ်ကျယ်ပြန့်ပြန့်တော့ ပြန်ပြောချင်မှ ပြောပါလိမ့်မယ်။ ဒါပေမယ့် သင့်ကို အရေးကြီးတဲ့နေ့ရက်တွေကို မှတ်မိစေလိုတယ်။ တကယ်လို့ သင့်စိတ်က ရက်စွဲတွေကိုမှတ်မိဖို့ အရမ်းအလုပ်များလွန်းတယ်ဆိုရင်လည်း သူမနားလည်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ မေ့တတ်တယ်ဆိုရင် သင်လုပ်နိုင်ဆုံးအရိုးရှင်းဆုံးအရာက သင့်ပြက္ခဒိန် (သို့) သင့်ဖုန်းမှာသတိပေးချက်တစ်ခုထားရှိခြင်းပါပဲ။

၉။ သူမဟာ အမြဲတမ်းပြည့်စုံသူမဖြစ်နိုင်ကြောင်းသိစေချင်တယ်
ဒီတစ်ခုက တော်တော်လေးအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဇနီးကို သင့်ပတ်၀န်းကျင်က သူမဆိုတာဖြစ်ခွင့်ပေးလို့ပါ။ သူမက သင့်ကို သူမဟာ ခပ်သိမ်းသောအချိန်မှာ ပြီးပြည့်စုံသော မိန်းမမဖြစ်နိုင်ကြောင်း၊ သူမပျက်ကွက်တဲ့နေ့ရက်တွေရှိလာနိုင်သလို ပြိုလဲသွားနိုင်တဲ့နေ့ရက်တွေလည်း ရှိနိုင်လို့ပါ။ အဲ့လိုအချိန်မှာ သင်နှင့် သင်ရဲ့အထောက်အပံ့ကို အများဆုံးလိုအပ်ပါတယ်။ သူမက သူမရဲ့အားနည်းချက်တွေကိုအထိခိုက်မခံခြင်းနှင့် အကဲဖြတ်ခြင်းမရှိတာကြောင့် သင့်ကို တန်ဖိုးထားလာပါလိမ့်မယ်။

၁၀။ သူမက သင့်အတွင်းစိတ်မှာ မိတ်ဆွေတစ်ယောက်ထပ်ရှာတယ်
သင့်ဇနီးမှာ မိတ်ဆွေသူငယ်ချင်းအများကြီးရှိရင်တောင်မှ သင့်ကို လုံး၀ရင်းနှီးချင်တယ်။ သူမရဲ့ တစ်နေ့တာကုန်ဆုံးချိန်၊ တစ်ပတ်တာကုန်ဆုံးချိန်မှာ သူမနှလုံးသားကို ဖွင့်ဟချင်ပါလိမ့်မယ်။ ပျော်ရွှင်စရာ ဒါမှမဟုတ် ကျီစားစရာအကြောင်းအရာတွေရောပေါ့။ သင်သူမရဲ့မိတ်ဆွေဖြစ်လာတဲ့အခါ ခင်ပွန်းဆိုတဲ့ခေါင်းစဥ်ကို ခဏဘေးဖယ်ပြီး ဆယ်သွယ်ရေးကွာဟမှုတွေကို ညင်သာစွာ ပေါင်းကူးပေးပါလိမ့်မယ်။
အထက်မှာ ပြောထားတဲ့တစ်ချို့အချက်အလက်တွေက သင့်အိမ်ထောင်ရေးကို အမှန်တကယ်ပြောင်းလဲစေပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ သင့်ဇနီးပတ်သက်လာရင် သတိထားပြီး စဥ်းစားပါ။ အတူတူအလုပ်လုပ်ပြီး သင့်လက်ထပ်ထိမ်းမြားမှုတွေ တိုးတက်လာတာကို အရသာခံကြည့်ပါဦး။
Chit_May_May
Nyein_Thu
Ref-parenting.firstcry.