ဇနီးတစ်ယောက်ထက် မိခင်တစ်ယောက်ဖြစ်ခြင်းရဲ့ လက္ခဏာ (၅) ခု

0
112

မိခင်တစ်ယောက်ဆိုတာ သဘာဝအရ မိမိရဲ့ကလေးတွေအပေါ် ပိုအာရုံစိုက်ရပါတယ်။ ဟုတ်ကဲ့ နေရာမှာ ဇနီးတစ်ယောက်ဆိုတာထက် မိခင်တစ်ယောက်ဖြစ်ခြင်းရဲ့လက္ခဏာ (၅) ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ သင်ဟာ ကလေးတွေနဲ့အတူ အချိန်ဖြုန်းနိုင်တယ်

သင်ဟာ ကလေးတွေမရှိခင်အချိန်အထိ သင့်ခင်ပွန်းအတွက် အချိန်ပေးနိုင်ခဲ့ပါတယ်။ သင့်ရဲ့ကလေးတွေက သင့်ကမ္ဘာကို ရောက်လာတဲ့အခါမှာတော့ သူတို့ဟာ သင့်ရဲ့ အဓိကဦးစားပေးဖြစ်လာခဲ့ပါတယ်။ သူတို့မွေးကင်းစကနေ နောက်ဆုံးအတန်းပညာတွေပြီးဆုံးသည်အထိ သင့်ရဲ့ အချိန်တွေကို သင့်ရဲ့ကလေးတွေကသာ ပိုင်ဆိုင်သွားကြပါတယ်။ စနေ ၊ တနင်္ဂနွေလို နေ့ရက်မျိုးတွေမှာ ခင်ပွန်းအတွက်အချိန်ပေးနိုင်တယ်ဆိုပေမယ့် ကလေးတွေအတွက်တော့ဘယ်လိုအချိန်မှာမဆို အတူအချိန်ဖြုန်းပေးရပါလိမ့်မယ်။

၂။ သင့်ရဲ့ ခင်ပွန်း ကြိုက်တာတွေပဲ ချက်တော့မှာ မဟုတ်ဘူး

သင့်ကလေးတွေအတွက် ဟင်းအမယ်မျိုးစုံချက်ပြုတ်ပါလိမ့်မယ်။ သင့်ခင်ပွန်းက ဒီလိုဟင်းတွေသူမကြိုက်ကြောင်း ပြောတဲ့အခါ သင်က တစ်ချိန်လုံးပင်ပင်ပန်းပန်းချက်ပြုတ်ပြီးကြောင်း၊ စားဖိုမှူးလည်း မဟုတ်ကြောင်း နှင့် သင့်ရဲ့ အိမ်ဟာ ဟိုတယ်မဟုတ်ကြောင်း ချက်ချင်းပြန်ပြောမိပါလိမ့်မယ်။ အဲ့ဒီလိုပြောလိုက်မိခြင်းအတွက်လည်း တိတ်တဆိတ်နောင်တရမိနိုင်ပါတယ်။ ဒါပေမယ့် နောက်တကြိမ်မီးဖိုချောင်ကိုလည်း ပြန်ဝင်ပေးပါလိမ့်မယ်။ ဒါဟာ ဇနီးတစ်ယောက်ဆိုတာထက် မိခင်တစ်ယောက်ဖြစ်လာခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

၃။ ခင်ပွန်းနဲ့ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်မနေနိုင်တော့ဘူး

သင့်ရဲ့ အမျိုးသားက အိမ်ထဲဝင်လာတဲ့အခါ သူ့ရဲ့ ဇနီးကိုကြည့်ပြီး ပင်ပန်းနွမ်းနယ်နေခြင်း၊ ချွေးတလုံးလုံးနဲ့ မောပန်းနေခြင်း (သို့) ဒေါသတွေထွက်နေတယ်လို့ မြင်နေသလာ? ဒါဟာ မိခင်ဖြစ်လာပြီး အမျိုးသမီးတွေမှာ ကြုံတွေ့ရလေ့ရပါတယ်။ ဒါ့ကြောင့် တစ်ချို့မိခင်တွေဟာ ပျော်ရွှင်မှုတွေနဲ့ ဝေးကွာရနိုင်ပါတယ်။ ဒါ့ကြောင့် အချစ်ဇာတ်လမ်းတွေကို မေ့လျော့နေနိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့ ပုံစံမျိုးမတွေ့ရဘူး

အမေတစ်ယောက်ဟာ မိတ်ကပ်တွေ၊ ရေမွှေးတွေအစား ကလေးရဲ့ ပစ္စည်းတွေကို ကြည့်ရှုစောင့်ရှောက်ဖို့နှင့် ကလေးရဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေးကို ပိုဂရုစိုက်ပါတယ်။ ဒါ့အပြင် ညဘက်တွေမှာလဲ ခင်ပွန်းထက် သားသမီးတွေဆီမှာပဲ ပိုအာရုံရောက်နေပါလိမ့်မယ်။ ဒါဟာ ဇနီးတစ်ယောက်ထက် မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။

၅။ မိခင်တစ်ယောက်လိုပဲ ပြုမူတယ်

သင့်ဟာ သင့်ကလေးတွေအတွက်သာမက သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ပတ်သက်ပြီးတော့ မိခင်တစ်ယောက်လိုပါပဲ။ တစ်ဆက်တည်း သင့်အမျိုးသားအတွက်ဆို ပိုဆိုးပါတယ်။ သင့်ခင်ပွန်းက တစ်အိမ်လုံးကို ငွေကြေးထောက်ပံ့နေစဉ်ဟာ သင်ဟာလည်း တစ်အိမ်လုံးကို ပခုံးထမ်းထားရသူတစ်ဦးဖြစ်ပါတယ်။ သင့်ခင်ပွန်းက အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်ပေမယ့် သူ့ကို အိပ်ရာခင်းပေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်ရှုစောင့်ရှောက်ပေးတယ်။ ဒါဆိုရင် ဇနီးတစ်ယောက်ဆိုတာထက် သင်ဟာ မိခင်တစ်ယောက်ပါပဲ။

Chit_May_May

Nyein_Thu

Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here