
လူတစ်ယောက်မွေးဖွားတဲ့လဟာ အဲ့ဒီလူရဲ့ ပင်ကိုစရိုက်နဲ့ ဆက်စပ်နေတတ်ပါတယ်။ အချို့ပညာရှိတွေကလည်း မွေးလပေါ်မှာမူတည်ပြီး လူတစ်ယောက်ရဲ့ အကျင့်သဘာဝ၊ အပြုအမူနဲ့ သဘောထားတွေကို အကဲခတ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေ့မှာတော့ ဇွန်လဖွား ကလေးတွေ အများစုမှာ ရှိတတ်တဲ့ ထူးခြားသော ပင်ကိုယ်စရိုက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ သူတို့မှာ အပြုသဘောဆောင်တဲ့ သဘောထားရှိပါတယ်
ဇွန်လမှာ မွေးဖွားသူတွေဟာ အခြားလတွေမှာ မွေးဖွားသူတွေထက် အကောင်းမြင်တတ်ကြပါတယ်။ မေမေတို့ကလေးဟာ ဘဝနှင့်ပတ်သက်တဲ့ အကောင်းမြင်စိတ် မွေးမြူနိုင်ဖွယ်ရှိပါတယ်။ သူတို့ရဲ့ birthstone ကတော့ ပုလဲဖြစ်ပါတယ်။

၂။ နိုဘယ်ငြိမ်းချမ်းရေးဆုကို သေချာပေါက်နီးပါး ဆွတ်ခူးနိုင်မှာပါ
ဇွန်လဖွားကလေးတွေဟာ နိုဘယ်ဆုရှင်တွေ ဖြစ်နိုင်ချေရှိပါတယ်။ သူတို့မှာ အလားအလာအများကြီးရှိပြီး သာမာန်အရာတစ်ခုခုအတွက် ကျေနပ်နေမှာ မဟုတ်တာ သေချာပါတယ်။ သူတို့အများစုက အောင်မြင်သူတွေ ဖြစ်ကြပြီး သူတို့ရည်မှန်းထားတဲ့ အရာတွေ မရမချင်း စိတ်မလျှော့တတ်ကြပါဘူး။
၃။ သူတို့မှာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးတွေ အများကြီးရှိပါတယ်
ဇွန်လဖွားကလေးတွေဟာ စူးစမ်းလိုစိတ်ရှိပြီး သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေနှင့် ပတ်သတ်ပြီး တတ်နိုင်သမျှ သိချင်ကြပါတယ်။ သူတို့စိတ်ထဲမှာ စိတ်ကူးသစ်တွေ၊ အတွေးတွေ အဆက်မပြတ် တောက်လောင်နေတာကြောင့် တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ ခက်ခဲနိုင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ကောင်းစွာကြိုတင်စီစဉ်ထားသော plans တွေကို လုပ်ဆောင်ချက်အဖြစ် အကောင်အထည်ဖော်ရတာကို နှစ်သက်ပါတယ်။ သူတို့ဟာ ဖန်တီးစိတ်ရှိသူ ၊ လျှပ်တပြက် တွေးခေါ်တတ်သူတွေ ဖြစ်ကြပါတယ်။

၄။ အကောင်းဆုံးကို ရှာတတ်ကြပါတယ်
တဖက်မှာတော့ ဇွန်လမှာ မွေးတဲ့ကလေးတွေဟာ သူတို့လိုချင်တာဘာလဲ? ဘယ်လိုရယူမလဲ?ဆိုတာကို ရှင်းရှင်းလင်းလင်းသိကြပါတယ်။ အခြားတစ်ဖက်မှာ သူတို့ဟာ သူတို့လိုချင်တဲ့အရာ အသေးစိတ်နှင့် ပတ်သတ်လို့ အလွန်အမင်း ဇီဇာကြောင်နိုင်ပြီး အပေးအယူတစ်ခုကို လက်ခံဖို့ ခက်ခဲစေပါတယ်။ အစီအစဉ်အတိုင်း အဆင်မပြေတဲ့အခါ သူတို့ရဲ့ စိတ်ပျက်မှုတွေကို ရင်ဆိုင်ဖို့ သင်ယူရပါလိမ့်မယ်။
၅။ သူတို့ဟာ ထူးထူးခြားခြား ပင်ကိုယ်ဉာဏ်ကို ပိုင်ဆိုင်ပါတယ်
မေမေတို့ကလေးဟာ ထက်မြက်တဲ့ ထိုးထွင်သိမြင်နိုင်စွမ်းရှိပါလိမ့်မယ်။ ဇွန်လမှာ မွေးဖွားသူတွေဟာ သူတို့ရဲ့ ရိုးသားမှုကြောင့် လူသိများပါတယ်။ သူတို့ပတ်ဝန်းကျင်ရှိလူတွေအတွက် မျှော်လင့်ချက် မြင့်မြင့်ထားတတ်ကြတာက အံ့သြစရာတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးက မရိုးသားဘူးလို့ သံသယရှိလာတဲ့အခါ သူတို့နဲ့ ခပ်ခွာခွာနေလာပါတယ်။

၆။ ခံစားချက်အပြောင်းအရွှေ့တွေကို ဖြတ်သန်းကြပါတယ်
ဇွန်လဖွားကလေးတွေဟာ သူတို့ရဲ့ ရှုပ်ထွေးတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် အမျိုးအစားခွဲခြားသတ်မှတ်ဖို့ ခက်ခဲပါတယ်။ ရလဒ်အနေဖြင့် သူတို့ဟာ တစ်နေ့တာလုံးမှာ ကျယ်ပြန့်သော စိတ်ခံစားချက်တွေကို ပြသနိုင်ပါတယ်။ ဇွန်လဖွားတွေဟာ အခြားသူတွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်လာတာနှင့်အမျှ သူတို့ဟာ နောက်ဆုံးမှာ ဒီကိုယ်ရည်ကိုယ်သွေးစရိုက်ကို handle လုပ်ဖို့ ကြိုးစားကြပါလိမ့်မယ်။
၇။ သူတို့ဟာ အသိအကျွမ်းသစ်တွေ ရရှိခြင်းကို နှစ်သက်ကြပါတယ်
ဇွန်လမှာ မွေးဖွားတဲ့ကလေးတွေက ဖော်ဖော်ရွေရွေနေလေ့ရှိသူ၊ extrovert တွေလို့ ယုံကြည်ကြပါတယ်။ ဇွန်လဖွားကလေးတွေမှာ ညှို့ဓါတ်ပါသော ကိုယ်ရည်ကိုယ်သွေးရှိပြီး ရွှေနှလုံးသားပိုင်ရှင်တွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ လူမှုဆက်ဆံရေး မြင့်မားကြပါတယ်။ ဒီကာလအတွင်း မွေးဖွားသူဆိုရင် မေမေတို့ ကလေးကို သူတို့ရဲ့ မိသားစုဝင်တွေကို စာနာတတ်ဖို့၊ ပေါင်းသင်းဆက်ဆံတတ်ဖို့ မျှော်လင့်လို့ရပါတယ်။

၈။ သူတို့မှာ စွန့်စားလိုစိတ်ရှိကြပါတယ်
ဇွန်လဖွားကလေးတွေမှာ ရှိတတ်ကြတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကတော့ အခွင့်အရေးကို ရယူလိုစိတ်ရှိတာပါ။ သူတို့ဟာ သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအကြောင်းကို စူးစမ်းချင်စိတ်ရှိကြပါတယ်။ သူတို့ဟာ အန္တရာယ်တွေကို တွက်ချက်ပြီး အသစ်အသစ်တွေကို ရှာဖွေရတာ နှစ်သက်ကြတဲ့ စွန့်စွန့်စားစားသူတွေ ဖြစ်ပါလိမ့်မယ်။ စွန့်စားမှုကို နှစ်သက်ခြင်းက ဇွန်လဖွား ကလေးတွေရဲ့ အထင်ရှားဆုံး ကိုယ်ရည်ကိုယ်သွေး တစ်ခုဖြစ်တာကြောင့် ထူးခြားတဲ့ ခေါင်းဆောင်တွေ ဖြစ်တတ်ကြပါတယ်။
၉။ သူတို့ဟာ စေ့စပ်ညှိနှိုင်းရေးသမားတွေ ဖြစ်ကြပါတယ်
မေမေတို့ကလေးက ဇွန်လမှာ မွေးဖွားသူဆိုရင် သူတို့ဟာ ငယ်ရွယ်စဉ်မှာ ဆင်ခြင်သုံးသပ်ဖို့ စိန်ခေါ်မှုရှိနိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ အောင်မြင်တဲ့ အလုပ်အကိုင်တွေရရှိဖို့ မျှော်လင့်ထားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စရိုက်လက္ခဏာတွေက လိမ္မာပါးနပ်မှုနဲ့ သံတမန်ရေးရာကို မျက်နှာသာပေးတတ်တာကြောင့်ပါ။ သူတို့ဟာ မှန်ကန်တဲ့ အကြောင်းတရားတွေအတွက် တိုက်ပွဲဝင်ပြီး မတရားမှုတွေကို ရင်ဆိုင်ရဲသူ ကြံ့ခိုင်ပြီး စည်းကမ်းရှိတဲ့ လူကြီးတွေ ဖြစ်လာပါလိမ့်မယ်။ သူတို့ရဲ့ ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးနဲ့ အငြင်းအခုံတွေကို ပိုင်းခြားနိုင်စွမ်းရှိခြင်းက စေ့စပ်ညှိနှိုင်းမှု အများစုကို အောင်နိုင်မှာ ဖြစ်ပါတယ်။
၁၀။ သူတို့ကိုယ်တိုင်က ရယ်စရာကောင်းပါတယ်
ဇွန်လဖွားကလေးရဲ့ ဟာသကို နားမလည်မှာ စိုးရိမ်နေရင် စိတ်မပူပါနဲ့။ သူတို့ကြီးပြင်းလာတာနှင့်အမျှ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားတဲ့ ပုံစံကို ဖွံ့ဖြိုးစေတာကြောင့် တခြားသူတွေ သူတို့နဲ့ ရင်းနှီးဖို့ ပိုလွယ်လာပါတယ်။ သူတို့ရဲ့ ဟာသဉာဏ်က သာမန်လူတွေထက် ထူးခြားတဲ့ ဘဝအမြင်ကြောင့်ပါ။
ဇွန်လဖွားတစ်ဦးရဲ့ မိဘဖြစ်ခြင်းဆိုတာက ပျော်ရွှင်ရယ်မောခြင်းတွေဖြင့် ပြည့်နှက်နေတဲ့ ဘဝတစ်ခုအတွက် မှတ်ပုံတင်ခြင်းပင်ဖြစ်ပါတယ်။ ကလေးတိုင်းက ထူးခြားပြီး ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေ ပိုင်ဆိုင်ထားကြပေမယ့် တစ်ခါတစ်ရံမှာ မေမေတို့ကလေးနဲ့ တစ်လတည်းမွေးဖွားသူတွေကြား တူညီမှုတွေကို ရှာဖွေဖို့ ရုန်းကန်ရနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီလိုနေရောင်ခြည်လေးတွေ ရှိနေလို့ ကံကောင်းပါတယ်။ သူတို့က သင့်မျက်နှာပေါ်မှာ တစ်နေ့တာလုံးအပြုံးကို ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။
Chit_MayMay
Nandar
Source-momjunction.