ဉာဏ်ရည်ထက်မြက်ပြီး ချက်ချာပါးနပ်တဲ့ ကလေးငယ်တွေဖြစ်စေဖို့အတွက်

0
335
- Advertisement -

ကိုယ့်ရဲ့သားသမီးကို ပြုစုပျိုးထောင်ရာမှာ မိဘတစ်ယောက်အနေနဲ့ တခြားသူတွေထက်ကိုပိုပြီးတော့ တော်စေတတ်စေချင်ကြတာချည်းပါပဲ။ ကမ္ဘာပေါ်က မိဘတိုင်းဟာ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြသလို သူတို့လေးတွေ အောင်မြင်ထွန်းတောက်နေတာကိုပဲ မြင်ချင်ကြသူတွေချည်းပဲဖြစ်ပါတယ်။ အခုလိုတော်တတ်၊ ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ကို ပျိုးထောင်နိုင်ဖို့အတွက် အကောင်းဆုံးလုပ်ရမယ့်အရာကတော့ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးဖို့၊ နေ့စဥ်အလုပ်ကိစ္စလေးတွေ၊ အလေ့အကျင့်ကောင်းလေးတွေ မွေးမြူပေးဖို့ပဲဖြစ်ပါတယ်။

စာဖတ်အောင်တိုက်တွန်းပါ

နေ့စဥ်နေ့တိုင်း ကလေးကို စာဖတ်ပြပေးခြင်းဖြင့် ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သူတို့ရဲ့ စကားလုံးစွမ်းရည်၊ ဥာဏ်ရည်ဥာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာ အနှောင်အဖွဲ့တို့ကို ဖွံ့ဖြိုးစေရန်အတွက် ကူညီပေးပါတယ်။ ကလေးက အရွယ်နည်းနည်းကြီးလာပြီဆိုရင် စာဖတ်ဖို့အတွက် သူတို့ဘာသာသူတို့ ရွေးချယ်နိုင်အောင်ခွင့်ပြုပါ။ သူတို့ဘာဖတ်ချင်လဲဆိုတာကို မိဘတွေကိုပြောဖို့အတွက် တက်ကြွနေပါလိမ့်မယ်။

- Advertisement -

စာအုပ်တွေအကြောင်းပြောပါ

ကလေးတွေငယ်သေးချိန်မှာ စာအုပ်တွေကြည့်ရင် ဘာတွေမြင်လဲဆိုတာမေးကြည့်ပါ။ အရွယ်ကြီးပြီဖြစ်တဲ့ ကလေးတွေကတော့ စာအုပ်နဲ့ပတ်သက်လို့ သူတို့ဘယ်လိုတွေးလဲ၊ ဘယ်လိုမြင်လဲဆိုတာကို ပြောပြနိုင်ပါတယ်။ စိတ်ကူးစိတ်သန်းတွေ ဖော်ထုတ်နိုင်ဖို့အတွက် “စ”မှတ်အနေနဲ့ စာဖတ်ခြင်းကိုထားရှိပါက ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အားအင်ဖြစ်စေပါလိမ့်မယ်။

နေ့စဥ်ဘဝရဲ့ အကြောင်းအရာလေးတွေကို စကားစမြည်ပြောပါ

သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ နေ့စဥ်အကြောင်းအရာလေးတွေက လူကြီးတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းမှာမဟုတ်နိုင်ပါဘူး။ သို့သော်လည်း ကလေးတစ်ယောက်အနေနဲ့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေလဲနဲ့ပတ်သက်ပြီး လေ့လာသင်ယူနေဆဲဖြစ်ပြီး အရာရာတိုင်းက သူတို့အတွက် အသစ်အဆန်းတွေ၊ စိတ်ဝင်စားစရာတွေ ဖြစ်နေတယ်ဆိုတာကို ဘယ်တော့မှမမေ့လိုက်ပါနဲ့။ ဒီနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပုံပြင်လေးတစ်ခုလို ပြောပြတာ၊ ဈေးဝယ်ထွက်ရင်း ဘာတွေလုပ်ခဲ့ရင်ဆိုတဲ့အကြောင်း စသဖြင့် ပြန်ပြောပြပေးခြင်းက သတိမထားမိလိုက်ဘဲ ကလေးတွေသင်ယူနိုင်အောင် လုပ်ဆောင်ရာရောက်ပါတယ်။

ဖုန်းအသုံးပြုချိန်၊ တီဗွီကြည့်ချိန်ကန့်သတ်ပါ

အရွယ်ကြီးပြီဖြစ်တဲ့ ကလေးတွေကိုတော့ တီဗွီနည်းနည်းပါးပါး ကြည့်ခိုင်းတာ၊ ဂိမ်းကစားခိုင်းတာ၊ ဖုန်းအသုံးပြုခိုင်းတာလောက်က ပြဿနာမရှိနိုင်ပါဘူး။ အင်တာနက်ကတဆင့် အမျိုးမျိုးသော သင်ယူနိုင်ရာ အကြောင်းအရာတွေ၊ အခြေအနေအရပ်ရပ်တွေ မျိုးစုံရှိတဲ့အတွက် တစ်ခါတစ်လေကျရင် ကိုယ့်အတွက်တောင် ပြန်ပြီးအကျိုးဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အသက်ငယ်ရွယ်တဲ့ကလေးကို Screen အသုံးပြုခွင့်ပေးတော့မယ်ဆိုရင် စဉ်းစားဖို့လိုအပ်လာပြီဘဲဖြစ်ပါတယ်။
ပညာရှင်များက အသက် ၂ နှစ်အောက် ကလေးတွေဆိုရင် Screen လုံးဝမပြသင့်ကြောင်း၊ အသက် ၂ နှစ်အထက် ကလေးတွေကိုတော့ ၁ နာရီ သို့မဟုတ် ၂ နာရီသာ အသုံးပြုခွင့်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။

ဖန်တီးနိုင်စွမ်းရည်ကို တွန်းအားပေးပါ

ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေ၊ ဆေးရောင်ခြယ်ပုံလေးတွေက မိဘတွေအတွက်တော့ ဈေးကြီးတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ။ ကလေးတွေကို ပန်းချီဆွဲဖို့ အားပေးတိုက်တွန်းခြင်းက စိတ်ခံစားချက်၊ အရောင်အသွေး၊ ဖန်တီးနိုင်မှုစွမ်းရည်၊ ယုံကြည်မှုနဲ့ တခြားသော အကျိုးဖြစ်စေမယ့် စွမ်းရည်တွေ၊ အရည်အသွေးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

#Chit_May_May

#Dmo_aung

Ref – wikihow

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here