ညဘက်အိပ်တဲ့အခါ ကလေးတွေ ဘာလို့ သွားကြိတ်ကြတာလဲ

0
316
- Advertisement -

တစ်ချို့ကလေးတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ကြတဲ့အခါ သို့မဟုတ် စိတ်ဖိစီးတဲ့အချိန်တွေမှာ သွားကြိတ်တတ်ကြတယ် သို့မဟုတ် မေးရိုးတွေကို တင်းတင်းအံကြိတ်တတ်ကြပါတယ်။ အကယ်လို့ သင့်ကလေးကလည်း လက်မစုပ်တယ်၊ လက်သည်းကိုက်တယ်၊ ခဲတံ၊ အရုပ်တွေကို ကိုက်တတ်တယ်ဆိုရင်တော့ ညဖက်အိပ်တဲ့အချိန်ကျရင် သွားကြိတ်ကောင်း ကြိတ်နိုင်ပါတယ်။ အခုလို သွားကြိတ်ရတဲ့ အကြောင်းအရင်းတွေကတော့-

• အပေါ်သွားနဲ့ အောက်သွားတွေမညီခြင်း
• နားကိုက်ခြင်း သို့မဟုတ် သွားပေါက်လို့ နာကျင်ခြင်း
• စိတ်ဖိစီးမှုနဲ့ ဒေါသ၊ စိတ်လှုပ်ရှားမှုတို့ကြောင့်ဖြစ်နိုင်ခြင်း
• အဆော့လွန်ခြင်းကြောင့် ဖြစ်ပါတယ်။

သက်ရောက်မှုများ

- Advertisement -

သွားကြိတ်ခြင်းက ပုံမှန်အားဖြင့်တော့ သင့်ကလေးရဲ့ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ တချို့ကိစ္စတွေမှာတော့ ဘာသက်ရောက်မှုမှမရှိဘဲ သွားကြိတ်တာဖြစ်လို့ဖြစ်နေမှန်းတောင် သတိမထားမိနိုင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေကျတော့ နောက်တစ်နေ့မနက်ရောက်တဲ့အခါ ခေါင်းကိုက်ခြင်း သို့မဟုတ် နားကိုက်ခြင်းတွေကို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် တချို့အခြေအနေတွေကျတော့လည်း သွားကြိတ်ခြင်းက ပြဿနာတွေကြုံလာစေနိုင်ပါတယ်။ သွားအပေါ်ယံကြွေသားကို ပျက်စီးလာစေမယ်၊ သွားပဲ့လာမယ်၊ အပူအအေးတွေကို သွားကမခံနိုင်ဖြစ်လာပြီး မျက်နှာနဲ့မေးကြောတွေမှာ နာကျင်ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးက သွားကြိတ်တတ်တယ်လို့ ယူဆတယ်ထင်ရင် သွားဆရာနဲ့သွားပြသင့်ပါတယ်။

ဘယ်လိုဖြေရှင်းရမလဲ

ကလေးသွားကြိတ်တတ်တယ်ဆိုရင် မိဘတစ်ယောက်အနေနဲ့ အကျင့်ဖြစ်သွားမလားဆိုပြီး သေချာစောင့်ကြည့်ပါ။ ကလေးအများစုကတော့ သွားလဲပြီးချိန်မှာ သွားကြိတ်တာရပ်သွားတတ်ကြပါတယ်။ သွားဆရာဝန်တွေနဲ့ မှန်မှန်သွားပြခြင်းကတော့ ဘာပြဿနာမှဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားရာ ရောက်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်ကလေးက စိတ်ဖိစီးမှုတွေကြောင့် သွားကြိတ်တယ်လို့ ထင်တယ်ဆိုရင် သူတို့ညမအိပ်ခင်မှာ ပုံပြင်လေးတွေဖတ်ပေးခြင်း၊ သီချင်းအေးအေးလေးတွေ ဖွင့်ပေးခြင်း၊ ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်း စသဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref- pregnancybirthbaby

LEAVE A REPLY

Please enter your comment!
Please enter your name here