ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဖော်ပြထားသည့် အချက်အလက်များအရ ၁ နှစ်မပြည့်သေးသည့်အရွယ်တွေကနေ အသက် ၅ နှစ်အရွယ်အထိ ကလေးတွေပေါင်း ၄၁ သန်းဟာ အဝလွန်နေကြပါတယ်။ အခုလိုနှုန်းထားမျိုးက ကျဆင်းမသွားဘဲ ငြိမ်ပြီးဆက်သွားနေမယ်ဆိုရင်တော့ ၂၀၂၅ ခုနှစ်ကို ရောက်သည့်အခါ ကမ္ဘာနှင့်ချီ၍ သန်း ၇၀ အထိ တိုးသွားပါလိမ့်မယ်။ ငယ်စဥ်ကတည်းက အဝလွန်နေတဲ့ ကလေးငယ်တွေဟာ အသက်ကြီးလာသည့်အခါ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့လို့ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ယှဥ်တွဲခံစားလာရနိုင်ပါတယ်။ ဒါကြောင့် အခုလိုအဝလွန်ခြင်းကို ဘယ်လိုပုံစံမျိုးတွေနဲ့ ကြိုတင်ကာကွယ်ပြီးတော့ ဝိတ်ကျစေဖို့ ဘယ်လိုမျိုး ကူညီပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကစီဓာတ်လွန်ကဲသော အစားအစာများ မကျွေးပါနဲ့

ပေါင်မုန့်၊ ဆန်ဖြူ၊ အာလူးတို့လို ကစီဓာတ်ကဲတဲ့ Carbohydrates အစားအစာများက စားပြီးပြီးချင်း ဂလူးကို့စ်အဖြစ် သူတို့ကိုယ်သူတို့ ပျော်ဝင်သွားစေသည့်အတွက် ထိုအစား ကြက်ဥ သို့မဟုတ် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို မနက်စာအဖြစ် ကျွေးလိုက်ပါ။
သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သေသေချာချာ ရွေးချယ်ပါ

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေက ကျန်းမာရေးနဲ့အညီညွတ်ဆုံးသော အစားအစာတွေဆိုတာကို ဘယ်သူမှငြင်းဆန်နိုင်မှာမဟုတ်ပါဘူး။ သို့သော်လည်း ပြောင်းဖူးနှင့် အာလူးတို့လို GI မြင့်မားသည့် အစားအစာများ၊ ငှက်ပျောသီး၊ နာနတ်သီးတို့က စပျစ်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဘယ်ရီသီး၊ လိမ္မော်သီးတို့လို အသီးတွေထက် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။
ပရိုတင်းများများဖြည့်တင်းပေးပါ

ကိုယ်ခန္ဓာအတွင်းမှာ စုဝေးနေတဲ့ အဆီတွေကို အားအင်အဖြစ်ထုတ်လွှတ်ရန် ကူညီပေးမယ့် ဟော်မုန်းကို ထုတ်လုပ်ရန်လှုံ့ဆော်ပေးသည့် ပရိုတင်းကို လိုကိုလိုအပ်သည့်အတွက် မနက်စာ၊ နေ့လည်စာ၊ ညစာစားတဲ့အချိန်တွေမှာ အမြဲထည့်ကျွေးပေးပါ။
အဆီတိုင်းကို ရှောင်စရာမလိုပါဘူး

အဆီဆိုလို့တိုင်း မကောင်းဘူးလို့ မထင်လိုက်ပါနဲ့။ ထောပတ်သီး၊ အခွံမာသီးထောပတ်တို့လို အဆီတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး အစာခြေစနစ်ကို နှေးကွေးစေကာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပြောင်းဆန်တို့နဲ့ စားသုံးမယ်ဆိုပါက ပိုပြီးတော့တောင် ပြည့်အင့်စေပါသေးတယ်။ ဆဲလ်အလွှာပါးကို ပြုလုပ်ပေးရာမှာ လိုအပ်သည့်အတွက် ကျန်းမာရေးအတွက် အဆီက မရှိမဖြစ်ပါ။
ကလေးကိုဘာမှမကျွေးပဲမထားပါနဲ့

မိဘတိုင်းကတော့ ကလေးကိုအငတ်မထားချင်ကြပါဘူး။ တကယ်လည်းမထားသင့်ပါဘူး။ ဒါပေမယ့် ကလေးကိုတော့ ဝိတ်ကျအောင်မစားနဲ့ပြောပြီး ကိုယ်ကတော့စားချင်တာထိုင်စားပြနေလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် တစ်မိသားစုလုံး GI ပါဝင်မှုနည်းပါးသည့် အစားအသောက်တွေကို အတူတကွစားမယ်ဆိုရင်တော့ ဝိတ်ချနေတဲ့ကလေးလည်း အတူတကွလက်ဆုံစားသုံးနိုင်မှာဖြစ်ပါတယ်။
#Lifestyle_Myanmar
#ThinZar
Ref- timesofindia.indiatimes