
မိဘနဲ့ ကလေးကြားမှာ ရှိတဲ့ နှောင်ဖွဲ့မှုဟာ ဘဝအတွက် အရေးအကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မိဘနဲ့ကလေး ဆက်ဆံရေးကြောင့် တချိန်မှာ ကိုယ့်ကိုယ်ကို ထိန်းကြောင်းနိုင်ခြင်းနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ skill အတွက်လည်း အထောက်အကူပြုပါတယ်။ ကလေးမွေးကင်းစ အရွယ်မှာတည်းက ဒီနှောင်ကြိုးဟာ ရှိနေခဲ့တာဖြစ်သလို မိသားစုတစ်ခုနဲ့တစ်ခုမှာလည်း အုပ်ထိန်းမှုနဲ့ ဆက်ဆံရေးကွဲပြားမှုကြောင့် မတူညီတာတွေ များစွာရှိပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ မိဘနဲ့ သားသမီးကြားမှာ နီးကပ်တယ်လို့ မခံစားရစေတဲ့ အကြောင်းရင်းလေးတွေပဲ ဖြစ်ပါတယ်။
၁။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးမထားလို့
ကလေးက သင့်အတွက် ချစ်စရာကောင်းတဲ့ ကတ်ပြားလေးလုပ်ပေးတဲ့အခါ အပျက်သဘောတုံ့ပြန်ဖူးပါသလား? ဒါမှမဟုတ် ပန်းတွေဝယ်တာ ပိုက်ဆံဖြုန်းတာပဲလို့ သူတို့ကို ပြောခဲ့ဖူးသလား? ကောင်းပြီ၊ ဒီအပြုအမှုတွေကို ပြန်တွေးကြည့်စေချင်ပါတယ်။ တစ်ချို့မိဘတွေက သားသမီးတွေ ဝမ်းနည်းတဲ့အခါတိုင်း၊ ဒေါသထွက်တဲ့အခါတိုင်း၊ စိတ်ဆိုးတဲ့အခါတိုင်း ဝေဖန်လေ့ရှိပါတယ်။ ဒါပေမယ့် ကလေးက သင့်ရဲ့လက်ဝှေ့အိတ်မဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းက သင့်အားနည်းချက်ကို ဖုံးကွယ်ထားရင်း အဆိုးမြင်စိတ်တွေကို ဖော်ပြရာရောက်နိုင်သလို သူတို့ကြိုးစားအားထုတ်မှုကို သင်တန်ဖိုးမထားရာရောက်စေပါတယ်။ ကလေးပြောတဲ့၊ လုပ်တဲ့အရာနှင့်ပတ်သတ်ပြီး စော်ကားတာမျိုး (သို့) negative တစ်ခုခုကိုပဲ အမြဲရှာနေတာမျိုးဆိုရင် ကလေးက သင်နဲ့ communicate လုပ်ချင်တော့မှာ မဟုတ်ပါဘူး။ သူတို့အသက်ကြီးလာတာနှင့်အမျှ သင်နဲ့ခပ်ခွာခွာနေလာကြပါလိမ့်မယ်။

၂။ ကလေးရဲ့ လိုအပ်ချက်တွေနဲ့ စိတ်ခံစားချက်တွေကို ထည့်မစဉ်းစားတာ
ကလေးကို ကောင်းကောင်းကျွေး၊ အဝတ်ကောင်းဝတ်ပေးပြီး အိပ်ဖို့နေရာပေးရုံနဲ့ ကြီးမြတ်တဲ့ မိဘတွေဖြစ်ပြီလို့ ထင်ကြတဲ့ မိဘတွေရှိပါတယ်။ သင့်ကလေးကို ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းပေးခြင်းက မိဘအုပ်ထိန်းမှုရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လျစ်လျူရှုထားရင် အနာဂတ်မှာ သူတို့ဟာ သင့်ကို အလားတူ လုပ်ဆောင်ပါလိမ့်မယ်။

၃။ သားသမီးတွေကို prefect ဖြစ်ဖို့ မျှော်လင့်ခြင်း
Narcissistic မိဘတွေဟာ သူတို့ကလေးရဲ့ ဘဝအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ သူတို့က ကလေးတွေကို အတန်းထဲမှာ ဘယ်လိုလုပ်ဆောင်နေလဲ (သို့) အားကစားနဲ့ အခြားသင်ရိုးညွန်းတမ်းပြင်ပလှုပ်ရှားမှုတွေမှာ ဘယ်လိုလုပ်ဆောင်လဲအပေါ် အာရုံစူးစိုက်ထားနိုင်ပေမယ့် ဒါက ကောင်းမွန်တဲ့အရာတော့ သေချာပေါက် မဟုတ်ပါဘူး။ ဒီလို မိဘတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အတ္တကို သားသမီးတွေရဲ့ အောင်မြင်မှုတွေဖြင့် ဖြည့်သွင်းကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူတို့ဟာ ထူးခြားမှုနဲ့ autonomous ကိုယ်ရည်ကိုယ်သွေးကို မမြင်ကြပါဘူး။ ပြိုင်ပွဲတစ်ခုမှာ အမှားအယွင်းဖြစ်ခြင်း (သို့) ပထမမရခြင်းက သူတို့ရဲ့ မိဘအုပ်ထိန်းမှုစွမ်းရည်ကို တိုက်ရိုက်စော်ကားမှုတစ်ခုအဖြစ် ရှုမြင်တာကြောင့် သည်းခံမှာ မဟုတ်ပါဘူး။ စွမ်းဆောင်ရည် ညံ့ဖျင်းလို့ (သို့) သာမန်စွမ်းဆောင်ရည်ဆိုရင်တောင် မိဘနဲ့ သားသမီးကြားမှာ အငြင်းအခုံနဲ့ ရန်ပွဲတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကလေးအား မလုံခြုံမှု၊ မလုံလောက်မှုနဲ့ ချစ်စရာမကောင်းဘူးလို့ ခံစားရစေပါတယ်။ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ ဖိအားတွေအောက်မှာ ထပ်ပြီး မခံရဖို့အတွက် သူတို့ကိုယ်တိုင်က သူတို့မိဘတွေနဲ့ ခပ်ခွာခွာ နေသွားတတ်ပါတယ်။

၄။ သင်မလုပ်ခဲ့ရတဲ့အရာတွေအတွက် ကလေးကို အပြစ်တင်ခြင်း
မိဘများစွာက သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ အလုပ်များလွန်းတာကြောင့် မအောင်မြင်နိုင်ခဲ့တဲ့ (သို့) တွေ့ကြုံရတဲ့အရာတွေအတွက် အပြစ်တင်ကြပါတယ်။ ကလေးအား ပြုစုစောင့်ရောက်ခြင်းက မိဘတာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်ရဲ့ပန်းတိုင်တွေကို စွန့်လွှတ်ရမယ်လို့ မဆိုလိုပါဘူး။ ကလေးကို ပြုစုစောင့်ရှောက်ရင်း အနည်းငယ်ပံ့ပိုးကူညီမှုဖြင့် ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေအတွက် သားသမီးကို တာဝန်ရှိတယ်လို့ ခံစားရစေတဲ့ မိဘတွေဟာ သူတို့ကို အဝေးတွန်းထုတ်ရုံကလွဲလို့ ဘာမှမလုပ်တတ်ပါဘူး။ ဒီကလေးတွေဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို၊ မလိုလားသလို ခံစားရပါတယ်။ သူတို့ကြီးပြင်းပြီး သူတို့ကိုယ်သူတို့ ထိန်းကျောင်းနိုင်ပြီဆိုတာနဲ့ မိဘတွေကို မနှောက်ယှက်ချင်ကြတော့ဘူးဆိုတာက အံ့သြစရာတော့ မရှိပါဘူး။
၅။ ကလေးအစား တခြားသူတွေအကြောင်း တွေးခြင်း
ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ မိဘတွေက ကျွန်တော်တို့အား ” လူတွေက ဘာပြောကြမလဲ”လို့မေးတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ အားလုံး ကြုံဖူးကြပါတယ်။ သင်ဟာ ကလေးရဲ့ပျော်ရွှင်မှုကို အရင်းခံမယ့်အစား ပတ်ဝန်းကျင်က ဘာမြင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အမြဲတစေ အကြောက်လွန်တတ်တဲ့ မိဘမျိုးဆိုရင်တော့ သင့်အနားမှာ အကြာကြီးနေချင်မှာ မဟုတ်ပါဘူး။ ကလေးရဲ့ ခံစားချက်ထက် အခြားသူတွေရဲ့ ခွင့်ပြုချက်ကို ပိုဂရုစိုက်တဲ့ မိဘတွေဟာ ကလေးတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိတဲ့အပြင် ရင်းနှီးမှု မရှိကြပါဘူး။
ကိုယ့်ရဲ့မိဘတွေနဲ့ ရင်းနှီးသော ဆက်ဆံရေး မရှိဘူးဆိုရင် ဒီအကြောင်းရင်းအချို့ကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ မိဘဖြစ်ပါကလည်း သင့်ကလေးကို ဒီအမှားတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ သာယာပျော်ရွှင်တဲ့ မိဘအုပ်ထိန်းမှု ဖြစ်ကြပါစေ။
Chit_MayMay
Nandar
Source-momjunction