
ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် မိဘတွေမှာ တာဝန်များစွာရှိပါတယ်။ ဒါ့အပြင် ကလေးကို နေ့စဉ်ထောက်ပံ့ပေးတဲ့ ပတ်ဝန်းကျင်ဟာ လက်ရှိအချိန်မှာရော၊ လူကြီးဘဝမှာပါ ကောင်းမွန်တဲ့စိတ်ကျန်းမာရေးအတွက် အာဟာရများစွာရရှိစေပါတယ်။ ဒါ့ကြောင့်ကလေးရဲ့ စိတ်ကျန်းမာရေးကောင်းမွန်စေဖို့ နေ့စဉ်လုပ်ပေးသင့်တဲ့ အချက်အလက်လေးတွေကို အကျဉ်းချုပ်မျှဝေချင်ပါတယ်။

၁။ သူတို့ကို အကန့်အသတ်မဲ့ ချစ်ပါ။
၂။ ခံစားချက်တွေအကြောင်း ဆွေးနွေးပါ။
၃။ ပထမဆုံးနားထောင်ပါ၊ ဒုတိယအနေနဲ့ ဆွေးနွေးပါ။
၄။ ကစားဖို့အတွက် အချိန်များများပေးပါ။
၅။ ရှက်စရာတွေမဖြစ်စေဘဲ လေးစားမှုတွေနဲ့ စည်းကမ်းသတ်မှတ်ပါ။
၆။ မေမေတို့ကလေးရဲ့ တစ်နေ့တာအကြောင်း မေးပါ။
၇။ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ ပစ္စည်းပစ္စယတွေနဲ့ ပတ်သက်ပြီး လုပ်ခွင့်ပြုပါ၊ လွတ်လပ်စေပါ။
၈။ ကောင်းမွန်သော အိပ်စက်ခြင်းအလေ့အထတွေအကြောင်း သင်ပေးပါ။
၉။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းအတွက် အပြုသဘောဆောင်တဲ့ စံပြတစ်ယောက်ဖြစ်နေပါစေ
၁၀။ မိသားစုအစည်းအဝေး လုပ်ပါ။

၁၁။ သူတို့နဲ့ ပတ်သက်ပြီး မေမေချစ်မြတ်နိုးတဲ့အရာတွေကို ပြောပြပါ
၁၂။ ကစားစရာအသစ်တွေ၊ ဂိမ်းအသစ်တွေထက် ကလေးတွေဟာ သင်နဲ့ ပိုနေချင်တယ်ဆိုတာ သတိရပါ
၁၃။ သင်တစ်ခုခုကို ဖျက်ဆီးလိုက်မိတဲ့အခါတိုင်း သူတို့ကို တောင်းပန်ပါ။
၁၄။ ကလေးတွေဟာ အသစ်တစ်ခုခုကို စမ်းသပ်တဲ့အခါတိုင်း သူတို့ကို အားပေးပါ။
၁၅။ အော်ဟစ်ခြင်းနှင့် မြည်တွန်တောက်တီးပြီး ဆုံးမမယ့်အစား သင်ကြားခြင်းနဲ့ အစားထိုးပါ။
၁၆။ ပြဿနာဖြေရှင်တဲ့အခါ အချိတ်အဆက်ရှိပါစေ။
၁၇။ ကလေးနဲ့အတူ နေ့စဉ်ဆက်သွယ်နိုင်မယ့် အချိန်တစ်ခုဖန်တီးပါ
၁၈။ ကလေးအတွက် ရုပ်ပိုင်းဆိုင်ရာလုံခြုံသော ပတ်ဝန်းကျင်တစ်ခုကို ထောက်ပံ့ပေးပါ။
၁၉။ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံစေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါ။
၂၀။ အာဟာရဖြစ်စေမယ့် အစားအသောက်တွေနဲ့ ပံ့ပိုးပါ။

၂၁။ ကျန်းမာသော Screen Time တစ်ခုကို လိုက်နာစေပါ။
၂၂။ မိသားစုယဉ်ကျေးမှုစနစ်ကို ဖွံ့ဖြိုးစေပါ။
၂၃။ သူတို့ပူနေတဲ့အခါ (စိတ်ဆိုးဒေါသထွက်နေတဲ့အခါ) သင်က အေးပေးပါ။ (တည်ငြိမ်အေးဆေးပေးပါ)
၂၄။ အမှားတွေဆိုတာ သင်ယူဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ သိစေပါ။
၂၅။ အရေးကြီးတဲ့ သင်ခန်းစာတွေသင်ပေးဖို့ ကိုယ်ပိုင်ပုံပြင်တွေကို မျှဝေပါ။
၂၆။ အထူးစပရှယ်ဆုတွေ ချီးမြှင့်ပါ။
၂၇။ Journal ဘယ်လိုရေးရမယ်ဆိုတာကိုလည်း သင်ပေးပါ။
၂၈။ အပြုသဘောဆောင်သော role-models တွေနဲ့သာ ဝန်းရံစေပါ။
၂၉။ ကလေးတစ်ယောက်ဟာ ကလေးတစ်ယောက်လိုပဲ ပြုမူမယ်ဆိုတာ သတိရပါ။
၃၀။ ပန်းတိုင်သတ်မှတ်ခြင်းတွေအကြောင်း သင်ကြားပါ။
Lifestyle_Myanmar
Nyein_Thu
Ref-parentswithconfidence