တစ်နှစ်ကျော်တဲ့အထိ မိခင်နို့တိုက်ကျွေးခြင်းရဲ့ အံသြဖွယ်ကောင်းကျိုး (၈)ခု

0
175
- Advertisement -

မိခင်နို့မှာ ကလေးတွေအတွက် အာဟာရဓာတ်တွေ၊ အကျိုးကျေးဇူးတွေများစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း မိခင်နို့တိုက်ကျွေးကြဖို့ တိုက်တွန်း အားပေးလေ့ရှိပါတယ်။ ဆရာဝန်တွေနဲ့ ကလေးအထူးကုဆရာဝန်တွေက ကလေးတွေအား တစ်နှစ်အထိ နို့တိုက်ကျွေးဖို့ အကြံပြုထားကြပြီး အမေရိကန်ကလေးအထူးကု အကယ်ဒမီက ကလေးအား ခြောက်လအထိ နို့တိုက်ဖို့ တိုက်တွန်းထားပါတယ်။ ပြီးတော့ ဖြည့်စွက်စာနဲ့ မိခင်နို့ပေါင်းစပ်မှုကို အနည်းဆုံး ၁နှစ်အထိ ကျွေးနိုင်ပါတယ်။ ကလေးကို အသက်ဘယ်အရွယ်အထိ နို့တိုက်မလဲဆိုတာကတော့ မေမေတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါသည် ။

မိခင်နို့ကို အသက်ဘယ်လောက်အထိ တိုက်ကျွေးရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး ယုံတမ်းစကားတွေများစွာရှိသော်လည်း တစ်နှစ်ကျော်သွားတဲ့အထိ မိခင်နို့တိုက်ခြင်းဟာ ကလေးအတွက်သာမက မိခင်အတွက်ပါ အကျိုးကျေးဇူးအများကြီး ရှိတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။ ရွှေလိုတန်ဖိုးရှိတဲ့ အရည်ဖြစ်ပါတယ်

- Advertisement -

မိခင်နို့ဟာ အာဟာရရဲ့ ရွှေအဆင့်ဖြစ်ပြီး ကလေးကို ရောဂါကူးစက်မှုကနေ ကာကွယ်ပေးပါတယ်။ ၎င်းက နောက်ပိုင်းမှာ ဆီးချို၊ ပန်းနာရင်ကျပ်နှင့် အဝလွန်ခြင်းကဲ့သို့သော ရောဂါအန္တရာယ်တွေကို လျှော့နည်းစေပါတယ်။ မိခင်နို့က ဖော်မြူလာ (သို့) နွားနို့ထက် အစာကြေလွယ်ပြီး ဗီတာမင်တွေ၊ အဆီ၊ ကာဘိုဟိုက်ဒရိတ်နှင့် ပရိုတင်းတွေ အကောင်းဆုံးပေါင်းစပ်ထားပါတယ်။

၂။ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးပါတယ်

မိခင်နို့မှာ တွေ့ရတဲ့ ပဋိဇီဝပစ္စည်းက ကလေးအတွက် ကိုယ်ခံအားစနစ်ကောင်းကို တည်ဆောက်ဖို့ ကူညီပေးပါတယ်။ ၎င်းက မွေးကင်းစကလေးရဲ့အူကို ရောဂါပိုးကူးစက်မှုကနေ ကာကွယ်ဖို့ ကူညီတဲ့ကျန်းမာသော ဘက်တီးရီးယားမျိုးစိတ်တွေကို လက်ခံခွင့်ပြုပါတယ်။ လေ့လာမှုအရ မိခင်နို့မှာ တွေ့ရှိရတဲ့ ပဋိဇီဝပစ္စည်းက မွေးကင်းစကလေးရဲ့ ကိုယ်ခံစွမ်းအားစနစ်နှင့် အပြန်အလှန်သက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။ တစ်သက်တာ ကျန်းမာရေးကို တည်ဆောက်ပေးပြီး ကလေးကို နာတာရှည်ရောင်ရမ်းခြင်းကနေ ကာကွယ်ပေးပါတယ်။

၃။ ဦးနှောက်ဖွံ့ဖြိုးမှုကို ပိုကောင်းစေပါတယ်

လေ့လာမှုတွေအရ နို့တိုက်ခြင်းက မြီးကောင်ပေါက်အရွယ်နှင့် လူကြီးတွေမှာ သိမြင်မှုအပြုအမှုတွေကို တိုးပွားစေပါတယ်။ သုတေသနပြုချက်အရ မိခင်နို့တိုက်ကျွေးမှုက ဖော်မြူလာနဲ့ နှိုင်းယှဉ်ရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ တိုးတတ်စေပါတယ်။ လေ့လာမှုတွေအရ တစ်နှစ်ကျော်ကြာ နို့တိုက်ကျွေးသော ကလေးငယ်တွေမှာ ဦးနှောက်ကြီးထွားမှု သိသိသာသာတိုးတတ်စေခဲ့ပါတယ်။

၄။ မိခင်နဲ့ ကလေးကြားက သံယောဇဉ်ကို ပိုတိုးစေပါတယ်

ကလေးငယ်ကို ပွေ့ပိုက်ထားပြီး လိုအပ်တဲ့ အာဟာရ ထောက်ပံ့ပေးခြင်းက နှောင်ကြိုးကို active ဖြစ်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနီးကပ်မှုက ကလေးကို စိတ်ချမ်းမြေ့စေပြီး အပြင်ဘက်ကမ္ဘာမှာ သူတို့ကို ကာကွယ်ပေးထားတယ်လို့ ခံစားရစေပါတယ်။ ထို့အပြင် မိခင်နို့တိုက်ခြင်းက မိခင်နှင့် ကလေးအကြား ချစ်ခင်တွယ်တာမှုကို တိုးပွားစေပါတယ်။

မိခင်အတွက် နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူးများ

၅။ မိခင်အပြုအမှုကို တိုးပွားစေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းက သင့်ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ သင့်ကလေးနဲ့ သင်တည်ဆောက်တဲ့ စိတ်ခံစားမှုနှောင်ကြိုးက ကလေးအတွက် သင်ပေးတဲ့ အာဟာရတန်ဖိုးလိုပဲ အရေးပါပါတယ်။

၆။ မိခင်ရဲ့ခံစားချက်အပေါ် အကျိုးသက်ရောက်ပါတယ်

လေ့လာမှုတွေအရ မိခင်နို့တိုက်ခြင်းဟာ မိခင်ရဲ့စိတ်ကို သက်ရောက်စေပါတယ်။ ဖော်မြူလာနို့မှုန့်တိုက်တဲ့ မိခင်တွေနဲ့ နှိုင်းယှဉ်ရင် စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နှင့် မကောင်းတဲ့ စိတ်တွေကို လျှော့ချပေးပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက မေမေတို့ကို အိပ်စက်မှုပိုကောင်းစေသလို အပြုသဘောဆောင်တဲ့ သဘောထားတွေလည်း ပိုရှိစေပါတယ်။

၇။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းပါတယ်

မိခင်နို့တိုက်ကျွေးတဲ့ မေမေတွေဟာ ကိုယ်အလေးချိန်ချဖို့ လွယ်ကူပါတယ်။ နို့ကို ဆက်လက်ထောက်ပံ့ဖို့ တစ်နေ့ကို ကယ်လိုရီ ၅၀၀လောက် လောင်ကျွမ်းပါတယ်။ သူတို့က postpartum bleeding ကိုလျှော့ချပေးပြီး မီးဖွားပြီးချိန် စိတ်ကျဝေဒနာနှင့် သွေးအားနည်းရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက သားအိမ်ကျုံ့ဖို့လှုံ့ဆော်ပေးပြီး ပုံမှန်အရွယ်သို မြန်မြန်ပြန်ရောက်စေပါတယ်။

၈။ ဘဝအတွက် ကျန်းမာရေး ပိုကောင်းစေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းက မိခင်တွေကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးအန္တရာယ်များစွာကို လျော့နည်းစေပါတယ်။ မိခင်နို့တိုးတိုက်ခြင်းက ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးချိုရောဂါ၊ endometriosis၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သွေးပေါင်ချိန်မြင့်မားခြင်းကို လျော့နည်းစေပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here