တစ်နှစ်သား ဘေဘီလေးတွေအတွက် အပတ်စဉ် လှုပ်ရှားမှုများ

0
168
- Advertisement -

တစ်နှစ်သား ဘေဘီလေးတွေရဲ့ဘဝမှာ ဂိမ်းတွေ၊ ခြေဟန်လက်ဟန်လှုပ်ရှားမှုတွေက ကျန်းမာသန်စွမ်းသော ဖွံ့ဖြိုးတိုးတတ်မှုအတွက် အခြေခံကျပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးရဲ့ တိုးတတ်မှု အဆင့်ပေါ် မှုတည်ပြီး ကစားနိုင်တဲ့ ဂိမ်းလေးတွေကို မျှဝေပေးပါမယ်။ ဒီဂိမ်းလေးတွေက ‌‌မေမေတို့နဲ့ ကလေးရဲ့ သံယောဇဉ်‌ နှောင်ကြိုး အားကောင်းစေဖို့အတွက် ကူညီနိုင်ပါတယ်။ ဂိမ်းလေးတွေက ကလေးငယ်တွေကို လုံခြုံပြီး ချစ်ခြင်းမေတ္တာ ခံစားရနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါတယ်။ ကလေးငယ်တွေဟာ ဂိမ်းလေးတွေကတဆင့် လောကကြီးအကြောင်းကို ပထမဆုံး စလေ့လာကြတာဖြစ်ပါတယ်။

၁။ မွေးကင်းစမှ ၃လအထိ လှုပ်ရှားမှုများ

ဒီလများအတွင်းမှာ ကလေးငယ်တွေဟာ အစာစားခြင်း၊ အိပ်ခြင်းမှလွဲပြီး ဘာမှမလုပ်ကြပါဘူး။ ဒါ့ကြောင့် လှုံ့ဆော်‌ပေးခြင်းကို ကလေးလေး နိုးနေတဲ့အချိန်၊ နို့စို့ဖို့ စောင့်နေတဲ့အချိန်မှာ ဆောင်ရွက်ပေးရပါမယ်။ မေမေတို့ကို ခွဲခြားသိနိုင်ဖို့အတွက် ကလေးလေးရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး သူတို့နာမည်ခေါ်ပြီး မြူတာ၊ ကလေးချော့တေး ဆိုပြတာ စသဖြင့် လှုံ့ဆော်ပေးနိုင်ပါတယ်။ ရေချိုးပြီးနောက်ပိုင်းမှာ ကလေးအား ခရမ်ဖြင့် အနည်းငယ် နှိပ်ပေးနိုင်ပါတယ်၊ သူတို့ရဲ့ ဝမ်းဗိုက်နှင့် ခြေဖျားလက်ဖျားလေးတွေကို ဖွဖွလေး နှိပ်ပေးနိုင်ပါတယ်၊ ဒါက သူတို့ကို အစာကြေစေသလို သူတို့လက်တွေ၊ ခြေထောက်တွေကို relax ဖြစ်စေပါတယ်။

ကြွက်သားတွေ အားကောင်းစေအောင် သူတို့ခြေထောက်တွေကို ယူပြီး စက်ဘီးနင်းသလို ညင်ညင်သာသာ ရွေ့လျားပေးပါ။ သူတို့ခြေထောက်လေးကို နမ်း‌ပေးခြင်းကလည်း သူတို့အတွက် နှစ်သက်စရာဖြစ်စေပါတယ်။
နေရောင်ခြည်က သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင်ဒီထုတ်လုပ်မှုကို လှုံဆော်ပေးတာကြောင့် နံနက်ခင်းမှာ လမ်းလျှောက်ပေးဖို့ ကလေးဆရာဝန်များက အကြံပြုထားပါတယ်။

ကလေးငယ်ကို လက်ထဲမှာ ချီထားတဲ့အချိန် ကခုန်ခြင်းနှင့် သီချင်းဆိုပေးခြင်းက သူတို့အတွက် အရမ်းပျော်စရာကောင်းနိုင်ပါတယ်။ ၎င်းက မေမေတို့အသံနဲ့ အမူအယာကို ခွဲခြားသိမြင်ဖို့ ကူညီနိုင်ပါတယ်။ မေမေတို့အသံကြားရင် ပျော်ရွင်နေအောင် အမြဲတမ်း စကားပြောပေးပါ။

ရေချိုးချိန်နှင့် အိပ်ရာမဝင်ခင်အချိန်မှာ ကလေးကို သက်တောင့်သက်သာဖြစ်အောင် ထားပေးပါ။ ဥပမာ- သူတို့ကို ရေမချိုးပေးမီ ဒိုင်ဘာ (သို့) ကိုယ်လုံးတီးဖြင့် ပုခက်ထဲမှာ မိနစ်အနည်းငယ်လောက် ထားပေးနိုင်ပါတယ်။ ဒါမှာသာ သူတို့ မကြာခင် ရေချိုးချိန် ရောက်တော့မယ်ဆိုတာ နားလည်လာပါလိမ့်မယ်။

ထို့နည်းတူ မအိပ်သေးခင်မှာ အခန်းအား မီးတွေမှိတ်ပြီး အမှောင်ချထားပေးပါ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ ဒါမှသာ ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပြီး ဒီအလေ့အကျင့်ကို မကြာခဏ သုံးပါလိမ့်မယ်။

၂။ ၃လမှ ၆လအထိ လှုပ်ရှားမှုများ

ဒီအသက်အရွယ်မှာ ကလေးဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ခွဲခြားနိုင်ပြီးပါပြီ။ သူတို့ ပိုပြီး တတ်ကြွလာတာကို တွေ့ရပါလိမ့်မယ်။ ရေချိုးချိန်ကို ဂိမ်းတစ်ခုလုပ်ပါ။ သူတို့ခြေထောက်တွေနဲ့ ရေထဲမှာ ပုတ်ကစားပြီး ပျော်ရွှင်ခွင့်ပေးပါ။ သူတို့နှင့်အတူ ကစားဖို့ ရောဘာဘဲလေးတွေ ထည့်ပေးထားနိုင်ပါတယ်။

အနှီးလဲပေးတဲ့အချိန်ကလည်း သူတို့ကစားခြင်းနှင့် လှုံ့ဆော်ခြင်းအတွက် အချိန်တစ်ခုဖြစ်နိုင်ပါတယ်။ ကလေးရဲ့ ဗိုက်သားလေးကို ယားယံအောင် ပြုလုပ်ပေးပါ။ သူတို့ကို သီချင်းဆိုပြပြီး အရုပ်တွေနဲ့ ကစားစေပါ။
ဒီအသက်အရွယ်မှာ ကလေးငယ်တွေဟာ မြင်မြင်သမျှ ပစ္စည်းကို ပါးစပ်ထဲ ကောက်ထည့်လိုကြပါတယ်။ သတိထားပါ။ အရမ်းသေးငယ်တဲ့ အရုပ်တွေနဲ့ ပေးမကစားပါနဲ့။ ဘောလုံးနှင့် အသံမြည်တဲ့ တိရိစ္ဆာန် မွေးပွရုပ်တွေက ကလေးအတွက် safe ဖြစ်သလို ပျော်စရာလည်း ကောင်းပါတယ်။

သူတို့ကို ချီထားစဉ် (သို့) သင့်ခြေထောက်ပေါ်မှာ မတ်တပ်ပေးရပ်ထားစဉ်မှာ သီချင်းဆိုပြပါ။ ကလေးတွေက သီချင်းသံကို နှစ်သက်ပါတယ်။

၃။ ၆လမှ ၉လအထိ လှုပ်ရှားမှုများ

ဒီအသက်အရွယ်မှာ ကလေးဟာ တွားသွားဖို့ ခြေ၊ လက်တွေ အားကောင်းနေပါပြီ ။ ဘောလုံးနှင့် ကစားခြင်း၊ အရုပ်တွေ ပစ်ခြင်းဖြင့် ကစားပေးနိုင်ပါတယ်။ စန္ဒယား၊ ပတ္တလား (သို့) အသံထွက်တဲ့ အရုပ်ကလေးတွေနဲ့ ပေးကစားပါ။ ဂိမ်းတွေကနေ ကိန်းဂဏန်းတွေကို မိတ်ဆက်ပါ။ အရာဝတ္တုတွေကို ခွဲခြားသိမြင်ဖို့ အသံတွေ စလုပ်လာပါလိမ့်မယ်။

၄။ ၉လမှ ၁၂လအထိ လှုပ်ရှားမှုများ

ဒီအဆင့်မှာ သိချင်၊ စပ်စုချင်စိတ် လွှမ်းမိုးပါတယ်။ တွားသွားတာ မကျွမ်းကျင်သေးရင်တောင် ကလေးဟာ စပြေးချင်လာပါလိမ့်မယ်။ သေးငယ်တဲ့အရာဝတ္တုပေါ်မှာ (သို့) နံရံကို မှီခြင်းဖြင့် ထရပ်ဖို့ နည်းလမ်းတွေ ရှာဖွေကြပါတယ်။

ဒီအဆင့်ကာလအတွင်းမှာ အချိန်တိုင်း စောင့်ကြည့်နေသင့်ပါတယ်။ အန္တရာယ်မဖြစ်အောင် လျှပ်စစ်မီးပလပ်ပေါက်တွေမှာ အကာအကွယ်ထားပါ၊ မီးကြိုးတွေ လက်လှမ်းမမှီအောင် ထားပါ။

ကလေးဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အန္တရာယ်မရှိဘဲ စူးစမ်းနိုင်၊ ကစားနိုင်အောင် ရေမြှုပ်ဖျာတွေ ထားပေးဖို့ အကြံပြုပါတယ်။

သူတို့ရဲ့ စာဖတ်ခြင်းစွမ်းရည်နှင့် ဂီတဆိုင်ရာ ကျွမ်းကျင်မှုတွေကို ဆက်စူးစမ်းခွင့်ပြုပါ။ ကလေးအား သူတို့ရဲ့နာမည်ကို ခေါ်ဆိုပေးပါ။ မျက်နှာအမှုအရာ ခံစားမှုတွေကို ဖော်ပြပါ။ ဒီနေ့ခေတ်မှာ အရင်တုန်းကလို ကလေးတွေစီးဖို့ မြင်းရုပ်လေးတွေ မရှိတော့ပါဘူး။ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ကစားဖို့အတွက် သင်ပေးနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here