တစ်မိသားစုလုံးရဲ့ အချစ်ခံရအောင်လို့ ဘယ်လိုပြုမူနေထိုင်ကြမလဲ

0
148
- Advertisement -

မိသားစုက သင့်အတွက်အရေးကြီးဆုံးဖြစ်တာကြောင့် မိသားစုဝင်တွေရဲ့အချစ်ကို ခံချင်တယ်ဆိုတာကလည်း ထူးထူးဆန်းဆန်းကိစ္စတစ်ခုမဟုတ်တော့ပါဘူး။ မိသားစုတိုင်းကတော့ တစ်ခုနဲ့တစ်ခု တူညီကြတာမဟုတ်တဲ့အတွက် သင့်မိသားစုက သူများတွေနဲ့မတူဘဲ တစ်မျိုးတစ်ဖုံပုံစံနဲ့ ချစ်ခြင်းမေတ္တာကို ပြသတတ်တာက သာမန်အခြေအနေဖြစ်ပါတယ်။ အကယ်လို့ သင်က မိသားစုဝင်ရဲ့အချစ်ပိုခံချင်တယ်ဆိုရင်တော့ သင့်မိသားစုကိုအရင်ချစ်တတ်ဖို့ လိုအပ်ပါတယ်။ ပြီးရင် မိသားစုဝင်တွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေဖို့အတွက် သူတို့တွေနဲ့ အမြဲမပြတ်စကားလေးတွေ ပြောပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် မိသားစုထဲ ကိုယ်ကမဝင်ဆံ့ဘူးလို့ တွေးထင်နေရင်တော့ ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကို ဖန်တီးနိုင်ဖို့ အခုပြောပြပေးမယ့်အချက်လေးတွေကို လိုက်နာလိုက်ပါ။

သူတို့ကို ချစ်တဲ့အကြောင်း ပြောပြပါ

မိသားစုနဲ့အတူတူနေတယ်ဆိုရင် အချိန်ရရင်ရသလို ချစ်တယ်ဆိုတဲ့အကြောင်း အမြဲပြောပြပါ။ တစ်နယ်ခြားစီ နေနေရတယ်ဆိုရင်တော့ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာကို နေ့စဥ်နေ့တိုင်း စာပို့ပြီးဖြစ်ဖြစ် ပြောပြပေးပါ။
• ချစ်တယ် လို့ ပြောနေတဲ့သင့်ရဲ့ပြောစကားကို သင့်မိသားစုက ဘယ်တော့မှရိုးသွားမှာမဟုတ်ပါဘူး။
• စိတ်ဆိုးနေရင်တောင်မှ ချစ်တယ် ဆိုတဲ့စကားလေးပြောပေးပါ။ ခဏလေးအတွင်း နေလို့ထိုင်လို့ကောင်းသွားမှာဖြစ်သလို မိသားစုနဲ့လည်း မြန်မြန်ဆန်ဆန် ပြန်လည်အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

ကြင်နာရိုးသားပါ

ကိုယ့်ကိုသူများက ဆက်ဆံစေချင်တဲ့ပုံစံအတိုင်းပဲ မိသားစုဝင်တွေကိုလည်း ပြောဆိုဆက်ဆံပါ။ စကားပြောတဲ့အခါ အေးဆေးတည်ငြိမ်တဲ့အမူအယာ၊ ယဥ်ကျေးတဲ့စကားလုံးလေးတွေနဲ့ လေးစားစွာ စကားပြောပါ။ ပြီးရင် မိသားစုဝင်တွေကို ဘယ်တော့မှမလိမ်ပါနဲ့။

လိုအပ်တဲ့အချိန် အကူအညီပေးပါ

မိသားစုဝင်တွေ အကူအညီလိုအပ်နေတဲ့အခါ ကူညီပေးဖို့ အမြဲအဆင်သင့်ရှိနေပါ။ အိမ်အလုပ်တွေ ဝိုင်းကူပေးဖို့ မိဘတွေကပြောရင် အမြဲကူညီပေးပြီး မောင်နှမအငယ်တွေအတွက်လည်း အိမ်စာကူလုပ်ပေးတာ၊ ဂရုစိုက်ပေးတာမျိုး ပြုလုပ်ပေးပါ။

မိသားစုနဲ့အတူ စကားလက်ဆုံပြောပါ

သင်ရော သင့်မိသားစုဝင်တွေရော ဘယ်လောက်ပဲ အလုပ်ရှုပ်နေတယ်ဆိုစေကာမူ တစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် ဒီ့ထက်ပိုပြီးတော့ဖြစ်ဖြစ် အားလုံးအတူစုပြီး ထမင်းစားတာဖြစ်ဖြစ်၊ စကားလက်ဆုံပြောတာဖြစ်ဖြစ် အချိန်အတူကုန်ဆုံးကြပါ။

အမှားလုပ်မိရင်တောင်းပန်ပါ

အမှားလုပ်မိတဲ့အခါ ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့က လွယ်တဲ့ကိစ္စမဟုတ်ပေမယ့်လည်း တစ်ချိန်တစ်ခါတော့ လူတိုင်းက ပြဿနာရှိမိတတ်ကြတာချည်းပါပဲ။ မိသားစုဝင်ကို စိတ်ထိခိုက်အောင်လုပ်မိတာဖြစ်ဖြစ် စည်းမျဥ်းဖောက်ဖျက်တာဖြစ်ဖြစ် တစ်ခုခုပြုလုပ်မိတယ်ဆိုရင် တောင်းပန်စကားအမြဲဆိုပါ။

#Chit_May_May

#Thinzar

Ref- wikihow

LEAVE A REPLY

Please enter your comment!
Please enter your name here