Home Parenting Child Teaching တတ်ပြီးသား အတန်းကို ထပ်တတ်ရခြင်းက ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေသလဲ?

တတ်ပြီးသား အတန်းကို ထပ်တတ်ရခြင်းက ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေသလဲ?

0
တတ်ပြီးသား အတန်းကို ထပ်တတ်ရခြင်းက ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေသလဲ?

အတန်းတစ်ခုကို ပြန်တတ်သင့်ကြောင်း သင့်ကလေးကို အကြံပေးခဲ့ဖူးပါသလား? တတ်ပြီးသားအတန်းကို ထပ်တတ်ရခြင်းက များသောအားဖြင့် လူတစ်ယောက်ကို ဘဝတစ်သက်တာလုံး စိတ်ချောက်ချားစေနိုင်ပါတယ်၊ ကျောင်းသားတစ်ယောက်ရဲ့ ဖိုင်ပေါ်မှာ အစွန်းအထင်းဖြစ်စေပါတယ်။ စာသင်နှစ် တစ်နှစ်ထပ်တတ်ဖို့ ဆုံးဖြတ်ချက်ကို မိဘတွေနဲ့ ဆရာတွေ အတူတူ ဆုံးဖြတ်ရပါမယ်။ မည်သို့ပင်ဖြစ်စေ မိဘတွေအနေနဲ့ အတန်းပြန်တတ်ရလို့ ဘာအားသာချက်တွေ ရမလဲ၊ ကလေးကို ဘယ်လိုသက်ရောက်နိုင်မလဲ? ကဲ့သို့သော အချက်အလက် အတော်များများကို ဆန်းစစ်ဖို့အရေးကြီးပါတယ်။

အတန်းတစ်ခုကို ထပ်တတ်ရခြင်းရဲ့ ဆိုးကျိုးများ

အတန်းတစ်ခုကို ထပ်တတ်ရခြင်းက self-esteem နှင့် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ဥပမာ- ကလေးက ဒုတိယတန်းကနေ တတိယတန်းကို တတ်ရမှာ ဖြစ်ပေမယ့် မိဘက ကလေးစာသိပ်မလိုက်နိုင်ဘူး၊ သူများထက်မတော်ဘူး၊ စာကျေအောင်ဆိုပြီး ဒုတိယတန်း ပြန်တတ်ခိုင်းတဲ့အခါ ကလေးမှာ သူငယ်ချင်းဖြစ်ခဲ့သူတွေနဲ့ ကွဲကွာသွားရသလို အတန်းဖော်အသစ်တွေနဲ့ မိတ်ဖွဲ့ဖို့ သူ့အတွက် ခက်ခဲပါလိမ့်မယ်။ သူ့ကိုယ်သူလည်း တခြားလူတွေထက် ပိုဆိုးနေသလို ခံစားရစေပါတယ်။

ပညာရေးရှု့ထောင့်ကကြည့်ရင် တိုးတတ်မှုက အမြဲရှိမှာ မဟုတ်ပါဘူး။ စာဖတ်ခြင်းကို သဘောပေါက်နားလည်ခြင်းက ယခင်ကထက် ပိုဆိုးရွားနိုင်တယ်လို့ ဆိုပါတယ်။ မနှစ်ကလည်း ဒီစာပဲ၊ နောက်နှစ်လည်း ဒီစာပဲ ပြန်ဖတ်နေရရင် သူအလွတ်မရဦးတော့ ကလေးအတွက် ငြီးငွေ့စရာ ဖြစ်လာနိုင်ပါတယ်။

စာသင်နှစ် တစ်ခေါက် ထပ်တတ်ရခြင်းရဲ့ ကောင်းကျိုးများ

သင့်ကလေးဟာ အတန်းတစ်ခုကို ထပ်သင်ဖို့ လိုအပ်ပါက သူတို့သည် လိုအပ်တဲ့ အသိပညာကို ရရှိနိုင်စွမ်းမရှိတာကြောင့် ဖြစ်ပါတယ်။ ဥပမာ-အတန်းကျသွားတာမျိုး၊ ကလေးက စာမလိုက်နိုင်တာမျိုးပါ။ ဒီဗဟုသုတက နောက်အတန်း သင်ကြားမှုတွေကို လေ့လာဖို့အတွက် အခြေခံဖြစ်ပါတယ်။ အခြေခံမရှိဘူးဆိုရင် နောက်လာမယ့် သင်တန်းတွေကို သူတို့နားလည်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ ထို့ကြောင့် အကြောင်းအရာကို အားဖြည့်ဖို့ နည်းလမ်းက တစ်ခေါက်ထပ်တတ်ရခြင်းဖြစ်ပါတယ်။

သင့်လျော်တဲ့ ကြိုတင်ပြင်ဆင်မှုမပါဘဲ အသက်ရှစ်နှစ်ကျော် ကလေးငယ်တစ်ယောက် ဖြတ်သန်းခိုင်းခြင်းက ပညာရေးဆိုင်ရာ ရှု့ထောင့်တွေကို သက်ရောက်မှု မရှိကြောင်းဖော်ပြရကျိုးနပ်ပါတယ်။ ကလေးဟာ အခြားအတန်းဖော်တွေနဲ့ လယ်ဗယ်တူမှာ ဘာသာရပ်တွေကို မလိုက်နာခြင်းကြောင့် ရွှေ့ပြောင်းခံရခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါက ကလေးအား အရှုံးပေးဖို့လည်း တွန်းအားပေးနိုင်ပါတယ်။

ပညာရေးဆိုင်ရာ ပြဿနာတွေနဲ့ အခြားပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့နည်းလမ်းတွေကို ရှာဖွေဖို့ အရေးကြီးပါတယ်။ လိုအပ်ပါက ကျွမ်းကျင်သူတွေဆီက အကူအညီတောင်းသင့်ပါတယ် ကလေးဟာ နေမကောင်းလို့ (သို့) စိတ််ပိုင်းဆိုင်ရာ ဒဏ်ရာကြောင့် တစ်နှစ်ထပ်တတ်ဖို့လိုရင်တော့ ဒါက အကျိုးရှိနိုင်ပါတယ်။

ဘယ်အချိန်မှာ အတန်း ထပ်တတ်ဖို့ အဆင်မပြေဘူးလဲ?

ကလေးရဲ့အသက်အရွယ်ပေါ်မူတည်တာကြောင့် အတန်းတစ်ခုကို ထပ်တတ်ရခြင်းရဲ့ အားသာချက်တွေနဲ့ အကျိုးဆက်တွေက အမြဲမတူကြပါဘူး။ ကလေးအရမ်းငယ်သေးတဲ့အချိန်မှာ ဆိုးကျိုးဂယက်ရိုက်မှုက ကြီးမားပါတယ်။ ငယ်ရွယ်တဲ့ ကလေးကို အတန်းထပ်တတ်ခိုင်းခြင်းက နောက်ဆုံးရွေးချယ်စရာသာ ဖြစ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ကလေးအား အားလပ်ရက်တွေအတွင်းမှာ လိုက်မီအောင် အခွင့်အရေးပေးဖို့ စဉ်းစားသင့်ပါတယ်။ တကယ်လို့ ပြဿနာက နောက်နှစ်မှာ ဆက်ဖြစ်နေမယ်ဆိုရင် ဒါက ပညာရေးဆိုင်ရာ ပြဿနာတစ်ခုထက် ပိုဖြစ်နိုင်ပါတယ်။

ကလေး အတန်းထပ်တတ်ရရင် ဘာလုပ်မလဲ?

သင့်ကလေး အတန်းထပ်တတ်ရခြင်းနှင့် ပတ်သတ်ပြီး ဆရာကလည်း သဘောတူတယ်ဆိုရင် သင်ယူမှုမှာ အခက်အခဲ ရှိနေသေးတာကို သတိရဖို့ အရေးကြီးပါတယ်၊ ဒါက သူတို့သင်ယူချင်စိတ်ပျောက်နေတာတို့ ၊ အာရုံစူးစိုက်မှု မရှိတာကြောင့် ဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် အခြေအနေကို တိုးတတ်ကောင်းမွန်စေဖို့နှင့် ထပ်မဖြစ်စေဖို့ အချို့သော အစီမံတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်။

ကလေးအတွက် ဘာလုပ်ပေးဖို့ လိုမလဲ၊ ကလေးက လိုအပ်တဲ့ ဗဟုသုတွေကို မသင်ယူနိုင်ရင် ဘာပြဿနာတွေ ထွက်ပေါ်လာမလဲဆိုတာ သိနိုင်ဖို့ ကလေးရဲ့ဆရာနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဆုံးဖြတ်ချက်ချရာမှာ ကလေးကို ပါဝင်စေပါ။ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် သူတို့ကို အပြစ်မတင်ပါနဲ့။ ဒါပေမယ့် ကလေးက ဆယ်ကျော်သက်အရွယ်ဖြစ်နေပြီး ပြဿနာက စည်းကမ်းချက်တွေဖြစ်ရင် သူတို့ကို အသိပေးသင့်ပါတယ်။ သူတို့ရဲ့ တာဝန်တွေကို ယူခိုင်းပြီး သူတို့ရဲ့အနာဂတ်ကို ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို သိအောင်ကူညီပေးပါ၊ ထို့အပြင် သူတို့အား လေ့လာဖို့ လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို ရှာဖွေပါ၊

ကလေးတွေရဲ့ ပညာရေးစွမ်းဆောင်ရည်ကို ထိခိုက်စေတဲ့ အချက်တွေရှိသလားဆိုတာ ရှာပါ။ ဥပမာ- အိမ်မှာ အမြဲတမ်းပြဿနာတွေရှိတာမျိုး၊ ကျောင်းမှာ ရွယ်တူချင်း ဖိအားပေးခံရတာမျိုး၊ နေမကောင်း ဖြစ်တာမျိုး၊ အိမ်ပြောင်းရတာမျိုး၊ မိဘတွေကွာရှင်းတာ (သို့) မိသားစုမှာ သေဆုံးတာတွေရှိတာမျိုးလည်း ပါဝင်ပါတယ်။ စာသင်နှစ်အသစ်မှာ ထပ်မဖြစ်စေဖို့ အခြေအနေကို ကျော်လွှားဖို့ ကလေးနဲ့အတူတူ ကြိုးစားပေးပါ။

နိဂုံးချုပ်အနေနဲ့ အတန်းတစ်ခုကို ထပ်တတ်ရခြင်းက အချို့သော ကလေးတွေအတွက် အားသာချက်တွေ ရှိနိုင်ပါတယ်၊ ဒါပေမယ့် ထိုကဲ့သို့သော အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင်မှာ အချို့အချက်တွေကို ဆန်းစစ်တာက အကောင်းဆုံးဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here