သားသမီးတစ်ခုခုဖြစ်မှာစိုးလို့ အစစအရာရာ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရတာဟာ မိဘတစ်ယောက်ရဲ့ တာဝန်ဝတ္တရားပါ။ ဒါကြောင့်လည်း ကိုယ့်သားသမီးက ဘယ်လိုစရိုက်မျိုးလဲ၊ ဘာကြိုက်တတ်လဲ၊ ဘာကိုအမုန်းဆုံးလဲ စတဲ့အချက်လေးတွေကို တခြားသူတွေထက် အသိဆုံးလည်း ဖြစ်နေတာပေါ့။ ဒီလိုမျိုး စောင့်ကြည့်နေရင်းနဲ့ ကိုယ့်ကလေးက တစ်ခြားကလေးတွေနဲ့ မရောဘဲ သူ့ဘာသာ တစ်ယောက်တည်း သီးသန့်နေတတ်ပါသလား။ တစ်ခါတစ်လေကျ ကိုယ့်ကိုစကားတွေ၊ ပုံပြင်တွေအများကြီး ပြောတတ်ပေမယ့်လည်း တစ်ခါတစ်လေကျတော့ ငြိမ်နေတတ်လို့ ဘာတွေတွေးနေလဲလို့ စဥ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ သင့်ကလေးဟာ ဘယ်သူနဲ့မှမရောဘဲ အနေအေးတဲ့ကလေးတစ်ယောက်ဖြစ်နေပါပြီ။
ဒါပေမယ့် ဒီလိုအချိန်မှာ တစ်ခုသိထားရမှာကတော့ ကလေးအနေအေးတယ်ဆိုပြီးတော့ အချိန်တိုင်းကို ပေါ့ပေါ့လေးတွေးလို့မရပါဘူး။ လူကြီးတွေနည်းတူ ကလေးတွေလည်းပဲ စိတ်ကျခြင်း၊ စိုးရိမ်ခြင်း စတဲ့ အခြေအနေမျိုးစုံကို ကြုံတွေ့ရတတ်လို့ ကိုယ့်ကလေးကို တခြားကလေးတွေနည်းတူ ပိုပြီးပျော်ရွှင်အောင် ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ သူ့ဘာသာနေတတ်တဲ့ ကလေးဖြစ်လို့ ပုံမမှန်တာ၊ အရှက်ရစရာကိစ္စလို့ တွေးမထင်ပါနဲ့

တခြားသူတွေနဲ့မရောဘဲ တစ်ကိုယ်တည်းနေတတ်သူဦးရေဟာ လူဦးရေအများကြီးထဲကမှ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိသာ ရှိတတ်ကြပါတယ်။ Bill Gates, Emma Watson, Warren Buffett, Courteney Cox, Christina Aguilera, J.K. Rowling, Abraham Lincoln, Mother Teresa, and Mahatma Gandhi, တို့လိုမျိုး အောင်မြင်ကျော်ကြားတဲ့ ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ စွန့်ဦးတီထွင်ကြသူများဟာဆိုရင်လည်း Introvert တွေ ဖြစ်ကြပါတယ်။
၂။ ကလေးရဲ့ပင်ကိုယ်စရိုက်က သဘာဝကြောင့်ဖြစ်တယ်ဆိုတာကိုလည်း နားလည်ပါ

အများတကာနဲ့ဝင်ဆံ့သူတွေနဲ့ တစ်ယောက်တည်းနေတတ်သူတွေဟာ တွေးပုံတွေးခြင်းကလည်း ကွာခြားကြပါတယ်။ အကယ်လို့ ကိုယ့်ကလေးက တခြားသက်တူရွယ်တူ ကလေးတွေထက် အရာရာကို သတိထားပြီး သိုသိုဝှက်ဝှက် နေထိုင်တတ်သူဆိုရင်တော့ ဒါဟာ ဇီဝဗေဒဆိုင်ရာ အကြောင်းအရင်းကြောင့်လို့ သိပြီးတော့ စိတ်ချလက်ချနေလိုက်ပါ။
၃။ ကိုယ့်ကလေးကို လူသစ်တွေ၊ အခြေအနေတွေနဲ့ ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပါ

Introverts တွေဟာ သူတို့နဲ့စိမ်းတဲ့ ပတ်ဝန်းကျင်မှာရောက်နေရင်၊ လူသစ်တွေအနားမှာရှိနေရင် မနေတတ်မထိုင်တတ်ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။ ကိုယ်ကပွဲတစ်ခုခုဆီ ကလေးခေါ်သွားတဲ့အခါ တခြားကလေးတွေနဲ့ ချက်ချင်းစကားပြောဖို့ကို မမျှော်လင့်ထားပါနဲ့။ ဖြစ်နိုင်မယ်ဆိုပါက စောစောသွားပြီးတော့ သူနဲ့နေသားတကျဖြစ်အောင် လုပ်ပေးလိုက်ပါ။
၄။ တခြားလူတွေနဲ့ ပတ်သက်ဖို့က ခက်ခဲတယ်လို့ထင်ရင် အတင်းအကြပ်မလုပ်ဖို့ သတိပေးပါ

Extroverts တွေအတွက်တော့ စကားတွေဖောင်ဖွဲ့ပြောဖို့က ပြဿနာမဟုတ်ပေမယ့်လည်း Introverts တွေအနေနဲ့တော့ အခက်အခဲရှိနိုင်ပါတယ်။ ကိုယ့်ကလေးက အတန်ငယ်အရွက်ရောက်ပြီးသားဆိုရင်တော့ သန့်စင်ခန်း သို့မဟုတ် အပြင်ခဏထွက်ဖို့ကို အကြောင်းပြနိုင်ပေမယ့်လည်း ငယ်သေးတယ်ဆိုရင်တော့ ဘယ်လိုထွက်ရမှန်းမသိဖြစ်နိုင်တာကြောင့် မိဘဖြစ်တဲ့ ကိုယ်က သေချာစောင့်ကြည့်ပေးဖို့ လိုပါလိမ့်မယ်။
၅။ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ချီးမွမ်းစကားဆိုပေးပါ

“မနေ့က သူငယ်ချင်းသစ်တစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်တယ်။ သမီး/သား အတွက် ခက်ခဲတယ်ဆိုတာ မေမေသိတယ် ဒါပေမယ့် သမီး/သား လုပ်ခဲ့တာအတွက် အရမ်းဂုဏ်ယူတယ်” လို့ ပြောပေးခြင်းဖြင့် သူ့ရဲ့လုပ်ရပ်အတွက် ဂုဏ်ယူကြောင်း ပြောဆိုပေးပါ။
၆။ ကိုယ့်အတွက်ကိုယ်ရပ်တည်တတ်အောင် သင်ကြားပေးပါ

တခြားကလေးက သူ့ဆီကနေ အရုပ်လုယူဖို့ ကြိုးစားချိန်မှာ မလုပ်ဖို့ကို အသံကျယ်ကျယ်နဲ့ ပြောတတ်အောင် သင်ပေးပါ။ ကျောင်းမှာခွဲခြားဆက်ဆံခံရတာ ဒါမှမဟုတ် အနိုင်ကျင့်ခံရတဲ့အခါ လူကြီးတစ်ယောက်ယောက်ကို သွားတိုင်တတ်အောင် သေချာပြောပြပေးပါ။
Chit_May_May
Thinzar
Source-quietrev
Zawgyi
တသီးတသန႔္ေနတတ္တဲ့ ကေလးတစ္ေယာက္ကို ဘယ္လိုပုံစံမ်ိဳးနဲ႔ ပ်ိဳးေထာင္ေပးရမလဲ
သားသမီးတစ္ခုခုျဖစ္မွာစိုးလို႔ အစစအရာရာ အရိပ္တၾကည့္ၾကည့္နဲ႔ ေစာင့္ေရွာက္ရတာဟာ မိဘတစ္ေယာက္ရဲ႕ တာဝန္ဝတၱရားပါ။ ဒါေၾကာင့္လည္း ကိုယ့္သားသမီးက ဘယ္လိုစ႐ိုက္မ်ိဳးလဲ၊ ဘာႀကိဳက္တတ္လဲ၊ ဘာကိုအမုန္းဆုံးလဲ စတဲ့အခ်က္ေလးေတြကို တျခားသူေတြထက္ အသိဆုံးလည္း ျဖစ္ေနတာေပါ့။ ဒီလိုမ်ိဳး ေစာင့္ၾကည့္ေနရင္းနဲ႔ ကိုယ့္ကေလးက တစ္ျခားကေလးေတြနဲ႔ မေရာဘဲ သူ႔ဘာသာ တစ္ေယာက္တည္း သီးသန႔္ေနတတ္ပါသလား။ တစ္ခါတစ္ေလက် ကိုယ့္ကိုစကားေတြ၊ ပုံျပင္ေတြအမ်ားႀကီး ေျပာတတ္ေပမယ့္လည္း တစ္ခါတစ္ေလက်ေတာ့ ၿငိမ္ေနတတ္လို႔ ဘာေတြေတြးေနလဲလို႔ စဥ္းစားရၾကပ္ေနပါသလား။ ဒါဆိုရင္ေတာ့ သင့္ကေလးဟာ ဘယ္သူနဲ႔မွမေရာဘဲ အေနေအးတဲ့ကေလးတစ္ေယာက္ျဖစ္ေနပါၿပီ။
ဒါေပမယ့္ ဒီလိုအခ်ိန္မွာ တစ္ခုသိထားရမွာကေတာ့ ကေလးအေနေအးတယ္ဆိုၿပီးေတာ့ အခ်ိန္တိုင္းကို ေပါ့ေပါ့ေလးေတြးလို႔မရပါဘူး။ လူႀကီးေတြနည္းတူ ကေလးေတြလည္းပဲ စိတ္က်ျခင္း၊ စိုးရိမ္ျခင္း စတဲ့ အေျခအေနမ်ိဳးစုံကို ႀကဳံေတြ႕ရတတ္လို႔ ကိုယ့္ကေလးကို တျခားကေလးေတြနည္းတူ ပိုၿပီးေပ်ာ္႐ႊင္ေအာင္ ဘယ္လိုမ်ိဳး ျပဳစုေစာင့္ေရွာက္ေပးရမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။
၁။ သူ႔ဘာသာေနတတ္တဲ့ ကေလးျဖစ္လို႔ ပုံမမွန္တာ၊ အရွက္ရစရာကိစၥလို႔ ေတြးမထင္ပါနဲ႔
တျခားသူေတြနဲ႔မေရာဘဲ တစ္ကိုယ္တည္းေနတတ္သူဦးေရဟာ လူဦးေရအမ်ားႀကီးထဲကမွ ၃၀ မွ ၅၀ ရာခိုင္ႏႈန္းအထိသာ ရွိတတ္ၾကပါတယ္။ Bill Gates, Emma Watson, Warren Buffett, Courteney Cox, Christina Aguilera, J.K. Rowling, Abraham Lincoln, Mother Teresa, and Mahatma Gandhi, တို႔လိုမ်ိဳး ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေခါင္းေဆာင္ေတြ၊ အႏုပညာရွင္ေတြနဲ႔ စြန႔္ဦးတီထြင္ၾကသူမ်ားဟာဆိုရင္လည္း Introvert ေတြ ျဖစ္ၾကပါတယ္။
၂။ ကေလးရဲ႕ပင္ကိုယ္စ႐ိုက္က သဘာဝေၾကာင့္ျဖစ္တယ္ဆိုတာကိုလည္း နားလည္ပါ
အမ်ားတကာနဲ႔ဝင္ဆံ့သူေတြနဲ႔ တစ္ေယာက္တည္းေနတတ္သူေတြဟာ ေတြးပုံေတြးျခင္းကလည္း ကြာျခားၾကပါတယ္။ အကယ္လို႔ ကိုယ့္ကေလးက တျခားသက္တူ႐ြယ္တူ ကေလးေတြထက္ အရာရာကို သတိထားၿပီး သိုသိုဝွက္ဝွက္ ေနထိုင္တတ္သူဆိုရင္ေတာ့ ဒါဟာ ဇီဝေဗဒဆိုင္ရာ အေၾကာင္းအရင္းေၾကာင့္လို႔ သိၿပီးေတာ့ စိတ္ခ်လက္ခ်ေနလိုက္ပါ။
၃။ ကိုယ့္ကေလးကို လူသစ္ေတြ၊ အေျခအေနေတြနဲ႔ ျဖည္းျဖည္းခ်င္း မိတ္ဆက္ေပးပါ
Introverts ေတြဟာ သူတို႔နဲ႔စိမ္းတဲ့ ပတ္ဝန္းက်င္မွာေရာက္ေနရင္၊ လူသစ္ေတြအနားမွာရွိေနရင္ မေနတတ္မထိုင္တတ္ျဖစ္ေလ့ျဖစ္ထ ရွိၾကပါတယ္။ ကိုယ္ကပြဲတစ္ခုခုဆီ ကေလးေခၚသြားတဲ့အခါ တျခားကေလးေတြနဲ႔ ခ်က္ခ်င္းစကားေျပာဖို႔ကို မေမွ်ာ္လင့္ထားပါနဲ႔။ ျဖစ္ႏိုင္မယ္ဆိုပါက ေစာေစာသြားၿပီးေတာ့ သူနဲ႔ေနသားတက်ျဖစ္ေအာင္ လုပ္ေပးလိုက္ပါ။
၄။ တျခားလူေတြနဲ႔ ပတ္သက္ဖို႔က ခက္ခဲတယ္လို႔ထင္ရင္ အတင္းအၾကပ္မလုပ္ဖို႔ သတိေပးပါ
Extroverts ေတြအတြက္ေတာ့ စကားေတြေဖာင္ဖြဲ႕ေျပာဖို႔က ျပႆနာမဟုတ္ေပမယ့္လည္း Introverts ေတြအေနနဲ႔ေတာ့ အခက္အခဲရွိႏိုင္ပါတယ္။ ကိုယ့္ကေလးက အတန္ငယ္အ႐ြက္ေရာက္ၿပီးသားဆိုရင္ေတာ့ သန႔္စင္ခန္း သို႔မဟုတ္ အျပင္ခဏထြက္ဖို႔ကို အေၾကာင္းျပႏိုင္ေပမယ့္လည္း ငယ္ေသးတယ္ဆိုရင္ေတာ့ ဘယ္လိုထြက္ရမွန္းမသိျဖစ္ႏိုင္တာေၾကာင့္ မိဘျဖစ္တဲ့ ကိုယ္က ေသခ်ာေစာင့္ၾကည့္ေပးဖို႔ လိုပါလိမ့္မယ္။
၅။ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈကို ခ်ီးမြမ္းစကားဆိုေပးပါ
“မေန႔က သူငယ္ခ်င္းသစ္တစ္ေယာက္နဲ႔ စကားေျပာေနတာကို ေတြ႕လိုက္တယ္။ သမီး/သား အတြက္ ခက္ခဲတယ္ဆိုတာ ေမေမသိတယ္ ဒါေပမယ့္ သမီး/သား လုပ္ခဲ့တာအတြက္ အရမ္းဂုဏ္ယူတယ္” လို႔ ေျပာေပးျခင္းျဖင့္ သူ႔ရဲ႕လုပ္ရပ္အတြက္ ဂုဏ္ယူေၾကာင္း ေျပာဆိုေပးပါ။
၆။ ကိုယ့္အတြက္ကိုယ္ရပ္တည္တတ္ေအာင္ သင္ၾကားေပးပါ
တျခားကေလးက သူ႔ဆီကေန အ႐ုပ္လုယူဖို႔ ႀကိဳးစားခ်ိန္မွာ မလုပ္ဖို႔ကို အသံက်ယ္က်ယ္နဲ႔ ေျပာတတ္ေအာင္ သင္ေပးပါ။ ေက်ာင္းမွာခြဲျခားဆက္ဆံခံရတာ ဒါမွမဟုတ္ အႏိုင္က်င့္ခံရတဲ့အခါ လူႀကီးတစ္ေယာက္ေယာက္ကို သြားတိုင္တတ္ေအာင္ ေသခ်ာေျပာျပေပးပါ။