တာဝန်ကျေပွန်သော မိဘတစ်ယောက်ဖြစ်လာစေဖို့ ကူညီပေးနိုင်သော နည်းလမ်းတစ်ချို့

0
134
- Advertisement -

တာဝန်ကျေပွန်သောမိဘတစ်ယောက်ဖြစ်ခြင်းဟာ ဘယ်လိုလူအတွက်မဆို အရေးကြီးဆုံးအလုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိဘတစ်ယောက်ဖြစ်လာတဲ့အခါ သင်ဟာဘယ်အရွယ်ဖြစ်နေတယ်ဆိုတာအရေးမကြီးပါဘူး။ သင့်ကလေးက သင့်ကို ရင့်ကျက်စေပါလိမ့်မယ်။ ၎င်းက သင့်ကို သင်ကိုယ်တိုင်အတွက် အတတ်နိုင်ဆုံးအကောင်းဆုံးဗားရှင်းဖြစ်စေပြီး သင့်ကလေးသေးသေးလေးတွေကို ကာကွယ် ၊ ထောက်ပံ့နိုင်ချင်ကြပါတယ်။

တာဝန်သိတဲ့မိဘတွေဟာ သူတို့ကလေးတွေအတွက် အကောင်းဆုံးစံပြဖြစ်ပေးကြသူတွေပါ။ ကလေးတွေဟာ သူတို့ရဲ့ မိဘကို ကြည့်ပြီး ဘဝအတွက် အကောင်းဆုံး Guide တွေအဖြစ် မှတ်ယူကြပါတယ်။ မိဘတွေအနေနဲ့ မိသားစုအလုပ်တွေ၊ အိမ်အလုပ်တွေ၊ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ကောင်းကောင်းလုပ်ကိုင်နိုင်ခြင်းဟာ ကလေးကြီးပြင်းလာတဲ့အခါ တာဝန်ယူမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပါတယ်။ ဒီနေရာမှာ တာဝန်ကျေပွန်သောမိဘတစ်ယောက်ဖြစ်လာစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကိုယ်တိုင်ဥပမာနဲ့ သင်ကြားခြင်း

- Advertisement -

မိဘတွေပေးသော အကောင်းဆုံးအကြံပေးချက်ဆိုတာဟာ နှုတ်နဲ့ မဟုတ်ဘဲ အပြုအမူတွေကတစ်ဆင့် ဖြစ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ အပြုအမူတွေကို လေ့လာခြင်းနှင့် တုပခြင်းတွေဆိုတာ ပတ်ဝန်းကျင်မှာရှိသူတွေကို စောင့်ကြည့်ခြင်းနှင့် နားထောင်ခြင်းကို ဆိုလိုပါတယ်။ ကလေးတွေဟာ တစ်ခြားလူတွေဆီကနေ လေ့လာပြီး သင်ယူမယ်ဆိုရင် ပိုပြီး ရိုးရိုးရှင်းရှင်းသင်ယူနိုင်ပါတယ်။ စံပြတွေဟာ ကလေးအနားမှာ အမြဲရှိနေဖို့ မလိုအပ်ပါဘူး။ ဖုန်းတွေ၊ TV တွေ ၊ ကျောင်း၊ အိမ်…စတဲ့ နေရာတိုင်းက လူတွေဆီက သင်ယူနိုင်ပါတယ်။ မိဘတွေဖြစ်လာပြီးနောက်မှာ မိဘနှစ်စလုံးဟာ သူတို့ကိုယ်တိုင် အကောင်းဆုံးစံပြတွေအနေနဲ့ သင်ကြားပေးခြင်းဟာလည်း တာဝန်ကျေခြင်းတစ်မျိုးပါပဲ။

၂။ မှန်ကန်သော မိဘအုပ်ထိန်းမှုအကြံဉာဏ်များပေးခြင်း

ကလေးတွေကြီးပြင်းလာတာနဲ့အမျှ မေးခွန်းတွေနဲ့ မိဘတွေဆီကို ရောက်လာတတ်ကြပါတယ်။ သူတို့ဟာ ကျောင်းမှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို သူတို့အသက်အရွယ်လေးနဲ့ နားမလည်နိုင်တဲ့အခါ မိဘတွေဆီကို သယ်လာတတ်ပါတယ်။ ဒီနေရာမှာ မိဘတွေအနေနဲ့ ကလေးတွေကို သူတို့ရဲ့ ပြဿနာတွေကို တာဝန်ယူပြီး ရင့်ကျက်သောနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကလေးတွေကို အကြံဉာဏ်ပေးသင့်ပါတယ်။

၃။ မှန်ကန်သော နည်းလမ်းနဲ့ စည်းမျဉ်းတွေကို သင်ကြားပေးခြင်း

သင့်ကလေးတွေကို စည်းမျဉ်းစည်းကမ်းတွေသင်ကြားဖို့ဆိုတာ အရေးကြီးတဲ့တာဝန်တစ်ခုပါ။ တာဝန်သိသောမိဘတွေဟာ စည်းကမ်းဆိုတာ အော်ငေါက်ခြင်း၊ ဆဲဆိုခြင်းနှင့် အပြစ်ပေးခြင်းတွေမဟုတ်ဘူးဆိုတာ သူတို့နားလည်ထားကြပါတယ်။ ကလေးတွေကို ကျောင်းမှာ ၊ အိမ်မှာ ၊ သူငယ်ချင်းတွေနဲ့ လူမှုဆက်ဆံရေးပိုင်းတွေမှာ ဘယ်လိုကိုယ်အမူအရာတွေရှိသင့်တယ်ဆိုတာ သင်ကြားထားသင့်ပါတယ်။ ကလေးတွေကို ကူညီခြင်းဟာ သူတို့ပတ်ဝန်းကျင်၊ သူတို့ကိုယ်တိုင်အတွက် လေးစားမှုတွေ ဖွံ့ဖြိုးတိုးတက်စေပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့နှင့် နားလည်တတ်ဖို့လည်း သင်ကြားပေးသင့်ပါတယ်။

၄။ လက်ထပ်ထိမ်းမြားမှုရဲ့ အဆက်အသွယ်အတွင်းမှာပဲ ရှင်သန်သင့်တယ်

သားသမီးတွေကို ပြုစုပျိုးထောင်ခြင်းဆိုတာ စုံတွဲတစ်တွဲအတူလုပ်ဆောင်နိုင်တဲ့ ကျေနပ်စရာအကောင်းဆုံံးဆုတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ဇနီးမောင်နှံဖြစ်လာပြီး မိသားစုတစ်ခုတည်ဆောက်ပြီးချိန်မှာ ချစ်ခြင်းမေတ္တာဟာ အရမ်းအရေးကြီးတယ်ဆိုတာ နားလည်ထားရပါတယ်။ အိမ်ထောင်ရေးခိုင်မြဲလေလေ စုံတွဲတွေရဲ့ ဘဝဟာ တစ်ခြားလူတွေထက် ပျော်စရာကောင်းလေလေပါပဲ။

၅။ ကောင်းမွန်သော ကလေးတစ်ယောက်ကို ပျိုးထောင်ခြင်း

ကြင်နာတတ်သော၊ လူမှုဆက်ဆံရေးကောင်းသော၊ သန်မာဖျတ်လတ်သော ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ သင့်အနေနဲ့ တာဝန်ကျေသော မိဘအုပ်ထိန်းမှုတွေနဲ့ ပြုစုပျိုးထောင်ချင်တယ်ဆိုရင် ဒီအရာတွေကို ပြုလုပ်ပါ။

  • သူတို့ဟာ ခက်ခဲနေမယ်ဆိုရင်တောင် သူတို့အတွက် ဆုံးဖြတ်ချက်ချပါ။
  • ထူးဆန်းသော၊ မသက်မသာဖြစ်စေသောမေးခွန်းတွေကို မရှက်ပါနဲ့။
  • ပွင့်လင်းသောလူမှုဆက်သွယ်ရေးတွေကို ဆက်လက်ထိန်းသိမ်းပါ။
    -ကလေးတွေကို အကြံဉာဏ်ပေးတဲ့အခါ ရိုးသားမှုနဲ့ မှန်ကန်မှုရှိပါ။
    -တာဝန်ဝတ္တရားရဲ့ စံပြကောင်းဖြစ်အောင် ကြိုးစားပါ
  • အရည်အသွေးကောင်းသော အချိန်နှင့် အာရုံစူးစိုက်မှုတွေကို ကလေးကို ပေးပါ။

၆။ ချက်ပြုတ်ခြင်းနဲ့ သန့်ရှင်းခြင်း

အိမ်ကို သပ်သပ်ရပ်ရပ်ထားခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံးလူနေမှုပတ်ဝန်းကျင်ကို ပေးပါတယ်။ သူတို့ကိုယ်တိုင်သန့်သန့်ရှင်းရှင်းနေတတ်လာဖို့ သင်ပေးသင့်ပါတယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ အပြင်မှာ စားတာက တစ်ခါတလေမှာ ကောင်းပေမယ့်လည်း အမြဲတမ်းတော့ အဆင်မပြေနိုင်ပါ။ အိမ်မှာပဲ ကျန်းမာသန်စွမ်းသောအစားအစာတွေကို ချက်ပြုတ်ကျွေးမွေးဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။ ကြင်နာပြီး ချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မိဘတွေရဲ့ တာဝန်ပါ။ ဒါပေမယ့် တာဝန်ကျေသောမိဘဖြစ်ဖို့ဆိုတာ ကလေးကို ပြုစုပျိုးထောင်ရုံသက်သက်နဲ့ မရနိုင်ပါဘူး။ တာဝန်ယူမှု၊ ဘဏ္ဍာရေးအရ စီမံခန့်ခွဲမှုတွေအကြောင်း ဆွေးနွေးခြင်းနှင့် အကောင်းဆုံးအကြံပေးချက်တွေလုပ်ရပါသေးတယ်။ ပြုစုပျိုးထောင်ခြင်းဆိုတာ သင့်ကို ပျော်ရွှင်စေပြီး တာဝန်ယူတတ်သူ၊ တာဝန်ခံတတ်သူတစ်ဦးဖြစ်စေပါတယ်။

Chit_May_May

Nyein_Thu

Ref – themindjournal

LEAVE A REPLY

Please enter your comment!
Please enter your name here