တိဘက်ပညာရှင်တွေရဲ့အဆိုအရ ကလေးတွေကို ပြုစုပျိုးထောင်ခြင်း အဆင့် (၄)ဆင့်

0
786
- Advertisement -

တိဘက်လူမျိုးတွေဟာ စိတ်ရှည်သည်းခံပြီး ပညာရှိကြတယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ သူတို့မှာ လူ့ဘဝရဲ့ ရှုထောင့်အားလုံးအပေါ် ထူးခြားတဲ့ အမြင်ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ပြုစုပျိုးထောင်မှုနှင့် ပတ်သတ်လာတဲ့အခါ ‘တိဘက်အမြင်’ဆိုတာ ရှိပါတယ်။ အဲ့ဒါက စဉ်းစားဆုံးဖြတ်ချက်ချတတ်ပြီး မိဘတွေကို လေးစားတဲ့ self-sufficient လူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးပါတယ်။
ယနေ့ဆောင်းပါးလေးကနေ ချစ်မေမေတို့အတွက် တိဘက်ပညာရှင်တွေရဲ့အဆိုအရ ကလေးတွေကို ပြုစုပျိုးထောင်ခြင်းရဲ့ အဆင့် (၄)ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

၁။ အဆင့် ၁- အသက် ၅နှစ်မတိုင်ခင်

တိဘက် ကလေးပြုစုပျိုးထောင်မှုစနစ်မှာ မိဘတွေဟာ ကလေးကို “ဘုရင်၊မိဖုရား” လို စကားပြောဆိုသင့်တယ်။ ဘယ်အရာကိုမှ တားမြစ်ခြင်း၊ အပြစ်ပေးခြင်း မပြုလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဒီအသက်အရွယ်မှာ ကလေးတွေဟာ စပ်စုကြပြီး လောကကို စူးစမ်းလေ့လာဖို့ အဆင်သင့်ရှိပါတယ်။ အဲ့ဒီကနေ သူတို့မှာ လေ့လာစရာ ဘာအတွေ့အကြုံမှ မရှိပါဘူး၊ ယုတ္တိရှိတဲ့ ကောက်ချက်လည်း မချနိုင်ကြပါဘူး။ သူတို့က မှားယွင်းတာ (သို့) အန္တရာယ်ရှိတာ တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ကလေးရဲ့ ကြောက်စိတ်ကိုကြည့်ပြီး မိဘတွေအနေနဲ့ ပြုမှုသင့်ပါတယ်။ သူတို့ရဲ့ အာရုံကို အခြားအရာတစ်ခုခုသို့ ပြောင်းလဲပစ်သင့်ပါတယ်။ စိတ်လှုပ်ရှားမှုတွေက ဒီကာလအတွင်းမှာ ကလေးတွေ ကောင်းစွာ နားလည်တဲ့ ဘာသာစကားဖြစ််ပါတယ်။ တကယ်လို့ မေမေတို့က ကလေးကို အလွန်အမင်း ကာကွယ်ပေးထားပြီး ကလေးက ဘာလုပ်လုပ် တားမြစ်ပါက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးထွင်းဉာဏ် ကိုဖိနှိပ်သလို ဖြစ်စေပြီး စဉ်းစားမှုမရှိဘဲ လိုက်နာတတ်ဖို့ သင်ကြားပေးသလို ဖြစ်စေပါတယ်။

၂။ အဆင့် ၂ – ၅နှစ်မှ ၁၀ နှစ်အထိ

ဒီကာလအတွင်းမှာ မိဘတွေက ကိုယ့်ကလေးကို “ကျွန်”လို ပြောဆိုသင့်ပါတယ်။ သို့သော် ရက်စက်မှုမရှိစေဖို့ သတိပြုပါ။ ဒီအချိန်ဟာ သူတို့ရဲ့ ဘဝမှာ ဉာဏ်ရည်နှင့် ယုတ္တိဆိုင်ရာ စဉ်းစားတွေးခေါ်မှုတွေ ဖွံ့ဖြိုးလာပြီး သူတို့ရဲ့ အနာဂတ်ကိုယ်ရည်ကိုယ်သွေးအခြေခံကို ဖြစ်ပေါ်လာစေပါတယ်။

ကလေးအတွက် ရည်မှန်းချက်အသီးသီးကို ချမှတ်ဖို့၊ အောင်မြင်မှုကို ဘယ်လိုထိန်းချုပ်ဖို့နှင့် ပန်းတိုင်မရောက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအတွက် မေမေတို့ ကလေးကို အဆင်သင့်ဖြစ်စေဖို့ အရေးကြီးပါတယ်။ ကလေးတစ်ယောက်အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေအတွက် တာဝန်ယူတတ်ဖို့ စတင်သင်ယူသင့်ပါတယ်။ ဒီကာလအတွင်းမှာ ကလေးအား အလုပ်အများကြီးပေးရမှာကို မကြောက်ပါနဲ့၊ သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး လေ့လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဒီကာလအတွင်းမှာ မိဘတွေဟာ “ဘုရင်”ကနေ “ကျွန်”ကို မပြောင်းလဲပါက သူတို့လေးတွေ ကလေးဆန်လာပြီး သူတို့လုပ်ရပ်တွေအတွက် တာဝန်မယူနိုင်တော့ပါဘူး။

၃။ အဆင့် ၃ – အသက် ၁၀ နှစ်မှ ၁၅နှစ်

အသက် ၁၀နှစ်မှ ၁၅နှစ်အတွင်း ကလေးကို တန်းတူရည်တူ စကားပြောဖို့ အရေးကြီးပါတယ်။ သင့်မှာ ဘဝအတွေ့အကြုံတွေ၊ ဗဟုသုတတွေ ပိုရှိတာမှန်သော်လည််း ကလေးက သူတို့ထင်သလောက်ကို ပြောပြနိုင်ပြီး သူတို့ထင်မြင်ချက်ကို ဝေမျှနိုင်ရပါမယ်။

သူတို့ကို ကူညီပေးပါ။ အကြံဉာဏ် တောင်းခံပြီး လွတ်လပ်မှုကို အားပေးပါ။ အမိန့်တွေ၊ တားမြစ်ချက်တွေ မဟုတ်တဲ့ အကြံဉာဏ်ပေးဖို့ အရေးကြီးပါတယ်။ အကြောင်းက ဒီအချိန်ဟာ အတွေးအမြင်ရဲ့ လွပ်လပ်မှုကို ဖွဲ့စည်းတဲ့ အသက်အရွယ်ဖြစ်တာကြောင့်ပါ။

အကယ်၍ များစွာသောအရာတွေကို သင်တားမြစ်လျှင် သင့်ရဲ့ ဆက်ဆံရေးကို ပိုဆိုးရွားစေပြီး ကလေးဟာ အန္တရာယ်ရှိတဲ့ အခြေအနေသို့ ရောက်သွားနိုင်ပါတယ်။ မိဘတွေက အလွန်အမင်း ကာကွယ်ပေးလွန်းရင် တစ်စုံတစ်ယောက်ရဲ့ ထင်မြင်ချက်ပေါ်မှာ မှီခိုပြီး လုံခြုံမှုမရှိတဲ့သူတွေအဖြစ် ကြီးပြင်းကြပါလိမ့်မယ်။

၄။ အဆင့် ၄ – အသက် ၁၅ နှစ်နဲ့အထက်

ဒီအချိန်ဟာ ကလေးရဲ့ ပင်ကိုစရိုက်ကို အပြည့်အဝဖွဲ့စည်းပါတယ်။ ဒီအချိန်ဟာ respect ထားဖို့ အရေးကြီးပါတယ်၊။ မိဘတွေအနေနဲ့ အကြံဉာဏ်ပေးနိုင်ပါတယ်။ သို့သော် သင်ကြားဖို့တော့ အရမ်းနောက်ကျလွန်းပါတယ်။ ဒီအချိန်မှာ သင့်လုပ်ရပ်ရဲ့ ရလဒ်တွေကို သင်တွေ့ရပါလိမ့်မယ်။ ကလေးဟာ independent နှင့် self-sufficient ရှိပြီး သူတို့မိဘတွေနဲ့ တခြားသူတွေကို လေးစားပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

တိဘက္ပညာရွင္ေတြရဲ႕အဆိုအရ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ျခင္း အဆင့္ (၄)ဆင့္
တိဘက္လူမ်ိဳးေတြဟာ စိတ္ရွည္သည္းခံၿပီး ပညာရွိၾကတယ္ဆိုတာ သင္သိၿပီးသားျဖစ္မွာပါ။ သူတို႔မွာ လူ႔ဘဝရဲ႕ ရႈေထာင့္အားလုံးအေပၚ ထူးျခားတဲ့ အျမင္ရွိပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို ျပဳစုပ်ိဳးေထာင္မႈႏွင့္ ပတ္သတ္လာတဲ့အခါ ‘တိဘက္အျမင္’ဆိုတာ ရွိပါတယ္။ အဲ့ဒါက စဥ္းစားဆုံးျဖတ္ခ်က္ခ်တတ္ၿပီး မိဘေတြကို ေလးစားတဲ့ self-sufficient လူတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးပါတယ္။
ယေန႔ေဆာင္းပါးေလးကေန ခ်စ္ေမေမတို႔အတြက္ တိဘက္ပညာရွင္ေတြရဲ႕အဆိုအရ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ျခင္းရဲ႕ အဆင့္ (၄)ဆင့္ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ အဆင့္ ၁- အသက္ ၅ႏွစ္မတိုင္ခင္

တိဘက္ ကေလးျပဳစုပ်ိဳးေထာင္မႈစနစ္မွာ မိဘေတြဟာ ကေလးကို “ဘုရင္၊မိဖုရား” လို စကားေျပာဆိုသင့္တယ္။ ဘယ္အရာကိုမွ တားျမစ္ျခင္း၊ အျပစ္ေပးျခင္း မျပဳလုပ္သင့္ဘူးလို႔ ဆိုပါတယ္။ ဒီအသက္အ႐ြယ္မွာ ကေလးေတြဟာ စပ္စုၾကၿပီး ေလာကကို စူးစမ္းေလ့လာဖို႔ အဆင္သင့္ရွိပါတယ္။ အဲ့ဒီကေန သူတို႔မွာ ေလ့လာစရာ ဘာအေတြ႕အႀကဳံမွ မရွိပါဘူး၊ ယုတၱိရွိတဲ့ ေကာက္ခ်က္လည္း မခ်ႏိုင္ၾကပါဘူး။ သူတို႔က မွားယြင္းတာ (သို႔) အႏၲရာယ္ရွိတာ တစ္ခုခုလုပ္ခဲ့မယ္ဆိုရင္ ကေလးရဲ႕ ေၾကာက္စိတ္ကိုၾကည့္ၿပီး မိဘေတြအေနနဲ႔ ျပဳမႈသင့္ပါတယ္။ သူတို႔ရဲ႕ အာ႐ုံကို အျခားအရာတစ္ခုခုသို႔ ေျပာင္းလဲပစ္သင့္ပါတယ္။ စိတ္လႈပ္ရွားမႈေတြက ဒီကာလအတြင္းမွာ ကေလးေတြ ေကာင္းစြာ နားလည္တဲ့ ဘာသာစကားျဖစ္္ပါတယ္။ တကယ္လို႔ ေမေမတို႔က ကေလးကို အလြန္အမင္း ကာကြယ္ေပးထားၿပီး ကေလးက ဘာလုပ္လုပ္ တားျမစ္ပါက သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ထိုးထြင္းဉာဏ္ ကိုဖိႏွိပ္သလို ျဖစ္ေစၿပီး စဥ္းစားမႈမရွိဘဲ လိုက္နာတတ္ဖို႔ သင္ၾကားေပးသလို ျဖစ္ေစပါတယ္။

၂။ အဆင့္ ၂ – ၅ႏွစ္မွ ၁၀ ႏွစ္အထိ

ဒီကာလအတြင္းမွာ မိဘေတြက ကိုယ့္ကေလးကို “ကြၽန္”လို ေျပာဆိုသင့္ပါတယ္။ သို႔ေသာ္ ရက္စက္မႈမရွိေစဖို႔ သတိျပဳပါ။ ဒီအခ်ိန္ဟာ သူတို႔ရဲ႕ ဘဝမွာ ဉာဏ္ရည္ႏွင့္ ယုတၱိဆိုင္ရာ စဥ္းစားေတြးေခၚမႈေတြ ဖြံ႕ၿဖိဳးလာၿပီး သူတို႔ရဲ႕ အနာဂတ္ကိုယ္ရည္ကိုယ္ေသြးအေျခခံကို ျဖစ္ေပၚလာေစပါတယ္။

ကေလးအတြက္ ရည္မွန္းခ်က္အသီးသီးကို ခ်မွတ္ဖို႔၊ ေအာင္ျမင္မႈကို ဘယ္လိုထိန္းခ်ဳပ္ဖို႔ႏွင့္ ပန္းတိုင္မေရာက္တဲ့အခါ ျဖစ္ေပၚလာတဲ့ အက်ိဳးဆက္ေတြအတြက္ ေမေမတို႔ ကေလးကို အဆင္သင့္ျဖစ္ေစဖို႔ အေရးႀကီးပါတယ္။ ကေလးတစ္ေယာက္အေနနဲ႔ သူတို႔ရဲ႕ လုပ္ေဆာင္မႈေတြအတြက္ တာဝန္ယူတတ္ဖို႔ စတင္သင္ယူသင့္ပါတယ္။ ဒီကာလအတြင္းမွာ ကေလးအား အလုပ္အမ်ားႀကီးေပးရမွာကို မေၾကာက္ပါနဲ႔၊ သူတို႔ ကိုင္တြယ္ေျဖရွင္းႏိုင္ၿပီး ေလ့လာဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။

ဒီကာလအတြင္းမွာ မိဘေတြဟာ “ဘုရင္”ကေန “ကြၽန္”ကို မေျပာင္းလဲပါက သူတို႔ေလးေတြ ကေလးဆန္လာၿပီး သူတို႔လုပ္ရပ္ေတြအတြက္ တာဝန္မယူႏိုင္ေတာ့ပါဘူး။

၃။ အဆင့္ ၃ – အသက္ ၁၀ ႏွစ္မွ ၁၅ႏွစ္

အသက္ ၁၀ႏွစ္မွ ၁၅ႏွစ္အတြင္း ကေလးကို တန္းတူရည္တူ စကားေျပာဖို႔ အေရးႀကီးပါတယ္။ သင့္မွာ ဘဝအေတြ႕အႀကဳံေတြ၊ ဗဟုသုတေတြ ပိုရွိတာမွန္ေသာ္လည္္း ကေလးက သူတို႔ထင္သေလာက္ကို ေျပာျပႏိုင္ၿပီး သူတို႔ထင္ျမင္ခ်က္ကို ေဝမွ်ႏိုင္ရပါမယ္။

သူတို႔ကို ကူညီေပးပါ။ အႀကံဉာဏ္ ေတာင္းခံၿပီး လြတ္လပ္မႈကို အားေပးပါ။ အမိန္႔ေတြ၊ တားျမစ္ခ်က္ေတြ မဟုတ္တဲ့ အႀကံဉာဏ္ေပးဖို႔ အေရးႀကီးပါတယ္။ အေၾကာင္းက ဒီအခ်ိန္ဟာ အေတြးအျမင္ရဲ႕ လြပ္လပ္မႈကို ဖြဲ႕စည္းတဲ့ အသက္အ႐ြယ္ျဖစ္တာေၾကာင့္ပါ။

အကယ္၍ မ်ားစြာေသာအရာေတြကို သင္တားျမစ္လွ်င္ သင့္ရဲ႕ ဆက္ဆံေရးကို ပိုဆိုး႐ြားေစၿပီး ကေလးဟာ အႏၲရာယ္ရွိတဲ့ အေျခအေနသို႔ ေရာက္သြားႏိုင္ပါတယ္။ မိဘေတြက အလြန္အမင္း ကာကြယ္ေပးလြန္းရင္ တစ္စုံတစ္ေယာက္ရဲ႕ ထင္ျမင္ခ်က္ေပၚမွာ မွီခိုၿပီး လုံၿခဳံမႈမရွိတဲ့သူေတြအျဖစ္ ႀကီးျပင္းၾကပါလိမ့္မယ္။

၄။ အဆင့္ ၄ – အသက္ ၁၅ ႏွစ္နဲ႔အထက္

ဒီအခ်ိန္ဟာ ကေလးရဲ႕ ပင္ကိုစ႐ိုက္ကို အျပည့္အဝဖြဲ႕စည္းပါတယ္။ ဒီအခ်ိန္ဟာ respect ထားဖို႔ အေရးႀကီးပါတယ္၊။ မိဘေတြအေနနဲ႔ အႀကံဉာဏ္ေပးႏိုင္ပါတယ္။ သို႔ေသာ္ သင္ၾကားဖို႔ေတာ့ အရမ္းေနာက္က်လြန္းပါတယ္။ ဒီအခ်ိန္မွာ သင့္လုပ္ရပ္ရဲ႕ ရလဒ္ေတြကို သင္ေတြ႕ရပါလိမ့္မယ္။ ကေလးဟာ independent ႏွင့္ self-sufficient ရွိၿပီး သူတို႔မိဘေတြနဲ႔ တျခားသူေတြကို ေလးစားပါတယ္။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here