တီဗီအရမ်းကြည့်တာဟာ ကလေးတွေအတွက် ကောင်းပါသလား?

0
41

ကလေးတွေဟာ တီဗီ ကြည့်ရတာကို သဘောကျကြပါတယ်။ တီဗီကြည့်နေရမယ်ဆိုရင် ဘယ်လောက်ပဲ ငနာမငြိမ်တဲ့ ကလေးဖြစ်ပါစေ ငြိမ်သွားတတ်ကြပါတယ်။ မေမေတို့ကော ကလေးငြိမ်အောင်ဆိုပြီး တီဗီပေးကြည့်တတ်ပါသလား? မေမေတို့ကလေးက တီဗီရှေ့က မခွာနိုင်အောင် တီဗီအရမ်းကြည့်တဲ့သူဖြစ်နေပြီလား? တီဗီအရမ်းကြည့်တာဟာ ကလေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကများနေလို့ မေမေတို့ သတိထားမိစေဖို့ မျှဝေပေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုမှာ Motor skills ဆိုတဲ့ လက်ချောင်းကြွက်သားငယ်လေးတွေ ကျန်းမာသန်စွမ်းမှုက အရေးပါပါတယ်။ ဒါပေမယ့် ကလေးတွေဟာ သူတို့ကြိုက်တဲ့ ကာတွန်းတွေ၊ စီးရီးတွေကို ကြည့်တဲ့အခါ မလှုပ်မယှက်နဲ့ငြိမ်ပြီး စခရင်ပေါ်မှာပေါ်လာတဲ့ ပုံရိပ်တွေကို အာရုံစိုက်ပြီး ကြည့်တတ်ကြပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပြီး အဝလွန်တာတွေ၊ ကိုယ်လက်မကျန်းမာတာတွေ ဖြစ်လာစေပါတယ်။ အရမ်းငယ်သေးတဲ့ကလေးတွေဆိုရင် ဦးနှောက်၊ မျက်လုံးထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ တီဗီက psychomotor ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။ ဆန့်ကျင့်ဘက်အနေနဲ့ တီဗီကြည့်တာဟာ ကလေးတွေရဲ့ ပညာရေးနှင့် ဖျော်ဖြေရေးအတွက် ထူးခြားတဲ့နည်းလမ်းလည်း ဖြစ်နိုင်ပါတယ်။

ကလေးတွေ တီဗီကို အာရုံစိုက်ကြည့်နေရင် မိဘတွေက ငါ့သားလေး/သမီးလေးက တီဗီကြည့်တာ ဝါသနာပါတယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ကလေးတွေဟာ အားကစားနှင့် လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းထက် တီဗီကြည့်တဲ့အချိန်က ပိုများလာကြပါတယ်။
ကလေးတွေအနေနဲ့ ဖန်သားပြင်ရှေ့မှာ အချိန်ဘယ်လောက်ဖြုန်းသင့်သလဲဆိုတာကို ကလေးအထူးကုတွေက ယခုလို အကြံပြုထားပါတယ်။

အသက် ၁၈လအရွယ်အထိ ကလေးငယ်တွေ၊ ဘေဘီလေးတွေကို တီဗီမပြဖို့ အကြံပြုထားပါတယ်။
၁၈လကနေ ၂၄လ ကလေးငယ်တွေကို တစ်နေ့မှာ မိနစ်အနည်းငယ်သာ တီဗီကိုစပြီး ပြပေးပါ။
မူကြိုအရွယ်မှာ ပညာရေးဆိုင်ရာ အစီအစဉ်တွေကို တစ်နေ့လျှင် တစ်နာရီထက်ပိုပြီး မပြသပါနဲ့။ သူတို့ကြည့်နေတဲ့အရာတွေကို နားလည်စေဖို့ မိဘအုပ်ထိန်းသူတွေက ကူညီပေးရပါမယ်။
အသက် ၅နှစ်မှ ၁၂အရွယ်ကလေးတွေ၊ အသက် ၁၃နှစ်မှ ၁၈နှစ်အရွယ် ဆယ်ကျော်သက်အရွယ်တွေကို မိဘတွေက တီဗီကြည့်တဲ့အချိန်၊ ဂိမ်းကစားတဲ့အချိန်၊ ဆိုရှယ်မီဒီယာသုံးတဲ့အချိန်တွေကို တသမတ်တည်း ကန့်သတ်ပေးထားရပါမယ်။

တီဗီအရမ်းကြည့်တာက ကလေးတွေအတွက် ကောင်းသလား?

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုး ကြီးထွားဖို့ဆိုရင် သူတို့ရဲ့ပတ်ဝန်းကျင်နှင့်အတူ အဆက်မပြတ် အပြန်အလှန် ဆက်ဆံနေဖို့ လိုအပ်ပါတယ်။ ကစားတာ၊ ပုံဆွဲတာပဲဖြစ်ဖြစ်၊ စကားပြောတာပဲဖြစ်ဖြစ် ဒီအရာတွေက သူတို့ ပတ်ဝန်းကျင် ကမ္ဘာကြီးကို စူးစမ်းရှာဖွေခွင့်ပေးထားတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု အတွေ့အကြုံများမှတဆင့် သူတို့ရဲ့ဘဝမှာ စိတ်ခံစားမှုတွေ၊ ဉာဏဖွံ့ဖြိုးမှုတွေ တိုးတတ်လာမှာ ဖြစ်ပါတယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ လှုပ်ရှားမှုတွေကို သက်ရောက်မှုရှိရင် ကလေးရဲ့ သင်ယူမှုနှင့် ပညာသင်စွမ်းဆောင်ရည်ကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ တီဗီကြည့်ရင်း အချိန်အများကြီးဖြုန်းတာဟာ စိတ်ကူးစိတ်သန်းများနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ကျဆင်းစေပါတယ်။

တီဗီအရမ်းကြည့်တာက ကလေးတွေအတွက် ဘာ့ကြောင့်မကောင်းတာလဲ?

တစ်ချိန်လုံးတီဗီကြည့်တာဟာ မကောင်းဘူးဆိုတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။
တစ်နေ့ကို ၄နာရီထက်ပိုပြီး တီဗီကြည့်တဲ့ကလေးတွေဟာ ပိုပြီး အဝလွန်နိုင်ဖွယ် ရှိပါတယ်။
ကလေးဟာ တီဗီပေါ်မှာ အကြမ်းဖက်မှုတွေကို မြင်လျှင် သူတို့ဟာ ရန်လိုတဲ့အပြုအမှုတွေ ပိုပြီးပြသနိုင်ဖွယ် ရှိပါတယ်။

တီဗီဇာတ်ကောင်တွေ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ စတဲ့အန္တရာယ်ရှိတဲ့ အပြုအမှုတွေ မကြာခဏ တွေ့ရတဲ့အခါ ကလေးတွေ အတုယူမှားစေသလို၊ လူမျိုးရေးနှင့် ဂျန်ဒါခွဲခြားမှုအပေါ် ခံယူချက်သဘောထားတွေ အားကောင်းလာစေပါတယ်။

မိဘတွေဟာ ကလေးတွေ တီဗီကြည့်တဲ့အချိန်ပမာဏကို ကန့်သတ်ခြင်းနှင့် အစီအစဉ်အမျိုးအစားတွေကို ထိန်းညှိခြင်းဖြင့် တီဗီရဲ့ ဆိုးကျိုးသက်ရောက်မှုများကို လျော့ချနိုင်ပါတယ်။ အောက်ပါအကြံပြုချက်တွေက သင့်ကလေးအတွက် အလေ့အကျင့်ကောင်းတွေ ရရှိစေပါလိမ့်မယ်။
သင့်ကလေး ကြည့်လို့ သင့်တော်မယ့် အစီအစဉ်တွေကိုသာ ဖွင့်ပေးပါ။ ငြိမ်ရင်ပြီးရောဆိုပြီး တီဗီကို ကြုံရာကျရာ ဖွင့်မပေးထားပါနဲ့။

၂နှစ်ကျော်ကလေးတွေအတွက် တစ်နေ့ကို ၁နာရီ၊ ၂နာရီလောက်သာ တီဗီကြည့်ချိန် ကန့်သတ်ပေးပါ။
သင့်ကလေးနှင့်အတူ တီဗီကြည့်ပေးပြီး ကြည့်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးပါ။
အစီအစဉ်က ကလေးအသက်အရွယ်နှင့် မသင့်တော်ဘူးထင်ရင် တီဗီကို ပိတ်ပါ။
စံနမူနာကောင်းဖြစ်အောင် မိဘအုပ်ထိန်းသူများကလည်း သူတို့ရှေ့မှာ တီဗီအရမ်းမကြည့်ဖို့တော့ လိုပါတယ်။ စာဖတ်ခြင်းကဲ့သို့သော တခြားလှုပ်ရှားမှုတွေကို ပါဝင်ဆောင်ရွက်ပေးပါ။
တီဗီကြည့်ခြင်းအစား ပြင်ပလှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေကို အားပေးပါ။
သင့်ကလေး ထမင်းစားနေရင်း တီဗီကြည့်တာကို ခွင့်မပြုပါနဲ့။
နိဂုံးချုပ်အနေနဲ့ တီဗီအရမ်းကြည့်တာဟာ ကလေးတွေအတွက် မကောင်းပါဘူး။ သူတို့ရဲ့ ပါစင်နယ်ဖွံ့ဖြိုးမှုကို အပြုသဘော အားကောင်းလာစေတဲ့ တခြားလှုပ်ရှားမှုတွေ ပြုလုပ်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ သူတို့ကြည့်ခဲ့တဲ့အရာတွေနဲ့ ပတ်သတ်ပြီး ဘယ်ဟာတော့ အတုယူသင့်တယ်၊ ဘယ်ဟာတော့ အတုမယူသင့်ဘူးဆိုတာ အသိဉာဏ်နှင့် ခွဲခြားတတ်စေဖို့ သင်ပေးရပါမယ်။

Chit_MayMay

LM_Nandar

Source-youaremom

ZawGyi

တီဗီအရမ္းၾကည့္တာဟာ ကေလးေတြအတြက္ ေကာင္းပါသလား?
ကေလးေတြဟာ တီဗီ ၾကည့္ရတာကို သေဘာက်ၾကပါတယ္။ တီဗီၾကည့္ေနရမယ္ဆိုရင္ ဘယ္ေလာက္ပဲ ငနာမၿငိမ္တဲ့ ကေလးျဖစ္ပါေစ ၿငိမ္သြားတတ္ၾကပါတယ္။ ေမေမတို႔ေကာ ကေလးၿငိမ္ေအာင္ဆိုၿပီး တီဗီေပးၾကည့္တတ္ပါသလား? ေမေမတို႔ကေလးက တီဗီေရွ႕က မခြာႏိုင္ေအာင္ တီဗီအရမ္းၾကည့္တဲ့သူျဖစ္ေနၿပီလား? တီဗီအရမ္းၾကည့္တာဟာ ကေလးအတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကမ်ားေနလို႔ ေမေမတို႔ သတိထားမိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

ကေလးတစ္ေယာက္ရဲ႕ဖြံ႕ၿဖိဳးမႈမွာ Motor skills ဆိုတဲ့ လက္ေခ်ာင္းႂကြက္သားငယ္ေလးေတြ က်န္းမာသန္စြမ္းမႈက အေရးပါပါတယ္။ ဒါေပမယ့္ ကေလးေတြဟာ သူတို႔ႀကိဳက္တဲ့ ကာတြန္းေတြ၊ စီးရီးေတြကို ၾကည့္တဲ့အခါ မလႈပ္မယွက္နဲ႔ၿငိမ္ၿပီး စခရင္ေပၚမွာေပၚလာတဲ့ ပုံရိပ္ေတြကို အာ႐ုံစိုက္ၿပီး ၾကည့္တတ္ၾကပါတယ္။ ခႏၶာကိုယ္လႈပ္ရွားမႈနည္းၿပီး အဝလြန္တာေတြ၊ ကိုယ္လက္မက်န္းမာတာေတြ ျဖစ္လာေစပါတယ္။ အရမ္းငယ္ေသးတဲ့ကေလးေတြဆိုရင္ ဦးေႏွာက္၊ မ်က္လုံးထိခိုက္တာေတြ ျဖစ္ေစႏိုင္ပါတယ္။ တီဗီက psychomotor ဖြံ႕ၿဖိဳးမႈကို ေႏွာင့္ေႏွးေစပါတယ္။ ဆန္႔က်င့္ဘက္အေနနဲ႔ တီဗီၾကည့္တာဟာ ကေလးေတြရဲ႕ ပညာေရးႏွင့္ ေဖ်ာ္ေျဖေရးအတြက္ ထူးျခားတဲ့နည္းလမ္းလည္း ျဖစ္ႏိုင္ပါတယ္။

ကေလးေတြ တီဗီကို အာ႐ုံစိုက္ၾကည့္ေနရင္ မိဘေတြက ငါ့သားေလး/သမီးေလးက တီဗီၾကည့္တာ ဝါသနာပါတယ္လို႔ ထင္ၾကမွာပါ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ကေလးေတြဟာ အားကစားႏွင့္ လႈပ္ရွားမႈေတြမွာ ပါဝင္ျခင္းထက္ တီဗီၾကည့္တဲ့အခ်ိန္က ပိုမ်ားလာၾကပါတယ္။
ကေလးေတြအေနနဲ႔ ဖန္သားျပင္ေရွ႕မွာ အခ်ိန္ဘယ္ေလာက္ျဖဳန္းသင့္သလဲဆိုတာကို ကေလးအထူးကုေတြက ယခုလို အႀကံျပဳထားပါတယ္။

အသက္ ၁၈လအ႐ြယ္အထိ ကေလးငယ္ေတြ၊ ေဘဘီေလးေတြကို တီဗီမျပဖို႔ အႀကံျပဳထားပါတယ္။
၁၈လကေန ၂၄လ ကေလးငယ္ေတြကို တစ္ေန႔မွာ မိနစ္အနည္းငယ္သာ တီဗီကိုစၿပီး ျပေပးပါ။
မူႀကိဳအ႐ြယ္မွာ ပညာေရးဆိုင္ရာ အစီအစဥ္ေတြကို တစ္ေန႔လွ်င္ တစ္နာရီထက္ပိုၿပီး မျပသပါနဲ႔။ သူတို႔ၾကည့္ေနတဲ့အရာေတြကို နားလည္ေစဖို႔ မိဘအုပ္ထိန္းသူေတြက ကူညီေပးရပါမယ္။
အသက္ ၅ႏွစ္မွ ၁၂အ႐ြယ္ကေလးေတြ၊ အသက္ ၁၃ႏွစ္မွ ၁၈ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္အ႐ြယ္ေတြကို မိဘေတြက တီဗီၾကည့္တဲ့အခ်ိန္၊ ဂိမ္းကစားတဲ့အခ်ိန္၊ ဆိုရွယ္မီဒီယာသုံးတဲ့အခ်ိန္ေတြကို တသမတ္တည္း ကန္႔သတ္ေပးထားရပါမယ္။

တီဗီအရမ္းၾကည့္တာက ကေလးေတြအတြက္ ေကာင္းသလား?

ကေလးေတြ က်န္းက်န္းမာမာနဲ႔ ဖြံ႕ၿဖိဳး ႀကီးထြားဖို႔ဆိုရင္ သူတို႔ရဲ႕ပတ္ဝန္းက်င္ႏွင့္အတူ အဆက္မျပတ္ အျပန္အလွန္ ဆက္ဆံေနဖို႔ လိုအပ္ပါတယ္။ ကစားတာ၊ ပုံဆြဲတာပဲျဖစ္ျဖစ္၊ စကားေျပာတာပဲျဖစ္ျဖစ္ ဒီအရာေတြက သူတို႔ ပတ္ဝန္းက်င္ ကမာၻႀကီးကို စူးစမ္းရွာေဖြခြင့္ေပးထားတဲ့ လႈပ္ရွားမႈေတြပဲ ျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈ အေတြ႕အႀကဳံမ်ားမွတဆင့္ သူတို႔ရဲ႕ဘဝမွာ စိတ္ခံစားမႈေတြ၊ ဉာဏဖြံ႕ၿဖိဳးမႈေတြ တိုးတတ္လာမွာ ျဖစ္ပါတယ္။ ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာႏွင့္ ႐ုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးဖို႔ မရွိမျဖစ္လိုအပ္တဲ့ လႈပ္ရွားမႈေတြကို သက္ေရာက္မႈရွိရင္ ကေလးရဲ႕ သင္ယူမႈႏွင့္ ပညာသင္စြမ္းေဆာင္ရည္ကို အေႏွာက္အယွက္ျဖစ္ေစႏိုင္ပါတယ္။ တီဗီၾကည့္ရင္း အခ်ိန္အမ်ားႀကီးျဖဳန္းတာဟာ စိတ္ကူးစိတ္သန္းမ်ားႏွင့္ တီထြင္ဖန္တီးႏိုင္စြမ္းကို က်ဆင္းေစပါတယ္။

တီဗီအရမ္းၾကည့္တာက ကေလးေတြအတြက္ ဘာ့ေၾကာင့္မေကာင္းတာလဲ?

တစ္ခ်ိန္လုံးတီဗီၾကည့္တာဟာ မေကာင္းဘူးဆိုတဲ့ အေၾကာင္းရင္းေတြ ရွိပါတယ္။
တစ္ေန႔ကို ၄နာရီထက္ပိုၿပီး တီဗီၾကည့္တဲ့ကေလးေတြဟာ ပိုၿပီး အဝလြန္ႏိုင္ဖြယ္ ရွိပါတယ္။
ကေလးဟာ တီဗီေပၚမွာ အၾကမ္းဖက္မႈေတြကို ျမင္လွ်င္ သူတို႔ဟာ ရန္လိုတဲ့အျပဳအမႈေတြ ပိုၿပီးျပသႏိုင္ဖြယ္ ရွိပါတယ္။

တီဗီဇာတ္ေကာင္ေတြ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ စတဲ့အႏၲရာယ္ရွိတဲ့ အျပဳအမႈေတြ မၾကာခဏ ေတြ႕ရတဲ့အခါ ကေလးေတြ အတုယူမွားေစသလို၊ လူမ်ိဳးေရးႏွင့္ ဂ်န္ဒါခြဲျခားမႈအေပၚ ခံယူခ်က္သေဘာထားေတြ အားေကာင္းလာေစပါတယ္။

မိဘေတြဟာ ကေလးေတြ တီဗီၾကည့္တဲ့အခ်ိန္ပမာဏကို ကန္႔သတ္ျခင္းႏွင့္ အစီအစဥ္အမ်ိဳးအစားေတြကို ထိန္းညႇိျခင္းျဖင့္ တီဗီရဲ႕ ဆိုးက်ိဳးသက္ေရာက္မႈမ်ားကို ေလ်ာ့ခ်ႏိုင္ပါတယ္။ ေအာက္ပါအႀကံျပဳခ်က္ေတြက သင့္ကေလးအတြက္ အေလ့အက်င့္ေကာင္းေတြ ရရွိေစပါလိမ့္မယ္။
သင့္ကေလး ၾကည့္လို႔ သင့္ေတာ္မယ့္ အစီအစဥ္ေတြကိုသာ ဖြင့္ေပးပါ။ ၿငိမ္ရင္ၿပီးေရာဆိုၿပီး တီဗီကို ႀကဳံရာက်ရာ ဖြင့္မေပးထားပါနဲ႔။

၂ႏွစ္ေက်ာ္ကေလးေတြအတြက္ တစ္ေန႔ကို ၁နာရီ၊ ၂နာရီေလာက္သာ တီဗီၾကည့္ခ်ိန္ ကန္႔သတ္ေပးပါ။
သင့္ကေလးႏွင့္အတူ တီဗီၾကည့္ေပးၿပီး ၾကည့္ေနတဲ့ အေၾကာင္းအရာေတြကို ေဆြးေႏြးေပးပါ။
အစီအစဥ္က ကေလးအသက္အ႐ြယ္ႏွင့္ မသင့္ေတာ္ဘူးထင္ရင္ တီဗီကို ပိတ္ပါ။
စံနမူနာေကာင္းျဖစ္ေအာင္ မိဘအုပ္ထိန္းသူမ်ားကလည္း သူတို႔ေရွ႕မွာ တီဗီအရမ္းမၾကည့္ဖို႔ေတာ့ လိုပါတယ္။ စာဖတ္ျခင္းကဲ့သို႔ေသာ တျခားလႈပ္ရွားမႈေတြကို ပါဝင္ေဆာင္႐ြက္ေပးပါ။
တီဗီၾကည့္ျခင္းအစား ျပင္ပလႈပ္ရွားမႈေတြ၊ ေလ့က်င့္ခန္းေတြကို အားေပးပါ။
သင့္ကေလး ထမင္းစားေနရင္း တီဗီၾကည့္တာကို ခြင့္မျပဳပါနဲ႔။
နိဂုံးခ်ဳပ္အေနနဲ႔ တီဗီအရမ္းၾကည့္တာဟာ ကေလးေတြအတြက္ မေကာင္းပါဘူး။ သူတို႔ရဲ႕ ပါစင္နယ္ဖြံ႕ၿဖိဳးမႈကို အျပဳသေဘာ အားေကာင္းလာေစတဲ့ တျခားလႈပ္ရွားမႈေတြ ျပဳလုပ္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။ သူတို႔ၾကည့္ခဲ့တဲ့အရာေတြနဲ႔ ပတ္သတ္ၿပီး ဘယ္ဟာေတာ့ အတုယူသင့္တယ္၊ ဘယ္ဟာေတာ့ အတုမယူသင့္ဘူးဆိုတာ အသိဉာဏ္ႏွင့္ ခြဲျခားတတ္ေစဖို႔ သင္ေပးရပါမယ္။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here