ထမင်းထက် သရေစာကိုအမြဲတောင်းတတ်တဲ့ ကလေးငယ်တို့အတွက် အကောင်းဆုံးအစားအစာများ

0
183
- Advertisement -

ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးငယ်တွေဟာ ထမင်းစားပြီးလည်းပဲ ဗိုက်ကအမြဲဆာလောင်နေတတ်ကြပါတယ်။ ထမင်းချည်းပဲ အမြဲတမ်းကျွေးလို့လည်း ကြိုက်မှာမဟုတ်တာကြောင့် တခြားအရာလေးတွေ ကျွေးချင်ပေမယ့်လည်း ဈေးကွက်ထဲမှာထွက်ရှိထားတဲ့ သရေစာအများစုက သန့်စင်ပြီးဂျုံမှုန့်၊ သကြားတွေနဲ့ ဆေးသကြားတွေအများအပြား ထည့်သွင်းထားလေ့ရှိကြပါတယ်။ မကျွေးပြန်ရင်လည်း ပြဿနာရှာကြမှာဖြစ်တဲ့အတွက် ဘယ်လိုသရေစာလေးတွေကို ကျွေးရမလဲဦးနှောက်ခြောက်နေတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အစားအစာလေးတွေကို ကျွေးပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အရသာလည်းရှိတာကြောင့် ကလေးရော မိဘတွေပါ အပျော်ကြီးပျော်ရတော့မှာပေါ့။

၁။ ဒိန်ချဥ်

ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ အဓိကကြွယ်ဝတဲ့ ဒိန်ချဥ်ဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးဆဲအရိုးတွေအတွက် အင်မတန်အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ကိုလည်း အကျိုးရှိစေမယ့် ဘက်တီးရီးယားလေးတွေလည်းပါဝင်တာကြောင့် ကလေးတွေကို သရေစာအနေနဲ့ ကျွေးပေးနိုင်ပါတယ်။ ဒိန်ချဥ်အများစုက ကလေးတွေအကြိုက်တွေ့အောင် သကြားတွေအများကြီးထည့်လေ့ရှိတာကြောင့် ဘာမှမပါတဲ့ ဒိန်ချဥ်ကိုရွေးဝယ်ကာ အိမ်ရောက်ကာမှ လတ်ဆတ်တဲ့သစ်သီးလေးတွေနဲ့ ပျားရည်နည်းနည်းထည့်ပြီး ကျွေးလိုက်ပါ။ တစ်ခုသတိထားရမှာကတော့ ၁၂ လအောက် မွေးကင်းစကလေးတွေကိုတော့ ပျားရည်မတိုက်မိပါစေနဲ့။

၂။ အခွံမာသီးများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ မြင့်မားစွာပါဝင်တဲ့ အခွံမာသီးတွေမှာ ဖိုက်ဘာနဲ့ Antioxidants တွေလည်း အများအပြားပါဝင်ပါသေးတယ်။ ဒိန်ချဥ်နည်းတူပဲ အခုတစ်ခါမှာလည်း သတိထားရမှာကတော့ ကလေးတွေကသေချာမစားတတ်သေးဘူးဆိုရင် အာခေါင်မှာတစ်သွားနိုင်တာကြောင့် သေချာဝါးနိုင်တဲ့အရွယ်ရောက်မှသာ ကျွေးပေးပါ။

၃။ Cottage Cheese ခေါ် အိန္ဒိယစတိုင်နို့ခဲ

Cottage Cheese က လတ်ဆတ်ပြီး ပျစ်နှစ်တဲ့ချိစ်ဖြစ်တဲ့အတွက် မွေးကင်းစေလေးတွေတောင် စလို့ရလောက်တဲ့အထိ နူးညံ့အိစက်လှပါတယ်။ ပရိုတင်းနှင့် ဗီတာမင် B12, ကယ်လ်စီယမ်တို့လည်း ကြွယ်ဝပြီး ဗီတာမင် B12 ကတော့ ကလေးငယ်တွေ ကောင်းမွန်စွာ ကြီးထွားဖို့နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အင်မတန်အရေးကြီးပါတယ်။ Cottage Cheese ကို သူ့ချည်းပဲကျွေးမယ်ဆိုရင်လည်းရသလို သစ်သီး သို့မဟုတ် သစ်သီးခြောက်တို့နဲ့လည်း တွဲဖက်ကျွေးနိုင်ပါသေးတယ်။

၄။ အုတ်ဂျုံ

ကလေးငယ်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာလည်းဖြစ်သလို သရေစာအနေနဲ့လည်း ကျွေးနိုင်ပါတယ်။ ပျော်ဝင်နိုင်တဲ့ ဖိုက်ဘာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွက် အကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားပမာဏကို တိုးစေမှာဖြစ်ပါတယ်။ အုတ်ဂျုံကို ရေအစား နို့နဲ့ရောပြီးကျွေးမယ်ဆိုရင်တော့ ပရိုတင်းနှင့်ကယ်လ်စီယမ်တို့ကိုလည်း ထပ်ပေါင်းဖြည့်တင်းရာရောက်မှာြဖစ်ပါတယ်။

၅။ သစ်သီးဖျော်ရည်

အာဟာရပေါင်းများစွာကို တစ်ခုတည်းမှာစုပြီးတော့ သရေစာအနေနဲ့ကျွေးချင်တယ်ဆိုရင်တော့ သစ်သီးဖျော်ရည်က အကောင်းဆုံးပါပဲ။ စတိုးဆိုင်တွေက သကြားအများကြီးပါတဲ့ ဖျော်ရည်တွေအစား လတ်ဆတ်တဲ့သစ်သီးလေးတွေနဲ့သာ ဖျော်ရည်လုပ်ပြီး တိုက်ကျွေးပါ။

၆။ ကြက်ဥပြုတ်

ကြက်ဥတွေဟာ အင်မတန်ကို အာဟာရဖြစ်စေလို့ ကလေးတွေအတွက်တော့ အကောင်းဆုံးသရေစာလို့ ပြောနိုင်ပါတယ်။ ထို့အပြင် အရည်အသွေးအထူးမြင့်မားတဲ့ ပရိုတင်းနှင့် မရေမတွက်နိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တို့ကိုလည်း ထောက်ပံ့ပေးနိုင်ပါသေးတယ်။

#Chit_May_May

#Thinzar

Ref-healthline

Zawgyi

ထမင္းထက္ သေရစာကိုအၿမဲေတာင္းတတ္တဲ့ ကေလးငယ္တို႔အတြက္ အေကာင္းဆုံးအစားအစာမ်ား

ႀကီးထြားဖြံ႕ၿဖိဳးေနဆဲ ကေလးငယ္ေတြဟာ ထမင္းစားၿပီးလည္းပဲ ဗိုက္ကအၿမဲဆာေလာင္ေနတတ္ၾကပါတယ္။ ထမင္းခ်ည္းပဲ အၿမဲတမ္းေကြၽးလို႔လည္း ႀကိဳက္မွာမဟုတ္တာေၾကာင့္ တျခားအရာေလးေတြ ေကြၽးခ်င္ေပမယ့္လည္း ေဈးကြက္ထဲမွာထြက္ရွိထားတဲ့ သေရစာအမ်ားစုက သန႔္စင္ၿပီးဂ်ဳံမႈန႔္၊ သၾကားေတြနဲ႔ ေဆးသၾကားေတြအမ်ားအျပား ထည့္သြင္းထားေလ့ရွိၾကပါတယ္။ မေကြၽးျပန္ရင္လည္း ျပႆနာရွာၾကမွာျဖစ္တဲ့အတြက္ ဘယ္လိုသေရစာေလးေတြကို ေကြၽးရမလဲဦးေႏွာက္ေျခာက္ေနတယ္ဆိုရင္ေတာ့ အခုေျပာျပေပးမယ့္ အစားအစာေလးေတြကို ေကြၽးေပးႏိုင္ပါတယ္။ က်န္းမာေရးနဲ႔လည္းညီၫြတ္ၿပီး အရသာလည္းရွိတာေၾကာင့္ ကေလးေရာ မိဘေတြပါ အေပ်ာ္ႀကီးေပ်ာ္ရေတာ့မွာေပါ့။

၁။ ဒိန္ခ်ဥ္

ပ႐ိုတင္းဓာတ္နဲ႔ ကယ္လ္စီယမ္ဓာတ္တို႔ အဓိကႂကြယ္ဝတဲ့ ဒိန္ခ်ဥ္ဟာ ကေလးေတြရဲ႕ ဖြံ႕ၿဖိဳးဆဲအ႐ိုးေတြအတြက္ အင္မတန္အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ အစာေျခစနစ္ကိုလည္း အက်ိဳးရွိေစမယ့္ ဘက္တီးရီးယားေလးေတြလည္းပါဝင္တာေၾကာင့္ ကေလးေတြကို သေရစာအေနနဲ႔ ေကြၽးေပးႏိုင္ပါတယ္။ ဒိန္ခ်ဥ္အမ်ားစုက ကေလးေတြအႀကိဳက္ေတြ႕ေအာင္ သၾကားေတြအမ်ားႀကီးထည့္ေလ့ရွိတာေၾကာင့္ ဘာမွမပါတဲ့ ဒိန္ခ်ဥ္ကိုေ႐ြးဝယ္ကာ အိမ္ေရာက္ကာမွ လတ္ဆတ္တဲ့သစ္သီးေလးေတြနဲ႔ ပ်ားရည္နည္းနည္းထည့္ၿပီး ေကြၽးလိုက္ပါ။ တစ္ခုသတိထားရမွာကေတာ့ ၁၂ လေအာက္ ေမြးကင္းစကေလးေတြကိုေတာ့ ပ်ားရည္မတိုက္မိပါေစနဲ႔။

၂။ အခြံမာသီးမ်ား

က်န္းမာေရးနဲ႔ညီၫြတ္တဲ့အဆီေတြ ျမင့္မားစြာပါဝင္တဲ့ အခြံမာသီးေတြမွာ ဖိုက္ဘာနဲ႔ Antioxidants ေတြလည္း အမ်ားအျပားပါဝင္ပါေသးတယ္။ ဒိန္ခ်ဥ္နည္းတူပဲ အခုတစ္ခါမွာလည္း သတိထားရမွာကေတာ့ ကေလးေတြကေသခ်ာမစားတတ္ေသးဘူးဆိုရင္ အာေခါင္မွာတစ္သြားႏိုင္တာေၾကာင့္ ေသခ်ာဝါးႏိုင္တဲ့အ႐ြယ္ေရာက္မွသာ ေကြၽးေပးပါ။

၃။ Cottage Cheese ေခၚ အိႏၵိယစတိုင္ႏို႔ခဲ

Cottage Cheese က လတ္ဆတ္ၿပီး ပ်စ္ႏွစ္တဲ့ခ်ိစ္ျဖစ္တဲ့အတြက္ ေမြးကင္းေစေလးေတြေတာင္ စလို႔ရေလာက္တဲ့အထိ ႏူးညံ့အိစက္လွပါတယ္။ ပ႐ိုတင္းႏွင့္ ဗီတာမင္ B12, ကယ္လ္စီယမ္တို႔လည္း ႂကြယ္ဝၿပီး ဗီတာမင္ B12 ကေတာ့ ကေလးငယ္ေတြ ေကာင္းမြန္စြာ ႀကီးထြားဖို႔ႏွင့္ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ အင္မတန္အေရးႀကီးပါတယ္။ Cottage Cheese ကို သူ႔ခ်ည္းပဲေကြၽးမယ္ဆိုရင္လည္းရသလို သစ္သီး သို႔မဟုတ္ သစ္သီးေျခာက္တို႔နဲ႔လည္း တြဲဖက္ေကြၽးႏိုင္ပါေသးတယ္။

၄။ အုတ္ဂ်ဳံ

ကေလးငယ္ေတြအတြက္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မနက္စာလည္းျဖစ္သလို သေရစာအေနနဲ႔လည္း ေကြၽးႏိုင္ပါတယ္။ ေပ်ာ္ဝင္ႏိုင္တဲ့ ဖိုက္ဘာပါဝင္တာေၾကာင့္ အစာေျခလမ္းေၾကာင္းအတြက္ အက်ိဳးျဖစ္ေစတဲ့ ဘက္တီးရီးယားပမာဏကို တိုးေစမွာျဖစ္ပါတယ္။ အုတ္ဂ်ဳံကို ေရအစား ႏို႔နဲ႔ေရာၿပီးေကြၽးမယ္ဆိုရင္ေတာ့ ပ႐ိုတင္းႏွင့္ကယ္လ္စီယမ္တို႔ကိုလည္း ထပ္ေပါင္းျဖည့္တင္းရာေရာက္မွာျဖစ္ပါတယ္။

၅။ သစ္သီးေဖ်ာ္ရည္

အာဟာရေပါင္းမ်ားစြာကို တစ္ခုတည္းမွာစုၿပီးေတာ့ သေရစာအေနနဲ႔ေကြၽးခ်င္တယ္ဆိုရင္ေတာ့ သစ္သီးေဖ်ာ္ရည္က အေကာင္းဆုံးပါပဲ။ စတိုးဆိုင္ေတြက သၾကားအမ်ားႀကီးပါတဲ့ ေဖ်ာ္ရည္ေတြအစား လတ္ဆတ္တဲ့သစ္သီးေလးေတြနဲ႔သာ ေဖ်ာ္ရည္လုပ္ၿပီး တိုက္ေကြၽးပါ။

၆။ ၾကက္ဥျပဳတ္

ၾကက္ဥေတြဟာ အင္မတန္ကို အာဟာရျဖစ္ေစလို႔ ကေလးေတြအတြက္ေတာ့ အေကာင္းဆုံးသေရစာလို႔ ေျပာႏိုင္ပါတယ္။ ထို႔အျပင္ အရည္အေသြးအထူးျမင့္မားတဲ့ ပ႐ိုတင္းႏွင့္ မေရမတြက္ႏိုင္တဲ့ ဗီတာမင္၊ သတၱဳဓာတ္တို႔ကိုလည္း ေထာက္ပံ့ေပးႏိုင္ပါေသးတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here