ထိန်းမရ သိမ်းမရတဲ့ ခပ်ဆိုးဆိုးကလေးတွေဟာ ဘာ့ကြောင့် အပျော်ရွင်ဆုံး ဖြစ်ရတာလဲ?

0
12

မိဘအများစုက သားသားမီးမီးတွေကို လိမ္မာတဲ့ကလေး၊ မိဘစကားနားထောင်တဲ့ ကလေးတွေပဲ ဖြစ်စေချင်ကြပါတယ်။ ကလေးတွေရဲ့ စိတ်က နားလည်နိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ကလေးဆိုတာ ဆိုးလိုက်ရမှ ၊ လုပ်ချင်တာလုပ်လိုက်ရမှ ကျေနပ်ကြတာပါ။ စိတ်ပညာရှင်တွေကတော့ ဆိုးပေလေးတွေ ဖြစ်ခြင်းက သူတို့ရဲ့ စိတ်ကျေနပ်မှုကို အထောက်အကူ ပြုပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။ မေမေတို့ ကလေးဟာ ထိန်းချုပ်လို့ မရဘူးလို့ ခံစားရတဲ့အခါတိုင်း အသက်ပြင်းပြင်းရှုပြီး သူတို့ဟာ အနာဂတ်မှာ အောင်မြင်ပြီး ဖွံဖြိုးတိုးတတ်မယ့်သူတွေလို့ စဉ်းစားတာက ပိုကောင်းနိုင်ပါတယ်။

ဒီနေ့မှာတော့ နည်းနည်းပုန်ကန်တတ်တဲ့ မေမေတို့ရဲ့ ဆိုးပေလေးတွေကို ဘာ့ကြောင့် ဆိုးခွင့် ပေးသင့်သလဲဆိုတဲ့ အကြောင်းရင်း (၉)ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ သူတို့ဟာ အမှီခိုကင်းတဲ့သူတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြောဆိုဖို့ မကြောက်ကြပါဘူး

ကလေးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြပါတယ်။ သို့သော် မိဘတွေဟာ ကလေးကို လှောင်အိမ်ထဲမှာ အမြဲတမ်းထားဖို့ ကြိုးစားလျှင် သူတို့ရဲ့ လိုအင်ဆန္ဒ အစစ်အမှန်နဲ့ ဆန္ဒတွေကို ဆုံးဖြတ်နိုင်စွမ်းနှင့် self-expression (ကိုယ့်ခံစားချက်ကို ထုတ်ဖော်ခြင်း) ကဲ့သို့သော ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဆိုးပေလေးတွေဟာ တခြားသူတွေ ချင့်ချိန်နေချိန်မှာတောင် သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့လုပ်သူတွေဖြစ်ပြီး သူတို့ရဲ့ စရိုက်အမှန်ကို ပြသဖို့ မကြောက်ကြပါဘူး။

၂။ သူတိို့ရဲ့ လောကကို ထိထိရောက်ရောက် စူးစမ်းတဲ့ နည်းလမ်းဖြစ်ပါတယ်

ကလေးဆိုတာမျိုးက တစ်မိနစ်မှတောင် အေးအေးဆေးဆေး မနေနိုင်ကြတဲသူတွေပါ။ လက်က အငြိမ်နေရင်တောင် ပါးစပ်က လှုပ်နေရမှ ကျေနပ်ကြသူတွေပါ။ မိဘတွေက တိတ်တိတ်ဆိတ်ဆိတ် နေဖို့ ဖိအားပေးလျှင် ကလေးတွေမှာ လောကကြီးကို စူးစမ်းဖို့ အခွင့်အရေး ဆုံးရှုံးပါတယ်။ သောင်းကျန်းတတ်တဲ့ ကလေးတွေဟာ စူးစမ်းချင်စိတ်ရှိသူတွေဖြစ်သလို သူတို့ရဲ့ အလိုဆန္ဒတွေကို ဖိနှိပ်ချုပ်ချယ်ထားမှု မရှိတာကြောင့် လည်လည်ဝယ်ဝယ် လူကြီးတွေဖြစ်လာနိုင်ဖွယ် ပိုများပါတယ်။

၃။ ကလေး သဘာဝအတိုင်း နေထိုင်တတ်လို့ပါ

ကလေးအများစုရဲ့ သဘာဝက အရမ်း active ဖြစ်ကြပြီး နည်းနည်း ဆိုးတတ်ကြပါတယ်။ သူတို့ ရဲ့ အတွေ့အကြုံအများစုကို ပြုလုပ်ကြည့်ဖို့နဲ့ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ မကြောက်ကြပါဘူး။ ကလေးတစ်ယောက်ဟာ မျက်စိနောက်လောက်အောင် ပြုမှုနေလျှင် ဒါက သူတို့ပျော်ရွင်ပြီး ယုံကြည်မှုရှိနေတဲ့ အဓိပ္ပာယ်ပါ။

၄။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပိုကောင်းအောင် စီမံနိုင်ကြပါတယ်

ဂျစ်တိဂျစ်ကန်ကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို connected ဖြစ်ဖို့ လွယ်ပြီး သူတို့ အရွယ်ရောက်လာတဲ့အခါမှာ သူတို့အပြုအမူတွေရဲ့ ဇစ်မြစ်ကို နားလည်ကြပါတယ်။ ဒီကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုနှင့် ပတ်သတ်လာတဲ့အခါ ရင့်ကျက်တာ ပိုများပါတယ်။ း သူတို့ရဲ့ စိတ်ခံစားမှုတွေဟာ သူတို့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနဲ့ တခြားလူတွေရဲ့ စိတ်ခံစားချက်တွေကို လေးစားပြီး အသိအမှတ်ပြုရမယ်ဆိုတာ နားလည်သဘောပေါက်ကြပါတယ်။

၅။ တခြားလူ ပြောသမျှကို နားမထောင်တတ်ကြပါဘူး

ဆိုးတဲ့ ကလေးတွေဟာ တစ်ခုခုဆိုရင် ခွင့်ပြုချက်ရှာနေကြမှာ မဟုတ်ပါဘူး။ သူတို့အတွက် ဘယ်အရာက ကောင်းတယ်ဆိုတာ သိပြီး ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ဖို့ မကြောက်ကြပါဘူး၊၊ သူတို့ ကျရှုံးရင်တောင် ကမ္ဘာကြီး အဆုံးသတ်သွားမှာ မဟုတ်တာကို သိကြပါတယ်။ ဒီလိုကလေးတွေဟာ သူများအမြင်ကို သိပ်ဂရုစိုက်တဲ့သူတွေ မဟုတ်တာကြောင့် သူတို့ကို ပြစ်တင်ဝေဖန်တာတို့ ၊ ရယ်စရာလုပ်တာတို့ကို ရှက်ကြောက်နေမှာ မဟုတ်ပါဘူး။

၆။ သူတို့ကို သူများချစ်ခင်လာအောင် အများကြီးမကြိုးစားပါဘူး

ဆိုးတဲ့ ကလေးတွေဟာ မိဘတွေက သူတို့ဘယ်လိုပဲဆိုးဆိုး ချစ်လိမ့်မယ်ဆိုတာ သိကြပါတယ်။ သူတို့ရဲ့ ခံစားချက်ကို မြုံမထားတတ်ကြပါဘူး။

၇။ သူတို့မှာ ပြဿနာ ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကောင်းတွေ ရှိကြပါတယ်

နာခံမှုရှိတဲ့ ကလေးတွေဟာ လူကြီးတွေ ဖြစ်လာတဲ့အခါမှာ အရမ်းကို သတိထားလွန်းပြီး အလွန်အကျွံလိုက်နာတာတွေ ဖြစ်လာပါတယ်။ ခပ်ဆိုးဆိုး ကလေးတွေမှာ ပင်ကိုယ်စေ့ဆော်မှု ပိုရှိပါတယ်။ ဒုက္ခတွေထဲက ထွက်ရဖို့ မတူညီတဲ့ ချဉ်းကပ်မှုတွေကို ကြိုးစားဖို့ အဆင်သင့်ရှိနေပါတယ်။ သူတို့ဟာ စိတ်ဖိစီးမှုကို ပိုခံနိုင်ရည်ရှိပြီး ကိုယ့်ဘာသာ ရပ်တည်နိုင်ကြပါတယ်။

၈။ သူတို့မှာ ဖန်တီးမှု ပိုရှိကြပါတယ်

ခပ်ဆိုးဆိုး ကလေးတွေဟာ စိတ်ကူးကွန့်မြူးနိုင်စွမ်း အကန့်အသတ်ရှိပြီး အိုင်ဒီယာထုတ်ဖို့ စိတ်အားထက်သန်ကြပါတယ်။ လူကြီးတွေ ဖြစ်လာတဲ့အခါ ဒီကလေးတွေဟာ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြောရမှာကို မကြောက်ကြသလို တခြားသူတွေရဲ့ အမြင်က သူတို့ဘဝကို လွှမ်းမိုးလွန်းမှာ မဟုတ်တာကို သိကြပါတယ်။

၉။ သူတို့ကိုယ်သူတို့ ကောင်းတယ်ဆိုတာ သိကြပါတယ်

ကလေးဆိုးလေးတွေဟာ ခြွင်းချက်မရှိ ချစ်ခြင်းကို ခံထိုက်တယ်လို့ ယုံကြည်ကြပြီး အပြုအမှုကောင်းတွေလုပ်ပြီး အချစ်တွေရလာအောင် ကြိုးစားဖို့ မလိုတာကို သိကြပါတယ်။ သူတို့ကိုယ်သူတို့ ကောင်းပြီးသား၊ သက်သေပြစရာ မလိုဘူးလို့ ခံယူထားကြပါတယ်။ သူတို့ဟာ ကိုယ်ကောင်းဖို့အတွက် ကိုယ်လုပ်တာ၊ သူများနှစ်သက်လာဖို့ လုပ်တာမဟုတ်ဘူးလို့လည်း ခံယူထားကြပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ထိန္းမရ သိမ္းမရတဲ့ ခပ္ဆိုးဆိုးကေလးေတြဟာ ဘာ့ေၾကာင့္ အေပ်ာ္႐ြင္ဆုံး ျဖစ္ရတာလဲ?
မိဘအမ်ားစုက သားသားမီးမီးေတြကို လိမၼာတဲ့ကေလး၊ မိဘစကားနားေထာင္တဲ့ ကေလးေတြပဲ ျဖစ္ေစခ်င္ၾကပါတယ္။ ကေလးေတြရဲ႕ စိတ္က နားလည္ႏိုင္ဖို႔ အရမ္းခက္ခဲပါတယ္။ ကေလးဆိုတာ ဆိုးလိုက္ရမွ ၊ လုပ္ခ်င္တာလုပ္လိုက္ရမွ ေက်နပ္ၾကတာပါ။ စိတ္ပညာရွင္ေတြကေတာ့ ဆိုးေပေလးေတြ ျဖစ္ျခင္းက သူတို႔ရဲ႕ စိတ္ေက်နပ္မႈကို အေထာက္အကူ ျပဳေပးႏိုင္တယ္လို႔ အႀကံျပဳထားပါတယ္။ ေမေမတို႔ ကေလးဟာ ထိန္းခ်ဳပ္လို႔ မရဘူးလို႔ ခံစားရတဲ့အခါတိုင္း အသက္ျပင္းျပင္းရႈၿပီး သူတို႔ဟာ အနာဂတ္မွာ ေအာင္ျမင္ၿပီး ဖြံၿဖိဳးတိုးတတ္မယ့္သူေတြလို႔ စဥ္းစားတာက ပိုေကာင္းႏိုင္ပါတယ္။
ဒီေန႔မွာေတာ့ နည္းနည္းပုန္ကန္တတ္တဲ့ ေမေမတို႔ရဲ႕ ဆိုးေပေလးေတြကို ဘာ့ေၾကာင့္ ဆိုးခြင့္ ေပးသင့္သလဲဆိုတဲ့ အေၾကာင္းရင္း (၉)ခုကို မွ်ေဝေပးလိုက္ပါတယ္။

၁။ သူတို႔ဟာ အမွီခိုကင္းတဲ့သူေတြျဖစ္ၿပီး ကိုယ့္ကိုယ္ကို ထုတ္ေဖာ္ေျပာဆိုဖို႔ မေၾကာက္ၾကပါဘူး

ကေလးတိုင္းမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ထူးျခားတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ ရွိၾကပါတယ္။ သို႔ေသာ္ မိဘေတြဟာ ကေလးကို ေလွာင္အိမ္ထဲမွာ အၿမဲတမ္းထားဖို႔ ႀကိဳးစားလွ်င္ သူတို႔ရဲ႕ လိုအင္ဆႏၵ အစစ္အမွန္နဲ႔ ဆႏၵေတြကို ဆုံးျဖတ္ႏိုင္စြမ္းႏွင့္ self-expression (ကိုယ့္ခံစားခ်က္ကို ထုတ္ေဖာ္ျခင္း) ကဲ့သို႔ေသာ ျပႆနာေတြကို ခံစားရႏိုင္ပါတယ္။ ဆိုးေပေလးေတြဟာ တျခားသူေတြ ခ်င့္ခ်ိန္ေနခ်ိန္မွာေတာင္ သူတို႔ဆုံးျဖတ္ခ်က္နဲ႔ သူတို႔လုပ္သူေတြျဖစ္ၿပီး သူတို႔ရဲ႕ စ႐ိုက္အမွန္ကို ျပသဖို႔ မေၾကာက္ၾကပါဘူး။

၂။ သူတိို႔ရဲ႕ ေလာကကို ထိထိေရာက္ေရာက္ စူးစမ္းတဲ့ နည္းလမ္းျဖစ္ပါတယ္
ကေလးဆိုတာမ်ိဳးက တစ္မိနစ္မွေတာင္ ေအးေအးေဆးေဆး မေနႏိုင္ၾကတဲသူေတြပါ။ လက္က အၿငိမ္ေနရင္ေတာင္ ပါးစပ္က လႈပ္ေနရမွ ေက်နပ္ၾကသူေတြပါ။ မိဘေတြက တိတ္တိတ္ဆိတ္ဆိတ္ ေနဖို႔ ဖိအားေပးလွ်င္ ကေလးေတြမွာ ေလာကႀကီးကို စူးစမ္းဖို႔ အခြင့္အေရး ဆုံးရႈံးပါတယ္။ ေသာင္းက်န္းတတ္တဲ့ ကေလးေတြဟာ စူးစမ္းခ်င္စိတ္ရွိသူေတြျဖစ္သလို သူတို႔ရဲ႕ အလိုဆႏၵေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ထားမႈ မရွိတာေၾကာင့္ လည္လည္ဝယ္ဝယ္ လူႀကီးေတြျဖစ္လာႏိုင္ဖြယ္ ပိုမ်ားပါတယ္။

၃။ ကေလး သဘာဝအတိုင္း ေနထိုင္တတ္လို႔ပါ

ကေလးအမ်ားစုရဲ႕ သဘာဝက အရမ္း active ျဖစ္ၾကၿပီး နည္းနည္း ဆိုးတတ္ၾကပါတယ္။ သူတို႔ ရဲ႕ အေတြ႕အႀကဳံအမ်ားစုကို ျပဳလုပ္ၾကည့္ဖို႔နဲ႔ သူတို႔ရဲ႕ ခံစားခ်က္ေတြကို ေဖာ္ျပဖို႔ မေၾကာက္ၾကပါဘူး။ ကေလးတစ္ေယာက္ဟာ မ်က္စိေနာက္ေလာက္ေအာင္ ျပဳမႈေနလွ်င္ ဒါက သူတို႔ေပ်ာ္႐ြင္ၿပီး ယုံၾကည္မႈရွိေနတဲ့ အဓိပၸာယ္ပါ။

၄။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို ပိုေကာင္းေအာင္ စီမံႏိုင္ၾကပါတယ္
ဂ်စ္တိဂ်စ္ကန္ကေလးေတြဟာ သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို connected ျဖစ္ဖို႔ လြယ္ၿပီး သူတို႔ အ႐ြယ္ေရာက္လာတဲ့အခါမွာ သူတို႔အျပဳအမူေတြရဲ႕ ဇစ္ျမစ္ကို နားလည္ၾကပါတယ္။ ဒီကေလးေတြဟာ သူတို႔ရဲ႕ စိတ္ခံစားမႈႏွင့္ ပတ္သတ္လာတဲ့အခါ ရင့္က်က္တာ ပိုမ်ားပါတယ္။ း သူတို႔ရဲ႕ စိတ္ခံစားမႈေတြဟာ သူတို႔ဘဝရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္းနဲ႔ တျခားလူေတြရဲ႕ စိတ္ခံစားခ်က္ေတြကို ေလးစားၿပီး အသိအမွတ္ျပဳရမယ္ဆိုတာ နားလည္သေဘာေပါက္ၾကပါတယ္။

၅။ တျခားလူ ေျပာသမွ်ကို နားမေထာင္တတ္ၾကပါဘူး

ဆိုးတဲ့ ကေလးေတြဟာ တစ္ခုခုဆိုရင္ ခြင့္ျပဳခ်က္ရွာေနၾကမွာ မဟုတ္ပါဘူး။ သူတို႔အတြက္ ဘယ္အရာက ေကာင္းတယ္ဆိုတာ သိၿပီး ကိုယ့္လမ္းေၾကာင္းကိုယ္ ေလွ်ာက္ဖို႔ မေၾကာက္ၾကပါဘူး၊၊ သူတို႔ က်ရႈံးရင္ေတာင္ ကမာၻႀကီး အဆုံးသတ္သြားမွာ မဟုတ္တာကို သိၾကပါတယ္။ ဒီလိုကေလးေတြဟာ သူမ်ားအျမင္ကို သိပ္ဂ႐ုစိုက္တဲ့သူေတြ မဟုတ္တာေၾကာင့္ သူတို႔ကို ျပစ္တင္ေဝဖန္တာတို႔ ၊ ရယ္စရာလုပ္တာတို႔ကို ရွက္ေၾကာက္ေနမွာ မဟုတ္ပါဘူး။

၆။ သူတို႔ကို သူမ်ားခ်စ္ခင္လာေအာင္ အမ်ားႀကီးမႀကိဳးစားပါဘူး

ဆိုးတဲ့ ကေလးေတြဟာ မိဘေတြက သူတို႔ဘယ္လိုပဲဆိုးဆိုး ခ်စ္လိမ့္မယ္ဆိုတာ သိၾကပါတယ္။ သူတို႔ရဲ႕ ခံစားခ်က္ကို ၿမဳံမထားတတ္ၾကပါဘူး။

၇။ သူတို႔မွာ ျပႆနာ ေျဖရွင္းႏိုင္တဲ့ စြမ္းရည္ေကာင္းေတြ ရွိၾကပါတယ္

နာခံမႈရွိတဲ့ ကေလးေတြဟာ လူႀကီးေတြ ျဖစ္လာတဲ့အခါမွာ အရမ္းကို သတိထားလြန္းၿပီး အလြန္အကြၽံလိုက္နာတာေတြ ျဖစ္လာပါတယ္။ ခပ္ဆိုးဆိုး ကေလးေတြမွာ ပင္ကိုယ္ေစ့ေဆာ္မႈ ပိုရွိပါတယ္။ ဒုကၡေတြထဲက ထြက္ရဖို႔ မတူညီတဲ့ ခ်ဥ္းကပ္မႈေတြကို ႀကိဳးစားဖို႔ အဆင္သင့္ရွိေနပါတယ္။ သူတို႔ဟာ စိတ္ဖိစီးမႈကို ပိုခံႏိုင္ရည္ရွိၿပီး ကိုယ့္ဘာသာ ရပ္တည္ႏိုင္ၾကပါတယ္။

၈။ သူတို႔မွာ ဖန္တီးမႈ ပိုရွိၾကပါတယ္

ခပ္ဆိုးဆိုး ကေလးေတြဟာ စိတ္ကူးကြန္႔ျမဴးႏိုင္စြမ္း အကန္႔အသတ္ရွိၿပီး အိုင္ဒီယာထုတ္ဖို႔ စိတ္အားထက္သန္ၾကပါတယ္။ လူႀကီးေတြ ျဖစ္လာတဲ့အခါ ဒီကေလးေတြဟာ သူတို႔ကိုယ္သူတို႔ ထုတ္ေဖာ္ေျပာရမွာကို မေၾကာက္ၾကသလို တျခားသူေတြရဲ႕ အျမင္က သူတို႔ဘဝကို လႊမ္းမိုးလြန္းမွာ မဟုတ္တာကို သိၾကပါတယ္။

၉။ သူတို႔ကိုယ္သူတို႔ ေကာင္းတယ္ဆိုတာ သိၾကပါတယ္

ကေလးဆိုးေလးေတြဟာ ႁခြင္းခ်က္မရွိ ခ်စ္ျခင္းကို ခံထိုက္တယ္လို႔ ယုံၾကည္ၾကၿပီး အျပဳအမႈေကာင္းေတြလုပ္ၿပီး အခ်စ္ေတြရလာေအာင္ ႀကိဳးစားဖို႔ မလိုတာကို သိၾကပါတယ္။ သူတို႔ကိုယ္သူတို႔ ေကာင္းၿပီးသား၊ သက္ေသျပစရာ မလိုဘူးလို႔ ခံယူထားၾကပါတယ္။ သူတို႔ဟာ ကိုယ္ေကာင္းဖို႔အတြက္ ကိုယ္လုပ္တာ၊ သူမ်ားႏွစ္သက္လာဖို႔ လုပ္တာမဟုတ္ဘူးလို႔လည္း ခံယူထားၾကပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here