ဒီနှစ်အတွင်းမှာပဲ သူတို့ရဲ့ ဘေဘီလေးတွေကို ကြိုဆိုကြမယ် အောင်မြင်ကျော်ကြားသူများ

0
262
- Advertisement -

၂၀၂၂ ခုနှစ်အတွင်းမှာပဲ သူတို့ဘေဘီလေးတွေကို ကြိုဆိုကြမယ့် နာမည်ကြီးအနုပညာရှင်တွေအများအပြားရှိနေပါတယ်။ သူတို့ရဲ့ ဘေဘီလေးတွေအတွက်လည်း အားလုံးက ရင်ခုန်စွာစောင့်မျှော်နေကြပါလိမ့်မယ်။ ဒီနှစ်အတွင်းမှာ ဘယ်နာမည်ကြီးတွေကများ သူတို့ရဲ့ ဘေဘီလေးတွေကို ဝမ်းပန်းတသာကြိုဆိုကြမလဲ?

၁။ Cristiano Ronaldo နှင့် Georgina Rodriguez

ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာဆိုရင် သိပ်မကြာသေးခင်ကပဲ ကလေးငါးယောက်မြောက် ဖခင်ဖြစ်လာခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ အမွှာလေးမျှော်လင့်ခဲ့ကြပေမယ့် မွေးဖွားစဉ်တွင်းမှာ ယောင်္ကျားလေးကို ဆုံးရှုံးလိုက်ရပြီး မိန်းကလေးတစ်ဦးတည်းသာ ပိုင်ဆိုင်ခဲ့ကြရပါတယ်။ ဒီကလေးနှစ်ဦးအတွက်လည်း သူတို့အင်မတန်မျှော်လင့်ခဲ့ကြောင်း ၊ အချစ်တွေနဲ့ ကြိုဆိုနေခဲ့ကြကြောင်း သူတို့ရဲ့ Instagram မှာ တင်ခဲ့ကြပါသေးတယ်။

၂။ Nicolas Cage နှင့် Riko Shibata

Nicolas Cage ရဲ့ ပရိသတ်တွေကို ဇန်နဝါရီ ၆ နေ့ ၎င်းရဲ့ မွေးနေ့မတိုင်ခင်တစ်ရက်မှာ အံ့အားသင့်ဖွယ် ပျော်ရွှင်စရာ ကိစ္စတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ ၎င်းနှင့် ၎င်းရဲ့ ပါတနာဖြစ်သူ Riko Shibata တို့ဟာ သူတို့ရဲ့ သားဦးလေးကို အတူတူမျှော်လင့်နေကြပါတယ်။ ယခင်အိမ်ထောင်များမှ ကလေးနှစ်ဦးရှိသော Nicolas Cage အတွက် တတိယမြောက်သားလေး ဖြစ်လာမှာဖြစ်ပါတယ်။

၃။ Kylie Jenner နှင့် Travis Scott

Rapper Travis Scott နှင့် Kylie Jenner တို့သည်လည်း ဒုတိယမြောက်ကလေးကို မွေးဖွားဖို့ ပြင်ဆင်နေကြပြီးဖြစ်ပါတယ်။ Kylie ရဲ့ ကိုယ်ဝန်ဟာ လအနည်းငယ်ရှိနေပြီဖြစ်ပြီး သူဟာ အလွန်စိတ်လှုပ်ရှားနေပါတယ်၊ သူမအနေနဲ့ stormi ကို မွေးချင်းတစ်ယောက် လက်ဆောင်ပေးချင်နေတာ ကြာပါပြီ၊ သူနဲ့ Travis က ကိုယ်ဝန်ထပ်ရလို့ ဝမ်းသာပါတယ်လို့ နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

၄။ Chris Pratt နှင့် Katherine Schwarzenegger

Katherine Schwarzenegger သည် Chris Pratt နှင့် နောက်ထပ် ကိုယ်ဝန် ထပ်လွယ်ထားရပြီဖြစ်ပါတယ်။ ဒီနှစ်တွေကတော့ မှော်ဆန်တဲ့နှစ်တွေပါပဲ၊ ကျွန်မရဲ့ ကလေးမလေးကြီးပြင်းလာတာကို အံ့ဩတကြီး ကြည့်နေမိတယ် ဟု သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

၅။ Jennifer Lawrence နှင့် Cooke Maroney

၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွေမှာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသမီး Jennifer Lawrence သည် Cooke Maroney နှင့်အတူ လှပသော မိခင်ဘဝခရီးကို စတင်ဝင်ရောက်ခဲ့ပါသည်။ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တစ်ချို့ပြောပြရင်း The Late Show with Stephen Colbert က သူမရဲ့ ကိုယ်ဝန်ကို အတည်ပြုခဲ့ပါတယ်။

၆။ Rosie Huntington-Whiteley နှင့် Jason Statham

သူတို့နှစ်ယောက်ကလည်း သူတို့ရဲ့ ဒုတိယမြောက်ကလေးကို မျှော်လင့်နေကြပါတယ်။ Rosie က သူမရဲ့ ကိုယ်ဝန်ကို ပုံတင်ခဲ့ပြီး အတည်ပြုခဲ့ပါတယ်။

၇။ Aaron Paul နှင့် Lauren

Breaking Bad ကြယ်ပွင့်သည် ၎င်းရဲ့ ဇနီးဖြစ်သူ Lauren နှင့် ဒုတိယမြောက်ကလေး ယူကြတော့မှာဖြစ်ပါတယ်။ မင်းနဲ့ တွေ့ဖို့ မစောင့်နိုင်တော့ဘူး ကလေးရေ၊ ငါတို့ နင့်ကို အရမ်းချစ်ဖို့ အဆင်သင့်ဖြစ်နေပြီ

၈။ James Rothschild နှင့် Nicky Hilton

စာရေးဆရာတစ်ဦးဖြစ်သလို ဖိနပ်ဒီဇိုင်နာတစ်ဦးလည်းဖြစ်တဲ့ Nicky Hilton သည် သူမရဲ့ ခင်ပွန်းဖြစ်သူ James Rothschild နှင့်အတူ တတိယမြောက်ကလေးငယ်ကို မျှော်လင့်နေကြပါတယ်။ သူမဟာ သူမရဲ့ instagram မှာ သူတို့က ဘဝရဲ့ အကောင်းဆုံးအရာတွေဖြစ်ကြတယ်လို့ ပို့စ်တင်ခဲ့ပါတယ်။

၉။ Rihanna နှင့် A$AP Rocky

A$AP Rocky နှင့် Rihanna တို့ဟာ သူတို့ရဲ့ ကိုယ်ဝန်အကြောင်း ကမ္ဘာကို မကြာသေးမီက ကြော်ငြာခဲ့ပါတယ်။ အချိန်တော်တော်ကြာ dating ကာလတွေအပြီးမှာ ဒီသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။New York City, Harlem မှာ သူမရဲ့ ကိုယ်ဝန်ကို ဂုဏ်ယူစွာ ရိုက်ကူးထားပါတယ်။
#Chit_May_May

Nyein_Thu

ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here