ဒီမိုကရေစီအခြေခံသော မိဘအုပ်ထိန်းမှုဆိုတာ ဘာလဲ? ဘယ်လိုကျင့်သုံးနိုင်မလဲ?

0
101
- Advertisement -

ဒီမိုကရေစီအခြေခံတဲ့ မိဘအုပ်ထိန်းမှုဆိုတာ ကလေးတွေကို တန်းတူညီမျှ ဆက်ဆံခြင်းဖြစ်ပါတယ်။ မိဘတွေဟာ ကလေးတွေကို လေးစားစွာ ဆက်ဆံကြတာဖြစ်ပါတယ်။ ကလေးတွေကို ရွေးချယ်ခွင့်ပေးထားပြီး သူတို့ရဲ့ဆုံးဖြတ်ချက်တွေအတွက် တာဝန်ယူစေပါတယ်။ သို့သော် လူကြီးလုပ်တဲ့ အရာတိုင်းကို ကလေးလုပ်နိုင်တယ်လို့ မဆိုလိုပါဘူး။ သူ့အသက်အရွယ်နဲ့သူ သင့်တော်တဲ့ လွတ်လပ်မှုဖြစ်ရပါမယ်။

ဒီမိုကရေစီအခြေခံသော မိဘအုပ်ထိန်းမှုရဲ့ လက္ခဏာများ

ဒီမိုကရေစီအခြေခံသော မိဘအုပ်ထိန်းမှုရဲ့ အဓိကရှုထောင့်များမှာ

- Advertisement -

၁။ စည်းမျဉ်း စည်းကမ်းတွေအပေါ် Focuses ထားပါတယ်- ဒီမိုကရေစီအခြေခံတဲ့ မိဘတွေဟာ ကလေးတွေနဲ့ စည်းမျဉ်းတွေကို ဆွေးနွေးပြီး စည်းကမ်းချက်တွေ ထားရှိခြင်းရဲ့ အရေးပါမှုကို ရှင်းပြပါတယ်။ ကလေးတွေကို စည်းကမ်းတွေဖောက်ဖျက်တဲ့အခါ အပြစ်ပေးမယ့်အစား စည်းမျဉ်းတွေကို နားလည်စေခြင်းပေါ်မှာ focus ထားပါတယ်။

၂။ ရွေးချယ်မှုကို အားပေးပါတယ်- ဒီမိုကရေစီဆန်တဲ့ မိဘအုပ်ထိန်းမှုပုံစံက ကလေးအား နေ့စဉ်ဘဝမှာ ရွေးချယ်မှုပြုဖို့ အားပေးပါတယ်။ ဒီရွေးချယ်မှုက အကျိုးဆက်တွေပါ လိုက်ပါလာပါတယ်။ ထို့ကြောင့် ကလေးတွေဟာ သူတို့ရဲ့ ရွေးချယ်မှုနှင့်အတူ အကျိုးဆက်ကို ဆက်စပ်ကြပါတယ်။

၃။ အပြုသဘော အားဖြည့်ပေးပါတယ်- ဒီမိုကရက်တစ်မိဘတွေဟာ ကလေးရဲ့ ကောင်းတဲ့အပြုအမှုကို ဆုချပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းနှင့် ကောင်းသော ရွေးချယ်မှုလုပ်တဲ့အခါ တန်ဖိုးထားပေးပါတယ်။ သို့သော် စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်လို့ ပေးတဲ့အပြစ်ဒဏ်က ကြမ်းတမ်းခက်ထန်မှုမရှိပါဘူး။

၄။ အလိုက်သင့်တုံ့ပြန်မှုနှင့် တွန်းအားပေးခြင်း -မိဘတွေဟာ ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် လှုံ့ဆော်ပေးပါတယ်။

၅။ တန်းတူညီမျှမှုနှင့် အပြုသဘောဆောင်ခြင်း- မိဘတွေက ကလေးကို တန်းတူဆက်ဆံသလို သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို အတင်းအကျပ်မလုပ်ပါဘူး။ အဲဒီအစား အရွယ်ရောက်ပြီးသူတစ်ယောက်လို ဆွေးနွေးမှု လုပ်ပေးပါတယ်။

၆။ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် နားလည််မှု- မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ချစ်ခင်ကြင်နာပေး၊ နားလည်ပေးပြီး ဂရုစိုက်မှုနှင့်အတူ ပျိုးထောင်ပေးပါတယ်။

ဒီမိုကရေစီအခြေခံတဲ့ မိဘအုပ်ထိန်းမှုဟာ authoritative parenting style (စည်းကမ်းနည်းလမ်းကောင်းနှင့် မျှတသော အုပ်ထိန်းမှုပုံစံ) နှင့်ဆင်တူပါတယ်။ ဒီမိုကရက်တစ်မိဘအုပ်ထိန်းမှုပုံစံ ဥပမာ-

၁။ ကလေးက ဟင်းသီးဟင်းရွက်ကို မကြိုက်တာကြောင့် စားဖို့ ငြင်းဆန်ပါတယ်။ သင်က အပြင်းအထန်တောင်းဆိုတဲ့အခါ သူက” ဘာ့ကြောင့် သား စားသင့်တာလဲ”လို့ မေးခွန်းထုတ်ပါလိမ့်မယ်။

“ဟင်းသီးဟင်းရွက်တွေမှာ သားခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေရှိတယ်။ ကျန်းမာအောင်နေဖို့ သားစားရမယ်။ အသီးအရွက်ကို သားမြည်းကြည့်သင့်တယ်။ ဘယ်ဟာကို အစမ်းမြည်းကြည့်မလဲ၊ မုန်လာဥနီလား၊ ပဲစေ့လား”?

၂။ ကလေးတွေကို တီဗီမကြည့်ခင် (သို့)အပြင်ထွက်မကစားခင်မှာ အိမ်စာပြီးအောင်လုပ်ဖို့ ပြောပါတယ်။ သင့်ကလေးက မိဘပြောတဲ့အတိုင်း မလုပ်ပါဘူး။ ဒီလိုဆိုရင် သူတို့ကို ဘာပြောမလဲ?

“သားရဲ့ အိမ်စာမပြီးသေးတဲ့အတွက် အပြင်ထွက်ကစားလို့မရဘူး”။ ” အိမ်စာအခုပြီးရင် တီဗီကြည့်နိုင်တယ်”

ဒီမိုကရေစီအခြေခံတဲ့ မိဘအုပ်ထိန်းမှုက မိဘတွေကို ရင့်ကျက်မှုနှင့် ပြုမှုစေပါတယ်။ ထို့ကြောင့် ၎င်းမှာ အားသာချက်တွေ များစွာရှိသော်လည်း အချို့သော အားနည်းချက်တွေလည်း ရှိပါတယ်။

ဒီမိုကရေစီအခြေခံတဲ့ မိဘအုပ်ထိန်းမှုရဲ့ အကျိုးကျေးဇူးနှင့် အားနည်းချက်များ

ဒီမိုကရေစီ အခြေခံတဲ့ မိဘအုပ်ထိန်းမှုက ကလေးအား အောက်ပါနည်းလမ်းများဖြင့် အကျိုးပြုပါတယ်။

  • ကလေးတွေကို ဆုံးဖြတ်ချက်ချဖို့ တွန်းအားပေးစေတာကြောင့် လွတ်လပ်မှု ဖွံ့ဖြိုးစေပါတယ်။
  • မိမိကိုယ်ကို ယုံကြည်မှုနှင့် မိမိကိုယ်ကို လေးစားမှုကို တိုးတတ်စေပါတယ်။
  • မှန်ကန်သော ရွေးချယ်မှုနှင့် မှားယွင်းသော ရွေးချယ်မှုပြုတဲ့အခါ မကောင်းတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တာကို နားလည်တာကြောင့် ကလေးတွေဟာ တာဝန်ယူတတ်လာကြပါတယ်။
  • မိဘတွေက သားသမီးတွေရဲ့အမြင်ကို တန်ဖိုးထားတာကြောင့် မိဘနှင့် ကလေးအကြား အပြန်အလှန် လေးစားမှုရှိလာစေပါတယ်။
  • ကလေးတွေရဲ့ ထင်မြင်ချက်တွေကို တန်ဖိုးထားပေးတာနဲ့အမျှ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်တတ်စေပါတယ်။
  • မိဘနှင့် သားသမီးဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းစွာနားလည်သဘောပေါက်တဲ့အတွက် အချင်းချင်းချစ်ကြပြီး ဂရုစိုက်ကြပါတယ်။
  • ကလေးဟာ ကျောင်းမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
  • ဒီမိုကရေစီမိဘတွေဟာ “ကောင်းတဲ့အပြုအမှု၊ မကောင်းတဲ့ အပြုအမှု”နှင့် သူတို့ရဲ့ နောက်ကွယ်ရှိ ယုတ္တိဗေဒများကို ရှင်းပြတဲ့အခါ ကလေးတွေမှာ ကျိုးကြောင်းဆင်ခြင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးပြီး ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်မှုများ ပြုလုပ်စေပါတယ်။
  • ကိုယ်ကျင့်တရား ကျိုးကြောင်းဆင်ခြင်မှု၊ အသိတရားနှင့် ကိုယ်ကျိုးမငဲ့ခြင်းစတဲ့ လက္ခဏာတွေ ဖွံ့ဖြိုးစေပါတယ်။

ဒီမိုကရေစီအခြေခံ မိဘအုပ်ထိန်းမှုရဲ့ အားနည်းချက်များ

မိဘအုပ်ထိန်းမှု ဘယ်ပုံစံတိုင်းမှာမဆို စိန်ခေါ်မှုတွေရှိပါတယ်။

  • အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ မိဘတွေဟာ ကြီးပြင်းလာတာနှင့်အမျှ မိဘတွေကို question ထုတ်နိုင်ပါတယ်။ ကလေးတွေဟာ သူတို့ဆုံးဖြတ်ချက်ချရာမှာ မိဘတွေပါဝင်ခြင်း အလေ့အကျင့်ရဲ့ အားသာချက်ကို အသုံးချနိုင်ပါတယ်။
  • ဒီမိုကရေစီမိဘတွေဟာ ကလေးတွေ လိုက်နာဖို့အတွက် စံနမူနာကောင်းဖြစ်သင့်ပါတယ်။
  • ဒီမိဘအုပ်ထိန်းမှုပုံစံဟာ ဇွဲလုံ့လရှိဖို့ လိုအပ်တာကြောင့် တော်ရုံတန်ရုံ မိဘတွေမကျင့်သုံးနိုင်ပါဘူး။
  • မိဘနှစ်ယောက်စလုံးက ဒီအုပ်ထိန်းမှုပုံစံကို သဘောတူဖို့လိုပါတယ်။ (ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်တာကြောင့်) -တကယ်လို့ မိဘတွေဟာ ဒီအုပ်ထိန်းမှုကို တသမတ်တည်း မလိုက်နာခြင်း(သို့) အသိအပညာမလုံလောက်ခြင်းတို့ကြောင့် ထိရောက်စွာ အသုံးမပြုနိုင်ရင် ကလေးတွေ ခြယ်လှယ်ခံရတာ၊ စည်းကမ်းမဲ့တာတွေ ဖြစ်သွားနိုင်ပါတယ်။
  • ကလေးတွေက မှားယွင်းတဲ့ ရွေးချယ်မှု လုပ်မိတဲ့အခါ အကျိုးဆက်တွေက အချိန်ကြာမြှင့်စွာ သူတို့ကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။
  • မိဘတွေဟာ ကလေးပြောသမျှကို လက်ခံတဲ့နေရာမှာ မသိဘဲခွင့််ပြုတတ်သော မိဘတွေ ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ မေမေတို့ဟာ အကျိုးကျေးဇူးတွေကို သဘောကျပြီး ဒီအုပ်ထိန်းမှုပုံစံကို ကျင့်သုံးလိုပါက အကြံဉာဏ်တစ်ချို့ပေးချင်ပါတယ်။

ဒီမိုကရေစီအခြေခံတဲ့ မိဘအုပ်ထိန်းမှုအတွက် သိကောင်းစရာများ

  • သင့်ရဲ့ မျှော်လင့်ချက်နှင့် ကိုက်ညီမှုရှိရှိ/မရှိရှိ သင့်ကလေးတွေကို ချစ်ပါ၊ လေးစားပါ။
  • သင်နှင့် သင့်အိမ်ထောင်ဖက်ဟာ စိတ်တူကိုယ်တူ ဖြစ်ရမှာဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသောပုံစံကို လိုက်နာပါ။
  • ကလေးတွေအား သူတို့ရဲ့ အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုတို့နှင့် ကိုက်ညီတဲ့ လွတ်လပ်ခွင့်ကို ပေးပါ။။
  • ကလေးတွေကို လွှမ်းမိုးလွန်းတာမျိုး မလုပ်ပါနဲ့။
  • ကလေးတွေကို တန်းတူညီမျှ ဆက်ဆံခြင်းဟာ သူတို့အကြိုက်လိုက်လုပ်တာဟု မဆိုလိုတာကြောင့် ကလေးကို ဆုံးမပဲ့ပြင်မှုနှင့် လွတ်လပ်မှုအကြား စည်းတားထားပါ။
  • ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။ စဉ်းမျဉ်းတွေ၊ ရွေးချယ်မှုတွေနဲ့ အကျိုးဆက်တွေကို ရှင်းလင်းစွာ ဖော်ပြပါ။
  • သင့်ကလေးမှာ အမှီအခိုကင်းသော ဆုံးဖြတ်ချက်ချဖို့ အားပေးပါ။ သို့သော် သူတို့ကို လမ်းပြပေးဖို့နှင့် ကူညီပေးဖို့ အနားမှာ ရှိရပါမယ်။

မိဘအုပ်ထိန်းခြင်းဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး မိဘတွေအနေနဲ့ အချိန်နှင့် အားစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ မိဘအုပ်ထိန်းမှုပုံစံဆိုတာ တင်းကျပ်ရမှာ မဟုတ်ကြောင်းနှင့် အခြေအနေနှင့် လိုအပ်ချက်တွေပေါ် မူတည်ပြီး သင်ပြောင်းလဲနိုင်တယ်ဆိုတာ သတိရပါ။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here