ဒုတိယကလေးမမွေးခင် မေမေတိုင်းသိဖို့လိုအပ်တဲ့ အချက် (၉)ချက်

0
464
- Advertisement -

ကိုယ်ဝန်ဆောင်ချိန် ၉လအတွင်းမှာ မေမေတို့ရဲ့သားအိမ်ဟာ အဆ၅၀၀နီးပါး ကြီးထွားလာပါတယ်၊ မွေးပြီးသွားမှ သူ့ရဲ့မူလအရွယ်အစားကို ပြန်ရောက်သွားပါတယ်။ အမျိုးသမီးအတော်များများဟာကိုယ်ဝန်ဆောင်ချိန်မှာ မှတ်ဉာဏ်အားနည်းတာတွေ၊ စိတ်ရှုပ်ထွေးတာတွေ ကြုံရလေ့ရှိပါတယ်၊ ဒါတောင်မှ မေမေအများစုဟာ ဒီဒုက္ခတွေကို ဒုတိယ ဒါမှဟုတ် တတိယအကြိမ် လိုလိုလားလားနဲ့ ဖြတ်ကျော်ကြပါတယ်။ မေမေတို့ရဲ့ကိုယ်ဝန်ဆောင်ချိန်ဟာ တစ်ကြိမ်နဲ့တစ်ကြိမ် မတူကြပါဘူး။ ဒုတိယကိုယ်ဝန်က ပထမအကြိမ်နဲ့ ကွဲပြားနိုင်ပြီး ကိုယ်ဝန်တစ်ကြိမ်စီဟာ အထူးခရီးစဉ် တစ်ခုဖြစ်ပါတယ်။

၁။ ဒုတိယကိုယ်ဝန်က မေမေတို့ကို ပိုပင်ပန်းစေနိုင်ပါတယ်

မေမေတို့အနေနဲ့ ပထမဆုံးကိုယ်ဝန်ဆောင်ချိန်မှာ အားအင်တွေ ခံစားခဲ့ရမှာပါ။ အဲဒီအချိန်က မေမေတို့ဘဝမှာ special time ဖြစ်ခဲ့ပြီး မေမေတို့ရဲ့လက်တွဲဖော်၊ သူငယ်ချင်းတွေ၊ မိသားစုတွေဆီကနေ နှစ်သိမ့်မှုအများကြီးရခဲ့မှာပါ။ ဒါပေမယ့် ဒုတိယကိုယ်ဝန်မှာ မေမေတို့ရဲ့ ပထမဆုံးကလေးကို ပြုစုဖို့ တာဝန်ပိုလာပါတယ်။ ဒါက အရင်ကလို မေမေတို့အတွက် အချိန်အများကြီးရမှာမဟုတ်ပါဘူး။

- Advertisement -

ဒါ့အပြင် မေမေတို့ ခန္ဓာကိုယ်ဟာ မွေးဖွားခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအားလုံးအတွက် ခန္ဓာကိုယ်ကို အဆင်သင့်ဖြစ်စေသော ပရိုဂျက်စတီရုန်းလို့ခေါ်တဲ့ ဟော်မုန်းတွေနဲ့ ပြည့်နေပါပြီ။ ဒီဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးက ပင်ပန်းနွမ်းနယ်စေတဲ့အတွက် ဒုတိယအကြိမ်မှာ ပင်ပန်းနွမ်းနယ်မှုလှိုင်းတွေကို ပိုခံစားရနိုင်ပါတယ်။

၂။ မီးဖွားမှုက လမ်းကြောင်းမတူနိုင်ပါဘူး

ကလေးမွေးခြင်းအတွေ့အကြုံက မေမေတို့ရဲ့ ပထမကိုယ်ဝန်နဲ့ ဒုတိယကိုယ်ဝန် ကွဲပြားနိုင်ပါတယ်။ ဒုတိယကိုယ်ဝန်မှာ ကလေးမွေးရတာ ပိုလွယ်လာကြောင်း အမျိုးသမီးအများစုက သဘောတူကြပါတယ်။ ပထမအကြိမ် မွေးဖွားခြင်းနဲ့ ပတ်သတ်လို့ မေမေတို့ရဲ့ အတွေ့အကြုံက အကူအညီရနိုင်ပြီး ဒုတိယအကြိမ်မှာ လိုအပ်တာတွေကို ကြိုပြင်ဆင်လာနိုင်ပါတယ်။

၃။ ကလေးရဲ့လှုပ်ရှားမှုတွေကို စောစောခံစားရပါလိမ့်မယ်

ဗိုက်ထဲက သန္ဓေသားလေး စလှုပ်တာကို ဆေးပညာအရ quickeningလို့ခေါ်ပါတယ်။ များသောအားဖြင့် ပထမကိုယ်ဝန်မှာ ၁၆ပတ်နဲ့ ၂၅ပတ်အကြားမှာ ပထမဆုံးအကြိမ်ခံစားရနိုင်ပါတယ်။ ဒုတိယကိုယ်ဝန်မှာ ကလေးရဲ့လှုပ်ရှားမှုကို ၁၃ပတ်အစောပိုင်းမှာ ခံစားရနိုင်ပါတယ်။

၄။ ကလေးတိုးတာကို စောစောမြင်နိုင်ပါတယ်

သားဦးကိုယ်ဝန်ဆောင် အမျိုးသမီးအများစုအတွက် ကလေးတိုးတာတွေဟာ ဒုတိယသုံးလပတ်မှာ ပေါ်လာတတ်ပြီး ပထမသုံးလပတ်မှာ လုံးလုံးပြလေ့မရှိပါဘူး။ ဒါပေမယ့် ဒုတိယကိုယ်ဝန်ဆောင်ချိန် မှာ ကလေးတိုးတာက စောစောစီးစီးပေါ်လာပါတယ်။ ဝမ်းဗိုက် ကြွက်သားတွေဟာ အနည်းငယ်ဆန့်သွားပြီး နဂိုအရွယ်အစားသို့ ပြန်မရောက်နိုင်တာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါ့ကြောင့် ဒုတိယကိုယ်ဝန်ကို ဖုံးကွယ်ဖို့ဆိုတာ ပထမကိုယ်ဝန်လောက်မလွယ်ပါဘူး။ ထိုပြင် ဒါက ဗိုက်ကြောပြတ်ရာတွေ ပိုများလာမယ်လို့လည်း ဆိုလိုနိုင်ပါတယ်။

၅။ Morning sickness ကိုမခံစားရတာ (သို့) ပိုပြင်းထန်တာ ဖြစ်လာနိုင်ပါတယ်

ဒုတိယကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့အရာတွေက ပထမဆုံးအကြိမ်နဲ့ မတူနိုင်ပါဘူး။ morning sickness ကိုဘယ်သောအခါမှ မခံစားရတဲ့ အမျိုးသမီးတစ်ချို့ရှိသလို အချို့အမျိုးသမီးတွေအတွက်တော့ ပထမဆုံးအကြိမ်ထက် ပိုဆိုးနိုင်ပါတယ်။

၆။ ရင်သားအထိမခံနိုင်မှု လျော့ကျလာတာမျိုး (သို့) မရှိတာမျိုး ဖြစ်နိုင်ပါတယ်

ပထမကိုယ်ဝန်မှာ များသောအားဖြင့် ရင်သားအထိမခံနိုင်တာမျိုး ကြုံရနိုင်ပြီး ဘရာစီယာတွေက သေစေလောက်တဲ့ ရန်သူဖြစ်လာပါတယ်။ သို့သော် အမျိုးသမီးများစွာအတွက် ဒုတိယအကြိမ် ကိုယ်ဝန်က သူတို့ရဲ့ရင်သားမှာ အရမ်းပြင်းထန်တဲ့ ခံစားရမှုမျိုး မဖြစ်ပေါ်စေပါဘူး။ ပြီးတော့ ရင်သားအရွယ်အစားကလည်း ဒုတိယအကြိမ်လောက် အများကြီးမထွားပါဘူး။

၇။ ဝမ်းဗိုက်က အောက်ကိုလျောနေနိုင်ပါတယ်

ကိုယ်ဝန်ဆောင်ပြီးနောက် ဝမ်းဗိုက်နဲ့ တင်ပါးဆုံကြွက်သားတွေ အားနည်းလာပါတယ်။ ပထမကိုယ်ဝန်တုန်းက ဗိုက်လေးက လုံးလုံးမြင့်မြင့်လေးဖြစ်နေတာကို တွေ့ရမှာပါ။ သို့သော် ဒုတိယကိုယ်ဝန်မှာ ကြွက်သားတွေက အရင်တုန်းကလို limber မဖြစ်တော့တာကြောင့် ဝမ်းဗိုက်က အနည်းငယ်နိမ့်နေတာကို တွေ့ရပါလိမ့်မယ်။ တဖန် ၎င်းက တင်ပါးဆုံတွင်းမှာ ဖိအားနဲ့ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Pelvic tilts နှင့်Kegels လေ့ကျင့်ခန်းတွေက ကသိကအောက်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။

၈။ Post-partum contractions က ပိုပြင်းထန်ပြီး နာကျင်စေနိုင်ပါတယ်

ကလေးမွေးဖွားပြီးတာနဲ့ သားအိမ်က မူလအရွယ်အစားသို့ ပြန်ရောက်ဖို့ အရမ်းကြိုးစားရပါတယ်။ မီးဖွားပြီး ဗိုက်အောင့်တာမျိုး(သို့) နာကျင်တာမျိုးကို ခံစားရပါမယ်။ မွေးဖွားပြီး ပထမရက်အနည်းငယ်မှာ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းနဲ့ ဆင်တူတဲ့ အပျော့စားပုံစံကို ခံစားရနိုင်ပါတယ်။ ဒါတွေက ဒုတိယကိုယ်ဝန်နဲ့ နောက်ပိုင်းမှာ ပိုပြင်းထန်လာပါတယ်။ တကယ်တော့ မေမေတို့ နို့တိုက်နေစဉ်မှာ အများဆုံးခံစားရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၉။ ဒုတိယကိုယ်ဝန်က နောက်ကျောနာကျင်မှုကို ပိုဖြစ်စေနိုင်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ခန္ဓာကိုယ်ကနေ ထုတ်လုပ်တဲ့ ဟော်မုန်းများစွာထဲမှ တစ်ခုက relaxin ဖြစ်ပါတယ်။ သူ့အလုပ်က ကြွက်သားတွေနဲ့ အဆစ်တွေကို ဖြေလျော့ပေးခြင်းဖြင့် မီးဖွားဖို့ အဆင်သင့်ဖြစ်အောင် ခန္ဓာကိုယ်ကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ပထမကိုယ်ဝန်ဆောင်စဉ် ခါးနာတာမျိုး၊ ကျောအောင့်တာမျိုးကို ခံစားရပါလိမ့်မယ်။ သို့သော် ဒုတိယကိုယ်ဝန် (သို့) နောက်ပိုင်းမှာ နာကျင်မှုက ပိုဆိုးလာနိုင်ပါတယ်။

Beautiful cute pregnant woman having body aches

Chit_MayMay

LM_Nandar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here