ဒေါင်းန်ဆင်ဒရုန်း(Down Syndrome) ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်း

0
270
- Advertisement -

Down Syndrome ရောဂါခံစားနေရတဲ့ ကလေးတွေဟာ တူညီတဲ့ လိုအပ်ချက်တွေရှိနိုင်ပြီး တခြားကလေးတွေလို ဆက်ဆံပေးသင့်ပါတယ်။ ကလေးတွေအားလုံးလိုပဲ ဒီအခြေအနေရှိတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ကောင်းမွန်သော ပြောဆိုဆက်ဆံမှုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ထို့အပြင် မိဘတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးနှင့် အာဟာရကို အနီးကပ်စောင့်ကြည့်ပြီး သူတို့ကို နည်းမျိုးစုံဖြင့် ထောက်ပံ့ပေးသင့်ပါတယ်။

အကယ်၍ မေမေတို့မှာ ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးရှိပါက သူတို့ရဲ့ စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတတ်စေဖို့ activities လေးတွေ သေချာပြုလုပ်ပေးသင့်ပါတယ်။

Down Syndrome ဆိုတာဘာလဲ?

- Advertisement -

(Down Syndrome) ဒေါင်းန်ဆင်ဒရုန်းဟာ ၂၁ခုမြောက် ခရိုမိုဆုန်းမှာ ပုံမှန်မဟုတ်ဘဲ ပွားများမှုကြောင့် ဖြစ်ပေါ်တဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ ကလေးအယောက် ၁၀၀၀ မှာ ၁ယောက်ဖြစ်ပွားပြီး ကမ္ဘာတစ်ဝှမ်းတွင် အဖြစ်များဆုံး မျိုးရိုးဗီဇပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။

ဒေါင်းန်ဆင်ဒရုန်းဖြစ်ပွားရတဲ့ အကြောင်းရင်းက တိတိကျကျ မရှိပါဘူး။ ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးအချို့ဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်ပြီး အခြားသူတွေကတော့ မိခင်ရဲ့ အသက်အရွယ်နှင့် သက်ဆိုင်နေတာကြောင့် ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ ဒေါင်းန်ဆင်ဒရုန်းရောဂါရှိ ကလေးငယ်တွေဟာ မျက်နှာပြားခြင်း၊ ဦးခေါင်းအရွယ်အစား သေးငယ်ခြင်း၊ လည်ပင်းတိုခြင်း အပါအဝင် ဗာဒံစေ့ပုံမျက်ဝန်း၊ ပါးစပ်နှင့် နှုတ်ခမ်းကြီးပြီး နားရွက်တွေ သေးငယ်တဲ့ လက္ခဏာတွေ ရှိပါတယ်။ သူတို့မှာ လုံးဝမတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနိုင်ပါတယ်။ သူတို့ရဲ့ သင်ယူမှုနှင့် ဟာသဉာဏ်ကလည်း ကွဲပြားနိုင်ပါတယ်။
သေချာတာကတော့ ဒီကလေးငယ်တွေဟာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသိဉာဏ်ရှိပြီး ချစ်ခင်တွယ်တာမှုကို ဖော်ပြလိုကြပါတယ်။

ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ?

ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးရဲ့ မိဘဖြစ်ရခြင်းဟာ အတော်ပင် စွန့်စားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီခေါင်းစဉ်နှင့် ပတ်သတ်တဲ့ သတင်းအချက်အလက် ရှားပါးခြင်းကြောင့်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနိုင်ပါတယ်။ သင့်ကလေးမှာ ဒီအခြေအနေမျိုး ရှိပါက စိတ်မပူပါနဲ့ ။ သင့်ကလေးကို အခြားကလေးတွေလိုပဲ ချစ်ခြင်းမေတ္တာ၊ ထောက်ပံ့မှုတွေ အများကြီးပြသပြီး ပြုစုပျိုးထောင်နိုင်ပါတဘ်။

ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ပထမဆုံးအနေနဲ့ သူတို့က လုံးဝပုံမှန်ဖြစ်တယ်ဆိုတာ နားလည်သင့်ပါတယ်။ ကလေးကို နားလည်မှုပြသဖို့နှင့် အကောင်းဆုံး သဘောထားရှိပေးဖို့ လိုအပ်ပါတယ်။ သင့်ကလေးအတွက် သင်ခံစားရတဲ့ ချစ်ခြင်းမေတ္တာအားလုံးကို ပြသဖို့လိုအပ်ပါတယ်။ ဒီတော့ ဒေါင်းဆင်ဒရုန်းဖြစ်နေတဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့အတွက် အကြံပြုချက်တစ်ချို့ကို ကြည့်လိုက်ရအောင်။

၁။ စကားကောင်းကောင်း ပြောပေးပါ

မိဘတွေရဲ့ ပြောဆိုဆက်ဆံမှုကောင်းဟာ အရမ်းအရေးကြီးပါတယ်။ ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးနှင့် စကားပြောဆိုပုံကို ပိုဂရုစိုက်ပေးသင့်ပါတယ်။ ဒီအခြေအနေရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် စကားပြောဆိုဖို့ ကြာတတ်ပါတယ်။ အလားတူပဲ သူတို့ဟာ ဘာသာစကားနှင့် ပြောဆိုဆက်ဆံမှုမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။ သို့သော် စိတ်ဓါတ်မကျသင့်ပါဘူး။ စိတ်ရှည်ဖို့ ကြိုးစားပါ။ ကလေးနှင့် သင့်တော်စွာ ပြောဆိုဆက်ဆံဖို့ နည်းလမ်းတွေကို ရှာဖွေပါ။

၂။ သူတို့ကို တခြားကလေးတွေ၊ မောင်နှမတွေနဲ့ အပြန်အလှန် တုံ့ပြန်ဖို့ အားပေးပါ

ဒီလက္ခဏာရှိတဲ့ ကလေးတွေဟာ မတူညီတဲ့အချိန်တွေမှာ ပေါ်ပေါက်လာတဲ့ ဖွံ့ဖြိုးမှုအဆင့်တွေရှိပါတယ်။ သို့သော် အပြန်အလှန်တုံ့ပြန်မှုကို ကန့်သတ်မထားပါဘူး။ သူတို့မောင်နှမတွေ၊ အခြားကလေးတွေနဲ့ အပြန်အလှန်ဆက်ဆံခြင်းဟူာ အပြည့်အဝကျေနပ်ဖွယ်ကောင်းတဲ့ ဖွံ့ဖြိုးမှုကို ရရှိိပါလိမ့်မယ်။

သူတို့ကို ပတ်ဝန်းကျင်ရှိလူတွေ၊ လူကြီးတွေနဲ့ အဆက်အဆံ လုပ်ပေးသင့်ပါတယ်။ ဒီအခြေအနေရှိတဲ့ ကလေးကို အခြားသူတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ ၊ အတွေးအခေါ်တွေ မျှဝေဖို့နှင့် ဆက်သွယ်ပြောဆိုဖို့ အားပေးခြင်းဟာ သူတို့ကို စိတ်ချမ်းသာစေပါတယ်။

၃။ ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေကို အစိုးရကျောင်း (သို့) အထူးပုဂ္ဂလိကကျောင်းကို ပေးတတ်ဖို့ ဆုံးဖြတ်ပါ

ကိုယ့်ကလေးကို ဒေါင်းန်ဆင်ဒရုန်းဖြစ်နေလို့ ကျောင်းမထားဘူးလို့ မလုပ်ပါနဲ့နော်။ ဒီလက္ခဏာရှိတဲ့ ကလေးတစ်ယောက်ဟာ အစိုးရကျောင်းကို တတ်ရောက်နိုင်ပါတယ်။ သူတို့ရဲ့ အခြေအနေကို မျှဝေလိုတဲ့ အခြားကလေးတွေနှင့်အတူ လူမှုရေးအရ ပေါင်းစည်းခွင့်ရစေတာကြောင့် ဒီအကြံပြုလိုတာဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးပြီး သူတို့နဲ့ ဆက်ဆံရေးကို တည်ဆောင်နိုင်ပါလိမ့်မယ်။

ပညာရေးနှင့် ပတ်သတ်ပြီး ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေဟာ အခြားကလေးတွေနဲ့ နှိုင်းယှဉ်ရင် ကွဲပြားသောနှုန်းဖြင့် သင်ယူနိုင်ဖွယ်ရှိပါတယ်။ သို့သော် ဒီအရာကို ဆရာရဲ့ အကူအညီအပြင် အိမ်မှာ အမေနဲ့အဖေရဲ့ အကူအညီဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။

၄။ Activities အမျိုးမျိုးဖြင့် သူတို့ကို ထုတ်ဖော်ပါ

ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်အရည်အချင်း(သို့) ကျွမ်းကျင်မှုတစ်ခုစီ ရှိကြပါတယ်။ ဒေါင်းန်ဆင်ဒရုန်းကလေးတွေဟာ မတူညီပါဘူး။ အချို့သော နေရာတွေမှာ ထူးကဲတဲ့ စွမ်းရည်ရှိနိုင်ပါတယ်။ ဒီကလေးတွေဟာ ဘယ်လုပ်ဆောင်မှုကိုမဆို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။ သူတို့ရဲ့ စွမ်းရည်အားလုံးကို စူးစမ်းဖို့ လုပ်ဆောင်မှုတွေလုပ်ဖို့ အားပေးရပါမယ်။

  • အနုပညာ

ပန်းချီ၊ ဂီတ၊ အကနှင့် အခြားအနုပညာတွေက ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဖွံ့ဖြိုးစေပါတယ်။

တကယ်လို့ သင့်မှာ ဒီအခြေအနေရှိတဲ့ ကလေးရှိရင် ကခုန်ခြင်း၊ သီချင်းသီဆိုခြင်း (သို့) သရုပ်ဆောင်ခြင်းကဲ့သို့သော လှုပ်ရှားမှုတွေမှာ ပါဝင်စေဖို့ အကြံပြုလိုပါတယ်။ ဒီအရာက သင့်ကလေးအား အသစ်တွေကို သင်ယူဖို့နှင့် ရှေးရိုးစွဲကနေ ဖောက်ထွက်ပြီးတွေးဖို့ ခွင့်ပြုပါလိမ့်မယ်။

  • အားကစား

အားကစားလှုပ်ရှားမှုတွေကလည်း ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေကို အကျိုးပြုပါတယ်။ အားကစားဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ အသင်းအဖွဲ့နှင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိခြင်းတို့ကို တိုးတတ်အောင် ကူညီပါတယ်။

အားလပ်ရက်တွေမှာ မကြာခဏလုပ်လေ့ရှိတဲ့ ကာလတိုအားကစားတွေက အရမ်းအကျိုးရှိပါတယ်၊ အကြံပြုလိုတဲ့ အားကစားအချို့မှာ ရေကူးခြင်း၊ ဘောလုံးကန်ခြင်း၊ ကျွမ်းဘားကစားခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ကိုယ်ခံပညာ တို့ဖြစ်ပါတယ်။

  • ဂိမ်းများ

ကလေးတိုင်းဟာ သူတို့ရဲ့ အကောင်းဆုံး ဖွံ့ဖြိုးတိုးတတ်မှုအတွက် အပန်းဖြေခြင်းနှင့် ဖျော်ဖြေမှုများ လိုအပ်ပါတယ်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဒေါင်းန်ဆင်ဒရုန်းရှိ ကလေးတွေအတွက် ကစားချိန်ဟာ ပျော်ရွင်ဖို့ အရေးကြီးပါတယ်။ ဂိမ်းများမှတဆင့် သင်ဖြစ်ချင်သမျှကို သင်ပေးနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ motivation ကိုလှုံ့ဆော်ပေးတဲ့ တန်ဖိုးရှိသော လက်နက်တွေပါပဲ။

သူတို့ရဲ့ အစားအသောက်ကို ပိုဂရုစိုက်ပေးသင့်သလား?

ဒေါင်းန်ဆင်ဒရုန်းကလေးငယ်တွေအတွက် အာဟာရက အရမ်းအရေးကြီးပါတယ်။ ဒီကလေးငယ်တွေဟာ များသောအားဖြင့် မိခင်နို့စို့ဖို့ ၊ နို့ဘူးသောက်ဖို့ကို သင်ရတာ ကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ သည်းခံဖို့ လိုအပ်ပြီး ကလေးငယ်တွေကို အစားအစာအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူပြီး မက်လုံးပေးဖို့ လိုပါတယ်။ ကလေးဘဝတစ်လျှောက်လုံး အစားအစာအုပ်စုမှာပါဝင်တဲ့ မျှတသော အစားအစာစားဖို့ အရေးကြီးပါတဘ်၊ သူတို့ဟာ အခြားကလေးတွေထက် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု လျော့နည်းလေ့ရှိတာကြောင့် အစားအသောက်ကို ဂရုစိုက်ပေးရပါမယ်။

ဒေါင်းန်ဆင်ဒရုန်းရောဂါရှိတဲ့ ကလေးတွေရဲ့ ကျန်းမာရေး

ဒေါင်းန်ဆင်ဒရုန်း ဖြစ်နေတဲ့ ကလေးအများစုဟာ နှလုံးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီကလေး ၄၅% လောက်ဟာ နှလုံးရောဂါခံစားရတယ်လို့ ခန့်မှန်းရပါတယ်။ အလားတူပင် ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေဟာ အဆုတ်ပြဿနာများ ခံစားကြရပါတယ်။

ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးတွေကြားရှိ အခြားကျန်းမာရေးပြဿနာတွေက အကြားအာရုံချို့ယွင်းခြင်းနှင့် မျက်စိအတွင်းတိမ်၊ မျက်စိကွယ်ခြင်း၊ အချို့သော ကလေးငယ်တွေဟာ အူလမ်းကြောင်းဆိုင်ရာ ပုံသဏ္ဍာန်မမှန်ခြင်းဖြင့် မွေးဖွားလာတာကြောင့် ဝမ်းဗိုက်အခြေအနေတွေ ထပ်မံဖြစ်ပွားနိုင်ပါတယ်။

သူတို့ဟာ ရောဂါများစွာ ခံစားရနိုင်သော်လည်း အားလုံးကို မကုသနိုင်လို့ စိတ်မပူပါနဲ့။ အရေးအကြီးဆုံးက ကြိုတင်ကာကွယ်ခြင်းပါပဲ။ ဒါ့ကြောင့် သင်ဟာ ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတဲ့ ကလေးမိဘတစ်ယောက်ဖြစ်ရင် သူတို့ရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ပြီး ဆရာဝန်နှင့် ပုံမှန်တိုင်ပင်သင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source- steptohealth.

ZawGyi

ေဒါင္းန္ဆင္ဒ႐ုန္း(Down Syndrome) ျဖစ္ေနတဲ့ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ျခင္း
Down Syndrome ေရာဂါခံစားေနရတဲ့ ကေလးေတြဟာ တူညီတဲ့ လိုအပ္ခ်က္ေတြရွိႏိုင္ၿပီး တျခားကေလးေတြလို ဆက္ဆံေပးသင့္ပါတယ္။ ကေလးေတြအားလုံးလိုပဲ ဒီအေျခအေနရွိတဲ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ရာမွာ ေကာင္းမြန္ေသာ ေျပာဆိုဆက္ဆံမႈရွိဖို႔ မျဖစ္မေန လိုအပ္ပါတယ္။ ထို႔အျပင္ မိဘေတြအေနနဲ႔ သူတို႔ရဲ႕ က်န္းမာေရးႏွင့္ အာဟာရကို အနီးကပ္ေစာင့္ၾကည့္ၿပီး သူတို႔ကို နည္းမ်ိဳးစုံျဖင့္ ေထာက္ပံ့ေပးသင့္ပါတယ္။

အကယ္၍ ေမေမတို႔မွာ ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးရွိပါက သူတို႔ရဲ႕ စြမ္းရည္ေတြကို ဖြံ႕ၿဖိဳးတိုးတတ္ေစဖို႔ activities ေလးေတြ ေသခ်ာျပဳလုပ္ေပးသင့္ပါတယ္။

Down Syndrome ဆိုတာဘာလဲ?

(Down Syndrome) ေဒါင္းန္ဆင္ဒ႐ုန္းဟာ ၂၁ခုေျမာက္ ခ႐ိုမိုဆုန္းမွာ ပုံမွန္မဟုတ္ဘဲ ပြားမ်ားမႈေၾကာင့္ ျဖစ္ေပၚတဲ့ မ်ိဳး႐ိုးဗီဇ ေျပာင္းလဲမႈတစ္ခုျဖစ္ပါတယ္။ ကေလးအေယာက္ ၁၀၀၀ မွာ ၁ေယာက္ျဖစ္ပြားၿပီး ကမာၻတစ္ဝွမ္းတြင္ အျဖစ္မ်ားဆုံး မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈတစ္ခုျဖစ္တယ္လို႔ ယူဆၾကပါတယ္။

ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ပြားရတဲ့ အေၾကာင္းရင္းက တိတိက်က် မရွိပါဘူး။ ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးအခ်ိဳ႕ဟာ မ်ိဳး႐ိုးလိုက္ျခင္းေၾကာင့္ျဖစ္ၿပီး အျခားသူေတြကေတာ့ မိခင္ရဲ႕ အသက္အ႐ြယ္ႏွင့္ သက္ဆိုင္ေနတာေၾကာင့္ ျဖစ္ပါတယ္။

႐ုပ္ပိုင္းဆိုင္ရာအရ ေဒါင္းန္ဆင္ဒ႐ုန္းေရာဂါရွိ ကေလးငယ္ေတြဟာ မ်က္ႏွာျပားျခင္း၊ ဦးေခါင္းအ႐ြယ္အစား ေသးငယ္ျခင္း၊ လည္ပင္းတိုျခင္း အပါအဝင္ ဗာဒံေစ့ပုံမ်က္ဝန္း၊ ပါးစပ္ႏွင့္ ႏႈတ္ခမ္းႀကီးၿပီး နား႐ြက္ေတြ ေသးငယ္တဲ့ လကၡဏာေတြ ရွိပါတယ္။ သူတို႔မွာ လုံးဝမတူညီတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ ရွိႏိုင္ပါတယ္။ သူတို႔ရဲ႕ သင္ယူမႈႏွင့္ ဟာသဉာဏ္ကလည္း ကြဲျပားႏိုင္ပါတယ္။
ေသခ်ာတာကေတာ့ ဒီကေလးငယ္ေတြဟာ အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ အသိဉာဏ္ရွိၿပီး ခ်စ္ခင္တြယ္တာမႈကို ေဖာ္ျပလိုၾကပါတယ္။

ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးငယ္ေတြကို ဘယ္လိုျပဳစုပ်ိဳးေထာင္မလဲ?

ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးရဲ႕ မိဘျဖစ္ရျခင္းဟာ အေတာ္ပင္ စြန္႔စားမႈတစ္ခု ျဖစ္ႏိုင္ပါတယ္။ ဒီေခါင္းစဥ္ႏွင့္ ပတ္သတ္တဲ့ သတင္းအခ်က္အလက္ ရွားပါးျခင္းေၾကာင့္လည္း အနည္းငယ္ စိတ္ရႈပ္ေထြးႏိုင္ပါတယ္။ သင့္ကေလးမွာ ဒီအေျခအေနမ်ိဳး ရွိပါက စိတ္မပူပါနဲ႔ ။ သင့္ကေလးကို အျခားကေလးေတြလိုပဲ ခ်စ္ျခင္းေမတၱာ၊ ေထာက္ပံ့မႈေတြ အမ်ားႀကီးျပသၿပီး ျပဳစုပ်ိဳးေထာင္ႏိုင္ပါတဘ္။

ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြကို ဘယ္လို ဆက္ဆံရမလဲဆိုတဲ့ နည္းလမ္းမ်ားစြာ ရွိပါတယ္။ ပထမဆုံးအေနနဲ႔ သူတို႔က လုံးဝပုံမွန္ျဖစ္တယ္ဆိုတာ နားလည္သင့္ပါတယ္။ ကေလးကို နားလည္မႈျပသဖို႔ႏွင့္ အေကာင္းဆုံး သေဘာထားရွိေပးဖို႔ လိုအပ္ပါတယ္။ သင့္ကေလးအတြက္ သင္ခံစားရတဲ့ ခ်စ္ျခင္းေမတၱာအားလုံးကို ျပသဖို႔လိုအပ္ပါတယ္။ ဒီေတာ့ ေဒါင္းဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးကို ျပဳစုပ်ိဳးေထာင္ဖို႔အတြက္ အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို ၾကည့္လိုက္ရေအာင္။

၁။ စကားေကာင္းေကာင္း ေျပာေပးပါ

မိဘေတြရဲ႕ ေျပာဆိုဆက္ဆံမႈေကာင္းဟာ အရမ္းအေရးႀကီးပါတယ္။ ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးႏွင့္ စကားေျပာဆိုပုံကို ပိုဂ႐ုစိုက္ေပးသင့္ပါတယ္။ ဒီအေျခအေနရွိတဲ့ ကေလးေတြဟာ မ်ားေသာအားျဖင့္ စကားေျပာဆိုဖို႔ ၾကာတတ္ပါတယ္။ အလားတူပဲ သူတို႔ဟာ ဘာသာစကားႏွင့္ ေျပာဆိုဆက္ဆံမႈမွာ ျပႆနာေတြ ရွိႏိုင္ပါတယ္။ သို႔ေသာ္ စိတ္ဓါတ္မက်သင့္ပါဘူး။ စိတ္ရွည္ဖို႔ ႀကိဳးစားပါ။ ကေလးႏွင့္ သင့္ေတာ္စြာ ေျပာဆိုဆက္ဆံဖို႔ နည္းလမ္းေတြကို ရွာေဖြပါ။

၂။ သူတို႔ကို တျခားကေလးေတြ၊ ေမာင္ႏွမေတြနဲ႔ အျပန္အလွန္ တုံ႔ျပန္ဖို႔ အားေပးပါ

ဒီလကၡဏာရွိတဲ့ ကေလးေတြဟာ မတူညီတဲ့အခ်ိန္ေတြမွာ ေပၚေပါက္လာတဲ့ ဖြံ႕ၿဖိဳးမႈအဆင့္ေတြရွိပါတယ္။ သို႔ေသာ္ အျပန္အလွန္တုံ႔ျပန္မႈကို ကန္႔သတ္မထားပါဘူး။ သူတို႔ေမာင္ႏွမေတြ၊ အျခားကေလးေတြနဲ႔ အျပန္အလွန္ဆက္ဆံျခင္းဟူာ အျပည့္အဝေက်နပ္ဖြယ္ေကာင္းတဲ့ ဖြံ႕ၿဖိဳးမႈကို ရရွိိပါလိမ့္မယ္။

သူတို႔ကို ပတ္ဝန္းက်င္ရွိလူေတြ၊ လူႀကီးေတြနဲ႔ အဆက္အဆံ လုပ္ေပးသင့္ပါတယ္။ ဒီအေျခအေနရွိတဲ့ ကေလးကို အျခားသူေတြနဲ႔ အျပန္အလွန္ဆက္သြယ္ဖို႔ ၊ အေတြးအေခၚေတြ မွ်ေဝဖို႔ႏွင့္ ဆက္သြယ္ေျပာဆိုဖို႔ အားေပးျခင္းဟာ သူတို႔ကို စိတ္ခ်မ္းသာေစပါတယ္။

၃။ ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြကို အစိုးရေက်ာင္း (သို႔) အထူးပုဂၢလိကေက်ာင္းကို ေပးတတ္ဖို႔ ဆုံးျဖတ္ပါ

ကိုယ့္ကေလးကို ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနလို႔ ေက်ာင္းမထားဘူးလို႔ မလုပ္ပါနဲ႔ေနာ္။ ဒီလကၡဏာရွိတဲ့ ကေလးတစ္ေယာက္ဟာ အစိုးရေက်ာင္းကို တတ္ေရာက္ႏိုင္ပါတယ္။ သူတို႔ရဲ႕ အေျခအေနကို မွ်ေဝလိုတဲ့ အျခားကေလးေတြႏွင့္အတူ လူမႈေရးအရ ေပါင္းစည္းခြင့္ရေစတာေၾကာင့္ ဒီအႀကံျပဳလိုတာျဖစ္ပါတယ္။ ဒါက သူတို႔ရဲ႕ ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈကို ျမႇင့္တင္ေပးၿပီး သူတို႔နဲ႔ ဆက္ဆံေရးကို တည္ေဆာင္ႏိုင္ပါလိမ့္မယ္။

ပညာေရးႏွင့္ ပတ္သတ္ၿပီး ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြဟာ အျခားကေလးေတြနဲ႔ ႏႈိင္းယွဥ္ရင္ ကြဲျပားေသာႏႈန္းျဖင့္ သင္ယူႏိုင္ဖြယ္ရွိပါတယ္။ သို႔ေသာ္ ဒီအရာကို ဆရာရဲ႕ အကူအညီအျပင္ အိမ္မွာ အေမနဲ႔အေဖရဲ႕ အကူအညီျဖင့္လည္း ေျဖရွင္းႏိုင္ပါတယ္။

၄။ Activities အမ်ိဳးမ်ိဳးျဖင့္ သူတို႔ကို ထုတ္ေဖာ္ပါ

ကြၽန္ေတာ္တို႔အားလုံးမွာ ကိုယ္ပိုင္အရည္အခ်င္း(သို႔) ကြၽမ္းက်င္မႈတစ္ခုစီ ရွိၾကပါတယ္။ ေဒါင္းန္ဆင္ဒ႐ုန္းကေလးေတြဟာ မတူညီပါဘူး။ အခ်ိဳ႕ေသာ ေနရာေတြမွာ ထူးကဲတဲ့ စြမ္းရည္ရွိႏိုင္ပါတယ္။ ဒီကေလးေတြဟာ ဘယ္လုပ္ေဆာင္မႈကိုမဆို ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏိုင္ပါတယ္။ သူတို႔ရဲ႕ စြမ္းရည္အားလုံးကို စူးစမ္းဖို႔ လုပ္ေဆာင္မႈေတြလုပ္ဖို႔ အားေပးရပါမယ္။

  • အႏုပညာ

ပန္းခ်ီ၊ ဂီတ၊ အကႏွင့္ အျခားအႏုပညာေတြက ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြကို သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ဉာဏ္ရည္ဖြံ႕ၿဖိဳးေစပါတယ္။

တကယ္လို႔ သင့္မွာ ဒီအေျခအေနရွိတဲ့ ကေလးရွိရင္ ကခုန္ျခင္း၊ သီခ်င္းသီဆိုျခင္း (သို႔) သ႐ုပ္ေဆာင္ျခင္းကဲ့သို႔ေသာ လႈပ္ရွားမႈေတြမွာ ပါဝင္ေစဖို႔ အႀကံျပဳလိုပါတယ္။ ဒီအရာက သင့္ကေလးအား အသစ္ေတြကို သင္ယူဖို႔ႏွင့္ ေရွး႐ိုးစြဲကေန ေဖာက္ထြက္ၿပီးေတြးဖို႔ ခြင့္ျပဳပါလိမ့္မယ္။

  • အားကစား

အားကစားလႈပ္ရွားမႈေတြကလည္း ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြကို အက်ိဳးျပဳပါတယ္။ အားကစားဟာ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန၊ အသင္းအဖြဲ႕ႏွင့္ ရည္မွန္းခ်က္ပန္းတိုင္သို႔ ေရာက္ရွိျခင္းတို႔ကို တိုးတတ္ေအာင္ ကူညီပါတယ္။

အားလပ္ရက္ေတြမွာ မၾကာခဏလုပ္ေလ့ရွိတဲ့ ကာလတိုအားကစားေတြက အရမ္းအက်ိဳးရွိပါတယ္၊ အႀကံျပဳလိုတဲ့ အားကစားအခ်ိဳ႕မွာ ေရကူးျခင္း၊ ေဘာလုံးကန္ျခင္း၊ ကြၽမ္းဘားကစားျခင္း၊ ဘတ္စကက္ေဘာ၊ စားပြဲတင္တင္းနစ္၊ ကိုယ္ခံပညာ တို႔ျဖစ္ပါတယ္။

  • ဂိမ္းမ်ား

ကေလးတိုင္းဟာ သူတို႔ရဲ႕ အေကာင္းဆုံး ဖြံ႕ၿဖိဳးတိုးတတ္မႈအတြက္ အပန္းေျဖျခင္းႏွင့္ ေဖ်ာ္ေျဖမႈမ်ား လိုအပ္ပါတယ္။ ဒီကိစၥႏွင့္ ပတ္သတ္ၿပီး ေဒါင္းန္ဆင္ဒ႐ုန္းရွိ ကေလးေတြအတြက္ ကစားခ်ိန္ဟာ ေပ်ာ္႐ြင္ဖို႔ အေရးႀကီးပါတယ္။ ဂိမ္းမ်ားမွတဆင့္ သင္ျဖစ္ခ်င္သမွ်ကို သင္ေပးႏိုင္ပါလိမ့္မယ္။ သူတို႔ရဲ႕ motivation ကိုလႈံ႕ေဆာ္ေပးတဲ့ တန္ဖိုးရွိေသာ လက္နက္ေတြပါပဲ။

သူတို႔ရဲ႕ အစားအေသာက္ကို ပိုဂ႐ုစိုက္ေပးသင့္သလား?

ေဒါင္းန္ဆင္ဒ႐ုန္းကေလးငယ္ေတြအတြက္ အာဟာရက အရမ္းအေရးႀကီးပါတယ္။ ဒီကေလးငယ္ေတြဟာ မ်ားေသာအားျဖင့္ မိခင္ႏို႔စို႔ဖို႔ ၊ ႏို႔ဘူးေသာက္ဖို႔ကို သင္ရတာ ၾကာေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔အေနနဲ႔ သည္းခံဖို႔ လိုအပ္ၿပီး ကေလးငယ္ေတြကို အစားအစာအသစ္ေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အခ်ိန္ယူၿပီး မက္လုံးေပးဖို႔ လိုပါတယ္။ ကေလးဘဝတစ္ေလွ်ာက္လုံး အစားအစာအုပ္စုမွာပါဝင္တဲ့ မွ်တေသာ အစားအစာစားဖို႔ အေရးႀကီးပါတဘ္၊ သူတို႔ဟာ အျခားကေလးေတြထက္ ႐ုပ္ပိုင္းဆိုင္ရာလႈပ္ရွားမႈ ေလ်ာ့နည္းေလ့ရွိတာေၾကာင့္ အစားအေသာက္ကို ဂ႐ုစိုက္ေပးရပါမယ္။

ေဒါင္းန္ဆင္ဒ႐ုန္းေရာဂါရွိတဲ့ ကေလးေတြရဲ႕ က်န္းမာေရး

ေဒါင္းန္ဆင္ဒ႐ုန္း ျဖစ္ေနတဲ့ ကေလးအမ်ားစုဟာ ႏွလုံးျပႆနာေတြကို ခံစားရႏိုင္ပါတယ္။ ဒီကေလး ၄၅% ေလာက္ဟာ ႏွလုံးေရာဂါခံစားရတယ္လို႔ ခန္႔မွန္းရပါတယ္။ အလားတူပင္ ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြဟာ အဆုတ္ျပႆနာမ်ား ခံစားၾကရပါတယ္။

ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးေတြၾကားရွိ အျခားက်န္းမာေရးျပႆနာေတြက အၾကားအာ႐ုံခ်ိဳ႕ယြင္းျခင္းႏွင့္ မ်က္စိအတြင္းတိမ္၊ မ်က္စိကြယ္ျခင္း၊ အခ်ိဳ႕ေသာ ကေလးငယ္ေတြဟာ အူလမ္းေၾကာင္းဆိုင္ရာ ပုံသ႑ာန္မမွန္ျခင္းျဖင့္ ေမြးဖြားလာတာေၾကာင့္ ဝမ္းဗိုက္အေျခအေနေတြ ထပ္မံျဖစ္ပြားႏိုင္ပါတယ္။

သူတို႔ဟာ ေရာဂါမ်ားစြာ ခံစားရႏိုင္ေသာ္လည္း အားလုံးကို မကုသႏိုင္လို႔ စိတ္မပူပါနဲ႔။ အေရးအႀကီးဆုံးက ႀကိဳတင္ကာကြယ္ျခင္းပါပဲ။ ဒါ့ေၾကာင့္ သင္ဟာ ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတဲ့ ကေလးမိဘတစ္ေယာက္ျဖစ္ရင္ သူတို႔ရဲ႕ က်န္းမာေရးကို အနီးကပ္ေစာင့္ၾကည့္ၿပီး ဆရာဝန္ႏွင့္ ပုံမွန္တိုင္ပင္သင့္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here