Home Parenting Parent Guide ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်မလဲ?

ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်မလဲ?

0
ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်မလဲ?

တစ်ခါတစ်ရံမှာ ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုဟာ ဆုံးရှုံးသွားပြီး အခြေအနေကို ပိုပြီးလို့တောင် ဆိုးရွားသွားစေတတ်တာကြောင့် ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ပညာပေးဖို့က မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ တခြားသူတွေထက် ဒေါသထွက်လွယ်တဲ့ ကလေးတွေ ရှိကြပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်မတို့အားလုံးဟာ မကောင်းတဲ့ စိတ်တွေကို အခါအားလျော်စွာ ပြင်ပသို့ ထုတ်ပြတတ်ကြပါတယ်။

မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ဒေါသကို ထိန်းချုပ်ဖို့ အကြမ်းဖက်နည်းကို အသုံးပြုပါက ကိုင်တွယ်ဖို့ ပိုခက်ခဲလာပါမယ်၊ တစ်ခါတစ်ရံမှာ ကျွန်မတို့ရဲ့စိတ်ရှည်သည်းခံမှုတွေက ကျွန်မတို့ထိန်းချုပ်မှုထက် ကျော်လွန်တဲ့ အကြောင်းရင်းအတွက် ကုန်ဆုံးသွားတတ်တာကြောင့် ကျွန်မတို့ ပထမဆုံးလုပ်ရမယ့်အရာက ကိုယ့်ရဲ့ အပြုအမှုတွေကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဒေါသကြီးတဲ့ သင့်ကလေးကို manage လုပ်နိုင်စေဖို့ နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ပညာပေးခြင်း – မိဘတွေအနေနဲ့ သူတို့ရဲ့ စိတ်ရှည်မှု ဆုံးရှုံသွားခြင်းကို ရှောင်ရှားဖို့ ဘာလုပ်နိုင်မလဲ?

၁။ ကလေးကို နားလည်ပေးပါ

ကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ဒေါသကြီးသူဖြစ်ပါစေ၊ သူတို့ကို ဆွပေးတဲ့ အကြောင်းအရာ မရှိဘဲ ဒေါသဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ သူတို့နဲ့ အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်စွမ်းရှိမှာမဟုတ်ကြောင်း ကျွန်မတို့ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ပေးခြင်း (သို့) အော်ဟစ်ခြင်းကဲ့သို့သော အကြမ်းဖက်မှုကို မသုံးဘဲ ကျွန်မတို့လုပ်သင့်တဲ့အရာက ဘာမှားလဲဆိုတာနဲ့ သူတို့ဘာ့ကြောင့် အဲဒီလိုပြုမှုသလဲဆိုတာ သူတို့ကို မေးဖို့ ဖြစ်ပါတယ်။

၂။ ကလေးအခြေအနေကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးပါ

ကလေးရဲ့ ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကို ကျွန်မတို့ သိရှိပြီးတာနဲ့ သူတို့အား အခြေအနေကို ခွဲခြားသိမြင်ဖို့နဲ့ ဖြေရှင်းဖို့ အကြံဉာဏ်ပေးနိုင်အောင် ကူညီပေးပါ။ မိဘတွေအနေနဲ့ ကျွန်မတို့ဟာ သားသမီးတွေအား ပြဿနာတွေကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်စေဖို့ လမ်းညွှန်ပေးရန် လိုအပ်ပါတယ်။ အနာဂတ်မှာ သူတို့ဟာ အကြမ်းဖက်မှုကို အားမကိုးဘဲ စကားလုံးတွေဖြင့်သာ ဖော်ထုတ်လာကြမှာ ဖြစ်ပါတယ်။

၃။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို တခြားနည်းလမ်းတွေနဲ့ ဖော်ပြတတ်အောင် သင်ပေးပါ

ကလေးတွေဟာ စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိတာကြောင့် ဒီလုပ်ငန်းစဉ်မှာ သူတို့ကို လမ်းညွှန်ပေးဖို့ မိဘတွေ အနီးကပ်ရှိရပါမယ်။ စိတ်ခံစားမှုတွေကို ကိုင်တွယ်နည်းအပြင် ဗီဒီယိုတွေ (သို့) ဂိမ်းတွေကို သင်ကြားဖို့ သူတို့ကို ဦးတည်ထားတဲ့ စာအုပ်တွေ (သို့) ပုံပြင်တွေကို ကျွန်မတို့ အားကိုးနိုင်ပါတယ်။ သူတို့အတွက် ဆွဲဆောင်မှုရှိတဲ့ အရင်းအမြစ်မှန်သမျှက သူတို့ရဲ့ စိတ်ခံစားချက်တွေကို တည်ငြိမ်တဲ့နည်းနဲ့ ဖော်ပြနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ပညာပေးဖို့ အကြံပြုချက်များ

၁။ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားလေ့ကျင့်မှုကို မြှင့်တင်ပါ

ဒီလှုပ်ရှားမှုတွေကို ဒေါသကြီးတဲ့ ကလေးတွေအတွက် အထူးအကြံပြုလိုပါတယ်။ ထိုလွန်ကဲတဲ့ စွမ်းအင်ကို ပြောင်းလဲဖို့ ခွင့်ပြုပြီး သူတို့လေးတွေရဲ့ စရိုက်လက္ခဏာကို ပြုပြင်နိုင်စေတာကြောင့် ဖြစ်ပါတယ်။ ကရာတေးက ဒီကလေးတွေအတွက် ဖော်ပြထားတဲ့ အားကစားတွေထဲမှ တစ်ခုဖြစ်ပါတယ်။

၂။ ကလေးကို သူတို့အခန်းထဲမှာ တွေးခိုင်းပါ

ကလေးဟာ မိဘတွေ (သို့) ညီအစ်ကိုမောင်နှမတွေနဲ့ ပေါက်ကွဲနေရင် စိတ်တည်ငြိမ်သွားစေဖို့ သူတို့အား တစ်ယောက်တည်း အချိန်ယူခိုင်းရပါမယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က သူတို့အား ပြစ်ဒဏ်အဖြစ် မြင်စေဖို့မဟုတ်ဘဲ မိမိကိုယ်ကို ထိန်းကျောင်းဖို့ နည်းလမ်းတစ်ခု ဖြစ်ရပါမယ်။

၃။ ခံစားချက်တွေကို စကားလုံးတွေထဲ ထည့်တတ်အောင် သင်ပေးပါ

ကလေးတွေကို ငယ်စဉ်ကတည်းက စိတ်အနှောက်အယှက်ဖြစ်စေတဲ့ (သို့) (သို့) ဒေါသဖြစ်စေတဲ့အရာတွေကို ဖော်ပြတတ်ဖို့အတွက် ကလေးတွေ ဝုန်းဒိုင်းမကြဲခင် (သို့) အခြေအနေကို ထိန်းချုပ်မှု မဆုံးရှုံးခင်မှာ သင်ကြားပေးရပါမယ်။

၄။ ဒေါသမထွက်ပြပါနဲ့

သင့်ကလေးရဲ့ ဒေါသကြီးမှုကို ကျော်ဖြတ်ချင်ရင်တော့ ဒီနည်းလမ်းအတိုင်း တုံ့ပြန်လို့မရပါဘူး။ ဒေါသထွက်နေရင်တောင် သူတို့နဲ့ စကားပြောတဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ စံနမူနာပြဖြစ်ရပါမယ်။
အခြေအနေကို ပိုဆိုးသွားစေနိုင်တာကြောင့် ထိုအချိန်မှာ ဒေါသထွက်နေတဲ့ ကလေးအား မငေါက်သင့်ပါဘူး။ အကျပ်အတည်းကြားမှာ ဒေါသကြီးတဲ့ ကလေးအား အော်ငေါက်ခြင်းက အခြေအနေကို ပိုဆိုးသွားစေရုံသာဖြစ်ပါတယ်။ လုပ်သင်တာ အကောင်းဆုံးကတော့ အာဏာရှင်မဆန်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ကို စကားပြောဖို့ ဖြစ်ပါတယ်။

၅။ ကလေးကို စိတ်မသက်မသာဖြစ်စေတဲ့ အခြေအနေကနေ အဆက်ဖြတ်ဖို့ သင်ပေးပါ

ကလေးက တစ်စုံတစ်ဦးကို ဒေါသထွက်ပါက သူတို့လုပ်ရမယ့်အရာက ဒီလူနဲ့ ဝေးရာကို ရွေ့သွားဖို့နဲ့ သူတို့ရဲ့ ငြိမ်သက်မှုကို ပြန်ရရှိဖို့ တခြားတနေရာကို သွားဖို့ ဖြစ်ပါတယ်။ ဒေါသပြေလာတဲ့အခါ ပြန်သွားနိုင်ပါတယ်။

၆။ သူတို့ခံစားရတာကို ဖော်ပြဖို့ အမြဲတမ်းအားပေးပါ

ဘယ်လိုပြောရမလဲဆိုတာ မသိသေးတဲ့အတွက် သူတို့ခံစားရတာတွေကို ထုတ်မပြနိုင်တဲ့ ကလေးတွေရှိပါတယ်၊ သို့သော် ပုံဆွဲတာ၊ ကခုန်တာ ဒါမှမဟုတ် ဂိမ်းတွေကနေတစ်ဆင့် သူတို့ခံစားချက်တွေကို ပြင်ပသို့ ထုတ်ပစ်နိုင်ပါတယ်။

ဒေါသကြီးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပညာပေးရမလဲ?

သူတို့ရဲ့ စိတ်ခံစားချက်တွေကို သင့်လျော်တဲ့နည်းလမ်းဖြင့် ဖော်ပြဖို့၊ စိတ်ထိန်းဖို့က ကလေးငယ်တွေအတွက် ခက်ခဲပါတယ်။ တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ဒေါသကို manage လုပ်ပေးဖို့သာဖြစ်ပါတယ်။ ပေါက်ကွဲတော့မယ်လို့ ခံစားရတဲ့အခါတိုင်း အခြေအနေကို ထိန်းချုပ်တတ်ဖို့ နည်းလမ်းတစ်ချို့ကို သင်ကြားပေးရပါမယ်။

Chit_MayMay

Nandar

ref-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here