ဒေါသထွက်နေသောကလေးကို စိတ်ငြိမ်အောင် ကူညီပေးနိုင်မယ့် စကားစု (၆) ခု

0
227
- Advertisement -

မိဘတွေအနေနဲ့ ကျွန်မတို့ရဲ့ ကလေးတွေ စိတ်ဆိုးစိတ်ကောက်တာတွေကို မကြာခဏဆိုသလိုကိုင်တွယ်ဖြေရှင်းရလေ့ရှိပါတယ်။ သူတို့ဟာ ငယ်ရွယ်စဉ်မှာ သူတို့ရဲ့ ဒေါသကို ဆီလျော်စွာ ကောင်းကောင်းမစီမံနိုင်သေးပါဘူး။ အမှန်တကယ်မှာတော့ ဒီလိုမကိုင်တွယ်နိုင်တာက သူတို့တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ကျွန်မတို့ရဲ့ အကူအညီလိုအပ်ပါတယ်။

စကားလုံးတွေမှာ စွမ်းအားတွေအမြောက်အများရှိပါတယ်။ သူတို့ဟာ ရောဂါပျောက်ကင်းအောင် ကုသနိုင်သလို ဒုက္ခရောက်အောင်လည်း လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ဒေါသထွက်နေတဲ့ကလေးကို ငြိမ်သက်သွားစေမယ့် စကားစု (၆) ခုကို မျှဝေပေးချင်ပါတယ်။

၁။ ”အိုကေ၊ တို့ နှစ်ဖက်စလုံးငြိမ်သက်လိုက်ရအောင်”

- Advertisement -

အကြောင်းအရာရေရေရာရာမရှိဘဲ မေမေတို့ရဲ့ကလေးဟာ စိတ်ဆိုးစိတ်ကောက်တာတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေဟာ တစ်ခြားလူစိမ်းတွေရှေ့မှာ ဖြစ်ပျက်မယ်ဆိုရင် သင့်အတွက် ကိုင်တွယ်ဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ ဒီလိုအချိန်တွေမှာ ကလေးတွေကို အော်ငေါက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အဝေးကို မြန်မြန်ရှောင်ထွက်သွားခြင်း စတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ကြပါတယ်။

ဒီလိုအချိန်တွေမှာ ကျွန်မတို့ရဲ့ကလေးတွေအများဆုံးလိုအပ်တာက ကျွန်မတို့ရဲ့ ဒေါသစိတ်မဟုတ်ဘဲ ကျွန်မတို့ရဲ့ နားလည်မှုဖြစ်ပါတယ်။ ဒါ့ကြောင့် အသက်ကို ရှူပါ။ မေမေတို့ရဲ့ ဒေါသစိတ်ကို အရင်လျှော့ပါ။ ပြီးရင် ”အိုကေ၊ ဟုတ်ပြီ သား၊ အမေတို့နှစ်ယောက်လုံးစိတ်လေးတွေ ငြိမ်ငြိမ်လေးထားလိုက်ရအောင်နော်” လို့ ပြောပါ။ ဒီနည်းလမ်းက မေမေတို့ကလေးအတွက် ပိုနားလည်စေနိုင်ပြီး သူတို့ရဲ့ ဒေါသစိတ်ကို ငြိမ်သက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

၂။ တစ်ခုခုအလုပ်ဖြစ်သွားအောင် အဖြေရှာကြည့်ကြစို့

အကြောင်းရင်းမြောက်များစွာပေါ် အခြေခံပြီး ကလေးတွေဟာ သူတို့စိတ်ပျက်နေတာကြောင့် ဒေါသထွက်တတ်ကြပါတယ်။ သူတို့ဟာ တစ်ခုခုလုပ်ဖို့ ကြိုးစားနေချိန်မှာ ၎င်းက သူတို့လိုချင်တဲ့နည်းလမ်းနဲ့ အလုပ်မဖြစ်တဲ့အခါ စိတ်ဆိုးတတ်ကြပြန်ပါတယ်။ ဒီလိုအချိန်မှာ မေမေတို့လုပ်မိတာက ”သား အလုံအလောက်မကြိုးစားရသေးတာကြောင့်ပါ၊ ထပ်ကြိုးစားကြည့်ပါ” ဒါမှမဟုတ် ”မငိုနဲ့ ၊ နောက်တစ်ခါထပ်ကြိုးစား”လို့ပဲ ပြောမိတတ်ပါတယ်။ ဒီအရာတွေက သူတို့ခံစားနေရတဲ့ ဒေါသကို ကိုင်တွယ်ဖြေရှင်းဖို့ မကူညီပေးနိုင်ပါဘူး။ တကယ်သင်ဟာ အရာရာကို ပိုဆိုးအောင်လုပ်ပြီးတော့ အဆုံးသတ်သွားနိုင်ပါတယ်။

ဒီလိုအချိန်မှာ မေမေတို့ရဲ့ ကလေးဟာ အားပေးမှု၊ ပါဝင်ပတ်သက်ခြင်းနှင့် သင့်ရဲ့ အကူအညီနှင့် နာလည်မှုတွေဟာ ကလေးရဲ့ အမျက်ဒေါသတွေကို ပျောက်ကွယ်သွားပါလိမ့်မယ်။

၃။ ”မေမေလည်း ဒေါသထွက်နေတယ်၊ အဲ့ဒီ့ဒေါသကို ဘယ်လိုလုပ်ကြမလဲ”

ကျွန်မတို့ ဒီစကားစုကို ကျွန်မတို့ကလေးတွေကို ပြောတဲ့အခါ ဒီအရာက သူတို့နဲ့အတူ မျှဝေခံစားပေးကြောင်း ပြသရာရောက်ပါတယ်။ ကလေးတွေအတွက် ဒေါသထွက်တာက အဆင်ပြေပါတယ်။ ပြီးတော့ သူတို့ဟာ လူကြီးတွေလို ဒေါသကို လွှတ်ချတတ်ဖို့ လိုအပ်ပါတယ်။ သူတို့ကို ”ကလေးက ကလေးလိုနေပါ” လို့ မပြောပါနဲ့။ သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြတတ်ဖို့ ပိုကောင်းတဲ့နည်းလမ်းတွေကို ရှာဖွေပေးပါ။ ဥပမာ – ပုံပြောခြင်း၊ ပုံဆွဲခြင်းနှင့် မေမေတို့ကလေးသဘောကျတတ်တဲ့ နည်းလမ်းလေးတွေနဲ့ ထုတ်ဖော်ပြသတတ်ဖို့ လေ့ကျင့်ပေးပါ။

၄။ ကလေးတွေ စိတ်တိုနေချိန် အော်ငေါက်ဖို့ စဉ်းစားရမယ့်အစား ပိုနားလည်အောင် ကြိုးစားပါ

မေမေတို့ကလေးက ဒေါသထွက်ပြီး စူးစူးဝါးဝါးအော်ဟစ်နေမယ်ဆိုရင် မေမေတို့ရဲ့ အေးချမ်းမှုတွေပျောက်ဆုံးသွားဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် အဖြစ်အပျက်ကို အရင်လေ့လာပါ။ မေမေတို့ရဲ့ ကလေးကို နားလည်ဖို့ ကြိုးစားပါ။ သူတို့အော်တဲ့အခါ သူတို့ရဲ့ခက်ခဲတဲ့အချိန်တွေကို နားလည်ဖို့ကြိုးစားပါ။ သူတို့အတွက် တည်ငြိမ်သောအသံတွေနဲ့ စကားပြောဖို့၊ အေးအေးဆေးဆေးနေတတ်ဖို့ အရေးကြီးပါတယ်။

၅။ ”တကယ်ကြီး ဒေါသထွက်နေတာလား? ကျွန်မတို့ရဲ့ ပွေ့ဖက်မှုတွေနဲ့ ပိုကောင်းတဲ့အရာတွေကို အမေတို့ ဘယ်လိုပေးရမလဲ?

ကလေးတွေမှာလည်း လူကြီးတွေလို ဆိုးရွားတဲ့နေ့ရက်တွေရှိကြပါတယ်။ ဒီလိုနေ့မျိုးဆိုရင် ပြဿနာသေးသေးလေးတွေကအစ ဒေါသထွက်တတ်ကြပါတယ်။ ဒီလိုဖြစ်ပျက်နေတဲ့အချိန်မျိုးဆိုရင် သူတို့စိတ်ဆိုးဒေါသထွက်နေတာတွေကိုတောင် သူတို့မသိပါဘူး။ ဒါပေမယ့် သူတို့ဘာကြောင့် ခံစားနေရပါစေ၊ ဘယ်လိုတွေပဲဖြစ်နေပါစေ ကျွန်မတို့ရဲ့ နားလည်မှုတွေနဲ့ ချစ်ခင်မှုတွေကို ပေးဖို့အရေးကြီးပါတယ်။ ဒီအရာတွေအားလုံးရဲ့ အဖြေက မေမေတို့ရဲ့ စူပါဂရုစိုက်မှုနှင့် ပွေ့ဖက်ကြင်နာမှုတို့ပဲ ဖြစ်ပါတယ်။

၆။ ”အရုပ်တွေကို ဘာကြောင့် ဖျက်ဆီးနေတာလဲ? သူတို့ကို မကြိုက်တော့ဘူးလား? သူတို့ကို စိတ်ဆိုးနေတာလား?

ဒေါသထွက်တဲ့အခါ ကလေးအများစုဟာ သူတို့အနီးနားမှာရှိတဲ့ဘယ်လိုအရာမျိုးကိုမဆို လွှင့်ပစ်တာတွေ၊ ချိုးဖဲ့ဖျက်ဆီးတာတွေ လုပ်တတ်ပါတယ်။ အထူးသဖြင့် အရုပ်တွေ။ ဒီလိုအချိန်ခဏအတွင်းမှာ မေမေတို့က ပိုပြီးဒေါသထွက်လာနိုင်ပါတယ်။ နောက်ပြီး အသံကိုလည်း ဒီထက်ပိုမြှင့်တင်ချင်လာမယ်။ ဒါပေမယ့် မကြိုးစားပါနဲ့။ သူတို့ဒေါသထွက်ရတဲ့ အဓိကအကြောင်းရင်းကို ရှာဖွေပေးပါ။ သူတို့ကစားစရာတွေမှာ ဘာမှ မမှားဘူး၊ အပြစ်မရှိဘူးဆိုတာကို သိတတ်ဖို့ သင်ပေးပါ။ ပြီးတော့ ကစားစရာတွေကို လွှင့်ပစ်ရတာဟာလည်း အဆင်မပြေကြောင်း သင်ပေးပါ။

Chit_May_May

Nyein_Thu

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here