Home Lotaya ဒေါသထွက်ပေါက်ကွဲလွယ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲ

ဒေါသထွက်ပေါက်ကွဲလွယ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲ

0
ဒေါသထွက်ပေါက်ကွဲလွယ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲ

ကလေးတွေအတွက် ရန်လိုတဲ့ အပြုအမူတွေကို ထိန်းချုပ်ရပါမယ်။ အချိန်တိုအတွင်း ကျော်လွှားနိုင်မှသာ သူတို့ရဲ့ အနာဂတ်ဆက်ဆံရေးကို မထိခိုက်စေမှာပါ။

မိဘတွေနှင့် ဆရာတော်တော်များများက ကလေးတွေရဲ့ ရန်လိုတဲ့အပြုအမူတွေကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရန်လိုတဲ့ အပြုအမူတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို မသိလို့ပါ။

ကလေးတွေမှာ ရန်လိုတဲ့ အပြုအမူတွေကို ဖြစ်ပေါ်စေရတဲ့ အကြောင်းရင်းများ

အိမ်တွင်းစည်းကမ်းများ

မိသားစုဆိုတာ ကလေးတွေပါဝင်ရတဲ့ ပထမဆုံးနှင့် အရေးပါဆုံး လူမှုရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအုပ်စုမှာ သူတို့က ငယ်ရွယ်စဥ်ကတည်းက အတူယှဥ်တွဲနေထိုင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးတွေနှင့် အခြေခံစည်းမျဥ်းတွေကို သင်ယူကြရပါတယ်။ တကယ်လို့ ကြီးပြင်းလာတဲ့အခါမှာ ၎င်းတို့က ပြင်းထန်လွန်း၊ တင်းကျပ်လွန်းမယ်ဆိုရင် ကလေးတွေကို ရန်လိုတဲ့ အပြုအမူတွေကို အားပေးပါလိမ့်မယ်။

ကလေးတွေရဲ့ ရန်လိုမှုက မိဘတွေဆီက ပုံတူကူးချတာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အိမ်မှာ တွေ့ရတတ်တဲ့ လူတွေဆီက အတုယူတတ်ကြပါတယ်။ သူတို့က ရန်လိုတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်မယ်ဆိုရင် ဒီပုံစံကို အဓိက တုံ့ပြန်မှုအဖြစ် အသုံးပြုပါလိမ့်မယ်။

အော်ဂဲနစ်အချက်အလက်များ

အပြုအမူတွေအပြင်းအထန်ပြောင်းလဲစေတဲ့ အခြားအကြောင်းတွေကတော့ သဘာဝအော်ဂဲနစ်ဖြစ်ပါတယ်။ ဥပမာ – ဟော်မုန်းမညီမျှမှု၊ အာဟာရချို့တဲ့ခြင်းနှင့် ဦးနှောက်ယန္တရားတွေ ပြောင်းလဲခြင်း(ဦးနှောက်အရှေ့ပိုင်းပြောင်းလဲခြင်း) စတာတွေက အပြုအမူကွဲပြားစေပြီးတော့ အကြမ်းဖက်တတ်လာတာဖြစ်ပါတယ်။

လူမှုရေးကျွမ်းကျင်မှုနှင့်အတူ အခက်အခဲ

ကလေးတွေအားလုံးက လူမှုရေးအဖွဲ့အစည်းတစ်ခုနှင့် လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ မရှိသေးပါဘူး။ များသောအားဖြင့် ၎င်းက ရန်လိုတုန့်ပြန်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်လို့ ကလေးတွေက စိတ်ရှုပ်ပြီး နားလည်မှုလွဲနေတယ်လို့ ခံစားရတဲ့အခါ ၎င်းတို့က စိတ်ထွက်ပေါက်ရှာဖို့ ရန်လိုခြင်းနည်းလမ်းတွေကို အသုံးချပါလိမ့်မယ်။

ကလေးတွေရဲ့ ရန်လိုတဲ့ အပြုအမူကို ဘယ်လိုတုန့်ပြန်မလဲ

ထိန်းထိန်းသိမ်းသိမ်းလေ့ကျင့်ပါ

ကလေးတစ်ဦးကို ရုပ်ပိုင်းဆိုင်ရာ နှင့် နှုတ်ပိုင်းဆိုင်ရာ မတော်မတရားမပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ရန်လိုတဲ့ အပြုအမူတွေကို ကလေးတွေကို ပြုပြင်သင်ကြားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဥပမာပေးခြင်းဖြစ်ပါတယ်။

၎င်းက ခက်ခဲပုံရပေမယ့်လည်း မိဘတွေက ထိန်းထိန်းသိမ်းသိမ်းပြုလုပ်တတ်ဖို့၊ အသက်ပြင်းပြင်းရှူဖို့ နှင့် ရုပ်ပိုင်းဆိုင်ရာ (သို့) နှုတ်ပိုင်းဆိုင်ရာ ကျူးကျော်မှုတွေက ဖြေရှင်းနည်းမဟုတ်ကြောင်း ပိုနားလည်စေသင့်ပါတယ်။

ချက်ချင်းတုံ့ပြန်မှု

ကလေးတွေ ဒေါသပေါက်ကွဲတဲ့အခါမှာ ချက်ချင်းတုံ့ပြန်တာက အကောင်းဆုံးပါပဲ။ သင့်အနေနဲ့ သူတို့နှင့် စကားပြောပြီးတော့ သူတို့လုပ်နေတဲ့ အရာတွေက မှားယွင်းကြောင်း ဒီအပြုအမူတွေရဲ့ အကျိုးဆက်တွေကို နားလည်စေသင့်ပါတယ်။

အမူအကျင့်ကောင်းတွေကို ခိုင်မာအောင် တည်ဆောက်ပေးပါ

သူတို့ရဲ့ အောင်မြင်မှုတွေနှင့် အမူအကျင့်ကောင်းတွေကို အသိအမှတ်ပြုခြင်းက အပြုအမူဆိုင်ရာ တုံ့ပြန်မှုတွေကို ထိန်းချုပ်ဖို့ လမ်းကြောင်းအမှန်ကို ဖွင့်ပေးခြင်းဖြစ်ပါတယ်။

ကလေးတွေအတွက် ရန်လိုတဲ့ အပြုအမူတွေကို ပြုပြင်ခြင်းက မိသားစုဝင်အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီ့အတွက် အဓိကသော့ချက်က စည်းလုံးမှုနှင့် ပူပေါင်းဆောင်ရွက်မှုပါပဲ။ ဒါ့အပြင် ဇွဲရှိခြင်း၊ သည်းခံခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းတို့ကလည်း ဒီအပြုအမူတွေကို တဖြည်းဖြည်းပြောင်းလဲစေနိုင်တယ်ဆိုတာ မိဘတွေ သတိရသင့်ပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here