
ဒေါသဆိုတာ လူကြီးတွေပဲ ဖြစ်တတ်တာ မဟုတ်ပဲ ကလေးတွေမှာလည်း ဖြစ်တတ်တယ်ဆိုတာ နားလည်ထားဖို့ လို့ပါတယ်။ စိတ်အလိုမကျပါက အသက်ငယ်တဲ့ ကလေးတွေမှာလည်း “ဒေါသ” ထွက်ပြီး ပေါက်ကွဲ စေတတ်ပါတယ်။ ဒေါသကြီးတဲ့ ကလေးတွေဟာ ငိုကြွေးခြင်း၊ အော်ငေါက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ အရာဝတ္တုများကို ပစ်ပေါက်ခြင်း၊ ကိုက်ခြင်း၊ တွန်းခြင်းကဲ့သို့သော ပြင်းထန်စွာ ဝုန်းဒိုင်းကြဲတဲ့ အပြုအမူတွေကို လုပ်တတ်ကြပါတယ်။
ဒေါသဖြစ်တတ်တာက ကလေးရဲ့ ပုံမှန်ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုရဲ့ တစ်စိတ်တစ်ပိုင်း ပဲဖြစ်ပါတယ်။ အသက် ၂ နှစ် နှင့် ၃ နှစ် အရွယ်မှာ ဒေါသအများဆုံး ဖြစ်တတ်ပြီး ဆန္ဒနှင့် လိုအပ်ချက်များကို ဆက်သွယ် ပြောဆိုနိုင်မှု တိုးတက်တဲ့အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်လို့ မေမေတို့အနေနဲ့ အရမ်းကြီး စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ ကလေးကို ဒေါသတကြီး ဝုန်းဒိုင်းကြဲခြင်းမှ ရပ်တန့်ရန်၊ တားဆီးရန် အထောက်အကူဖြစ်စေမည့် အကြံပြုချက်အချို့ ကို နားလည်ထားဖို့တော့ မိဘတွေအနေနဲ့ လိုအပ်ပါတယ်။
၁။ အချိန်တစ်ခု သတ်မှတ်ပါ
ကလေးတွေက ဗိုက်ဆာတဲ့အခါ နှင့် မောပန်းတဲ့အခါ မှာ ဝုန်းဒိုင်းကြဲကြတတ်ပါတယ်။ ဒါကြောင့် ကလေးကို မောပန်းခြင်း သို့မဟုတ် ဗိုက်ဆာခြင်းတို့ မဖြစ်ပါစေနှင့်။ အချိန်မှန်ကျွေးပြီး အချိန်နဲ့ကစားစေပါ။ အချိန်မှန် တစ်ရေးတစ်မော အိပ်ခြင်းတို့ကို လေ့ကျင့်ပေးပါ။
၂။ လွတ်လပ်မှု
ကျိုးကြောင်း ဆီလျော်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ရန် သူတို့ကို လွတ်လပ်ခွင့် ပေးပါ။ ကျောင်းသွားခြင်း၊ ကစားကွင်းသွားခြင်း တို့အတွက် လွတ်လပ်စွာ နေထိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့် ကိုပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ စိတ် နှင့် ခန္တာကိုယ် လွတ်လပ်စွာ တွေးခေါ် လုပ်နိုင်စွမ်း ရှိချင်းက ကလေးရဲ့ ဒေါသထွက်ခြင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်စေပါတယ်။ ကလေးကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်း၊ သူတို့ရဲ့ ခံစားချက်များကို နားထောင်ခြင်းနှင့် လွတ်လပ်
တဲ့ ဆုံးဖြတ်ချက် ချခြင်းတို့ကို ခွင့်ပြုခြင်းဖြင့် ကလေးများတွင် ဝုန်းဒိုင်းကြဲခြင်းကို တားဆီးရန် ကူညီပေးနိုင်ပါတယ်။
၃။ ချီးကျူးပါ
အပြုသဘောဆောင်တဲ့ အာရုံစူးစိုက်မှုကို လုံလုံလောက်လောက် ပေးပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ အပြုအမူကို ချီးကျူးပေးပါ။ လုပ်ဆောင်မှု တစ်ခုစီတိုင်းဆီက အကျိုး နှင့် အပြစ်ကို ပြောပြပေးပြီး ဘာလို့ ချီးမွန်းတာလည်း ဆိုတာပါ ပြောပြပေးပြီး ကလေးကို နားဝင်အောင်လုပ်ပါ။ ကလေး စိတ်တည်ငြိမ်လာပြီး ထိန်းချုပ်မှု ပြန်ရလာတာ နှင့်အမျှ စိတ်တည်ငြိမ်စေရန် အတွက် သူတို့ကို ချီးမွမ်းပါ၊ သူတို့၏ခံစားချက်များ အကြောင်း ပြောဆိုကာ ဝုန်းဒိုင်းကြဲခြင်းမရှိဘဲ ခံစားချက်
များကို တံဆိပ်ခတ်ကာ ကိုင်တွယ်ဖြေရှင်းတတ်စေရန် သင်ပေးပါ။
၄။ စိတ်အေးအေးထားပါ
စိတ်အေးအေး ထားပြီး ဆုံးဖြတ်ချက်တွေကို ချပါ။ ကလေးရဲ့ ဝုန်းဒိုင်းကြဲခြင်းကို လျစ်လျူရှုပြီး အာရုံပြောင်းပါ။ ကလေးရဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ပြောပြီး ရိုက်နှက်ဆုံးမခြင်း မပြုပါနှင့်။ စိတ်တိုလွယ်တဲ့ ကလေးတွေဟာ ဆူပွက်နေတဲ့ ရေနဲ့တူတဲ့အတွက် ကလေးအား ထိန်းချုပ်ပြီးမှ ပြန်လည် တည်ငြိမ်လာစေရန် အားပေးနှစ်သိမ့်မှု လုပ်ငန်းစဉ်ကို စသင့်ပါတယ်။
Nadi
Chit_May_May
Ref-Momjunction