နာကျင်မှုမှာ ရည်ရွယ်ချက်တွေ ရှိပါသလား

0
238
- Advertisement -

၂၀၀၀ပြည့်နှစ်လောက်က ဂျော်ဒန်လို့ခေါ်တဲ့ကလေးတယောက်ကို ကျွန်တော်တို့ဇနီးမောင်နှံမွေးစားခဲ့ပါတယ်။ ဂျော်ဒန်ဟာမွေးဖွားပြီးရက်အနည်းငယ်အထိ ဆေးရုံမှာပဲရှိနေခဲ့တာပါ။ အဲ့ဒီနောက်ကျွန်တော်တို့ သူ့ကိုမွေးစားဖို့အတွက် အိမ်ကိုခေါ်လာခဲ့တယ်။
ဆေးရုံကဆရာဝန်တွေနဲ့သူနာပြုတွေကတော့ စစ်ဆေးစရာတွေအကုန်လုံးစမ်းသပ်ပြီးသားမို့လို့ မစိုးရိမ်ဖို့ပြောကြပါတယ်။

ကျွန်တော်တို့အနေနဲ့ကတော့ကလေးတယောက်မွေးစားတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမို့ သိပ်ပြီးအခက်အခဲမရှိပေမယ့်စိုးရိမ်နေမိတာတစ်ခုက နောက်ပိုင်းကလေးရဲ့မိဘအရင်းတွေပါဝင်ပတ်သတ်လာတာတွေနဲ့မိဘအရင်းတွေမဟုတ်ဘူးဆိုတာသိလာတဲ့အခါသူ့ရဲ့စိတ်တွေပြောင်းလဲနိုင်ကောင်းပြောင်း လဲလာမှာတွေကိုပဲစိုးရိမ်မိပါတယ်။

ဒါပေမယ့်လဲ အေဂျင်စီကတော့အဲ့ဒါတွေမစိုးရိမ်ဖို့နဲ့အားလုံးအဆင်ပြေအောင်သေချာစစ်ဆေးပြီးပြီဖြစ်ကြောင်းပြောပါတယ်။ ကျွန်တော်တို့စိတ်ထဲမှာ အဲ့ဒီအချက်နဲ့ပတ်သတ်လို့ အနည်းငယ်တော့စိတ်ထဲမတင်မကျဖြစ်နေခဲ့တယ်။ဂျော်ဒန့်ကို အိမ်ကိုခေါ်လာချင်းနေ့မှာ ငိုတာယိုတာတွေမရှိခဲ့ဘူး။

- Advertisement -

ဒီလိုနဲ့သူငါးနှစ်သားအရွယ်ရောက်လာခဲ့တယ်။ တနေ့ နေ့ခင်းဘက်သူနဲ့ကျွန်တော်နဲ့အတူတူအိမ်မှာရှိနေခဲ့တယ်။ ကျွန်တော့်လက်ထဲကဖုန်းတလုံးနဲ့ဘောလုံးဂိမ်းတွေကစားရင်း အဲ့ထဲမှာအာရုံနစ်မြောနေချိန်မို့ သူ့ကိုအိပ်ယာပေါ်အလျင်စလိုချလိုက်မိတယ်။

အဲ့ဒီအခိုက်အတန့်လေးမှာ သူထငိုမှာကို ကျွန်တော်ကြောက်သွားမိတယ်။ ဒါပေမယ့်လည်း သူလုံးဝမငိုခဲ့ဘူး။ ကျွန်တော်လဲအံ့သြသွားပါတယ်။ ပုံမှန်အားဖြင့် ကလေးတယောက်ဟာ လက်ထဲကနေခုလိုချလိုက်ရင် ငိုမိတတ်ပါတယ်။

သို့သော် ဂျော်ဒန်ကတော့ ဆေးရုံမှာကတည်းက မျက်လုံးထဲကိုအစက်ချကြည့်ရင်တောင်မငိုခဲ့သလို အိမ်ကိုစခေါ်လာတဲ့နေ့ကစလို့အခုအချိန်ထိလဲ လုံးဝငိုယိုခြင်းမရှိသေးလို့ပါပဲ။ ဒါနဲ့ကျွန်တော်သူ့ကို ဆရာဝန်ဆီခေါ်သွားပြီး အကျိုးအကြောင်းပြောပြကာ
သိချင်တာလေးတွေမေးမြန်းပါတယ်။

ကလေးငယ်တွေမှာဖြစ့်လ့ဖြစ်ထမရှိတဲ့အကြောင်းအရာတွေကို လေ့လာခဲ့တယ်။ ဆရာဝန်တွေက ဂျော်ဒန့်ကိုဖလော်ရီဒါတက္ ကသိုလ်ကိုခေါ်သွားပြီး ပိုပြီးကောင်းမွန်တိကျတဲ့စမ်းသပ်မှုတွေလုပ်သင့်တယ်လို့အကြံပေးလိုက်ကြပါတယ်။ အဲ့ဒီ့ကဆရာဝန်တွေက ကျွန်တော့်ကို အဖြေတခုပေးခဲ့တယ်။

အဲ့ဒါကဘာလဲဆိုတော့ ဂျော်ဒန်ဟာ ဗီဇမူမမှန်တဲ့ရောဂါခံစားနေရတဲ့ကလေးတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ ဒီလို geneမူမမှန်တဲ့ရောဂါဟာတခြားသူတွေဘာလုပ်လုပ် ဘယ်လိုနာကျင်မှုမှမခံစားရတဲ့အကျိုးရလဒ်ကိုဖြစ်စေပါတယ်။

ဒီဖြစ်ရပ်ဟာကျွန်တော့်ကို ဘဝနဲ့ပတ်သတ်ပြီးသင်ကြားရမယ့်အရာတွေနဲ့ ကျွန်တော်တို့ဘဝထဲကဘယ်အရာတွေကိုရှာဖွေသိနားလည်ပြီးပြီလဲဆိုတာကို အလေးအနက်အတွေးများစေခဲ့ပါတယ်။

နာကျင်မှုတွေက ကျွန်တော်တို့ကို အကာအကွယ်ပေးတယ်

ဂျော်ဒန်ကနေတဆင့် ကျွန်တော်သိနားလည်ခံစားခဲ့ရတာက နာကျင်စရာတွေ၊ ဝေဒနာခံစားရတာတွေမှာ ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာပါပဲ။ လူသားတွေဟာ နာကျင်မှု၊ ရောဂါဝေဒနာတွေဖြစ်လာမှာ စိုးရိမ်ထိတ်လန့်ကြပါတယ်။ နာကျင်ရတာမှန်သမျှကိုလဲ မကောင်းတဲ့အရာလို့သာသတ်မှတ်ထားကြတာပါ။ ရောဂါဝေဒနာခံစားနေရလို့သာနာကျင်နေရတာလို့ယူဆတတ်ကြပါတယ်။

တကယ်တော့ နာကျင်ရတယ်ဆိုတိုင်း ရောဂါဝေဒနာရှိတာ၊ မကောင်းတဲ့အရာဖြစ်တယ်လို့ သတ်မှတ်လိုက်လို့မရပါဘူး။ နာ ကျ င်မှုတွေမှာလဲကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာ ကျွန်တော်တို့လူသားတွေသတိမထားမိတတ်ကြပါဘူး။

မနာ ကျင်ရဘူးဆိုတိုင်းလဲ ဘာရောဂါဝေဒနာမှမရှိဘူး၊ အရာအားလုံးကောင်းနေတယ် အဆင်ပြေနေတယ်လို့ တထစ်ချတွေးပြီ းအေ းအေးဆေးဆေးနေလို့မရဘူးဆိုတာ ဂျော်ဒန့်လိုကလေးငယ်တွေရှိနေတာကိုကြည့််ခြင်းအားဖြင့်် သိလာနိုင်ပါတယ်။ ဒါကြောင့်နာကျင်ခြင်းမှာလဲရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာ ကျွန်တော်တို့သိလာရပါတယ်။

အဲ့ဒီရည်ရွယ်ချက်တွေကပဲကျွန်တော်တို့ကိုအကာအကွယ်ပေးနေတာဖြစ်ပါတယ်။ တစ်ခါနာကျင်ဖူးတဲ့လူတယောက်ဟာဒီလိုနာကျင်မှုမျိုးထပ်ဖြစ်မှာကို မလိုချင်တဲ့စိတ်၊ ဒီ့ထက်ပိုနာကျင်ရမှာကို ကြာက်လန့်တဲ့ စိတ် ဒီစိတ်တွေက ကျွန်တော်တို့ကို ထပ်ကာထပ်ကာနာကျင်မှုတွေ ခံစားစေမယ့်ရန်ကနေ ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုစိတ်တွေဘာလို့ဖြစ်လာရသလဲ။

နာကျင်မှုကို တစ်ကြိမ်တစ်ခါခံစားဖူးလို့သာ ဖြစ်လာရတာမဟုတ်ပါလား။ တစ်ကြိမ်ဝေဒနာခံစားဖူးတဲ့လူတယောက်ဟာလဲဝေဒနာဒီ့ထက်ပိုဆိုးရွားလာမှာ နောက်ထပ်ဒီဝေဒနာထပ်ဖြစ်လာမှာကို မလိုလားကြပါဘူး။

ရောဂါဝေဒနာခံစားရရင် အနည်းအနဲ့အများ နာကျင်ကြရတာပဲမဟုတ်ပါလား။ ဝေဒနာခံစားဖူးတဲ့နာကျင်မှုကပဲ နာက်ထပ် နာက်ထပ်ဒီလိုမဖြစ်စေအောင်သတိထားဆင်ခြင်နေရမယ်ဆိုတဲ့အသိစိတ်မျိုးဝင်လာစေအောင်တွန်းအားပေးပြီးထပ်ကာထပ်ကာဖြစ် ဖြစ်လာစေမယ့် နာကျင်မှုတွေကို ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။

ကြုံဖူးဖြစ်ဖူးတာတောင်မှ မဆင်ခြင်ဘဲထပ်ကာထပ်ကာဖြစ်အောင် လုပ်မိနေတယ်ဆိုတာကအမှတ်မရှိလို့၊မနာကျင်ရလို့မဟုတ်ပါဘူး။ ကိုယ်ဘယ်လိုခံစားနာကျင်ဖူးလဲဆိတာ ကိုယ်ကိုတိုင်သာအသိဆုံးပါ။မသိဘူးဆိုတာမရှိပါဘူး။ သိသိရက်နဲ့ဆက်လုပ်နေကြတာပဲရှိပါတယ်။

ဂျော်ဒန့်လိုမျိုးခံစားနေရတဲ့ကလေးငယ်အများစုဟာ ကွတ်ကီးကြိုက်ကြတယ်။ ovenထဲကနေ ပူနွေးတဲ့ကွတ်ကီးတွေယူစားမယ်ဆိုရင်ကျွန်တော်တို့အတွက် မခက်ခဲပါဘူး။ ပူနေတယ်ဆိုတာကိုသိလို့ အေးအောင်ထားပြီးမှသာစားကြမှာပါ။ အရမ်းဆာနေရင်တောင် ပူမှန်းသိနေတဲ့အတွက် ဘယ်လိုထိန်းပြီးစားရမလဲဆိုတာသိပါတယ်။

ကွတ်ကီးတွေကို ovenထဲမှာထားထားတာက ဂျော်ဒန့်လိုကလေးငယ်တွေအတွက်တော့ မကောင်းပါဘူး။ ဒီလိုကလေးငယ်တွေဟာနာကျင်မှုကိုမခံစားရတဲ့အတွက် ကွတ်ကီးထည့်ထားတဲ့ovenထဲကို လက်ဗလာနဲ့နှိုက်ယူပြီးစားနိုင်ပါတယ်။

နောက်ဆုံး လက်လောင်ကျွမ်းနေရင်တောင်၊ ပါးစပ်ထဲမှာမီးလောင်ကျွမ်းနေရင်တောင်သူတို့ကိုသူတို့ သိနားလည်မှာမဟုတ်ပါဘူး။ ဒီလိုတွေသာဖြစ်ခဲ့လို့အရေးပေါ်ဆေးကုသရင်တောင် ပင်းထန်တဲ့ထိခိုက်မှုတွေရနိုင်သလို ဒီလိုလုပ်တာဟာသူ့ကိုယ်သူထိ ခိုက်အောင်လုပ်ခြင်းဖြစ်တယ်ဆိုတာကိုလဲဘယ်သူကမှ သူနားလည်အောင်ရှင်းပြပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီလိုကလေးငယ်တွေအတွက် မလိုလားအပ်တဲ့ထိခိုက်စေမှုတွေဆိုတာအချိန်မရွေးဖြစ်သွားစေနိုင်ပါတယ်။

နာကျင်မှုတွေက အပြုအမူတွေကိုထိန်းကျောင်းပြုပြင်ပေးတယ်

ကျွန်တော်တို့ဇနီးမောင်နှံလဲ ဒီလိုဖြစ်လာမှာမလိုလားတဲ့အတွက် ဂျော်ဒန့်ကို သူ့ကိုယ်သူကာကွယ်နိုင်ဖို့်ရာ မှန်ခြင်း၊ မှားခြင်းနဲ့ အန္တရယ်များတဲ့အခြေအနေတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုသိရှိအောင် သင်ကြားပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

နာကျင်မှူကိုခံစားနိုင်ခြင်းဆိုတာကလဲ သင်ကြား၊သင်ယူတဲ့အခါအထောက်အပံ့ပေးတဲ့ကိရိယာတခုလိုပါပဲ။ ငယ်စဉ်ကဆရာမရဲ့ကြိမ်လုံးကိုကြောက်ခဲ့ရတာဟာကြိမ်လုံးရဲ့နာကျင်စေတဲ့အစွမ်းသတ္တိကောင်းတာကြောင့်လဲပါပါတယ်။

ဒါကြောင့်စာလုပ်လိုစိတ်တွေ၊ မကြိုးစားချင်လဲကြိုးစားခဲ့ရတာတွေဖြစ်လာခဲ့တာပါ။ ကြောက်လို့လုပ်တာဟာ ကောင်းတဲ့သ ဘောဆောင်ဆောင် မကောင်းတဲ့သဘောဆောင်ဆောင် ရှေ့ကိုရွေ့တာတော့ ရွေ့ခဲ့ကြတယ်မဟုတ်ပါလား။ ရွေခဲ့ကြပေမယ့်
အရာမထင်ခဲ့ကြတာကတော့ ကိုယ့်အပေါ်မှာလဲမူတည်ပါသေးတယ်။ သို့သော်ဂျော်ဒန့်လိုကလေးငယ်တွေကိုတော့နာကျင်မှူသက်ရောက်စေတဲ့သင်ကြားမှုနည်းလမ်းတွေနဲ့ သင်ကြားလို့မရနိုင်ပါဘူး။

ဒါကြောင့် နာကျင်မှုကြောင့်ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကိုသာ နားလည်သဘောပေါက်အောင် ပြောပြရပါတယ်။ ဒါဟာနာကျင်မှုကိုမခံစားရလဲ အဲ့ဒါကြောင့် ကြုံတွေ့ရနိုင်တဲ့ အဆိုးဝါးဆုံးအကျိုးဆက်တွေရှိနေတယ်ဆိုတာကိုမီးမောင်းထိုးပြလိုက်သလိုပါပဲ။

ဒီအချက်ဟာ မနာကျင်ရလေကောင်းလေပဲလို့တွေးတတ်ကြတဲ့ကိုယ်ရောစိတ်ရော နည်းနည်းကလေးမှမနာကျင်ချင်လိုကြတဲ့ကျွန်တော်တို့လိုလူသားတွေရဲ့စိတ်ကိုပြောင်းပြန်အသိနဲ့ လှုပ်နိုးလိုက်သလိုဖြစ်သွားစေခဲ့ပါတယ်။

ဂျော်ဒန်နဲ့မတွေ့ဆုံခင်အချိန်ထိကျွန်တော်ဟာ နာကျင်မှုကိုခံစားတတ်ခြင်း၊ နာကျင်စရာလေးတွေကြုံရခြင်းဟာ အဲ့ဒီထက်ပြင်း ထန်စေတဲ့မကောင်းတဲ့အကျိုးဆက်တွေကျရောက်လာခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတာ သေချာသတိမပြုမိခဲ့ပါဘူး။ ဂျဒန်နဲ့တွေ့ပြီးနောက်မှသာ ပိုပြီးထင်ထင်ရှားရှားသတိပြုလာမိတာပါ။ မနာကျင်ရလို့ ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးပါနဲ့။

မနာကျင်ရခြင်းဟာလဲ နာကျင်ရခြင်းနဲ့ထပ်တူ ပြင်းထန်တဲ့ထိခိုက်မှုတွေကိုဖြစ်စေတတ်တာပါပဲ။ လက်ကိုဓါးရှမိတဲ့အခါ သွေးထွက်ရတာခြင်း၊ လက်ပြတ်ရှသွားရခြင်းကအတူတူပါပဲ။ ယှဉ်ကြည့်မယ်ဆိုရင် နာကျင်မှုမခံစားရတဲ့သူကတောင် ပိုပြီးအန္တာရယ်များပါသေးတယ်။

နာကျင်လို့အော်ဟစ်ငိုယိုနေတဲ့သူက နာကျင်တဲ့ခံစားမှုကိုကောင်းကောင်းသိနေတဲ့အတွက် သူ့ကိုယ်သူနာကျင်စေမယ့်အပြုအမူတွေကို နာက်ထပ်ဖြစ်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ နာကျင်မှုမခံစားရတဲ့သူကတော့ သူ့ကိုထိခိုက်စေမယ့်အပြု အမူမျိုးတွေကို သူကိုယ်တိုင်တောင်မသိဘဲအကြိမ်ကြိမ်ဖြစ်စေအောင် လုပ်မိနေနိုင်တာမို့လို့ပါ။

ဒါကြောင့်လဲ တနည်းအားဖြင့်နာကျင်မှုတွေဟာ ကိုယ်ကိုတိုင်နဲ့ တခြားလူတွေအတွက် နှောင့်ယှက်ပျက်စီးမှုဖြစ်စေတဲ့အပြုအမူတွေကို ချက်ချင်းလှုံ့ဆော်ထိန်းကျောင်းပြုပြင်ပေးနေတဲ့အရာပဲဖြစ်ပါတယ်။

ဂျော်ဒန်ဟာ ကျွန်တော်တို့မွေးစားထားတဲ့သားတယောက်ဆိုတာထက်လုံးဝကွဲပြားခြားနားတဲ့ရှုထောင့်သဘောတရားတွေကိုသိနားလည်လာနိုင်ဖို့အတွက်ကျွန်တော့်ရဲ့အသိအမြင်တွေကို ပြောင်းပြန်စီးဆင်းလမ်းပွင့်သွားအောင် စေ့ဆော်ပေးခဲ့တဲ့ အကောင်းဆုံးဆုလာဘ်တခုပါပဲ။

နာကျင်မှုမှာ ရည်ရွယ်ချက်တွေရှိသလား

ဒါကြောင့် ကျွန်တော်တို့တွေ သိသင့်တာက နာကျင်မှုဆိုတိုင်းမကောင်းတဲ့သဘောမဆောင်ပါဘူး။ ကျွန်တော်တို့မမြင်နိုင်သေးတဲ့ရည်ရွယ်ချက်ကောင်းတွေလဲ ရှိနေတတ်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ဘဝမှာလဲနာကျင်ခြင်းဆိုတဲ့အရာကို နောက်ထပ်ပြ င်းထန်တဲ့အကျိုးဆက်တွေကိုရှောင်ရှားနိုင်ဖို့အတွက်လမ်းပြနေတဲ့မြေပုံတစ်ခုလို့မြင်ကြည့်ပါ။

တခါတလေနာကျင်စရာတွေကြုံရတဲ့အခါအဲ့ဒီအရာထဲမှာနစ်မြုပ်နေပြီး ညည်းတွားနေမယ့်အစားသင့်လက်ထဲကမြေပုံကိုအကျိုးရှိရှိအသုံးချပြီး လမ်းမှန်တွေ့အောင်ကြိုးစားရှာဖွေလိုက်ပါ။လမ်းမှန်တွေ့မှသာ သင်ရပ်တည်ချင်တဲ့နေရာမှန်မှာ အခြေချနိုင်မှာပါ။

သင့် ရဲ့အနီးအနား သင့်ဘဝထဲမှာလဲgenetic abnormality disease ခံစားနေရတဲ့ ကလေးငယ်တွေနဲ့အလားတူနာကျင်စရာတွေဖြစ်နေရင်တောင် နာကျင်ရကောင်းမှန်းမသိဘဲပိုပြီးပြင်းထန်တဲ့ထိခိုက်နစ်နာမှုတွေကို လမ်းကမ်းကြိုနေသလိုမျိုုး လူတွေလဲရှိနေနိုင်ပါတယ်။

အဲ့လိုလူတွေသင့်အနားမှာ အရင်ကတည်းကရှိခဲ့သလို အခုချိန်ထိလဲဆက်ရှိနေသေးတယ်ဆိုတာဟာသူတို့ရဲ့နာကျင်မှုကို သူတို့ကိုယ်တိုင်တောင်မသိတဲ့မေတ္တာမျိုး သင်ဘယ်လိုပဲပြုမူဆက်ဆံဆက်ဆံနာကျင်မှုမခံစားရသလိုအချစ်မျိုးနဲ့ သင့်အနားမှာဖက်တွယ်နေကြတာပါ။

အဲ့ဒါကြောင့်မို့လို့နာကျင်စရာကြုံမိတိုင်း ထိခိုက်နစ်နာမှုတွေများပြားလာတာမဟုတ်သလိုမနာကျင်ရလို့လဲထိခိုက်နစ်နာမှုတွေမရှိလာနိုင်ဘူးလို့သေချာပေါက်ယူဆပစ်လို့မရဘူးဆိုတဲ့အချက်ကိုဗီဇမူမမှန်မှုရောဂါခံစားနေရတဲ့ ကလေးငယ်လေးတွေကတဆင့်ကျွန်တော်တို့ခံစားနားလည်လာခဲ့တယ်။

ဒီကနေတဆင့် နာကျင်မှုတွေမှာလဲရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာ ထပ်ဆင့်သိမြင်ခံစားတတ်လာခဲ့တယ်။ ဒါကြောင့် Chitmaymay ပရိသတ်ကြီးလဲ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါ သေချာကြည့်မှသာမြင်ရနိုင်တဲ့ နာကျင်မှုတွေရဲ့ ရည် ရွယ်ချက်ကောင်းတွေကို တဖြေးဖြေးသိမြင်ခံစားလာနိုင်စေလို့ဆန္ဒပြုလိုက်ပါတယ်နော်။

#Chit_May_May

#Mg_Htet

REF_allprodad.com

LEAVE A REPLY

Please enter your comment!
Please enter your name here