Home Parenting Parent Guide နာခံမှုမရှိသော ၃နှစ်သားလေးတွေ

နာခံမှုမရှိသော ၃နှစ်သားလေးတွေ

0
နာခံမှုမရှိသော ၃နှစ်သားလေးတွေ

နာခံတတ်တဲ့ ကလေးတွေ ပိုင်ဆိုင်ထားခြင်းက မေမေတို့အတွက် ကံကောင်းမှုတစ်ခု ဖြစ်မှာပါ။ လိုက်လျောညီထွေ နေတတ်ပြီး အေးဆေးတည်ငြိမ်တဲ့ ကလေးလေးတွေဟာ မိဘတိုင်းရဲ့ မနာလိုစရာတွေပါပဲ။ သို့သော် ပုန်ကန်မှု ကာလတစ်ချို့က အထူးသဖြင့် ကလေးဘဝရဲ့ အချို့သော အချိန်တွေမှာ လိုအပ်သလို အပြုသဘောလည်း ဆောင်ပါတယ်။ ဒါ့ကြောင့် နာခံမှုမရှိတဲ့ ၃နှစ်သားလေးတွေနဲ့ ဆက်ဆံနေရသူတွေအတွက် အသုံးဝင်နိုင်တဲ့ လမ်းညွှန်ချက်လေးတွေကို မျှဝေပေးလိုပါတယ်။

လမ်းပေါ်မှာ လမ်းလျှောက်နေရင်း ဆွဲထားတဲ့ မေမေ့လက်ကို ဖြုတ်ပစ်တာမျိုး၊ အိပ်ရာထဲဝင်ဖို့၊ အဝတ်အစားဝတ်ဖို့ကို ငြင်းဆန်ပြီး ပတ်ပြေးနေတာမျိုးဆိုရင် မေမေတို့ ဒေါသထွက်နေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ အပြုအမှုကို လေးစားမှု၊ ချစ်ခြင်းမေတ္တာတွေနှင့်အတူ ဦးတည်ရာပြောင်းပေး၊ တည့်မက်ပေးဖို့ နည်းလမ်းတွေအများကြီးရှိတာကြောင့် မေမေတို့ရဲ့အေးချမ်းမှုကို မဆုံးရှုံးပါစေနဲ့ ။

နာခံမှုမရှိသော ၃နှစ်သားလေးတွေ – သဘာဝနှင့် ကျန်းမာသော ဖြစ်စဉ်တစ်ခု

ပထမဆုံး အသက်၃နှစ်က အထူးရှုပ်ထွေးသော အဆင့်ဖြစ်ကြောင်း နားလည်ဖို့ အရေးကြီးပါတယ်။ ဒီအရွယ်မှာ ကလေးတွေဟာ မော်တာနဲ့ သိမြင်မှုဆိုင်ရာ စွမ်းရည်များစွာ ဖွံ့ဖြိုးပြီးသားဖြစ်ပြီး လက်တွေ့လုပ်ဆောင်ချင်ကြပါတယ်။ လမ်းလျှောက်၊ ပြေး၊ တက်၊ ခုန်နည်းတို့ကို သိကြပါတယ်။ သူတို့က သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောဆိုနိုင်ပြီး (အကန့်အသတ်ဖြင့်ပင်) ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် သူတို့ကိုယ်သူတို့ individual ဖြစ်တယ်ဆိုတာ တွေ့ရှိလာကြပါတယ်။ သူတို့ကိုယ်သူတို့ အခိုင်အမာပြောချင်လာကြပါတယ်။

ဒါ့ကြောင့် အသက် ၃နှစ်အရွယ်မှာ အမှီအခိုကင်းမှု ရဖို့အတွက် အချို့သော လိုအပ်ချက်တွေနဲ့ ငြင်းဆန်ခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ကန့်သတ်ချက်တွေကို စိန်ခေါ်ခြင်းတွေက သာမာန်ဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ပန်းတိုင်က ကျွန်မတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ ဒါမှမဟုတ် ကျွန်မတို့ရဲ့ စိတ်ရှည်မှုကို ဆုံးရှုံးစေဖို့ မဟုတ်ပါဘူး။ သူတို့ဟာ ကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့ ရိုးရှင်းစွာ စတင်နေတာဖြစ်ပြီး ကျွန်မတို့က သူတို့ကို ကူညီဖို့ လမ်းညွှန်ချက် ပေးရမှာ ဖြစ်ပါတယ်။

နာခံမှုမရှိသော ၃နှစ်သားလေးတွေနှင့် ဘယ်လိုဆက်ဆံမလဲ?

ဒီမိုကရက်တစ် မိဘအုပ်ထိန်းမှုပုံစံဟာ ကလေးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့ အထိရောက်ဆုံးဖြစ်ပြီး မိဘနဲ့ ကလေးတွေကြား ခိုင်မာပြီး ကျန်းမာသော ဆက်ဆံရေးကို တည်ဆောက်ရာမှာလည်း အထိရောက်ဆုံးဖြစ်ကြောင်း လေ့လာမှုများစွာက သက်သေပြခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့က ထိန်းချုပ်မှုမရှိတာလည်း မဖြစ်သင့်သလို နိုင်လိုမင်းထက်ပြုမှုပြီး အာဏာရှင်ဆန်တာမျိုးလည်း မဖြစ်သင့်ပါဘူး။

  • စည်းကမ်းနှင့် ကန့်သတ်ချက်တွေကို ရှင်းရှင်းလင်းလင်းထားပါ

ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ခြင်းဖြင့် စတင်ပါ။ မေမေတို့ကလေးက နားလည်ပြီး မှတ်မိနေဖို့ လိုပါမယ်။ သင်သတ်မှတ်ထားတဲ့ စည်းကမ်းတစ်ခုစီနဲ့ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါ။ ပြီးရင် သူတို့ကို ပြန်ပြောခိုင်းပါ။ ရေခဲသေတ္တာပေါ်မှာ list (သို့) ပုံတွေမှတဆင့် လိုက်နာရမယ့် စည်းမျဉ်းတွေကို ကပ်ထားပါ။ ဥပမာ- စားပွဲမှာထိုင်ရင်း မိသားစုနဲ့ စကားပြောခြင်း။

  • ညီညွတ်မှုနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှု

ကလေးတွေ နာခံဖို့ဆိုရင် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ညီညွတ်မှုနဲ့ အဆီအငေါ်တည့်မှုကို ရှာဖွေပေးရပါမယ်။ တနည်းဆိုရသော် အပြုအမှုတစ်ခုစီအတွက် ရှင်းလင်းပြတ်သားသော အကျိုးဆက်တွေရှိဖို့ လိုအပ်ပါတယ်။ ဒါတွေက အမြဲတမ်း ဖြစ်ပေါ်လာရမှာ ဖြစ်ပြီး လူကြီးတွေကိုယ်တိုင်က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (အဘိုးအဘွားတွေနဲ့ ကလေးထိန်းတွေ အပါအဝင်) ပုံမှန်ပြုစုစောင့်ရှောက်သူအားလုံးဟာ တူညီသောမူတွေကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။

  • အပြုသဘောဆောင်သော ပညာရေး

နာခံမှုမရှိတဲ့ ၃နှစ်သားလေးတွေရဲ့ မိဘများစွာဟာ ” မလုပ်နဲ့” ,”မပြေးနဲ့”, “တံတောင်ဆစ်တွေကို စားပွဲပေါ် မတင်နဲ့” စသဖြင့် ပြောရင်း တစ်နေ့တာကို ဖြတ်သန်းကြရပါတယ်။ နောက်ဆုံးမှာ ကလေးတွေက ဒီအသုံးအနှုန်းတွေကို အသုံးပြုလာကြပြီး အလေးအနက်မထားကြတော့ပါဘူး။

ဒီအကြောင်းကြောင့် အရေးကြီးသော အခြေအနေတွေအတွက် ” မလုပ်ရန်” ကို ကြိုတင်မှာထားတာက ပိုကောင်းပြီး ကျန်တဲ့အချိန်တွေမှာ အပြုအမှုကို ပြန်ညွှန်းပြီး ဘာလုပ်သင့်တယ်ဆိုတာကို ညွှန်ပြကြည့်ပါ။ ဥပမာ “မေမေ့ဘေးကနေ လျှောက်” (သို့) ” ကစားပြီးတဲ့အခါ အရုပ်တွေပြန်သိမ်း” ဆိုတာမျိုးပါ။

ကလေးကို ရပ်တန့်စေလိုတဲ့ အပြုအမှုအတွက် တခြားရွေးချယ်စရာတွေကိုလည်း ပေးနိုင်ပါတယ်။ သူတို့အား မီးခလုတ် အဖွင့်အပိတ်လုပ်တာကို ရပ်တန့်စေလိုရင် ထိုအပြုအမှုကို အာရုံစိုက်မယ့်အစား သူတို့နှစ်သက်တဲ့ တခြားလုပ်ဆောင်မှုတစ်ခုကို ပြန်ညွှန်းနိုင်ပါတယ်။ ဥပမာ- ပုံဆွဲဖို့ အကြံပေးတာ။

ကလေးတွေအတွက် မိဘတွေရဲ့အာရုံစိုက်မှုနဲ့ ချစ်ခင်မှုတို့က အားသာချက်တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ယေဘုယျအားဖြင့် သူတို့ရဲ့ အပြုသဘောဆောင်သော အပြုအမှုတွေကို ကျွန်မတို့ နှစ်သက်ကြောင်း ပြသတဲ့အခါမှာ သူတို့ ကောင်းမွန်စွာ တုံ့ပြန်တတ်လာပါတယ်။

  • စာနာမှုနဲ့ လေးစားမှု

နောက်ဆုံးအနေနဲ့ အဓိကရည်ရွယ်ချက်က နာခံမှုကို အောင်မြင်ဖို့ မဟုတ်ဘဲ ကျွန်မတို့ကလေးတွေအား အရည်အသွေးရှိတဲ့ ပြုစုပျိုးထောင်မှုကို ပေးစွမ်းဖို့ပါပဲ။ ဒါ့ကြောင့် မေမေတို့ကလေးက မုန့်အချိုတွေ စားချင်တာကြောင့် ဝုန်းဒိုင်းကြဲနေတယ်ဆိုရင် အလိုလိုက်စရာ မလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ စိတ်ခံစားချက်ကို အတည်ပြုပြီး သူတို့ကို manage လုပ်နိုင်အောင် ကူညီပေးဖို့ အရေးကြီးပါတယ်။ သူတို့စိတ်ဆိုးနေမှန်း သင်သိကြောင်း ရှင်းပြပါ။ ညစာစားဖို့ အချိန်နီးနေလို့ မကျွေးတာဖြစ်ကြောင်း ရှင်းပြပါ။

သူတို့ရဲ့ ဒေါသတွေက ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို ကြားသိနားလည်တယ်ဆိုတာ သိစေခြင်းနှင့် ဂရုစိုက်ပေးခြင်းက နောက်တစ်ကြိမ်မှာ ကလေးရဲ့စိတ်နေသဘောထားကို ပိုကောင်းလာစေမှာဖြစ်ပြီး ဒီလိုဝုန်းဒိုင်းကြဲမှုတွေ တဖြည်းဖြည်းလျော့ပါးလာမှာ ဖြစ်ပါတယ်။

နာခံမှုမရှိတဲ့ သုံးနှစ်အရွယ်ကလေးတွေဟာ self-esteem ဖွံ့ဖြိုးကြပါတယ်

သူတို့ရဲ့ ထင်မြင်ချက်ကို အခိုင်အမာပြောပြီး သူတို့ကိုယ်သူတို့ ထုတ်ဖော်ချင်တဲ့အတွက်၊ စည်းကမ်းချက်တွေနဲ့ အကြောင်းပြချက်တွေကို မေးခွန်းထုတ်ဖို့အတွက် ကျိုးနွံမှုမရှိဘူး၊ မနာခံဘူးဆိုတာက သင့်ကလေးအတွက် ကောင်းမွန်တဲ့အရာဖြစ်ကြောင်း မှတ်သားထားပါ။ ဒါက ကျန်းမာတဲ့ self-esteem လက္ခဏာတစ်ခုပါပဲ။

Chit_MayMay

Nandar

Ref.youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here