နို့ချိုတိုက်ကျွေးနေစဉ်မှာ Lemon Water သောက်သုံးသင့်သလား? ဘာတွေဖြစ်လာနိုင်မလဲ…?

0
69
- Advertisement -

သံပုရာရေသည် လန်းဆန်းတက်ကြွစေတဲ့ ဖျော်ရည်တမျိုးဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တာကိုလူတော်တော်များများသိကြပါတယ်။ ဒီဆောင်းပါးမှာတော့ နို့ချိုတိုက်ကျွေးနေစဉ်မှာ သံပုရာရည်သောက်သုံးပါက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နို့ချိုတိုက်ကျွေးစဉ်မှာ သံပုရာရည်သောက်သုံးတာ လုံခြုံမှုရှိသလား?

များသောအားဖြင့်တော့ နို့ချိုတိုက်ကျွေးနေစဉ်မှာ သံပုရာရည်သောက်သုံးတာဟာ ဘေးကင်းလုံခြုံမှုရှိတယ်လို့ ဆိုနိုင်ပါ
တယ်။ သံပုရည်သည် ရေဓါတ်ကိုဖြည့်စွတ်ပေးပြီး အစာခြေစနစ်၊ အူသိမ်ကျန်းမာရေး အစရှိတာတွေကို ကောင်းမွန်စေပါတယ်။ ကိုယ်တိုင်ဖျော်စပ်ထားတဲ့ သံပုရာရည်သည် ဈေးကွက်မှာ တင်ရောင်းထားတဲ့ အသင့်ဖျော်သံပုရည်တွေထက် ကျန်းမာရေးကိုပိုပြီးအကျိုးရှိစေပါတယ်။

- Advertisement -

သံပုရာရေမှာပါဝင်တဲ့ အဟာရတန်ဖိုးများ

သံပုရာရည်တွင် ဖင်နိုလစ်ဒြပ်ပေါင်းများ၊ ဗီတာမင်များ၊ ဓါတ်သတ္တုများ၊ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အမျှင်ဓါတ်များ အစရှိတာတွေအပြင် ကျန်းမာရေးကို အကျိုးပြုတဲ့ ဂုဏ်သတ္တိ ၃ မျိုးပါဝင်တဲ့ citric အက်ဆစ်များစွာပါရှိပါတယ်။ သံပုရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် နို့တိုက်မိခင်တွေနဲ့ နို့စို့ကလေးငယ်တွေအတွက် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ရေဓါတ်ဖြည့်တင်းပေးခြင်း – လေ့လာတွေ့ရှိမှုများအရ သံပုရာရည်သည် ခန္ဓာကိုယ်ကို အေးမျှစေပြီး ရေဓါတ်ကိုတိုးမြှင့်ပေးတဲ့အတွက် နို့တိုက်မိခင်တွေအတွက် အကျိုးဖြစ်ထွန်းစေတဲ့ထောက်ပံ့မှုများဖြစ်စေပါတယ်။

ဝိတ်ကျစေပါတယ် – သံပုရည်သည် ခန္ဓာကိုယ်အတွင်း အဆီစုဖွဲ့မှုကို တိုက်ဖျက်ပေးပြီး ၎င်းတွင်ပါဝင်တဲ့ polyphenols သည် ခန္ဓာကိုယ်အလေးချိန်ကျဆင်းဖို့အတွက် ကောင်းစွာအထောက်အကူဖြစ်စေတာကို တွေ့ရှိရပါတယ်။

အစာခြေစနစ်ကို ကူညီပေးပါတယ် – သုတေသနပြုလုပ်ချက်များအစ သံပုရာသီးများတွင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စွမ်းရှိစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အစာအိမ်အတွင်း အက်ဆစ်ဓါတ်မြင့်မားမှုကြောင့် အစာအိမ်အချဉ်ပေါက်ခြင်းကိုလည်း လျော့ကျစေပါတယ်။

ကိုယ်တွင်း ကလီစာတွေရဲ့ ကျန်းမာရေး – အချို့သောစမ်းသပ်မှုများအရ သံပုရာရည်နဲ့ သံပရာခွံတွင် တွေ့ရှိရတဲ့ Eriocitrin ကဲ့သို့သော lemon polyphenols သည်အူသိမ်အတွင်းမှာရှိတဲ့ အဏုဇီဝပိုးမွှားတွေကို ကောင်းမွန်တဲ့သက်ရောက်မှုတွေဖြစ်ပေါ်စေတာကို တွေ့ရှိရပါတယ်။

အသည်းကျန်းမာရေး – သံပုရာရည်မှာပါဝင်တဲ့ Citric acid သည် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အသည်းရဲ့လုပ်ဆောင်မှုကို ပိုမိုအားကောင်းစေပြီး အသည်းယောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ အစရှိတာတွေကိုကာကွယ်ပေးတဲ့ hepatoprotective ဒြပ်ပေါင်းတွေကိုပါ အထောက်အကူဖြစ်စေပါတယ်။

ကိုယ်ခံစွမ်းအား – သံပုရည်တွင် ဗီတာမင်-စီ၊ antioxidants နဲ့ အမျိုးမျိုးသော micronutrients တွေပါရှိတာကြောင့် ကိုယ့်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကိုတိုက်ဖျက်နိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးပါတယ် – ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန်တိုးပွားလာခြင်းဟာ သွေးတွင်းသကြားဓါတ်ကို မြင့်တက်လာစေပါတယ်။ သုတေသနပြုလုပ်ချက်များအရ သံပုရာရည်တွင်ပါရှိတဲ့ naringenin ဒြပ်ပေါင်းတစ်မျိုးသည် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရာတွင်အထောက်အကူပြုနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

အသားအရေထိန်းသိမ်းမှု – သုတေသနလေ့လာချက်များအရ သံပုရာရည်တွင်ပါရှိတဲ့ ဗီတာမင်-စီနဲ့ antioxidants များသည် အရေပြားကို ပြန်လည်ပြုပြင်ပေးနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် သံပုရာရည်သည် သွေးကြောတွေကို အားဖြည့်ပေးတဲ့ ဂုဏ်သတ္တိများလည်းပါရှိတဲ့အပြင် ပုံမှန်သောက်သုံးပါက အရွယ်တင်နုပျိုစေမှုကို အားပေးကူညီတယ်လို့လည်းတွေ့ရှိရပါတယ်။

ဘေးထွက်ဆိုးကျိုးများ – သံပုရည်ကို အလွန်အကျွံသောက်သုံးပါက သွားတွေရဲ့ အပေါ်ယံကြွေလွှာကိုပျက်စီးစေပါတယ်။ အစာခြေရည်အထက်ဆန်တက်ခြင်း၊ လေနာရောဂါဖြစ်ပွားခြင်း အစရှိတာတွေကုသမှုခံယူနေပါက သောက်သုံးဖို့ကို ရှောင်ကြဉ်သင့်ပါတယ်။

#Cith_May_May

#Dmo_aung

#Ref- momjunction

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here