နို့စို့နေချိန်မှာ ဘေဘီလေးတွေ ဘာ့ကြောင့် ကိုက်တတ်ကြတာလဲ?

0
181
- Advertisement -

မေမေတို့ရေ… နို့ချိုတိုက်ကျွေးနေစဉ်မှာ ဘေဘီလေးတွေရဲ့ အကိုက်ခံရခြင်းက နာကျင်ဖွယ် အတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။ မေမေတို့အနေနဲ့ အဲ့လိုအကိုက်ခံရတဲ့အခါ နို့ဖြတ်လို့ရနေပြီလို့ အဓိပ္ပာယ်လွဲမှားစွာ ကောက်ချက်ချနိုင်ပါတယ်။ ဒါက ဘေဘီလေးတွေ ကိုက်တဲ့ အကြောင်းပြချက် မဟုတ်နိုင်ပါဘူး။ ကလေးငယ်ကို ၆လအရွယ်အထိ မိခင်နို့သာ တိုက်ကျွေးသင့်ပါတယ်။

နို့စို့နေချိန်မှာ ဘေဘီလေးတွေ ဘာ့ကြောင့်ကိုက်တတ်ကြသလဲ?

နို့တိုက်နေစဉ်မှာ ဘေဘီလေးတွေ ကိုက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ တစ်ခါတစ်ရံမှာ နို့တိုက်တဲ့ အနေအထားမမှန်တာကြောင့်လည်း ကလေးကိုက်နေတယ်လို့ ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် နို့တိုက်ကျွေးနေချိန်မှာ မေမေတို့ရဲ့ ရင်သားကို ဘေဘီလေးတွေ ဘာ့ကြောင့် ကိုက်ရသလဲဆိုတဲ့ အကြောင်းရင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

- Advertisement -

၁။ သွားပေါက်လာတာကြောင့်- သွားပေါက်လာတာကြောင့် သွားဖုံးလေးတွေ ကျိန်းလာတာက ကိုက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ သွားဖုံးတွေနာကျင်တာကို သက်သာစေဖို့ ကလေးတွေ ကိုက်ပါလိမ့်မယ်။

၂။ မိခင်နို့ရည် အရမ်းနည်းပါးတာကြောင့်- နို့ထွက်နည်းတဲ့အခါ ဘေဘီလေးတွေ အာသာမပြေ ဖြစ်လာနိုင်ပြီး မေမေတို့နို့ကို ကိုက်လာပါလိမ့်မယ်။

၃။ နို့စီးဆင်းမှု အရမ်းမြန်တာကြောင့်- နို့ရည်စီးဆင်းမှု အရမ်းမြန်တာ(သို့) နို့အလွန်အကျွံထွက်တာကလည်း ကလေးငယ်တွေ မတော်တဆကိုက်မိနိုင်ပါတယ်။

၄။ ပျင်းတာကြောင့်- အာရုံပျံ့လွင့်နေ၊ ပျင်းနေတဲ့ ကလေးတွေဟာ မိခင်နို့ကို မသိဘဲ ကိုက်မိနိုင်ပါတယ်။

၅။ အာရုံစိုက်မှုကို လိုချင်တာကြောင့်- တခါတရံ မိခင်က ဂရုမစိုက်တဲ့အခါ ၊ အခြားသူတစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့အခါ အာရုံစိုက်ခံချင်ကြတာကြောင့် ကိုက်တတ်ကြပါတယ်။

၆။ အိပ်ပျော်သွားတာကြောင့်- နို့စို့နေစဉ်မှာ အိပ်ပျော်သွားတဲ့အခါ ကလေးဟာ နို့သီးခေါင်းပေါ်ရှိ သူတို့မေးရိုးကို တင်းတင်းစေ့မိနိုင်ပါတယ်၊ နို့စို့ရင်းသူအိပ်ပျော်နေရင် နို့ချွတ်ထားတာက ပိုကောင်းပါတယ်။

၇။ နားရောင်ရမ်းခြင်း(သို့) အအေးမိခြင်းကြောင့်- နားရောင်ရမ်းခြင်း(သို့) အအေးမိခြင်းက မျိုချခြင်းနှင့်နို့စုပ်ခြင်းကို အဟန့်အတားဖြစ်စေပြီး ကိုက်မိစေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here