နို့တိုက်ကျွေးဖို့အတွက် ကလေးကို နှိုးသင့်သလား?

0
258
- Advertisement -

မိဘအများစုက သူတို့ကလေးတွေကို နို့တိုက်ဖို့ နှိုးသင့်/မနှိုးသင့်ဆိုတာကို တွေဝေတတ်ကြပါတယ်။ သင်ဟာ မေမေ၊ ဖေဖေ အသစ်စက်စက်လေးတွေဖြစ်ရင် ဒီမေးခွန်းကို အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကို မေးထားပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့အိပ်တာ၊ စားတာနဲ့ပတ်သတ်ပြီး မိဘတွေဟာ အမြဲတမ်းစိုးရိမ်တတ်ကြတာကြောင့်ဖြစ်ပါတယ်။ယနေ့ ဒီကိစ္စပေါ်မှာ ကွဲလွဲတဲ့ အမြင်တွေ ရှိနေကြပါတယ်။ တချို့က ကလေးတွေဟာ ၂နာရီ၊ ၄နာရီတိုင်း နို့တိုက်ဖို့ လိုအပ်တယ်/မလိုအပ်ဘူးဆိုတာ အငြင်းပွားစရာ ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ သင့်ကလေးကို နို့တိုက်ကျွေးဖို့အတွက် နှိုးသင့်လား/မနှိုးသင့်ဘူးလားဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးတွေ ဘယ်လောက်များများ အိပ်ဖို့ လိုအပ်သလဲ?

မေမေတို့အနေနဲ့ မွေးကင်းစကလေးတွေမှာ ကျန်းမာတဲ့ အိပ်စက်မှုအလေ့အထနဲ့ ပတ်သတ်ပြီး ပိုမိုသိထားဖို့ လိုအပ်ပါတယ်။ မွေးကင်းစကလေးတွေဟာ တစ်နေ့ကို 16နာရီခန့် အိပ်ပါတယ်။ ဒါကစည်းမျဉ်းတစ်ခုမဟုတ်သော်လည်း သူတို့ဟာ အများအားဖြင့် အစာစားဖို့ ၂နာရီ သို့ ၃နာရီတိုင်းနိုးပါတယ်။ တကယ်တော့ ကလေးအများစုဟာ တစ်ကြိမ်မှာ ၃နာရီထက်ပိုပြီး အိပ်ပါတယ်။ ကလေးအားလုံးမှာ မတူတာကြောင့် ဒါကပုံမှန်ပဲ ဖြစ်ပါတယ်။

- Advertisement -

၁လသားကလေးအိပ်စက်မှု

ပထမ ၂လအတွင်းမှာ ကလေးရဲ့ဆာလောင်မှုပေါ် မူတည်ပြီး အိပ်စက်ပါတယ်။ နို့တိုက်ပြီးနောက်ပိုင်းမှာ ကလေးဟာ အိပ်ပျော်စပြုတဲ့အချိန်ဖြစ်ပြီး မနှိုးသင့်ပါဘူး။ အိပ်ပျော်စပြုတဲ့အချိန်ဟာ များသောအားဖြင့် မိနစ်၃၀ မှ ၄၀ခန့် ကြာမြင့်ပါတယ်။ သင့်ကလေးဟာ ဂနာမငြိမ်တဲ့ပုံ ပေါက်နေပေမယ့် ဒဒါက သူတို့အိပ်ပျော်စပြုတဲ့အချိန်ဆိုတာ သင်သိထားရပါလိမ့်မယ်။ ဒါက normalပဲဖြစ်ပါတယ်။ ဒီအဆင့်ပြီးနောက် ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။
ကလေးတွေဟာ ၄လမှ ၆လအရွယ်ရောက်တဲ့အခါ တစ်ညလုံး အချိန်ကြာကြာ အိပ်စက်ကြတယ်ဆိုတာ မေမေတို့ သိထားဖို့ အရေးကြီးပါတယ်။ အဲ့ဒီမတိုင်ခင် အိပ်စက်ခြင်းနှင့် နိုးထခြင်း သံသရာဟာ မီးအလင်း၊ အမှောင်နှင့် ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်စည်းချက်ပေါ်မှာ မူတည်ပါတယ်။ မွေးကင်းစတွေရဲ့ အိပ်စက်ခြင်းပုံစံက တဖြည်းဖြည်း တည်ငြိမ်လာတဲ့ အချိန်ဟာ မေမေတို့ အနားရတဲ့အချိန်ပါ။

နို့တိုက်ခြင်းဇယား

အစောပိုင်းက ပြောခဲ့သလိုပဲ ကလေးတွေကို ၃နာရီတိုင်း နို့တိုက်ဖို့ လိုပါတယ်။ ဒီအချိန်နောက်ပိုင်း ကလေး နိုးပြီး ငိုလာခဲ့ရင် နို့တိုက်လိုက်ပါ။ ပြန်အိပ်သွားပါတယ်။ ဒါ့အပြင် ကလေးငိုတာက အမြဲတမ်းတော့ ဗိုက်ဆာတာကြောင့် မဟုတ်ဘူးဆိုတာကို သတိရပါ။၃နာရီဆိုတာ ကိုးကားမှုတစ်ခုသာဖြစ်ပြီး စာရင်းဇယားတစ်ခုသာဖြစ်ပါတယ်။ အချို့ကလေးတွေဟာ မကြာခဏ နို့တိုက်ဖို့ ပိုပြီးလိုအပ်သလို အချို့ကလေးတွေဟာ အရမ်းအိပ်လွန်းတာကြောင့် နှိုးဖို့လိုအပ်ပါတယ်။

သင့်ကလေးကို နို့တိုက်ဖို့အတွက် ဘယ်အချိန်နှိုးသင့်လဲ?

ကလေးတစ်ယောက်ဟာ အိပ်စက်မှုအလေ့အထကောင်းတွေရှိပြီး သူတို့ရဲ့အသက်အရွယ်အတွက် သင့်လျော်တဲ့ ကိုယ်အလေးချိန်ရှိလျှင် နှိုးပြီး နို့တိုက်ဖို့ မလိုပါဘူး။ ဒါက ကလေးရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးအလုံးစုံပေါ်မှာ မူတည်တာ ဖြစ်ပါတယ်။တချို့မွေးကင်းစကလေးတွေဟာ မွေးဖွားပြီးနောက် ပထမဆုံးရက်အနည်းငယ်မှာ ကိုယ်အလေးချိန်ကျလာပါတယ်။ ဒါက သူတို့မှာ မိခင်နို့ိကို ကျွမ်းကျင်စွာစို့ဖို့ ရက်အနည်းငယ်လိုအပ်လို့ ဖြစ်ပါတယ်။မွေးကင်းစကလေးတွေအတွက် မကြာခဏ နို့စို့ဖို့က အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် (အထူးသဖြင့် သင့်ကလေးဟာ လမစေ့ဘဲမွေးလျှင်) တစ်နေ့ကို အကြိမ်အနည်းငယ် နှိုးပြီး နို့တိုက်ဖို့ လိုအပ်ပါလိမ့်မယ်။
မိဘတွေအနေနဲ့ ကလေးကို အချိန်နာရီ ဒါမှမဟုတ် ငိုတဲ့အချိန်မှ နို့ထတိုက်တာတို့ မပြုလုပ်သင့်ပါဘူး။ ကလေးက ဂနာမငြိမ်ဖြစ်လာတာ၊ သူတို့နှှုတ်ခမ်းလေးတွေ လှုပ်ရှားပြီး နို့စို့မယ့်အမူအယာဖြစ်လာပြီဆိုရင် သူတို့ကို နို့တိုက်သင့်ပါပြီ။

သင်စဉ်းစားသင့်တဲ့ တခြားအချက်များ

ကလေးဟာ ဖွံ့လာပြီး အကောင်းဆုံး ကိုယ်အလေးချိန် ရောက်ရှိလာပြီးရင် နို့စို့ဖို့ သူ့ဘာသာနိုးတဲ့အချိန်ကို စောင့်တာက သင့်တော်ပါတယ်။သင့်ကလေး နို့ဘယ်လောက်စို့တာ ဒါမှမဟုတ် ခဏခဏနို့စို့တာနဲ့ ပတ်သတ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ဖြေးဖြေးနဲ့ မှန်မှန်ကိုယ်အလေးချိန် တိုးလာတာ
သင့်ကလေး ၆ခါလောက် အပေါ့သွားရင် ဒါမှမဟုတ် တစ်နေ့ကို အနှီးပိုပြီးလဲပေးရရင်သင့်ကလေး အလေး ၃ကြိမ်လောက်သွားရင် ဒါမှမဟုတ် တစ်နေ့ အကြိမ်ပိုပြီးသွားရင် နို့ပိုပြီးစို့နိုင်တာကြောင့် စိုးရိမ်ဖို့ မလိုပါဘူး။အထက်မှာ ဖော်ပြထားသလို ဘယ်ဟာမဆို သင်သတိမပြုမိခဲ့လျှင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

နိဂုံး

သင့်ကလေးဟာ ပေါင်မပြည့်တာ၊ မကျန်းမာတာ၊ လမစေ့သေးဘဲမွေးဖွားတာ မဟုတ်ရင် နို့တိုက်ကျွေးဖို့အတွက် မနှိုးသင့်ပါဘူး။ သင့်ရဲ့ကလေးသေးသေးလေးဟာ ကျန်းမာပြီး အများကြီး အိပ်နေရင် မစိုးရိမ်ပါနဲ့။ သူတို့လိုအပ်သလောက် အချိန်ကြာကြာ အိပ်စက်ပါစေ။ဒါက သူတို့ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးပြီး အိပ်စက်မှုအလေ့အထကောင်း တိုးတတ်စေတာကြောင့် သင့်ကလေးကို ကောင်းကောင်း အိပ်စက်ပါစေ။

Chit_MayMay

LM_Nandar

Source-steptohealth

Zawgyi Font

ႏို႔တိုက္ေကြၽးဖို႔အတြက္ ကေလးကို ႏႈိးသင့္သလား?

မိဘအမ်ားစုက သူတို႔ကေလးေတြကို ႏို႔တိုက္ဖို႔ ႏႈိးသင့္/မႏႈိးသင့္ဆိုတာကို ေတြေဝတတ္ၾကပါတယ္။ သင္ဟာ ေမေမ၊ ေဖေဖ အသစ္စက္စက္ေလးေတြျဖစ္ရင္ ဒီေမးခြန္းကို အႀကိမ္ေပါင္းမ်ားစြာ ကိုယ့္ကိုယ္ကို ေမးထားၿပီးသား ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ကေလးေတြရဲ႕အိပ္တာ၊ စားတာနဲ႔ပတ္သတ္ၿပီး မိဘေတြဟာ အၿမဲတမ္းစိုးရိမ္တတ္ၾကတာေၾကာင့္ျဖစ္ပါတယ္။ယေန႔ ဒီကိစၥေပၚမွာ ကြဲလြဲတဲ့ အျမင္ေတြ ရွိေနၾကပါတယ္။ တခ်ိဳ႕က ကေလးေတြဟာ ၂နာရီ၊ ၄နာရီတိုင္း ႏို႔တိုက္ဖို႔ လိုအပ္တယ္/မလိုအပ္ဘူးဆိုတာ အျငင္းပြားစရာ ျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္ ဒီေဆာင္းပါးမွာ သင့္ကေလးကို ႏို႔တိုက္ေကြၽးဖို႔အတြက္ ႏႈိးသင့္လား/မႏႈိးသင့္ဘူးလားဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ကေလးေတြ ဘယ္ေလာက္မ်ားမ်ား အိပ္ဖို႔ လိုအပ္သလဲ?

ေမေမတို႔အေနနဲ႔ ေမြးကင္းစကေလးေတြမွာ က်န္းမာတဲ့ အိပ္စက္မႈအေလ့အထနဲ႔ ပတ္သတ္ၿပီး ပိုမိုသိထားဖို႔ လိုအပ္ပါတယ္။ ေမြးကင္းစကေလးေတြဟာ တစ္ေန႔ကို 16နာရီခန႔္ အိပ္ပါတယ္။ ဒါကစည္းမ်ဥ္းတစ္ခုမဟုတ္ေသာ္လည္း သူတို႔ဟာ အမ်ားအားျဖင့္ အစာစားဖို႔ ၂နာရီ သို႔ ၃နာရီတိုင္းႏိုးပါတယ္။ တကယ္ေတာ့ ကေလးအမ်ားစုဟာ တစ္ႀကိမ္မွာ ၃နာရီထက္ပိုၿပီး အိပ္ပါတယ္။ ကေလးအားလုံးမွာ မတူတာေၾကာင့္ ဒါကပုံမွန္ပဲ ျဖစ္ပါတယ္။

၁လသားကေလးအိပ္စက္မႈ

ပထမ ၂လအတြင္းမွာ ကေလးရဲ႕ဆာေလာင္မႈေပၚ မူတည္ၿပီး အိပ္စက္ပါတယ္။ ႏို႔တိုက္ၿပီးေနာက္ပိုင္းမွာ ကေလးဟာ အိပ္ေပ်ာ္စျပဳတဲ့အခ်ိန္ျဖစ္ၿပီး မႏႈိးသင့္ပါဘူး။ အိပ္ေပ်ာ္စျပဳတဲ့အခ်ိန္ဟာ မ်ားေသာအားျဖင့္ မိနစ္၃၀ မွ ၄၀ခန႔္ ၾကာျမင့္ပါတယ္။ သင့္ကေလးဟာ ဂနာမၿငိမ္တဲ့ပုံ ေပါက္ေနေပမယ့္ ဒဒါက သူတို႔အိပ္ေပ်ာ္စျပဳတဲ့အခ်ိန္ဆိုတာ သင္သိထားရပါလိမ့္မယ္။ ဒါက normalပဲျဖစ္ပါတယ္။ ဒီအဆင့္ၿပီးေနာက္ ကေလးဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားပါလိမ့္မယ္။
ကေလးေတြဟာ ၄လမွ ၆လအ႐ြယ္ေရာက္တဲ့အခါ တစ္ညလုံး အခ်ိန္ၾကာၾကာ အိပ္စက္ၾကတယ္ဆိုတာ ေမေမတို႔ သိထားဖို႔ အေရးႀကီးပါတယ္။ အဲ့ဒီမတိုင္ခင္ အိပ္စက္ျခင္းႏွင့္ ႏိုးထျခင္း သံသရာဟာ မီးအလင္း၊ အေမွာင္ႏွင့္ ခႏၶာကိုယ္ထဲက ဇီဝျဖစ္စဥ္စည္းခ်က္ေပၚမွာ မူတည္ပါတယ္။ ေမြးကင္းစေတြရဲ႕ အိပ္စက္ျခင္းပုံစံက တျဖည္းျဖည္း တည္ၿငိမ္လာတဲ့ အခ်ိန္ဟာ ေမေမတို႔ အနားရတဲ့အခ်ိန္ပါ။

ႏို႔တိုက္ျခင္းဇယား

အေစာပိုင္းက ေျပာခဲ့သလိုပဲ ကေလးေတြကို ၃နာရီတိုင္း ႏို႔တိုက္ဖို႔ လိုပါတယ္။ ဒီအခ်ိန္ေနာက္ပိုင္း ကေလး ႏိုးၿပီး ငိုလာခဲ့ရင္ ႏို႔တိုက္လိုက္ပါ။ ျပန္အိပ္သြားပါတယ္။ ဒါ့အျပင္ ကေလးငိုတာက အၿမဲတမ္းေတာ့ ဗိုက္ဆာတာေၾကာင့္ မဟုတ္ဘူးဆိုတာကို သတိရပါ။၃နာရီဆိုတာ ကိုးကားမႈတစ္ခုသာျဖစ္ၿပီး စာရင္းဇယားတစ္ခုသာျဖစ္ပါတယ္။ အခ်ိဳ႕ကေလးေတြဟာ မၾကာခဏ ႏို႔တိုက္ဖို႔ ပိုၿပီးလိုအပ္သလို အခ်ိဳ႕ကေလးေတြဟာ အရမ္းအိပ္လြန္းတာေၾကာင့္ ႏႈိးဖို႔လိုအပ္ပါတယ္။

သင့္ကေလးကို ႏို႔တိုက္ဖို႔အတြက္ ဘယ္အခ်ိန္ႏႈိးသင့္လဲ?

ကေလးတစ္ေယာက္ဟာ အိပ္စက္မႈအေလ့အထေကာင္းေတြရွိၿပီး သူတို႔ရဲ႕အသက္အ႐ြယ္အတြက္ သင့္ေလ်ာ္တဲ့ ကိုယ္အေလးခ်ိန္ရွိလွ်င္ ႏႈိးၿပီး ႏို႔တိုက္ဖို႔ မလိုပါဘူး။ ဒါက ကေလးရဲ႕အသက္အ႐ြယ္၊ ကိုယ္အေလးခ်ိန္နဲ႔ က်န္းမာေရးအလုံးစုံေပၚမွာ မူတည္တာ ျဖစ္ပါတယ္။တခ်ိဳ႕ေမြးကင္းစကေလးေတြဟာ ေမြးဖြားၿပီးေနာက္ ပထမဆုံးရက္အနည္းငယ္မွာ ကိုယ္အေလးခ်ိန္က်လာပါတယ္။ ဒါက သူတို႔မွာ မိခင္ႏို႔ိကို ကြၽမ္းက်င္စြာစို႔ဖို႔ ရက္အနည္းငယ္လိုအပ္လို႔ ျဖစ္ပါတယ္။ေမြးကင္းစကေလးေတြအတြက္ မၾကာခဏ ႏို႔စို႔ဖို႔က အလြန္အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ (အထူးသျဖင့္ သင့္ကေလးဟာ လမေစ့ဘဲေမြးလွ်င္) တစ္ေန႔ကို အႀကိမ္အနည္းငယ္ ႏႈိးၿပီး ႏို႔တိုက္ဖို႔ လိုအပ္ပါလိမ့္မယ္။
မိဘေတြအေနနဲ႔ ကေလးကို အခ်ိန္နာရီ ဒါမွမဟုတ္ ငိုတဲ့အခ်ိန္မွ ႏို႔ထတိုက္တာတို႔ မျပဳလုပ္သင့္ပါဘူး။ ကေလးက ဂနာမၿငိမ္ျဖစ္လာတာ၊ သူတို႔ႏွႈတ္ခမ္းေလးေတြ လႈပ္ရွားၿပီး ႏို႔စို႔မယ့္အမူအယာျဖစ္လာၿပီဆိုရင္ သူတို႔ကို ႏို႔တိုက္သင့္ပါၿပီ။

သင္စဥ္းစားသင့္တဲ့ တျခားအခ်က္မ်ား

ကေလးဟာ ဖြံ႕လာၿပီး အေကာင္းဆုံး ကိုယ္အေလးခ်ိန္ ေရာက္ရွိလာၿပီးရင္ ႏို႔စို႔ဖို႔ သူ႔ဘာသာႏိုးတဲ့အခ်ိန္ကို ေစာင့္တာက သင့္ေတာ္ပါတယ္။သင့္ကေလး ႏို႔ဘယ္ေလာက္စို႔တာ ဒါမွမဟုတ္ ခဏခဏႏို႔စို႔တာနဲ႔ ပတ္သတ္ၿပီး စိုးရိမ္ဖို႔ မလိုပါဘူး။ေျဖးေျဖးနဲ႔ မွန္မွန္ကိုယ္အေလးခ်ိန္ တိုးလာတာ
သင့္ကေလး ၆ခါေလာက္ အေပါ့သြားရင္ ဒါမွမဟုတ္ တစ္ေန႔ကို အႏွီးပိုၿပီးလဲေပးရရင္သင့္ကေလး အေလး ၃ႀကိမ္ေလာက္သြားရင္ ဒါမွမဟုတ္ တစ္ေန႔ အႀကိမ္ပိုၿပီးသြားရင္ ႏို႔ပိုၿပီးစို႔ႏိုင္တာေၾကာင့္ စိုးရိမ္ဖို႔ မလိုပါဘူး။အထက္မွာ ေဖာ္ျပထားသလို ဘယ္ဟာမဆို သင္သတိမျပဳမိခဲ့လွ်င္ ဆရာဝန္နဲ႔ သြားျပသင့္ပါတယ္။

နိဂုံး

သင့္ကေလးဟာ ေပါင္မျပည့္တာ၊ မက်န္းမာတာ၊ လမေစ့ေသးဘဲေမြးဖြားတာ မဟုတ္ရင္ ႏို႔တိုက္ေကြၽးဖို႔အတြက္ မႏႈိးသင့္ပါဘူး။ သင့္ရဲ႕ကေလးေသးေသးေလးဟာ က်န္းမာၿပီး အမ်ားႀကီး အိပ္ေနရင္ မစိုးရိမ္ပါနဲ႔။ သူတို႔လိုအပ္သေလာက္ အခ်ိန္ၾကာၾကာ အိပ္စက္ပါေစ။ဒါက သူတို႔ကာယပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးၿပီး အိပ္စက္မႈအေလ့အထေကာင္း တိုးတတ္ေစတာေၾကာင့္ သင့္ကေလးကို ေကာင္းေကာင္း အိပ္စက္ပါေစ။

Chit_MayMay

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here