နို့တိုက်မိခင်တွေအတွက် မိခင်နို့တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာများ

0
276
- Advertisement -

မိခင်နို့တိုက်ခြင်းက ကလေးအတွက် အာဟာရ ရရှိစေခြင်းအပြင် ကလေးရဲ့ စိတ်ကျန်းမာရေး တိုးတတ်မှုအတွက် မရှိမဖြစ်လိုအပ်သော မိခင်နှင့် ကလေးအကြာကး စိတ်ခံစားမှုနှောင်ကြိုးကို ခိုင်မာစေပါတယ်။ မွေးကင်းစကလေးကို ပြုစုကိုင်တွယ်ရတဲ့အခါ မိခင်အသစ်တွေ အတွက် စိန်ခေါ်မှု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နို့တိုက်နေစဉ်မှာ ကလေးကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ ဆိုတာကို မသိသေးတဲ့ မေမေအသစ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ရင်သားကို ပူနွေးအောင်လုပ်ခြင်းက နို့ပိုထွက်စေပါတယ်

ပူနွေးစိုစွတ်တဲ့ မျက်နှာသုတ်ပုဝါကိုသုံးပြီး ရင်သားကို နှိပ်နယ်ပေးတာ၊ နို့မတိုက်ခင် ရေနွေးနွေးနဲ့ ချိုးတာက နို့ပိုထွက်စေပါနိုင်ပါတယ်။ ဒါ့အပြင် နို့ချောင်းပိတ်တာကိုလည်း တားဆီးကူညီပေးနိုင်ပါတယ်။

- Advertisement -

၂။ Lactation cookies နဲ့ ဖျော်ရည်များက နို့ထွက်အားကောင်းစေပါတယ်

မေမေတို့အနေနဲ့ နို့ထွက်တိုးဖို့ ဖြည့်စွက်စာ မသောက်ချင်ဘူးဆိုရင် lactation ကွက်ကီးတွေ နဲ့ ဖျော်ရည်တွေ စားသုံးပေးလို့ရပါတယ်။ ပဲနံသာ၊ အုတ်ဂျုံမှုန့်နှင့် ဘီယာချက် တဆေးတွေကဲ့သို့သော နို့ထွက်ကောင်းစေတဲ့ ပါဝင်ပစ္စည်းများကို သုံးပြီး အိမ်မှာပြုလုပ်နိုင်ပါတယ်။

၃။ နို့သက်တာကို ခံဖို့ milk-saver ကိုသုံးလို့ရပါတယ်

milk-saverက နို့တွေ တစ်စက်စက်ကျနေရင် နှမျောတတ်တဲ့ မေမေတို့အတွက် အထောက်အကူပြု ကိရိယာတစ်ခုဖြစ်ပါတယ်။ ကလေးကို ဘယ်ညာပြောင်းတိုက်နေစဉ်မှာ တစ်ဖက်က နို့သက်တာကို ခံထားဖို့ အသုံးဝင်ပါတယ်။

၄။ မိခင်နို့ ဖြည့်စွက်စာတွေက မိခင်နို့ထွက်အားကို တိုးစေပါတယ်

မိခင်နို့ဖြည့်စွက်စာများက နို့ထွက်အားကို တိုးစေနိုင်ပါတယ်။ လက်ဖက်ရည်သောက်သလို သောက်လို့ရနိုင်တဲ့ ဖြည့်စွက်စာတွေလည်း ရှိပါတယ်။ ဖြည့်စွက်စာသောက်မယ်ဆိုရင် အရင်ဆုံး ဆရာဝန်နှင့် တိုင်ပင်ဖို့ အကြံပြုပါတယ်။ ဖြည့်စွက်စာ မသောက်ချင်ဘူးဆိုရင်တော့ ဟင်းချိုများများသောက်ပေးဖို့ အကြံပြုပါတယ်။

၅။ ရေအများကြီးသောက်ပါ

မိခင်နို့မှာ ရေ 90%ခန့်ရှိပါတယ်။ ဒါ့ကြောင့် နို့တိုက်ကျွေးနေတဲ့ မေမေတို့အနေနဲ့ ရေဓါတ်ပြည့်ဝပြီး ကျန်းမာနေစေဖို့ ရေအလုံအလောက်သောက်ဖို့ အရေးကြီးပါတယ်။ နို့ထွက်ကောင်းစေဖို့လည်း ကူညီပေးပါတယ်။ နို့တိုက်မိခင်တွေဟာ နေ့စဉ်နေ့တိုင်း ရေ (၉၆အောင်စ) ၁၂ခွက်သောက်ဖို့ အကြံပြုပါတယ်။

၆။ လူကြားထဲမှာ နို့တိုက်မယ်ဆိုရင် နှစ်ထပ်အင်္ကျီကိုသုံးပါ

လူကြားထဲမှာ နို့လှန်တိုက်ရမှာ ရှက်တဲ့ မေမေတွေတို့အတွက် နို့တိုက်ပေါက်ပါတဲ့ နှစ်ထပ်အင်္ကျီလေးတွေ ရှိနေပါပြီနော်။ အောက်ကစွပ်ကျယ်လို အင်္ကျီမျိုးကို ဝတ်ပြီး အပေါ်က ရှပ်အင်္ကျီထပ်ဝတ်တာကလည်း လူမမြင်ဘဲ နို့တိုက်လို့ လွယ်စေပါတယ်။

၇။ မိခင်နို့ကို ရေခဲချောင်းလို လုပ်ပြီးကျွေးနိုင်ပါတယ်။

မိခင်နို့ကို အေးခဲထားပြီး ကျွေးတာက သွားပေါက်ချင်နေတဲ့ ကလေးတွေအတွက် သွားယားတဲ့အခါ ဖြေလျှော့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မေမေတို့ကလေးက အမာစားလို့ ရနေတဲ့ အရွယ်ရောက်ပြီဆိုရင် ငှက်ပျောသီး၊ ပန်းသီး၊ ထောပတ်သီး၊ သစ်တော်သီး ကဲ့သို့သော အသီးတစ်မျိုးမျိုးကို မိခင်နို့နဲ့ ရောဖျော်ပြီး ရေခဲချောင်းအဖြစ် ကျွေးလို့ရပါသေးတယ်။

၈။ နို့ခန်းခြောက်ဖို့ ဂေါ်ဖီထုပ်ရွက်ကို သုံးပါ

မိခင်နို့ကို ကလေး ၆လကျော်အထိ တိုက်ပေးဖို့ လိုပါတယ်နော်။ လုပ်ငန်းခွင်ဝင်မယ့် မေမေတို့အတွက် မိခင်နို့တိုက်တာ ရပ်တန့်ချင်တဲ့အခါမှာ ဂေါ်ဖီထုပ်ရွက်ကို ရင်သားမှာ ကပ်ပေးရင် နို့တွေခန်းခြောက်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဂေါ်ဖီထုပ်က ဖြစ်စဉ်ကို အကူအညီပေးတဲ့ အင်ဇိုင်းတွေ ထွက်ပါတယ်။

နို့တိုက်နေစဉ်မှာ ကလေးကို ဘယ်လိုကိုင်တွယ်မလဲ?

မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် နို့ဘယ်လိုတိုက်ရမလဲဆိုတာ အလိုလိုသိနားလည်ပေမယ့် အနေအထားအမျိုးမျိုးကို သိထားဖို့လိုပါတယ်။ ကလေးကို စနစ်တကျ ချီပိုးခြင်းဖြင့် မွေးကင်းစကလေးဟာ နည်းလမ်းမှန်မှန်နဲ့ နို့စို့လို့ရမှာ ဖြစ်သလို နို့သီးခေါင်းနာကျင်ခြင်းကို ကာကွယ်ပေးပါတယ်။ ဘယ်အနေအထားက အကောင်းဆုံးလဲဆိုတာကို သိလာပါလိမ့်မယ်။

Chit_MayMay

LM_Nandar

ZawGyi

ႏို႔တိုက္မိခင္ေတြအတြက္ မိခင္ႏို႔တိုက္ေကြၽးျခင္းအေၾကာင္း သိေကာင္းစရာမ်ား
မိခင္ႏို႔တိုက္ျခင္းက ကေလးအတြက္ အာဟာရ ရရွိေစျခင္းအျပင္ ကေလးရဲ႕ စိတ္က်န္းမာေရး တိုးတတ္မႈအတြက္ မရွိမျဖစ္လိုအပ္ေသာ မိခင္ႏွင့္ ကေလးအၾကာကး စိတ္ခံစားမႈေႏွာင္ႀကိဳးကို ခိုင္မာေစပါတယ္။ ေမြးကင္းစကေလးကို ျပဳစုကိုင္တြယ္ရတဲ့အခါ မိခင္အသစ္ေတြ အတြက္ စိန္ေခၚမႈ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ႏို႔တိုက္ေနစဥ္မွာ ကေလးကို ဘယ္လိုကိုင္တြယ္ရမလဲ၊ ဘယ္လိုျပဳစုေစာင့္ေရွာက္ရမလဲ ဆိုတာကို မသိေသးတဲ့ ေမေမအသစ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

၁။ ရင္သားကို ပူေႏြးေအာင္လုပ္ျခင္းက ႏို႔ပိုထြက္ေစပါတယ္

ပူေႏြးစိုစြတ္တဲ့ မ်က္ႏွာသုတ္ပုဝါကိုသုံးၿပီး ရင္သားကို ႏွိပ္နယ္ေပးတာ၊ ႏို႔မတိုက္ခင္ ေရေႏြးေႏြးနဲ႔ ခ်ိဳးတာက ႏို႔ပိုထြက္ေစပါႏိုင္ပါတယ္။ ဒါ့အျပင္ ႏို႔ေခ်ာင္းပိတ္တာကိုလည္း တားဆီးကူညီေပးႏိုင္ပါတယ္။

၂။ Lactation cookies နဲ႔ ေဖ်ာ္ရည္မ်ားက ႏို႔ထြက္အားေကာင္းေစပါတယ္

ေမေမတို႔အေနနဲ႔ ႏို႔ထြက္တိုးဖို႔ ျဖည့္စြက္စာ မေသာက္ခ်င္ဘူးဆိုရင္ lactation ကြက္ကီးေတြ နဲ႔ ေဖ်ာ္ရည္ေတြ စားသုံးေပးလို႔ရပါတယ္။ ပဲနံသာ၊ အုတ္ဂ်ဳံမႈန္႔ႏွင့္ ဘီယာခ်က္ တေဆးေတြကဲ့သို႔ေသာ ႏို႔ထြက္ေကာင္းေစတဲ့ ပါဝင္ပစၥည္းမ်ားကို သုံးၿပီး အိမ္မွာျပဳလုပ္ႏိုင္ပါတယ္။

၃။ ႏို႔သက္တာကို ခံဖို႔ milk-saver ကိုသုံးလို႔ရပါတယ္

milk-saverက ႏို႔ေတြ တစ္စက္စက္က်ေနရင္ ႏွေမ်ာတတ္တဲ့ ေမေမတို႔အတြက္ အေထာက္အကူျပဳ ကိရိယာတစ္ခုျဖစ္ပါတယ္။ ကေလးကို ဘယ္ညာေျပာင္းတိုက္ေနစဥ္မွာ တစ္ဖက္က ႏို႔သက္တာကို ခံထားဖို႔ အသုံးဝင္ပါတယ္။

၄။ မိခင္ႏို႔ ျဖည့္စြက္စာေတြက မိခင္ႏို႔ထြက္အားကို တိုးေစပါတယ္
မိခင္ႏို႔ျဖည့္စြက္စာမ်ားက ႏို႔ထြက္အားကို တိုးေစႏိုင္ပါတယ္။ လက္ဖက္ရည္ေသာက္သလို ေသာက္လို႔ရႏိုင္တဲ့ ျဖည့္စြက္စာေတြလည္း ရွိပါတယ္။ ျဖည့္စြက္စာေသာက္မယ္ဆိုရင္ အရင္ဆုံး ဆရာဝန္ႏွင့္ တိုင္ပင္ဖို႔ အႀကံျပဳပါတယ္။ ျဖည့္စြက္စာ မေသာက္ခ်င္ဘူးဆိုရင္ေတာ့ ဟင္းခ်ိဳမ်ားမ်ားေသာက္ေပးဖို႔ အႀကံျပဳပါတယ္။

၅။ ေရအမ်ားႀကီးေသာက္ပါ
မိခင္ႏို႔မွာ ေရ 90%ခန္႔ရွိပါတယ္။ ဒါ့ေၾကာင့္ ႏို႔တိုက္ေကြၽးေနတဲ့ ေမေမတို႔အေနနဲ႔ ေရဓါတ္ျပည့္ဝၿပီး က်န္းမာေနေစဖို႔ ေရအလုံအေလာက္ေသာက္ဖို႔ အေရးႀကီးပါတယ္။ ႏို႔ထြက္ေကာင္းေစဖို႔လည္း ကူညီေပးပါတယ္။ ႏို႔တိုက္မိခင္ေတြဟာ ေန႔စဥ္ေန႔တိုင္း ေရ (၉၆ေအာင္စ) ၁၂ခြက္ေသာက္ဖို႔ အႀကံျပဳပါတယ္။

၆။ လူၾကားထဲမွာ ႏို႔တိုက္မယ္ဆိုရင္ ႏွစ္ထပ္အက်ႌကိုသုံးပါ
လူၾကားထဲမွာ ႏို႔လွန္တိုက္ရမွာ ရွက္တဲ့ ေမေမေတြတို႔အတြက္ ႏို႔တိုက္ေပါက္ပါတဲ့ ႏွစ္ထပ္အက်ႌေလးေတြ ရွိေနပါၿပီေနာ္။ ေအာက္ကစြပ္က်ယ္လို အက်ႌမ်ိဳးကို ဝတ္ၿပီး အေပၚက ရွပ္အက်ႌထပ္ဝတ္တာကလည္း လူမျမင္ဘဲ ႏို႔တိုက္လို႔ လြယ္ေစပါတယ္။

၇။ မိခင္ႏို႔ကို ေရခဲေခ်ာင္းလို လုပ္ၿပီးေကြၽးႏိုင္ပါတယ္။
မိခင္ႏို႔ကို ေအးခဲထားၿပီး ေကြၽးတာက သြားေပါက္ခ်င္ေနတဲ့ ကေလးေတြအတြက္ သြားယားတဲ့အခါ ေျဖေလွ်ာ့ဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ ေမေမတို႔ကေလးက အမာစားလို႔ ရေနတဲ့ အ႐ြယ္ေရာက္ၿပီဆိုရင္ ငွက္ေပ်ာသီး၊ ပန္းသီး၊ ေထာပတ္သီး၊ သစ္ေတာ္သီး ကဲ့သို႔ေသာ အသီးတစ္မ်ိဳးမ်ိဳးကို မိခင္ႏို႔နဲ႔ ေရာေဖ်ာ္ၿပီး ေရခဲေခ်ာင္းအျဖစ္ ေကြၽးလို႔ရပါေသးတယ္။

၈။ ႏို႔ခန္းေျခာက္ဖို႔ ေဂၚဖီထုပ္႐ြက္ကို သုံးပါ
မိခင္ႏို႔ကို ကေလး ၆လေက်ာ္အထိ တိုက္ေပးဖို႔ လိုပါတယ္ေနာ္။ လုပ္ငန္းခြင္ဝင္မယ့္ ေမေမတို႔အတြက္ မိခင္ႏို႔တိုက္တာ ရပ္တန္႔ခ်င္တဲ့အခါမွာ ေဂၚဖီထုပ္႐ြက္ကို ရင္သားမွာ ကပ္ေပးရင္ ႏို႔ေတြခန္းေျခာက္ေစဖို႔ ကူညီေပးပါလိမ့္မယ္။ ေဂၚဖီထုပ္က ျဖစ္စဥ္ကို အကူအညီေပးတဲ့ အင္ဇိုင္းေတြ ထြက္ပါတယ္။

ႏို႔တိုက္ေနစဥ္မွာ ကေလးကို ဘယ္လိုကိုင္တြယ္မလဲ?
မိခင္တစ္ေယာက္ျဖစ္လာၿပီဆိုရင္ ႏို႔ဘယ္လိုတိုက္ရမလဲဆိုတာ အလိုလိုသိနားလည္ေပမယ့္ အေနအထားအမ်ိဳးမ်ိဳးကို သိထားဖို႔လိုပါတယ္။ ကေလးကို စနစ္တက် ခ်ီပိုးျခင္းျဖင့္ ေမြးကင္းစကေလးဟာ နည္းလမ္းမွန္မွန္နဲ႔ ႏို႔စို႔လို႔ရမွာ ျဖစ္သလို ႏို႔သီးေခါင္းနာက်င္ျခင္းကို ကာကြယ္ေပးပါတယ္။ ဘယ္အေနအထားက အေကာင္းဆုံးလဲဆိုတာကို သိလာပါလိမ့္မယ္။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here