Home Lotaya နို့တိုက်မိခင်တွေ လိုက်နာကျင့်သုံးသင့်တဲ့နေထိုင်စားသောက်မှုပုံစံများ

နို့တိုက်မိခင်တွေ လိုက်နာကျင့်သုံးသင့်တဲ့နေထိုင်စားသောက်မှုပုံစံများ

0
1861

သားသားမီးမီးတို့ကို နို့ချိုတိုက်ကျွေးရနေရတဲ့အချိန်က မေမေတို့အတွက် ကျန်းမာရေးကိုအထူးဂရုစိုက်ရမယ့် အချိန်ကာလပဲဖြစ်ပါတယ်။ ကိုယ်စားလိုက်တဲ့အစားအသောက်က ကိုယ့်ရဲ့နို့ချိုကိုသောက်သုံးနေတဲ့ သားသားမီးမီးတို့ကိုပါ အကျိုးသက်ရောက်မှုရှိနိုင်တာကြောင့် နို့တိုက်နေတဲ့ကာလအတွင်းမှာ မေမေတို့ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် နေထိုင်အစားအသောက်ပုံစံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အာဟာရမျှတစွာ စားသုံးပေးပါ။
နို့တိုက်မိခင်တို့အနေနဲ့ အားလူးကြော်ထုပ်တွေ၊ ကွတ်ကီးတွေကို ဆင်ခြင်စားသုံးသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်မယ့် ဟင်းသီးဟင်းရွက်တွေ၊ အသားဓာတ်ဖြစ်စေမယ့် အစားအစာတွေကို အာဟာရပြည့်မြောက်အောင် ညီညီမျှမျှ စားသုံးပေးသင့်ပါတယ်။

၂။ ငါးကို စားသုံးပေးပါ။
ကိုယ်က ငါးကြိုက်တတ်တယ်ဆိုရင် ကိုယ့်ရဲ့တစ်ပတ်တာ အစားအသောက်စာရင်းထဲမှာ ငါးကိုမဖြစ်မနေ ထည့်သွင်းစားသောက်ဖို့ အကြံပေးချင်ပါတယ်။ ငါးမှာ Omega 3 အက်ဆစ်ဓာတ်ပါဝင်ပြီး ဒီအက်ဆစ်ဓာတ်က ပရိုတိန်းကို အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ့်မှာ ပင်လယ်စာအလက်ဂျစ်မရှိဘူးဆိုရင်လည်း ဆဲလ်မွန်၊ တူနာ၊ ပုစွန်၊ ကင်းမွန်နဲ့ ကဏန်းတို့လို အစားအသောက်တွေကိုလည်း တစ်ပတ်ကို (၂) ကြိမ် ဒါမှမဟုတ် (၃) ကြိမ် စားသုံးပေးသင့်ပါတယ်။

၃။ တစ်ရက်တာအတွက် ကယ်လိုရီလုံလုံလောက်လောက် ရရှိအောင်စားသုံးပေးပါ။
နို့တိုက်မိခင်တွေဟာ အင်အားအများအပြား ကုန်ခမ်းတတ်တာကြောင့် တစ်ရက်ကို ကယ်လိုရီ (၅၀၀) ခန့် ပိုမိုရရှိအောင် စနစ်တကျ စားသောက်သင့်ပါတယ်။ အပြင်ကအသင့်စားအစားအသောက်တွေမှာ ကယ်လိုရီ အများအပြားပါဝင်ပေမယ့် အဲ့ဒီမှာပါဝင်တဲ့ကယ်လိုရီတွေက ကျန်းမာရေးနဲ့မညီညွှတ်တာကြောင့် တစ်ခါတလေပဲစားသင့်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်မယ့်အစားအသောက်တွေကတစ်ဆင့် ကယ်လိုရီပိုမိုရရှိအောင် စားသုံးပေးသင့်ပါတယ်။

၄။ နို့၊ နို့နဲ့ ပတ်သက်တဲ့အစားအစာများကိုစားသုံးပေးပါ။
နွားနို့သောက်သုံးခြင်းက ကိုယ့်ရဲ့ကျန်းမာရေးကို အမှန်တကယ်အထောက်အကူပြုစေနိုင်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ နို့အပြင်နို့နဲ့ပတ်သက်တဲ့အစားအစာတွေကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

၅။ ရေဓာတ်ပြည့်ဝအောင်ကြိုးစားပါ။
သားသားမီးမီးတို့ကို နို့တိုက်နေတဲ့အချိန်က မေမေတို့အတွက် နို့ဓာတ်အခန်းခြောက်ဆုံးအချိန်လို့တောင် ဆိုနိုင်တာကြောင့် ရေဓာတ်ခန်းခြောက်မှုမရှိအောင် အထူးဂရုစိုက်နေထိုင်သင့်ပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ တစ်ရက်ကိုအနည်းဆုံး ရေ (၈) ခွက်သောက်သုံးပေးသင့်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့အတွက်လည်း အခြားသောသဘာဝသစ်သီးဖျော်ရည်တွေကို သောက်သုံးပေးသင့်ပါတယ်။

၆။ ဝိတ်ချခြင်းကို ဆင်ခြင်ပါ။
မေမေတို့အများစုဟာ မီးဖွားပြီးနောက်ပိုင်း ခန္ဓာကိုယ်အလေးချိန်မြင့်တက်လာနိုင်တာကို စိုးရိမ်တတ်ကြပေမယ့် နို့တိုက်နေတဲ့ကာလအတွင်းမှာတော့ ဝိတ်လျှော့ဖို့၊ Diet လုပ်ဖို့ကို လုံးဝမစဥ်းစားသင့်ပါဘူး။ ဝိတ်ကျဖို့အတွက်ဆေးသောက်သုံးတာကိုတော့ လုံးဝရှောင်ကြဉ်သင့်ပြီး ဒီလိုမျိုးတွေလုပ်တာက ကိုယ့်ရဲ့သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးတွေကိုပါ ကြီးကြီးမားထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပြီး ကျန်းမာရေးနဲ့သင့်တော်အောင် Diet လုပ်တာ၊ ခန္ဓာကိုယ်အလေးချိန်ထိန်းညှိတာမျိုးတွေကိုတော့ ပြုလုပ်သင့်ပါတယ်လို့ နို့တိုက်နေရတဲ့မေမေတို့ကို အကြံပေးလိုက်ပါတယ်။

#HM
#ChitMayMay
Source: verywellfamily
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here