Home Lotaya နို့မပြတ်သေးခင်နဲ့ နို့ပြတ်ပြီးကာစ ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာများ

နို့မပြတ်သေးခင်နဲ့ နို့ပြတ်ပြီးကာစ ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာများ

0
331

ကလေးငယ်တွေသည် ကြီးထွားလာတာနဲ့အမျှ အစားအစာအသစ်တွေကို စားသုံးဖို့ စိတ်ဝင်စားလာကြပါတယ်။ နို့ဖြတ်ပြီးကာစ
ကလေးတွေကို အစားအစာအသစ်တွေ စတင်စားသုံးစေတာက ပုံမှန်ဖြစ်ပေမယ့် အသက်တနှစ်မပြည့်ခင် မကျွေးသင့်တဲ့ အစားအစာတွေတော့ရှိပါတယ်။ ဘယ်လိုအစားအစာတွေဖြစ်မလဲဆိုတာကို မေမေတို့ သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပျားရည်

အသက်တနှစ်အောက်ကလေးငယ်တွေကို ပျားရည်မကျွေးသင့်ပါဘူး။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေအတွက် ပျားရည်ဟာ ကောင်းမွန်တဲ့ အစားအစာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပျားရည်သည် ကလေးငယ်တွေကို အစာအဆိပ်သင့်မှုတွေဖြစ်ပေါ်လာစေနိုင်သလို ကြွက်သားအားနည်းခြင်း၊ နို့ချိုသောက်သုံးမှု လျော့ကျစေခြင်း၊ ဝမ်းချုပ်ခြင်း အစရှိတာတွေကို ဖြစ်စေနိုင်ပါတယ်။

နွားနို့

နွားနို့တွင်ပါဝင်တဲ့ အင်ဇိုင်းများနဲ့ ပရိုတိန်းတွေဟာ အစာမကြေနိုင်တဲ့အပြင် သတ္တုဓါတ်အချို့ဟာ ကလေးငယ်ရဲ့ ကျောက်ကပ်ကို ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နွားနို့သည် မွေးကင်းစကလေးငယ်အတွက် လိုအပ်တဲ့ အဟာရများကိုလည်း ပေးစွမ်းနိုင်စွမ်းမရှိပါဘူး။

ကြက်ဥ

ကြက်ဥတွင် ပါဝင်တဲ့ ပရိုတိန်းဓါတ်တွေဟာ အခန့်မသင့်ရင် ကလေးငယ်နဲ့ ဓါတ်မတည့်မှုတွေဖြစ်တတ်တဲ့အတွက် အသက်ငယ်ရွယ်လွန်းတဲ့ကလေးငယ်တွေကို ကြက်ဥကျွေးတာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။

ရှောက်သီး

အသက်တနှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ရှောက်သီး၊ သံပုရာသီးများနဲ့ အရည်တိုက်ကျွေးတာမျိုးကလည်း မသင့်တော်ပါဘူး။ ဒီအစားအစာတွေဟာ ဗီတာမင်-စီနဲ့ အက်စစ်ဓါတ်များစွာပါဝင်တဲ့ အတွက်ကြောင့်မို့ ကလေးငယ်ကို ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။

အစေ့အဆံများသော အစားအစာများ

အခွံမာသီး၊ ပြောင်းဖူး၊ စပျစ်သီး၊ သကြားလုံး၊ သစ်သီးခြောက်များ အစရှိတဲ့ အရာမျိုးတွေဟာ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အခန့်မသင့်ရင် အသက်ရှုလမ်းကြောင်းပိတ်ဆို့စေတတ်တာမို့ ရှောင်ရှားသင့်တဲ့ အစားအစာတွေဘဲဖြစ်ပါတယ်။

အသက်တနှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို အစားအစာကျွေးမွေးရာမှာ ဘယ်လိုအစားအစာမျိုးဘဲဖြစ်ဖြစ် ပျော့ပျောင်းပြီး ညက်နေစေတာက အကောင်းဆုံးပါဘဲ။ ဒါမှသာ ကလေးငယ်တွေရဲ့ အူနံရံတွေဟာ လိုအပ်တဲ့ အဟာရဓါတ်တွေကို အပြည့်အဝစုပ်ယူနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေရန်ကလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါဆိုတဲ့အကြောင်းကို နောက်ဆုံးအချက်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref-familyeducation

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here