နုနယ်အိစက်တဲ့ သားသားမီးမီးလေးတို့ရဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲ

0
218
Sweet little girl on the bed
- Advertisement -

မိခင်ဝမ်းတွင်းကနေ ထွက်လာပြီး လူ့လောကကြီးထဲကို ရောက်လာတာမကြာသေးတဲ့ ဘေဘီလေးတွေရဲ့ အသားအရေဟာ ဘာနဲ့မှနှိုင်းယှဥ်လို့မရလောက်အောင်ကို နူးညံ့အိစက်လွန်းလှပါတယ်။ ကိုယ့်ရင်သွေးလေးရဲ့ ဒီလိုအသားအရေကို တတ်နိုင်သမျှ အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ဖို့ကလည်း မိခင်တိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် နည်းမှန်လမ်းမှန်ကို သေချာသိမထားဘူးဆိုရင်တော့ ဒီလိုစိတ်ကူးက အလှမ်းအဝေးကြီးမှာ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေး အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ မိဘတိုင်းသိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ရေခဏခဏမချိုးပေးပါနဲ့

တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ နေတိုင်းရေချိုးပေးရတယ်ဆိုတာ မှန်ပေမယ့်လည်း မွေးကင်းစကလေးငယ်တွေကိုတော့ နေ့တိုင်းချိုးပေးစရာမလိုပါဘူး။ တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်က လုံလောက်ပါပြီဆိုပြီးတော့ Forest Hills Pediatric Associates မှ ကလေးအထူးကုဆရာဝန် Karl Neumann က ပြောထားပါတယ်။ အရေးကြီးတာက ဒိုက်ပါခံတဲ့ တင်ပါးနေရာလေးတွေကိုသာ လိုအပ်ရင်လိုအပ်သလို မကြာခဏ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ မကြာခဏရေချိုးခြင်းက အသားအရေကိုခြောက်သွေ့စေပြီး အဆီတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။

နူးညံ့မှုရှိတဲ့ ကုန်ပစ္စည်းတွေသာ ရွေးသုံးပါ

လူကြီးတွေအသုံးပြုတဲ့ ခေါင်းလျှော်ရည်ကို ကလေးတွေအတွက် အသုံးပြုလို့မဖြစ်ပါဘူး။ ကလေးတွေ အသက် ၁ နှစ်မပြည့်သေးတဲ့အထိ သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေကိုသာ ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ တချို့ပစ္စည်းတွေမှာက ဆိုးဆေးတွေ၊ အယ်လ်ကိုဟောတွေ စသဖြင့်ပါဝင်သည့်အတွက် ကလေးရဲ့အသားအရေကို ပျက်စီးသွားစေနိုင်ပါတယ်။

ကလေးပေါင်ဒါမှုန့်တွေကို မသုံးပါနဲ့

ကလေးသုံးပစ္စည်းတွေကို ဘူးလိုက်ဝယ်တဲ့အခါ ပေါင်ဒါမှုန့်က ပါကောင်းပါလာနိုင်ပါတယ်။ သို့သော်လည်း ပေါင်ဒါမှုန့်အသုံးပြုလိုက်ခြင်းအားဖြင့် ထိုပေါင်ဒါမှုန့်တွေကို ကလေးမှ ရှူရှိုက်မိလိုက်နိုင်ပြီး အဆုတ်အတွင်းဝင်သွားရင် အန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ပေါင်ဒါသုံးချင်တယ်ဆိုရင် ကလေးနဲ့ဝေးရာနေရာမှာ မိခင်လက်ထဲထည့်ပြီး လက်နှစ်ဖက်ရိုက်ကာ ပြီးမှ လက်မှာစွဲကပ်နေတဲ့ ပေါင်ဒါပါးပါးလေးကို ရင်သွေးလေးမှာလိမ်းပေးပါ။

လိုးရှင်းလူးဖို့မမေ့ပါနဲ့

နုနယ်တဲ့ရင်သွေးလေးရဲ့ အသားအရေဟာ အင်မတန်ခြောက်သွေ့လွယ်တာကြောင့် တတ်နိုင်သမျှ စိုစွတ်မှုရှိစေဖို့က မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ကလေးကိုရေချိုးပေးပြီးပြီဆိုရင် တဘက်နဲ့ညှင်ညှင်သာသာလေး သုတ်ပေးပြီး Moisturizer ကို ချက်ချင်းလိမ်းပေးပါ။ လိုအပ်ရင်လိုအပ်သလိုလည်း မကြာမကြာလိမ်းပေးပါ။

နေရောင်ခြည်လေး နည်းနည်းပါးပါးခံပေးပါ

ခြောက်လအောက် ကလေးတွေအားလုံးကို Sunscreen လိမ်းပေးဖို့ မသင့်ပါဘူး။ သို့သော်လည်း တချိန်လုံးအိမ်မှာနေလို့မဖြစ်တဲ့အတွက်ကြောင့် အပြင်ကိုလမ်းလျှောက်ထွက်တာဖြစ်ဖြစ် ပြုလုပ်ပြီး ကလေးကိုနေရောင်ခြည်နည်းနည်းပြပေးပါ။

ThinZar

Chit_MayMay

Source-thebump.

LEAVE A REPLY

Please enter your comment!
Please enter your name here