နေ့ကလေးထိန်းကျောင်းရွေးချယ်တဲ့အခါ သတိထားရမယ့် အချက်၇ချက်

0
213
- Advertisement -

မိဘအများစုအတွက် အိမ်အပြင်ဘက်စောင့်ရှောက်မှုအနေနဲ့ သူတို့ကလေးအတွက် ပထမခြေလှမ်းကတော့ နေ့ကလေးထိန်းကျောင်းထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ကလေးလေးက သင့်ကို တစ်ချိန်လုံးတွေ့မြင်နေရခြင်းကနေပြီးတော့ ကလေးထိန်းစင်တာ၀န်ထမ်းတွေက စောင့်ရှောက်ဖို့ နာရီပေါင်းများစွာ အပ်နှံရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ daycareစင်တာတစ်ခုကို ရွေးချယ်ခြင်းရဲ့ အရေးကြီးမှုကို သင့်အနေနဲ့ လျစ်လျူရှုလို့မရပါဘူး။
ဒါဟာ လုံခြုံမှုရှိဖို့၊ သက်တောင့်သက်သာရှိဖို့ နှင့် အားလုံးနီးပါးအနေနဲ့ သင့်ကလေးအတွက် အလွန်ပျော်ရွှင်နိုင်တဲ့နေရာတစ်ခုဖြစ်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ကလေးတွေအတွက် ဘယ်လိုစင်တာမျိုးက သင့်လျော်တယ်ဆိုတာ သိနိုင်ဖို့ ရှောင်ရမယ့် စင်တာတွေရဲ့ အချက်အလက်တွေကို သိထားဖို့လိုပါလိမ့်မယ်။ ဒါ့ကြောင့် ဒီကနေ့ မျှ၀ေပေးချင်ပါတယ်။

၁။ လိုင်စင်မဲ့ဖြစ်ခြင်း

လိုင်စင်ရစင်တာတစ်ခုဆိုတာ အထူးစာရွက်တစ်ရွက်သာရှိတဲ့ စင်တာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ စင်တာတစ်ခုလုံးကို အတည်ပြုကြောင်းနှင့် လုံခြုံစိတ်ချမှုရှိပြီးတော့ ပြုစုပျိုးထောင်မှုတွေနဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေထပ်မလိုတော့တဲ့ပတ်၀န်းကျင်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် လိုင်စင်ကို ကျောင်းရဲ့ ထင်ရှားတဲ့နေရာတွေမှာ ပြထားလေ့ရှိပါတယ်။ သင်မတွေ့ဘူးဆိုရင် တာ၀န်ရှိသူတစ်ယောက်ယောက်ကို မေးပါ။

၂။ ၀န်ထမ်းများခဏခဏပြောင်းခြင်း

သင်ကျောင်းကို သွားတဲ့အခါတိုင်း မတူညီတဲ့မျက်နှာတွေကို မြင်နေရတယ်။ ဒါဟာ စင်တာက သူတို့ရဲ့ ၀န်ထမ်းတွေကို ဂရုမစိုက်ဘူးလို့ တစ်နည်းအားဖြင့် ပြောပြနေတာဖြစ်ပါတယ်။ ဒီလို၀န်ထမ်းတွေကိုတောင် စောင့်ရှောက်နိုင်ခြင်းမရှိတဲ့ စင်တာတစ်ခုက သင့်ကလေးကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ဖို့ ဘယ်လိုမှ မျှော်လင့်လို့မရပါဘူး။ ခဏခဏ၀န်ထမ်းအပြောင်းအလဲတွေရှိလာတဲ့အခါ ကလေးတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

၃။ တိုင်ကြားမှုများလွန်းခြင်း

ကျွန်မတို့ဟာ အင်တာနက်မီဒီယာခေတ်မှာနေထိုင်ကြတာကြောင့် အွန်လိုင်းကနေပြီးတော့ daycareစင်တာတွေအကြောင်း လေ့လာခြင်းဟာ သင့်ကိုများစွာကူညီပေးနိုင်ပါတယ်။ တကယ်လို့သင်ရွေးချယ်မယ့်စင်တာရဲ့ reviewတွေက ဆိုးရွားနေတယ်ဆိုရင် သင့်အနေနဲ့ နောက်ထပ်ရွေးချယ်မှုတစ်ခု ထပ်လုပ်ပါ။

၄။ ရှင်းလင်းသောာလုပ်ငန်းစဥ်များမရှိခြင်း

ပုံမှန်လုပ်ရိုးလုပ်စဥ်တွေရှိမှသာ ကလေးတွေရှင်သန်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ စင်တာရဲ့ လုပ်ရှားမှုအစီအစဥ်တွေက ပုံမှန်မရှိဘူး နောက်ပြီး အချိန်မမှန်ဘူး ဒါမှမဟုတ် နေရာအနှံ့မှာ ပျံ့နေမယ်ဆိုရင် သင်လုံး၀မယုံကြည်သင့်တဲ့ စင်တာတစ်ခုပါ။

၅။ သန့်ရှင်းတဲ့ ပတ်၀န်းကျင်မရှိခြင်း

သေချာတာပေါ့။ ဒီနေရာဟာ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားရမယ့်နေရာတစ်ခုပါ။ ဒါ့ကြောင့် အနည်းငယ်ရှုပ်ပွနေမှာကိုတော့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း ညစ်ပတ်နေတဲ့ အစားအသောက်ထားသိုရာနေရာတွေနဲ့ ကြမ်းပြင်တွေ၊ စုတ်ပြတ်နေတဲ့ကစားကွင်းတွေကို မြင်ရတဲ့အခါ ပြောင်းရွှေ့ရမယ့်ကာလကို ရောက်လာပါလိမ့်မယ်။

၆။ မျက်နှာထားဆိုးသော (သို့) အပေါက်ဆိုးသော၀န်ထမ်း

အဆင်မပြေတဲ့နေ့တွေရှိတတ်တာဟာ နေရာတိုင်းမှာပါ။ ဒါပေမယ့် စိတ်ပုံမှန်မဟုတ်တဲ့၀န်ထမ်းတွေ ကလေးတွေနဲ့အတူ အလုပ်လုပ်တဲ့အခါ ကလေးတွေကို အသုံးချခံပစ္စည်းတစ်ခုသဘောထားကြပါတယ်။ ဒါ့ကြောင့် ၀န်ထမ်းတွေအဲ့ဒီမှာရှိနေရတာ မပျော်ဘူးဆိုတာ သတိထားမိရင် သင့်ကလေးကို အဲ့ဒီ့ပတ်၀န်းကျင်ကနေ ထုတ်တာပိုကောင်းပါလိမ့်မယ်။

၇။ သူတို့လုပ်ငန်းစဥ်တွေအကြောင်း သင်သိတယ်လို့ မခံစားရဘူး

ကောင်းမွန်တဲ့ daycareစင်တာမှာ ဆက်သွယ်ရေးလမ်းကြောင်းအမြဲဖွင့်ထားဖို့ အရေးကြီးပါတယ်။
သင့်ကလေးက ဘယ်လိုပြုစုစောင့်ရှောက်မှုမျိုးခံယူနေရတယ်၊ သင်ရိုးညွှန်းတမ်းအပြောင်းအလဲတွေနှင့် ပတ်သက်ပြီး သတင်းအချက်အလက်တွေကို သင်မမေးခင်မှာပဲ သင်ရရှိသင့်ပါတယ်။ တစ်နေ့တာကုန်ဆုံးပြီးချိန်မှာ ဒီဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ တန်ဖိုးအရှိဆုံးနှင့် ထည့်သွင်းစဥ်းစားရမယ့်အရာတစ်ခုက သင့်နှလုံးသားဖြစ်ပါတယ်။ သင့်စိတ်နှလုံးထဲမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရတဲ့အခါ သင့်ပင်ကိုယ်အသိအတိုင်းလိုက်နာပါ။

Chit_May_May

Nyein_Thu

sources-mambee

LEAVE A REPLY

Please enter your comment!
Please enter your name here