နံနက်စာဟာ တစ်နေ့တာရဲ့ အရေးပါဆုံးသော အစားအစာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် ပိုပြီးအရေးပါပါတယ်။ သို့သော်လည်း သင့်ကလေးတွေကို ကျန်းမာသန်စွမ်းစွာကြီးပြင်းစေချင်တယ်ဆိုရင် ရှောင်တာအကောင်းဆုံးဖြစ်တဲ့ အစားအစာတချို့ရှိပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ဟာ နံနက်စာအတွက် သင့်ကလေးကို မကျွေးသင့်တဲ့အစားအစာ တစ်ချို့ကို ဖော်ပြပေးပါမယ်။
၁။ လတ်ဆတ်တဲ့ဖျော်ရည်

သစ်သီးဖျော်ရည်ကို အများကြီးသောက်လျှင် သင့်အစာအိမ်နံရံ အချွဲမြှေးကိုနာကျင်စေနိုင်ပါတယ်။ သူတို့က hydrochloric acid အလွန်အကျွံထုတ်လုပ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဖျော်ရည်အမျိုးအစားများက သင့်အသားအရေကို နေရောင်ခြည်ကနေ ပိုပြီး sensitive ဖြစ်စေတဲ့ psoralens နဲ့ furanocoumarins တို့လိုပေါင်းစပ်ပစ္စည်းတွေ ကြွယ်ဝပါတယ်။
၂။ လတ်လတ်ဆတ်ဆတ် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ

လတ်ဆတ်တဲ့သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များက ကျန်းမာရေးအတွက် အလွန်ကောင်းသော်လည်း သူတို့ကို မနက်စာအတွက် စားဖို့ အကြံမပြုပါဘူး။ အစာအိမ်ထဲမှာ ဘာမှမရှိရင် အက်ဆစ်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို မစားဖို့သတိရပါ။ ဥပမာ- ခရမ်းချဉ်သီးများမှာ pectin နဲ့ tannic acid ပမာဏ များပြားစွာ ပါဝင်ပါတယ်။ ဒါက အစာအိမ်အနာကို ဖြစ်ပွားစေနိုင်ပါတယ်။
အစားထိုးရွေးချယ်စရာအဖြစ် ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက် soup ကိုရွေးချယ်ပါ။ ဒါက ရင်ပူတာ သို့မဟုတ် တနေ့တာလုံး gas တွေကို ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
၃။ နို့နဲ့ပြုလုပ်ထားတဲ့ အစားအစာကိုစားဖို့ အကောင်းဆုံးအချိန်မဟုတ်ပါဘူး

အများစုက မနက်စာအဖြစ် နို့သောက်သုံးလေ့ရှိကြပါတယ်။ နွားနို့သောက်တာက ကလေးတွေကို toxic မဖြစ်စေပေမယ့် နံနက်စာအတွက် သူတို့ရဲ့ ဂုဏ်သတ္တိက ထိရောက်မှုရှိမှာမဟုတ်ပါဘူး။
ဗိုက်ထဲမှာ အစာမရှိရင် နွားနို့ကိုမသောက်သင့်ပါဘူး။ အကာင်းဆုံးကတော့ မနက်စာစားပြီး နာရီဝက်လောက်နေမှ သောက်ပေးတာဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ မနက်စာအတွက် အကောင်းဆုံးရွေးချယ်စရာကတော့ ဘလူးဘယ်ရီဖျော်ရည်ဖြစ်ပါတယ်။ blueberry juice မှာ ဗီတာမင် C,A,Eနှင့် Kတို့ပါဝင်ပြီး Complex vitamins B ပမာဏ သုံးပုံတစ်ပုံခန့်ရှိပါတယ်။ ဒါ့အပြင် ပိုတတ်စီယမ်၊ ဖော့စဖောရက် နှင့် ကယ်လစီယမ်ကဲ့သို့ microelements အရင်းအမြစ်များစွာ ရှိပါတယ်။
၄။ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာများ

ပေါင်မုန့်ကဲ့သို့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာများက သွေး သကြားဓါတ်ကို မြင့်တတ်စေပါတယ်။ ပန်ကရိယကို ပိုအလုပ်လုပ်စေပြီး အင်ဆူလင်ပမာဏ အများကြီး ထုတ်လုပ်ပေးပါတယ်။ ဒီရလဒ်က အင်ဆူလင်ပိုလျှံမှုကို ဖြစ်စေနိုင်ပြီး အဆီတွေ ပိုပြီးစုစေပါတယ်။
အကြံပြုချက်အနေနဲ့ အိမ်မှာ သင့်ကလေးကို မနက်စာကျွေးဖို့ စဉ်းစားတဲ့အခါ အာဟာရမျှမျှတတ ကျွေးဖို့က အရေးကြီးပါတယ်။ မနက်စာအဖြစ် ထမင်းကိုအဓိကထားကျွေးတာက ပိုကောင်းပါတယ်။
Chit_MayMay
LM_Nandar
Source-steptohealth
Zawgyi Font
နံနက္စာအတြက္ သင့္ကေလးကို မေကၽြးသင့္တဲ့ အစားအစာ(၄)မ်ိဳး

နံနက္စာဟာ တစ္ေန႔တာရဲ႕ အေရးပါဆံုးေသာ အစားအစာျဖစ္ပါတယ္။ အထူးသျဖင့္ ကေလးေတြအတြက္ ပိုၿပီးအေရးပါပါတယ္။ သို႔ေသာ္လည္း သင့္ကေလးေတြကို က်န္းမာသန္စြမ္းစြာႀကီးျပင္းေစခ်င္တယ္ဆိုရင္ ေရွာင္တာအေကာင္းဆံုးျဖစ္တဲ့ အစားအစာတခ်ိဳ႕ရွိပါတယ္။ ဒီေဆာင္းပါးမွာ ကၽြန္ေတာ္တို႔ဟာ နံနက္စာအတြက္ သင့္ကေလးကို မေကၽြးသင့္တဲ့အစားအစာ တစ္ခ်ိဳ႕ကို ေဖာ္ျပေပးပါမယ္။
၁။ လတ္ဆတ္တဲ့ေဖ်ာ္ရည္

သစ္သီးေဖ်ာ္ရည္ကို အမ်ားႀကီးေသာက္လွ်င္ သင့္အစာအိမ္နံရံ အခၽြဲေျမွးကိုနာက်င္ေစႏိုင္ပါတယ္။ သူတို႔က hydrochloric acid အလြန္အကၽြံထုတ္လုပ္ျခင္းကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီေဖ်ာ္ရည္အမ်ိဳးအစားမ်ားက သင့္အသားအေရကို ေနေရာင္ျခည္ကေန ပိုၿပီး sensitive ျဖစ္ေစတဲ့ psoralens နဲ႔ furanocoumarins တို႔လိုေပါင္းစပ္ပစၥည္းေတြ ၾကြယ္ဝပါတယ္။
၂။ လတ္လတ္ဆတ္ဆတ္ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ား

လတ္ဆတ္တဲ့သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ားက က်န္းမာေရးအတြက္ အလြန္ေကာင္းေသာ္လည္း သူတို႔ကို မနက္စာအတြက္ စားဖို႔ အႀကံမျပဳပါဘူး။ အစာအိမ္ထဲမွာ ဘာမွမရွိရင္ အက္ဆစ္ဓါတ္ပါဝင္တဲ့ အစားအစာေတြကို မစားဖို႔သတိရပါ။ ဥပမာ- ခရမ္းခ်ဥ္သီးမ်ားမွာ pectin နဲ႔ tannic acid ပမာဏ မ်ားျပားစြာ ပါဝင္ပါတယ္။ ဒါက အစာအိမ္အနာကို ျဖစ္ပြားေစႏိုင္ပါတယ္။
အစားထိုးေရြးခ်ယ္စရာအျဖစ္ ေကာင္းမြန္တဲ့ ဟင္းသီးဟင္းရြက္ soup ကိုေရြးခ်ယ္ပါ။ ဒါက ရင္ပူတာ သို႔မဟုတ္ တေန႔တာလံုး gas ေတြကို ျဖစ္ေပၚေစမွာ မဟုတ္ပါဘူး။
၃။ ႏို႔နဲ႔ျပဳလုပ္ထားတဲ့ အစားအစာကိုစားဖို႔ အေကာင္းဆံုးအခ်ိန္မဟုတ္ပါဘူး

အမ်ားစုက မနက္စာအျဖစ္ ႏို႔ေသာက္သံုးေလ့ရွိၾကပါတယ္။ ႏြားႏို႔ေသာက္တာက ကေလးေတြကို toxic မျဖစ္ေစေပမယ့္ နံနက္စာအတြက္ သူတို႔ရဲ႕ ဂုဏ္သတိၱက ထိေရာက္မႈရွိမွာမဟုတ္ပါဘူး။
ဗိုက္ထဲမွာ အစာမရွိရင္ ႏြားႏို႔ကိုမေသာက္သင့္ပါဘူး။ အကာင္းဆံုးကေတာ့ မနက္စာစားၿပီး နာရီဝက္ေလာက္ေနမွ ေသာက္ေပးတာျဖစ္ပါတယ္။ ၿပီးၿပည့္စံုတဲ့ မနက္စာအတြက္ အေကာင္းဆံုးေရြးခ်ယ္စရာကေတာ့ ဘလူးဘယ္ရီေဖ်ာ္ရည္ျဖစ္ပါတယ္။ blueberry juice မွာ ဗီတာမင္ C,A,Eႏွင့္ Kတို႔ပါဝင္ၿပီး Complex vitamins B ပမာဏ သံုးပံုတစ္ပံုခန္႔ရွိပါတယ္။ ဒါ့အျပင္ ပိုတတ္စီယမ္၊ ေဖာ့စေဖာရက္ ႏွင့္ ကယ္လစီယမ္ကဲ့သို႔ microelements အရင္းအျမစ္မ်ားစြာ ရွိပါတယ္။
၄။ ကာဗိုဟုိက္ဒရိတ္ၾကြယ္ဝတဲ့ အစားအစာမ်ား

ေပါင္မုန္႔ကဲ့သို႔ ကာဘိုဟိုက္ဒရိတ္ၾကြယ္ဝတဲ့ အစားအစာမ်ားက ေသြး သၾကားဓါတ္ကို ျမင့္တတ္ေစပါတယ္။ ပန္ကရိယကို ပိုအလုပ္လုပ္ေစၿပီး အင္ဆူလင္ပမာဏ အမ်ားႀကီး ထုတ္လုပ္ေပးပါတယ္။ ဒီရလဒ္က အင္ဆူလင္ပိုလွ်ံမႈကို ျဖစ္ေစႏိုင္ၿပီး အဆီေတြ ပိုၿပီးစုေစပါတယ္။
အႀကံျပဳခ်က္အေနနဲ႔ အိမ္မွာ သင့္ကေလးကို မနက္စာေကၽြးဖို႔ စဥ္းစားတဲ့အခါ အာဟာရမွ်မွ်တတ ေကၽြးဖို႔က အေရးႀကီးပါတယ္။ မနက္စာအျဖစ္ ထမင္းကိုအဓိကထားေကၽြးတာက ပိုေကာင္းပါတယ္။
Chit_MayMay
LM_Nandar
Source-steptohealth