ပထမဆုံးကလေးကို အငယ်ဆုံးကလေးအတွက် မောင်နှမကောင်း တစ်ယောက်ဖြစ်စေဖို့ သင်ပေးသင့်တဲ့ အရာ (၉)ခု

0
428
- Advertisement -

မွေးချင်းမောင်နှမရှိတာဟာ အရမ်းကို အကျိုးကျေးဇူးရှိပေမယ့် ပထမကလေးဟာ အစပိုင်းမှာ ဒါကို မမြင်နိုင်ပါဘူး။ ဒုတိယကလေးရှိလာရင် ဘာပဲပြောပြော ပထမကလေးအတွက်တော့ ရင်ထဲမှာ ဝမ်းနည်းမှု ခံစားရချိန် ဖြစ်ပါတယ်။ သူတို့ဟာ တစ်ဦးတည်းသော ကလေးဖြစ်တာကြောင့် ဒုတိယကလေးကို မိဘတွေ ပိုချစ်မှာ စိုးရိမ်တတ်ကြပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ နောက်ကလေးကို သားဦးကလေးတုန်းကလို ကြိုဆိုသင့်သလို အကြီးဆုံးကလေးကိုပါ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီသင့်ပါတယ်။ ဘေဘီအသစ်လေးနှင့်အတူ သံယောဇဉ်ကောင်း ဖန်တီးနိုင်ဖို့ မိဘတွေအနေနဲ့ အကြီးဆုံးကလေးအား ပေးသင့်တဲ့ အရာတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မျှဝေခြင်းရဲ့ အရေးပါမှု

မွေးချင်းမောင်နှမတွေ မရှိလာခင်မှာ ပထမဆုံးကလေးဟာ မိသားစုထဲမှာ တစ်ဦးတည်းသော ကလေးဖြစ်ပါတယ်။ ဂရုစိုက်မှုအားလုံးက သူတို့အပေါ်မှာပဲရှိပြီး ရှိသမျှအရာအားလုံးကို သူတို့တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါ့ကြောင့် သူတို့ကို ဒုတိယကလေး မလာခင်မှာ ဘယ်လို ဝေမျှရမယ်ဆိုတာ သင်ပေးဖို့ လိုပါတယ်။ ဒီနည်းလမ်းက ပိုင်ဆိုင်မှုနှင့် ပတ်သတ်ပြီး အငယ်ဆုံးလေးနဲ့ ငြင်းခုံမယ့်အစား ဘယ်လိုအလျှော့ပေး၊ လိုက်လျောရမလဲဆိုတာကို သင်ယူပါလိမ့်မယ်။

- Advertisement -

၂။ မိသားစုထဲမှာ အမြဲတမ်း နေရာရှိတယ် ဆိုတာ

ပထမကလေးအနေနဲ့ ဒုတိယကလေးပေါ်လာချိန်မှာ မလိုလားအပ်တဲ့ ခံစားချက်တွေ ဖြစ်လာတတ်ကြပါတယ်။ ဒါကိုရှောင်ကြဉ်ဖို့ ” မိသားစုဝင် ပိုများလေ၊ ပိုပျော်ရွင်ရလေ”ဖြစ်ကြောင်း သူတို့ သိဖို့လိုအပ်ပါတယ်။ မိသားစုဝင်အသစ် ဝင်ရောက်လာပေမယ့်လည်း သူတို့ဟာ မိဘတွေအတွက် အရေးပါတဲ့ သူတစ်ယောက် ဖြစ်တယ်ဆိုတာ သူတို့ နားလည်ထားဖို့ လိုအပ်ပါတယ်။

၃။ တစ်စုံတစ်ယောက်ထက် မလျော့သောအချစ်ဖြင့် ချစ်ကြောင်း

အများအားဖြင့် ပထမကလေးဟာ နောက်မွေးလာမယ့် မောင်ငယ်၊ ညီမငယ်တွေကို မိဘတွေပိုပြီး ဂရုစိုက်နိုင်ဖွယ်ရှိတာကြောင့် သူတို့အပေါ်မှာ အချစ်တွေ လျော့နည်းသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ ပထမဆုံးကလေးအား ချစ်ခြင်းမေတ္တာဟာ အကန့်အသတ်မရှိကြောင်း သိစေခြင်းဖြင့် ဒီမနာလိုမှုကို လျော့နည်းစေနိုင်ပါတယ်။ မိဘတွေဟာ သူတို့ကို ဘေဘီလေးနဲ့ အတူတူချစ်ကြောင်း၊ အရင်ကလို သူတို့ကို အများကြီး ချစ်နေဆဲဖြစ်ကြောင်း သေချာပြောပြသင့်ပါတယ်။

၄။ လွတ်လပ်သူတွေ ဖြစ်အောင် သင်ပေးပါ

ပထမဆုံးကလေးကို သူတို့ရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး တချို့သောအရာတွေကို သူတို့ဘာသာ သူတို့လုပ်နိုင်အောင် သင်ကြားပေးသင့်ပါတယ်။ ဒီနည်းလမ်းက သူတို့ ကလေးဘဝတုန်းကလို မိဘတွေရဲ့ ဂရုစိုက်မှုကို အမြဲတမ်း မလိုအပ်တော့ဘူးလို့ ခံစားရစေပါလိမ့်မယ်။ သူတို့ဟာ အသစ်ရောက်ရှိလာတဲ့ သူတွေအတွက် အကိုကြီး/အမကြီးတစ်ယောက်လို ပြုမှုဖို့ စွမ်းအားရှိသလို ခံစားရပါလိမ့်မယ်။

၅။ အခြားသူတွေနှင့်အတူ ကစားတတ်အောင်

နောက်ကလေးတစ်ယောက် မွေးမလာခင်မှာ ပထမကလေးကို အခြားကလေးတွေနှင့်အတူ ဘယ်လိုကစားရမယ်ဆိုတဲ့ နည်းလမ်းကို သင်ပေးထားသင့်ပါတယ်။ သားသားမီးမီးတွေကို တစ်ကိုယ်ကောင်းမဆန်ဖို့နှင့် ကြမ်းကြမ်းတမ်းတမ်း မကစားဖို့ မိဘတွေအနေနဲ့ ပြောပြသင့်ပါတယ်။

၆။ လိုအပ်နေတဲ့ အခြားသူတွေကို ကူညီသင့်ကြောင်း

မွေးကင်းစကလေးတွေမှာ အကူအညီလိုအပ်တယ်ဆိုတာ သူတို့လေးတွေ နားလည်ထားသင့်ပါတယ်။တကယ်လို့ ပထမကလေးဟာ တစ်ယောက်ယောက်ကို သူတို့ တတ်နိင်သလောက် အမြဲကူညီပေးသင့်တယ်ဆိုတာ သိရင် ဘေဘီလေးမှာ အကူအညီ လိုအပ်နေတယ်ဆိုတာ ခံစားရပါလိမ့်မယ်။ ဒါက ငယ်ရွယ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခြင်းမှာ မိဘတွေကို အကူအညီဖြစ်စေနိုင်ယုံသာမက ပထမကလေးအား နောက်မွေးလာမယ့် ကလေးတွေအပေါ်မှာ အစ်မကောင်း(သို့) အကိုကောင်းဖြစ်လာဖို့ ယုံကြည်မှု မြှင့်တင်ပေးပါလိမ့်မယ်။

၇။ နုနယ်တဲ့ အရာတစ်ခုခုကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ

အမိဝမ်းကနေ ထွက်လာတဲ့ မွေးကင်းစကလေးတွေဟာ အရမ်းကို နုနယ်ပါတယ်။ မိဘတွေအနေနဲ့ ပထမဆုံးကလေးအား သူတို့ရဲ့ မောင်လေး၊ ညီမလေးတွေနဲ့ ထိတွေ့ဖို့ တိုက်တွန်းသင့်သော်လည်း ကလေးကို ညင်ညင်သာသာ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာပါ သင်ကြားပေးသင့်ပါတယ်။ သူတို့မှာ ထိခိုက်စေလိုတဲ့ စိတ်မရှိရင်တောင် ကလေးသေးသေးလေးတွေဆိုရင် အသည်းယားတတ်ကြတာကြောင့် ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။

၈။ မိသားစုဝင်တွေကို ဂရုစိုက်ခြင်းရဲ့ အရေးကြီးမှု

ဒုတိယလေးဟာ သူတို့ရဲ့ မိသားစုဝင်ဖြစ်ကြောင်း ပထမကလေးကို သင်ပေးထားသင့်ပါတယ်။ မိသားစုအတွင်းရှိ အခြားသူတွေလိုပဲ သူတို့ကို ချစ်ပြီး ဂရုစိုက်သင့်ကြောင်း ပြောပြထားရပါမယ်။ ပထမဆုံးကလေးဟာ ဒီအချက်ကို လက်ခံသည်နှင့် တစ်ပြိုင်နက်တည်း သူတို့ရဲ့ မောင်ငယ်၊ ညီမငယ်တွေကို ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။

၉။ သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြောပြရမယ်ဆိုတာ

ဒါက ပထမကလေးကို သင်ကြားပေးဖို့ အရေးကြီးဆုံးသော အချက်ဖြစ်ပါတယ်။ ဒုတိယကလေး မွေးဖွားလာတဲ့အခါ သူတို့ကို ရောထွေးတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေပါတယ်။ ပထမကလေးတွေဟာ မိဘတွေက သူတို့ရဲ့ ခံစားချက်တွေ ထုတ်ဖော်ပြောပြဖို့ လိုအပ်တဲ့အခါ နားထောင်ဖို့ အမြဲရှိနေလိမ့်မယ်ဆိုတာ သိသင့်ပါတယ်။ မိဘတွေကို ဝုန်းဒိုင်းကြဲပစ်ခြင်း (သို့) မွေးကင်းစကလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတစ်ခုခု ပြုလုပ်ခြင်းထက် သူတို့မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မိဘတွေအား ပြောပြနိုင်ခြင်းက ပိုကောင်းပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

ပထမဆုံးကေလးကို အငယ္ဆုံးကေလးအတြက္ ေမာင္ႏွမေကာင္း တစ္ေယာက္ျဖစ္ေစဖို႔ သင္ေပးသင့္တဲ့ အရာ (၉)ခု

ေမြးခ်င္းေမာင္ႏွမရွိတာဟာ အရမ္းကို အက်ိဳးေက်းဇူးရွိေပမယ့္ ပထမကေလးဟာ အစပိုင္းမွာ ဒါကို မျမင္ႏိုင္ပါဘူး။ ဒုတိယကေလးရွိလာရင္ ဘာပဲေျပာေျပာ ပထမကေလးအတြက္ေတာ့ ရင္ထဲမွာ ဝမ္းနည္းမႈ ခံစားရခ်ိန္ ျဖစ္ပါတယ္။ သူတို႔ဟာ တစ္ဦးတည္းေသာ ကေလးျဖစ္တာေၾကာင့္ ဒုတိယကေလးကို မိဘေတြ ပိုခ်စ္မွာ စိုးရိမ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ ေနာက္ကေလးကို သားဦးကေလးတုန္းကလို ႀကိဳဆိုသင့္သလို အႀကီးဆုံးကေလးကိုပါ ေျပာင္းလဲမႈႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ကူညီသင့္ပါတယ္။ ေဘဘီအသစ္ေလးႏွင့္အတူ သံေယာဇဥ္ေကာင္း ဖန္တီးႏိုင္ဖို႔ မိဘေတြအေနနဲ႔ အႀကီးဆုံးကေလးအား ေပးသင့္တဲ့ အရာေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ မွ်ေဝျခင္းရဲ႕ အေရးပါမႈ

ေမြးခ်င္းေမာင္ႏွမေတြ မရွိလာခင္မွာ ပထမဆုံးကေလးဟာ မိသားစုထဲမွာ တစ္ဦးတည္းေသာ ကေလးျဖစ္ပါတယ္။ ဂ႐ုစိုက္မႈအားလုံးက သူတို႔အေပၚမွာပဲရွိၿပီး ရွိသမွ်အရာအားလုံးကို သူတို႔တစ္ေယာက္တည္း ပိုင္ဆိုင္ခြင့္ရွိပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို ဒုတိယကေလး မလာခင္မွာ ဘယ္လို ေဝမွ်ရမယ္ဆိုတာ သင္ေပးဖို႔ လိုပါတယ္။ ဒီနည္းလမ္းက ပိုင္ဆိုင္မႈႏွင့္ ပတ္သတ္ၿပီး အငယ္ဆုံးေလးနဲ႔ ျငင္းခုံမယ့္အစား ဘယ္လိုအေလွ်ာ့ေပး၊ လိုက္ေလ်ာရမလဲဆိုတာကို သင္ယူပါလိမ့္မယ္။

၂။ မိသားစုထဲမွာ အၿမဲတမ္း ေနရာရွိတယ္ ဆိုတာ

ပထမကေလးအေနနဲ႔ ဒုတိယကေလးေပၚလာခ်ိန္မွာ မလိုလားအပ္တဲ့ ခံစားခ်က္ေတြ ျဖစ္လာတတ္ၾကပါတယ္။ ဒါကိုေရွာင္ၾကဥ္ဖို႔ ” မိသားစုဝင္ ပိုမ်ားေလ၊ ပိုေပ်ာ္႐ြင္ရေလ”ျဖစ္ေၾကာင္း သူတို႔ သိဖို႔လိုအပ္ပါတယ္။ မိသားစုဝင္အသစ္ ဝင္ေရာက္လာေပမယ့္လည္း သူတို႔ဟာ မိဘေတြအတြက္ အေရးပါတဲ့ သူတစ္ေယာက္ ျဖစ္တယ္ဆိုတာ သူတို႔ နားလည္ထားဖို႔ လိုအပ္ပါတယ္။

၃။ တစ္စုံတစ္ေယာက္ထက္ မေလ်ာ့ေသာအခ်စ္ျဖင့္ ခ်စ္ေၾကာင္း

အမ်ားအားျဖင့္ ပထမကေလးဟာ ေနာက္ေမြးလာမယ့္ ေမာင္ငယ္၊ ညီမငယ္ေတြကို မိဘေတြပိုၿပီး ဂ႐ုစိုက္ႏိုင္ဖြယ္ရွိတာေၾကာင့္ သူတို႔အေပၚမွာ အခ်စ္ေတြ ေလ်ာ့နည္းသြားမွာကို စိုးရိမ္တတ္ၾကပါတယ္။ ပထမဆုံးကေလးအား ခ်စ္ျခင္းေမတၱာဟာ အကန္႔အသတ္မရွိေၾကာင္း သိေစျခင္းျဖင့္ ဒီမနာလိုမႈကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ မိဘေတြဟာ သူတို႔ကို ေဘဘီေလးနဲ႔ အတူတူခ်စ္ေၾကာင္း၊ အရင္ကလို သူတို႔ကို အမ်ားႀကီး ခ်စ္ေနဆဲျဖစ္ေၾကာင္း ေသခ်ာေျပာျပသင့္ပါတယ္။

၄။ လြတ္လပ္သူေတြ ျဖစ္ေအာင္ သင္ေပးပါ

ပထမဆုံးကေလးကို သူတို႔ရဲ႕ အသက္အ႐ြယ္ေပၚ မူတည္ၿပီး တခ်ိဳ႕ေသာအရာေတြကို သူတို႔ဘာသာ သူတို႔လုပ္ႏိုင္ေအာင္ သင္ၾကားေပးသင့္ပါတယ္။ ဒီနည္းလမ္းက သူတို႔ ကေလးဘဝတုန္းကလို မိဘေတြရဲ႕ ဂ႐ုစိုက္မႈကို အၿမဲတမ္း မလိုအပ္ေတာ့ဘူးလို႔ ခံစားရေစပါလိမ့္မယ္။ သူတို႔ဟာ အသစ္ေရာက္ရွိလာတဲ့ သူေတြအတြက္ အကိုႀကီး/အမႀကီးတစ္ေယာက္လို ျပဳမႈဖို႔ စြမ္းအားရွိသလို ခံစားရပါလိမ့္မယ္။

၅။ အျခားသူေတြႏွင့္အတူ ကစားတတ္ေအာင္

ေနာက္ကေလးတစ္ေယာက္ ေမြးမလာခင္မွာ ပထမကေလးကို အျခားကေလးေတြႏွင့္အတူ ဘယ္လိုကစားရမယ္ဆိုတဲ့ နည္းလမ္းကို သင္ေပးထားသင့္ပါတယ္။ သားသားမီးမီးေတြကို တစ္ကိုယ္ေကာင္းမဆန္ဖို႔ႏွင့္ ၾကမ္းၾကမ္းတမ္းတမ္း မကစားဖို႔ မိဘေတြအေနနဲ႔ ေျပာျပသင့္ပါတယ္။

၆။ လိုအပ္ေနတဲ့ အျခားသူေတြကို ကူညီသင့္ေၾကာင္း

ေမြးကင္းစကေလးေတြမွာ အကူအညီလိုအပ္တယ္ဆိုတာ သူတို႔ေလးေတြ နားလည္ထားသင့္ပါတယ္။တကယ္လို႔ ပထမကေလးဟာ တစ္ေယာက္ေယာက္ကို သူတို႔ တတ္နိင္သေလာက္ အၿမဲကူညီေပးသင့္တယ္ဆိုတာ သိရင္ ေဘဘီေလးမွာ အကူအညီ လိုအပ္ေနတယ္ဆိုတာ ခံစားရပါလိမ့္မယ္။ ဒါက ငယ္႐ြယ္တဲ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ျခင္းမွာ မိဘေတြကို အကူအညီျဖစ္ေစႏိုင္ယုံသာမက ပထမကေလးအား ေနာက္ေမြးလာမယ့္ ကေလးေတြအေပၚမွာ အစ္မေကာင္း(သို႔) အကိုေကာင္းျဖစ္လာဖို႔ ယုံၾကည္မႈ ျမႇင့္တင္ေပးပါလိမ့္မယ္။

၇။ ႏုနယ္တဲ့ အရာတစ္ခုခုကို ဘယ္လိုကိုင္တြယ္မလဲဆိုတာ

အမိဝမ္းကေန ထြက္လာတဲ့ ေမြးကင္းစကေလးေတြဟာ အရမ္းကို ႏုနယ္ပါတယ္။ မိဘေတြအေနနဲ႔ ပထမဆုံးကေလးအား သူတို႔ရဲ႕ ေမာင္ေလး၊ ညီမေလးေတြနဲ႔ ထိေတြ႕ဖို႔ တိုက္တြန္းသင့္ေသာ္လည္း ကေလးကို ညင္ညင္သာသာ ဘယ္လို ကိုင္တြယ္ရမယ္ဆိုတာပါ သင္ၾကားေပးသင့္ပါတယ္။ သူတို႔မွာ ထိခိုက္ေစလိုတဲ့ စိတ္မရွိရင္ေတာင္ ကေလးေသးေသးေလးေတြဆိုရင္ အသည္းယားတတ္ၾကတာေၾကာင့္ ေဘဘီေလးကို ထိခိုက္ေစႏိုင္ပါတယ္။

၈။ မိသားစုဝင္ေတြကို ဂ႐ုစိုက္ျခင္းရဲ႕ အေရးႀကီးမႈ

ဒုတိယေလးဟာ သူတို႔ရဲ႕ မိသားစုဝင္ျဖစ္ေၾကာင္း ပထမကေလးကို သင္ေပးထားသင့္ပါတယ္။ မိသားစုအတြင္းရွိ အျခားသူေတြလိုပဲ သူတို႔ကို ခ်စ္ၿပီး ဂ႐ုစိုက္သင့္ေၾကာင္း ေျပာျပထားရပါမယ္။ ပထမဆုံးကေလးဟာ ဒီအခ်က္ကို လက္ခံသည္ႏွင့္ တစ္ၿပိဳင္နက္တည္း သူတို႔ရဲ႕ ေမာင္ငယ္၊ ညီမငယ္ေတြကို ပိုၿပီး ကာကြယ္ေပးႏိုင္ပါတယ္။

၉။ သူတို႔ရဲ႕ ခံစားခ်က္ေတြကို ဘယ္လိုေျပာျပရမယ္ဆိုတာ

ဒါက ပထမကေလးကို သင္ၾကားေပးဖို႔ အေရးႀကီးဆုံးေသာ အခ်က္ျဖစ္ပါတယ္။ ဒုတိယကေလး ေမြးဖြားလာတဲ့အခါ သူတို႔ကို ေရာေထြးတဲ့ ခံစားခ်က္ေတြ ျဖစ္ေပၚေစပါတယ္။ ပထမကေလးေတြဟာ မိဘေတြက သူတို႔ရဲ႕ ခံစားခ်က္ေတြ ထုတ္ေဖာ္ေျပာျပဖို႔ လိုအပ္တဲ့အခါ နားေထာင္ဖို႔ အၿမဲရွိေနလိမ့္မယ္ဆိုတာ သိသင့္ပါတယ္။ မိဘေတြကို ဝုန္းဒိုင္းႀကဲပစ္ျခင္း (သို႔) ေမြးကင္းစကေလးကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အရာတစ္ခုခု ျပဳလုပ္ျခင္းထက္ သူတို႔မွာ ျဖစ္ပ်က္ေနတဲ့ အရာေတြကို မိဘေတြအား ေျပာျပႏိုင္ျခင္းက ပိုေကာင္းပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here