Home Parenting Mom and Baby ပထမဆုံးကလေးလေးယူပြီးချိန်မှာ မိသားစုဓာတ်ပုံရိုက်ကြမယ့် မိဘတွေကို ကူညီနိုင်ပေးမယ့် ပို့စ်ပေးနည်း (၄) ခု

ပထမဆုံးကလေးလေးယူပြီးချိန်မှာ မိသားစုဓာတ်ပုံရိုက်ကြမယ့် မိဘတွေကို ကူညီနိုင်ပေးမယ့် ပို့စ်ပေးနည်း (၄) ခု

0
ပထမဆုံးကလေးလေးယူပြီးချိန်မှာ မိသားစုဓာတ်ပုံရိုက်ကြမယ့် မိဘတွေကို ကူညီနိုင်ပေးမယ့် ပို့စ်ပေးနည်း (၄) ခု

မင်္ဂလာပါ…မိသားစုဓာတ်ပုံရိုက်ရမယ့်အချိန်ရောက်ပါပြီ။

နောက်ဆုံးတော့ သင်ရဲ့ အဖိုးတန်ရတနာလေးရောက်လာပါပြီ။ လာအတော်ကြာ အနေအထိုင်အစားအသောက်တွေဆင်ခြင်ပြီး ခါးနာလာပြီး နောက်ဆုံးတော့ သူလေး လူ့လောကထဲရောက်လာပါပြီ။ ဒီတော့ မိသားစုလေးအဖြစ်ကို ပြောင်းလဲသွားတဲ့ သင်တို့အိမ်ထောင်ရေးကို မှတ်တမ်းတင်မိတ်ဆက်ရမယ့်အချိန်ဖြစ်ပါတယ်။ ပျော်ရွှင်စရာအမှတ်တရအချိန်လေးကို ဖန်တီးဖို့ မေမေတို့မိသားစုအတွက် အကောင်းဆုံးမိသားစုပို့စ်ပေးနည်းလေးတွေ မျှဝေပေးပါမယ်။

၁။ ဖခင်နှင့် မိခင်ဖြစ်သူအကြားက ကလေးလေးကို ပွေ့ဖက်ထားသော ပို့စ်များ – ချစ်ခြင်းမေတ္တာနှင့် ရင်းနှီးမှုအားလုံးကို မျှဝေထားသော အလွန်ချစ်စရာကောင်းသော ဓာတ်ပုံများ
၂။ အနောက်ဘက်မှာ ပွေ့ဖက်ခြင်းပို့စ်များ – ဖခင်ဖြစ်သူမှ မိခင်နှင့် ကလေးအား တန်ဖိုးထားလေးစားကြောင်း ပြသော ပို့စ်များ
၃။ မိခင်ရင်ခွင်ထဲမှာ ကလေးထားသော ပို့စ်များ – မိခင်နှင့် သူမရဲ့ ပျော်ရွှင်မှုအစုအဝေးလေး
၄။ ဖခင်က ကလေးကို ပွေ့ထားသော ပို့စ်များ – ဖခင်ဖြစ်သူနဲ့ ကလေးရဲ့ နှောင်ကြိုးများ

၁။ ဖခင်နှင့် မိခင်ဖြစ်သူအကြားက ဘေဘီလေးကို ပွေ့ဖက်ထားသော ပို့စ်များ

ဒီပို့စ်တွေက သင်တို့ဟာ မိသားစုတစ်ခုဆိုတာကို ပိုပြီး လေးလေးနက်နက် အနှစ်သာရစွာဖြင့် ပြသနေသော အရာတွေဖြစ်ပါတယ်။ သင့်ကလေးက ကင်မရာဘက်ကို မျက်နှာမူနိုင်သလို သင်တို့နှစ်ယောက်အကြားမှာ ပွေ့ဖက်ထားနိုင်ပါတယ်။ ပိုချစ်ဖို့ကောင်းသွားအောင် ခင်ပွန်းဖြစ်သလို ဇနီးကို နမ်းနိုင်သလို ကလေးလေးကို နမ်းနေသလိုမျိုး ပို့စ်လေးတွေလည်း အဆင်ပြေပါတယ်။ သင်တို့တစ်မိသားစုနီးနီးကပ်ကပ်လေးဖြစ်နေပြီး နွေးနွေးထွေးထွေးလေးဖြစ်နေစေဖို့ အရေးကြီးပါတယ်။

၂။ ဖခင်ဖြစ်သူမှ အနောက်ဘက်ကနေ ပွေ့ဖက်ခြင်းပို့စ်များ

ဒီပို့စ်ကတော့ ဇနီးဖြစ်သူနဲ့ ကလေးအအတွက် ဖခင်ရဲ့ ချစ်ခြင်းမေတ္တာနှင့် လေးစားမှု၊ တန်ဖိုးထားမှုကို ဖော်ပြသော ပို့စ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိခင်ဖြစ်သူက ကလေးပွေ့ဖက်ပြီး ဖခင်ဖြစ်သူက အနောက်ဖက်ကနေ သိုင်းဖက်ထားပုံမျိုးဖြစ်ပါတယ်။ ကလေးငယ်ကို နမ်းနေသလိုမျိုး ပို့စ်တွေလည်းပုံဖော်နိုင်ပါတယ်။

၃။ မေမေ့လက်ပေါ်က ကလေးလေး

single moms တွေကလည်း သူတို့ရဲ့ မွေးကင်းစကလေးနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်နိုင်ပါတယ်။ မိခင်တစ်ဦးက သူမရဲ့ ကလေးလေးကို နွေးထွေးစွာပွေ့ဖက်ထားတဲ့ ဓာတ်ပုံလောက် လှပပြီး ဆွဲဆောင်မှုရှိတဲ့ပုံဆိုတာ ဒီကမ္ဘာမှာမရှိတော့ပါဘူး။

၄။ ဖခင်က ကလေးကို ပွေ့ဖက်ထားပုံ

သန်မာအားကောင်းလွန်းတဲ့ အရွယ်ရောက်ပြီးသူနဲ့ အဖိုးတန်ပြီး ကူကယ်ရာမဲ့နေတဲ့ လှပတဲ့ ခြားနားချက်တွေက အင်မတန်လှပပြီး ချစ်စရာကောင်းနေမှာပါနော်။ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကို အရည်ပျော်သွားစေနိုင်လောက်သည်အထိပါပဲ။

Chit_May_May

Nyein_Thu

ref-anniebabymonitor













Chit_May_May

Nyein_Thu

ref-anniebabymonitor

LEAVE A REPLY

Please enter your comment!
Please enter your name here