“နင်ရှိတဲ့ကမ္ဘာရုပ်သံစီးရီး” ဇာတ်လမ်းဟာ Cookie Media ရဲ့ ကိုယ်ပိုင်ထုတ်လွှင့်ရိုက်ကူးထားတဲ့ ရုပ်သံစီးရီးဇာတ်လမ်းတခုဖြစ်ပြီး ဇူလိုင်လ ၂၂ နေ့ကစတင်ကာ Cookie Asia ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။ Cookie Media Myanmar ရဲ့ CEO ဖြစ်သူ မသူဇာမိုးက Cookie ကို အသုံးပြုသူအများစုဟာ လူငယ်တွေများတဲ့အတွက် သူတို့ကိုရည်ရွယ်ပြီး ခေတ်ရေစီးကြောင်းအနေနဲ့ရော၊ မတူညီတဲ့ ရသမျိုးတွေပေးစွမ်းချင်တာကြောင့်မို့ရော ရိုက်ကူးပုံဖော်ဖို့ စီစဉ်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

“နင်ရှိတဲ့ကမ္ဘာ” ရုပ်သံဇာတ်လမ်းတွဲမှာ ညိမ်းသော်၊ ကူးကူးဇင်အောင်၊ ဖြိုးငွေစိုး၊ ထွန်းကိုကို၊ မင်းမြတ်၊ ဇော်မျိုးပိုင်၊ သဲနန္ဒာစိုး အစရှိတဲ့ အနုပညာရှင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြပြီး သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းတွေအပြင် လူငယ်ကြိုက် အချစ်ဒရာမာလေးတွေကိုပါ ရောစပ်ပြီး ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံမျိုးနဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့လည်း သိရပါတယ်။
မတော်တဆမှုတခုဖြစ်ပွားရာကနေ ဆေးရုံသို့ရောက်ရှိသွားပြီး သေဘေးမှထူးဆန်းစွာလွတ်မြောက်ခဲ့ပြီးနောက် ဝိဉာဉ်တွေကို စတင်မြင်တွေ့လာရတဲ့ ကောင်လေးအဖြစ် “ညိမ်းသော်” ကပါဝင်သရုပ်ဆောင်ထားပါတယ်။

နောက်ဆက်လက်ပြသမယ့် အပိုင်းတွဲတွေထဲမှာလည်း မတူညီတဲ့ ဇာတ်ညွှန်းဇာတ်အိမ်ဆန်းသစ်မှုတွေနဲ့ ရိုက်ကူးပုံဖော်တင်ဆက်ထားတာမို့ ဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် Cookie Asia ရုပ်သံလိုင်းမှ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့ ည ၉နာရီတိုင်းမှာ အပိုင်းသစ်တွေကိုပြသပေးမယ်လို့ သိရှိရပါတယ်။ Cookie Asia ရုပ်သံလိုင်းများမှာ အပိုင်းသစ်တွေကို
ပြသပြီးသွားတာနဲ့ တပြိုင်နက် Cookie Plan တွေကိုဝယ်ယူထားတဲ့သူများကလည်း ထုတ်လွှင့်ပြသပြီးသွားတဲ့ အပိုင်းတွေကို အခမဲ့ရုပ်ရှင်ဇုန်မှာ ပြန်လည်ကြည့်ရှုနိုင်မယ်လို့လည်း သိရှိရပါတယ်။

ဒါကြောင့်မို့ “နင်ရှိတဲ့ကမ္ဘာ”ရုပ်သံဇာတ်လမ်းတွဲကို မလွတ်တမ်းစောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက် Cookie Asia ရုပ်သံလိုင်းကို subscribe လုပ်ထားဖို့လိုအပ်ပြီး ဇာတ်လမ်းတွဲကို အစမ်းသွားရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.facebook.com/CookieMyanmar/posts/595785121358608 လင့်ခ်မှတဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Cookie အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူချင်တယ်ဆိုရင်တော့ Google Play Store – https://bit.ly/CookiexPlayStore နဲ့ App Store – http://bit.ly/CookiexAppStore တွေမှာဒေါင်းလုတ်ရယူနိုင်ပါတယ်။ Cookie ရဲ့ အခြားသောဝန်ဆောင်မှုတွေကို ပိုမိုသိရှိချင်တယ်ဆိုရင်တော့ Cookie ရဲ့ Facebook စာမျက်နှာ http://www.facebook.com/CookieMyanmar/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Cookie_Media